Myanmar Basic Education Home
✔
20.7K subscribers
714 photos
85 videos
37 files
138 links
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
Download Telegram
"သီတင်းကျွတ်လပြည့်နေ့
(အဘိဓမ္မာအခါတော်‌နေ့)"

🙏 မင်္ဂလာပါ အိမ်အိမ်‌‌လေးရဲ့ သူငယ်ချင်းတို့ရေ

ဒီကနေ့ဟာဆိုရင် ဗုဒ္ဓဘာသာဝင်တွေက လေးနက်စွာနဲ့ အဘိဓမ္မာအခါတော်နေ့ လို့ သတ်မှတ်ထားတဲ့ "သီတင်းကျွတ်လပြည့်နေ့" ပဲ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်ဟာ သန္တုသိတ နတ်သား (မယ်တော်မိနတ်သား) ရှိတဲ့ တာဝတိံသာနတ်ပြည်သို့ သွားကာ ဝါတွင်းသုံးလ ကာလပတ်လုံး အဘိဓမ္မာတရားတော်များ ဟောကြားတော်မူပြီး လူ့ပြည်ကို မြတ်စွာဘုရားရှင် ပြန်လည်ဆင်းသက်လာခြင်းကို ကြိုဆိုပူ‌ဇော်တဲ့အနေနဲ့ ဗုဒ္ဓဘာသာဝင်တို့က ဆီမီးထိန်ထိန်ငြီးအောင် ထွန်းညှိပူဇော်ကြိုဆိုကြပါတယ်။

ဒါကြောင့် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ဟာ အလင်းသို့ ရောက်ရှိလာခြင်း၊‌ကျေးဇူးဆပ်ခြင်း၊ကုသိုလ်‌ကောင်းမှုပြုလုပ်ခြင်းနဲ့ ပြန်လည်ဆုံစည်းခြင်း တို့ကို ကိုယ်စားပြုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်နေပါတယ်။

အိမ်အိမ်တို့သူငယ်ချင်းတွေလည်း "သီတင်းကျွတ်လပြည့်"နေ့မှာ ဆီမီးထိန်ထိန်လင်းအောင် ပူဇော်ပြီး နွေဦးတော်လှန်ရေးအတွက် ဝေးကွာနေကြရတဲ့ ချစ်ခင်ကြရသူတွေ အမြန်ဆုံး ဆုံစည်းနိုင်ကြပါစေ ၊ အားလုံးရဲ့ အနာဂတ်ဟာ တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာ ပြည့်ဝစွာ လင်းလက်တောက်ပနိုင်ပါစေလို့ ဆုတောင်းကြရင်း အတူရုန်းထကြမယ်နော် 🙏🙏🙏
❤98🏆4