Myanmar Basic Education Home
✔
20.6K subscribers
714 photos
85 videos
37 files
138 links
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
Download Telegram
မင်္ဂလာပါ သူငယ်ချင်းတို့ရေ….

ဒီနေ့ ဒီဇင်ဘာ (၁၀) ရက်နေ့ဟာ “လူ့အခွင့်အရေးနေ့” (Human Rights Day) ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်မှာ ကမ္ဘာ့ကုလသမဂ္ဂ (United Nations, UN) က ကျင်းပတဲ့ General Assembly ကနေ ဒီဇင်ဘာလ (၁၀) ရက်နေ့တိုင်းကို “လူ့အခွင့်အရေးနေ့” အဖြစ် တရားဝင်သတ်မှတ်ခဲ့ပါတယ်။

လူသားအချင်းချင်း အသားအရောင်၊ ကိုးကွယ်သည့် ဘာသာ၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှု၊ ယောင်က်ျား၊ မိန်းမ မခွဲခြားဘဲ တန်းတူညီမျှ အခွင့်အရေးရဖို့အတွက် ရည်ရွယ်ပြီး နှစ်စဉ် ဒီဇင်ဘာလ (၁၀) တိုင်းမှာ ခေါင်းစဉ် Theme အမျိုးမျိုးနဲ့ လှုံ့ဆော်ကျင်းပခဲ့တဲ့နေ့ ဖြစ်ပါတယ်။

📌ဒီနှစ် ၂၀၂၁၊ ဒီဇင်ဘာ (၁၀) ရက်နေ့ အတွက် Theme ကတော့ “မညီမျှတွေကို လျှော့ချပြီး လူ့အခွင့်အရေးကို တိုးမြှင့်ခြင်း” ဖြစ်ပါတယ်။

📌တန်းတူညီမျှ အခွင့်အရေးရရှိခြင်းနှင့် ခွဲခြားဆက်ဆံမှုမရှိခြင်း တို့က လူ့အခွင့်အရေးအတွက် အလွန်ပင် အရေးကြီးပါတယ်။

📌လူ့ဘောင်အဖွဲ့အစည်းထဲမှာ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ လိင်စိတ်ခံယူမှုကွဲပြားသူများနှင့် အသားအရောင်ကွဲပြားသူများက နေ့စဉ်ဘဝမှာ အနည်းနှင့်အများ လူ့အခွင့်အရေးတွေ ဆုံးရှုံးခံရလျက် ရှိကြပါတယ်။ ဒီလို တန်းတူညီမျှ အခွင့်အရေးမရတဲ့ လူတွေအတွက် “Equality and Non-Discrimination at the Heart of Sustainable Development “ ဆိုတဲ့ Theme နဲ့ လူ့အခွင့်အရေး အပြည့်အဝရအောင် ဆော်ဩကျင်းပပေးသွားမှာ ဖြစ်ပါတယ်။

📌လူငယ်များအတွက်လည်း ကမ္ဘာ့ကပ်ရောဂါကြောင့် ပညာသင်ယူရန်အခွင့်အရေးများ၊ အလုပ်အကိုင် အခွင့်အရေးများဆုံးရှုံးမှုတွေ ဖြစ်ပေါ်လျက်ရှိတာကြောင့် လူငယ်တွေအတွက်လည်း လူမှုရေးရာအကာအကွယ်ပေးမှု (Social Protection) နှင့်အတူ အခွင့်အရေးတွေ အပြည့်အဝရရှိနိုင်ဖို့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။


✨လူသားတိုင်း အချင်းချင်းကူညီဖေးမပြီး တန်းတူအခွင့်အရေးသာရှိမယ်ဆိုရင် ဒီလူ့ဘောင်အဖွဲ့အစည်းကြီးဟာ အလွန်ပျော်စရာကောင်းမှာ အသေအချာပါပဲနော်။
အိမ်အိမ်တို့လည်း ဘေးနားမှာရှိတဲ့ မိတ်ဆွေတွေနဲ့ သူငယ်ချင်းတွေကို လူ့အခွင့်အရေးနေ့အကြောင်း မျှဝေပြောပြရင်း အားလုံးတူတူလက်တွဲပြီး တန်းတူညီမျှ ပျော်ရွှင်စွာနေသွားကြမယ်နော် ….။

ကျန်းမာပျော်ရွှင်ဘေးကင်းပြိး လူ့အခွင့်အရေးတွေ အမြန်ဆုံး ပြန်လည်ရရှိကြဖို့ အိမ်အိမ််က ဆန္ဒပြုမေတ္တာပို့သလိုက်ပါတယ် …။

#MOENUG #HomeBasedLearning #Myanmar
👍3
သူငယ်ချင်းတို့ရေ...

ဒီနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ဟာဆိုရင် အိမ်အိမ်တို့ရဲ့ ပြည်ထောင်စုဖွားတိုင်းရင်းသားဖြစ်တဲ့ ရခိုင်ညီအစ်ကိုမောင်နှမတွေရဲ့ရခိုင်ပြည်နယ်နေ့ပဲဖြစ်ပါတယ်။

▪၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းနှင့်ပြည်နယ်တွေပြဌာန်းသတ်မှတ်တဲ့အခါမှာ ရခိုင်ပြည်နယ်ကို ပြည်နယ်တစ်ခုအနေနဲ့သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်နေ့ကို နှစ်စဉ်ကျင်းပခဲ့တာ ဒီနှစ်ဆို (၄၇)ကြိမ်မြောက် ရှိပါပြီ။

▪ဒီဇင်ဘာလ (၁၅) ရက်နေ့ဟာဆိုရင် ရခိုင်ပြည်နယ်ရဲ့ တရားဝင်ကျောင်းပိတ်ရက်ဖြစ်ပါတယ်။ ကျောင်းတွေမှာ ဆရာတော်ဦးဥတ္တမအပါအဝင် တခြားရခိုင်လူမျိုးနာမည်ကျော်ကြားတဲ့ ခေါင်းဆောင်တွေအကြောင်း ကျပန်းပြောပြိုင်ပွဲတွေလည်း ကျင်းပလေ့ရှိပါတယ်။ ညဘက်မှာ မီးထွန်းပွဲတွေ ပြုလုပ်ကြပါတယ်။

သူငယ်ချင်းတို့လည်း အိမ်အိမ်တို့ရဲ့ ရခိုင်ညီကိုမောင်နှမတွေနဲ့အတူ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ ရခိုင်ပြည်နယ်နေ့ကိုအတူတူ ဂုဏ်ပြုလိုက်ကြရအောင်နော်။

နောက်တစ်ခါမှာပြန်တွေ့ကြမယ် သူငယ်ချင်းတို့ရေ တာ့တာ …

#MOENUG #HomeBasedLearning #Myanmar
❤10👍1
ဖေဖေ၊ မေမေတို့ရေ ကလေးငယ်တွေဟာ သင်ခန်းစာတွေကို လေ့လာကျက်မှတ်ရုံတင်မကဘဲ ဘေးပတ်ဝန်းကျင်ကိုပါ လေ့လာစူးစွမ််းနိုင်စွမ်းရှိဖို့ အရေးကြီးပါတယ်။

ကလေးငယ်တွေကို သင်ကြားတဲ့အခါမှာ သင်ခန်းစာတွေကို ဒီတိုင်းသင်ပြပေးတာထက်စာရင် ရုပ်ပုံကားချပ်တွေ၊ ပုံပြင်ဇာတ်လမ်းလေးတွေဟာ က​လေးတွေရဲ့ စိတ်နှလုံးမှာ ပိုပြီးစွဲမြဲစေပါတယ်။ နောက်ပြီးကလေးငယ်တွေရဲ့ အာရုံစူးစိုက်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းတွေကို မြှင့်တင်ပေးနိုင်ဖို့အတွက် အနုပညာသင်ခန်းစာတွေဖြစ်တဲ့ ပန်းချီ၊ ဂီတစတဲ့ သင်ခန်းစာတွေကလည်း အရေးပါတဲ့ ကဏ္ဍကနေပါဝင်နေပါတယ်။
👍4
ဖေဖေ၊ မေမေတို့ရေ ကလေးငယ်တွေဟာ သင်ခန်းစာတွေကို လေ့လာကျက်မှတ်ရုံတင်မကဘဲ ဘေးပတ်ဝန်းကျင်ကိုပါ လေ့လာစူးစွမ််းနိုင်စွမ်းရှိဖို့ အရေးကြီးပါတယ်။

