Myanmar Basic Education Home
✔
20.7K subscribers
714 photos
85 videos
37 files
138 links
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
Download Telegram
"ဝန်းကျင်သန့်မှ ဘေးကင်းရ"

အိမ်အိမ်ရဲ့သူငယ်ချင်းတို့ရေ ...
အိမ်အ်ိမ်တို့ ရဲ့ ဝန်းကျင်သန့်မှ ဘေးကင်းရမှာပါ။ အားလုံးဘေးကင်း ကျန်းမာကြပါစေ။
ကျန်းမာစွာနဲ့ စစ်အာဏာရှင်စနစ်ကို အားလုံးအတူတူ ခွန်အားအပြည့်နဲ့တွန်းလှန်တိုက်ဖျက်ကြမယ်နော်။

#NUG #MOENUG #MBEH
#HomeBasedLearning
#MyanmarBasicEducationHome
#ဝန်းကျင်သန့်မှဘေးကင်းရ
❤41👍8👎2
"ကရင်အမျိုးသားနေ့"
(ဖေဖော်ဝါရီလ ၁၁ ရက်)

ဒီနေ့က အိမ်အိမ်တို့ရဲ့ ကရင်လူမျိုးတိုင်းရင်းသားသွေးချင်းတွေအတွက် အရေးပါတဲ့နေ့တစ်နေ့ ဖြစ်တဲ့ (၇၇) ကြိမ်မြောက် ကရင်အမျိုးသားနေ့ ဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီးကနေ‌စပြီး ကရင်အမျိုးသားတွေက ပြည်နယ်အဆင့်တောင်မရရှိသေးတဲ့ ကရင်ပြည်အတွက် တောင်းဆိုခဲ့ကြပါတယ်။
၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီ (၃) ရက်မှာတော့ ကေအဲန်ယူ (KNU) က ဦးနုခေါင်းဆောင်တဲ့ ဖဆပလ အစိုးရကို ကရင်ပြည်ပေးဖို့ စာရေးတောင်းဆိုပြီးဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာတော့ မြန်မာပြည်အနှံ့မှာရှိတဲ့ ကရင်အမျိုးသားညီအစ်ကိုမောင်နှမတွေက ကရင်လူထုဆန္ဒပြပွဲတွေကို အလေးအနက်ပြ ကျင်းပခဲ့ကြပါတယ်။

၁၉၅၃ ခုနှစ်၊ နို၀င်ဘာလ ၂၃-၂၅ ရက်နေ့ ဖာပွန်မြို့မှာ ကျင်းပတဲ့ ကော်သူးလေပြည်လုံးဆိုင်ရာ ကွန်ဂရက်မှာ ကရင်တစ်မျိုးသားလုံး ညီညီညွတ်ညွတ် ဆန္ဒထုတ်ဖော်ခဲ့တဲ့ ဖော်ဖော်ဝါရီ (၁၁) ရက်နေ့ကို "ကရင်အမျိုးသားနေ့" လို့ တညီတညွတ်တည်း အတည်ပြုသတ်မှတ်ခဲ့ပါတယ်။

အိမ်အိမ်တို့ရဲ့ ကရင်သွေးချင်းညီအစ်ကိုမောင်နှမ "ကရင်အမျိုးသားနေ့" ကို အိမ်အိမ်သိသမျှ ဂုဏ်ပြုမျှဝေပြောပြရင်း တန်းတူညီမျှဝါဒဖြူစင်တဲ့မြေဖြစ်ဖို့ အိမ်အိမ်တို့အတူတူ စစ်အာဏာရှင်စနစ်ဆိုးကို အမြန်ဆုံးဖြိုချတော်လှန်ကြမယ်နော် ...
❤46👍9
"ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၈) နှစ်ပြည့်နေ့"
(ဖေဖော်ဝါရီလ ၁၂ ရက်)

သူငယ်ချင်းတို့ရေ ...

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာ ရှမ်းပြည်နယ်၊ ပင်လုံမြို့၌ သမိုင်း၀င်ပင်လုံညီလာခံကြီးကို ကျင်းပခဲ့ပြီး၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာတော့ သမိုင်း၀င် ပင်လုံစာချုပ်ကြီးကို ချုပ်ဆိုနိုင်ခဲ့ကြပါတယ်။

ပင်လုံစာချုပ်အရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ကတိက၀တ်ပြု သဘောတူညီခဲ့ကြ‌ပေမဲ့လည်း၊ လွတ်လပ်ရေးရရှိပြီးတဲ့ကာလကစပြီး ဒီနေ့အချိန်အထိ ပင်လုံစာချုပ်ကတိက၀တ်တွေနဲ့ အနှစ်
သာရတွေကို အကောင်အထည်ဖော်ဆောင်နိုင်ခဲ့တာ မရှိပါဘူး။ "ပြည်ထောင်စုနေ့" လို့ သတ်မှတ်ပြီး နှစ်ပေါင်းများစွာ ဟန်ပြပွဲများပဲ လုပ်ခဲ့ပါတယ်။

ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ဆွေးနွေးပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁၂) ရက်နေ့ကစလို့ "ပြည်ထောင်စုနေ့" ဆိုတဲ့ အမည်ကို သုံးစွဲခြင်းမရှိတော့ဘဲ "ပင်လုံစာချုပ်ချုပ်ဆိုခြင်း အထိမ်းအမှတ်နေ့" အဖြစ် သတ်မှတ်ပြီး အခမ်းအနား ကျင်းပခဲ့ပါတယ်။

ဒီနေ့ဆိုရင် ပင်လုံစာချုပ်ချုပ်ဆိုခဲ့ကြတာ (၇၈) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ် သူငယ်ချင်းတို့ရေ။
❤52🔥1
Forwarded from BECA Public FAQ
"မြန်မာစာ မေးခွန်းလွှာနမူနာပုံစံ (စနစ်သစ် ဒွါဒသမတန်း) ထုတ်ပြန်အသိပေးခြင်း"

၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) မြန်မာစာဘာသာရပ်အတွက် ကြိုတင်လေ့လာပြင်ဆင်‌ထားနိုင်ရန် မေးခွန်းလွှာနမူနာပုံစံကို
ဖြေဆိုကြမည့် ပြည်သူ့ကျောင်းသားများ၊ သင်ကြားပေးနေသည့် ဆရာများနှင့် အများပြည်သူ သိရှိနိုင်ပါရန် အသိပေးထုတ်ပြန်အပ်ပါသည်။

#NUG #NUGMOE #BECA #Grade12
#SampleQuestion

⬇️ ⬇️ ⬇️ ⬇️ ⬇️ ⬇️ ⬇️
❤11👍6