ကလေးငယ်တွေကို သင်ကြားတဲ့အခါမှာ သင်ခန်းစာတွေကို ဒီတိုင်းသင်ပြပေးတာထက်စာရင် ရုပ်ပုံကားချပ်တွေ၊ ပုံပြင်ဇာတ်လမ်းလေးတွေဟာ က​လေးတွေရဲ့ စိတ်နှလုံးမှာ ပိုပြီးစွဲမြဲစေပါတယ်။ နောက်ပြီးကလေးငယ်တွေရဲ့ အာရုံစူးစိုက်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်းတွေကို မြှင့်တင်ပေးနိုင်ဖို့အတွက် အနုပညာသင်ခန်းစာတွေဖြစ်တဲ့ ပန်းချီ၊ ဂီတစတဲ့ သင်ခန်းစာတွေကလည်း အရေးပါတဲ့ ကဏ္ဍကနေပါဝင်နေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ နေအိမ်အခြေပြုပညာသင်ကြားခြင်းအစီအစဉ်မှာဆိုရင် သင်ခန်းစာတွေကို ကလေးငယ်တွေ အလွယ်တကူမှတ်မိနိုင်အောင် ပုံပြင်တွေ၊ ရုပ်ပုံကားချပ်တွေစတဲ့ သင်ထောက်ကူပစ္စည်းစုံစုံလင်လင်နဲ့သင်ကြားပေးနေတာဖြစ်ပါတယ်။

KG သင်ခန်းစာတွေမှာဆိုရင် ကိုယ့်မိသားစုဝင်တွေရဲ့ အပြုအမူနဲ့ အမူအကျင့်တွေကို ဂရုပြုမိအောင် ဘဲမိသားစုပုံပြင်လေးကို ပြောပြပြီး အမေးအဖြေကဏ္ဍလေးနဲ့ ဆွေးနွေးပေးထားတာကြောင့် ကလေးငယ်တွေ ပတ်ဝန်းကျင်အကြောင်းလေ့လာသင်ယူတဲ့အခါ ပိုမိုအဆင်ပြေလွယ်ကူလာမှာဖြစ်ပါတယ် ဖေဖေ၊ မေမေတို့ရေ။ သင်ခန်းစာလေးကိုတော့ https://youtu.be/V8E1caT0tLs မှာ သွားရောက်ကြည့်ရှူနိုင်ပြီး KG အတန်းနဲ့ပတ်သက်တဲ့ သင်ခန်းစာတွေကိုတော့ အောက်ဖော်ပြပါ Link တွေကနေ ရယူနိုင်မှာဖြစ်ပါတယ်။

KG နဲ့ သက်ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ် နှင့် နေအိမ်အခြေပြုပညာသင်ကြားခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို Myanmar Basic Education Home ရဲ့ Moodle Learning Platform မှာ ရယူနိုင်ပါတယ်။
◼Moodle Link - https://learning-moe.nugmyanmar.org/be/course/index.php?categoryid=6
သင်ခန်းစာဆိုင်ရာ အခက်အခဲများကို Facebook Group တွင် ဆွေးနွေးအကြံဉာဏ်ရယူနိုင်ပါတယ်။
◼ KG Facebook Group Link - https://www.facebook.com/groups/kg.moe

Telegram Channel တွင် သင်ခန်းစာများကို အလွယ်တကူ Download ရယူဖြန့်ဝေနိုင်ပါတယ်။
◼KG MBEH Telegram Channel - https://t.me/joinchat/Wv9mDvMa7aFkOWVl

Viber တွင် သင်ခန်းစာများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါတယ်။
◼KG MBEH Viber Channel - https://invite.viber.com/?g2=AQAfvt8hRwBQ7E3%2BWwTqHFaVtYMCYtYwK70pVr7sTRE4XcX4ZyFxR%2FG1JbOuv9pa

YouTube Learning Channel တွင်လည်း သင်ခန်းစာများကို အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
◼MBEH YouTube Channel - https://www.youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A/playlists

သင်ကြားရေးရင်းမြစ်နဲ့ သင်ခန်းစာများကို အပေါ်မှာ အိမ်အိမ်ပြောပြခဲ့တဲ့ Link တွေမှာ အလွယ်တကူရယူနိုင်ပါတယ်နော် ဖေဖေ၊မေမေတို့ရေ။ နောက်ရက်တွေမှာလည်း ကျန်အတန်းတွေရဲ့ အတန်းအလိုက် စိတ်ဝင်စားဖွယ်လေ့လာစရာတွေကို အိမ်အိမ်က ထပ်ပြောပြပေးသွားမှာကြောင့် မျှဝေပေးဖို့ မမေ့ပါနဲ့နော်။

#MOENUG #HomeBasedLearning #Myanmar
👍12❤1
အိမ်အိမ်ရဲ့ သူငယ်ချင်းမိတ်ဆွေတို့ မင်္ဂလာပါ။

ဒီနေ့မှာတော့ အိမ်အိမ်က ဖေဖေ၊ မေမေတို့အတွက် နေအိမ်အခြေပြုသင်ယူရေးစနစ်မှာ သားသား၊ မီးမီးတို့ကို နေ့စဥ်လုပ်ငန်းဆောင်တာလေးတွေနဲ့ ချိတ်ဆက်သင်ပြပေးလို့ရတဲ့လျို့ဝှက်ချက်ကို ပြောပြမယ်နော်။
👍2🔥1
အိမ်အိမ်ရဲ့ သူငယ်ချင်းမိတ်ဆွေတို့ မင်္ဂလာပါ။

ဒီနေ့မှာတော့ အိမ်အိမ်က ဖေဖေ၊ မေမေတို့အတွက် နေအိမ်အခြေပြုသင်ယူရေးစနစ်မှာ သားသား၊ မီးမီးတို့ကို နေ့စဥ်လုပ်ငန်းဆောင်တာလေးတွေနဲ့ ချိတ်ဆက်သင်ပြပေးလို့ရတဲ့လျို့ဝှက်ချက်ကို ပြောပြမယ်နော်။

📒 အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ သင်ခန်းစာတွေကို ဖေဖေ၊ မေမေတို့က သားသား၊ မီးမီးတို့ကို သင်ပြလေ့ကျင့်ပေးရာမှာ မိမိတို့ရဲ့နေ့စဥ်ဘဝက အပြုအမူလေးတွေနဲ့ ယှဥ်တွဲပြီး သင်ပြပေးခြင်းက သားသား၊ မီးမီးတို့ရဲ့ စိတ်ထဲမှာ ပိုပြီးမှတ်မိစေပါတယ်။

📒 ဖိုးခွားတို့မိသားစုမှာဆိုရင် ဖေဖေက English ကိုသင်ကြားပေးပါတယ်။ ဖိုးခွားတို့ Grade(7)မှာပါတဲ့ "How to get rid of bad habits" ဆိုတဲ့ သင်ခန်းစာလေးကို သင်ကြာပေးပြီးတဲ့အခါမှာ ဖိုးခွားရော၊ ဖိုးမူရောရဲ့ ပြုပြင်ပြောင်းလဲသင့်တဲ့ အမူအကျင့်လေးတွေကို ပြောပြပြီး သင်ခန်းစာထဲက နည်းလမ်းတွေကို ကျင့်သုံးစေခြင်းနဲ့ ဖိုးခွားကို သင်ခန်းစာတွေကို ပိုမှတ်မိစေပါတယ်။

📒 ဒါ့အပြင် မေမေကလည်း ဖိုးမူရဲ့ သင်ခန်းစာက အစာအုပ်စုတွေအကြောင်းကိုရော၊ ဘယ်လိုစားသောက်နေထိုင်ရမလဲဆိုတာကိုရောပါ ဖိုးမူ မီးဖိုချောင်အလုပ်တွေ လာရောက်ကူညီလုပ်ကိုင်တဲ့အခါ ပြောပြပေးလေ့ရှိပါတယ်။ မိသားစုထမင်းစားဝိုင်းမှာလည်း ပြောပြပြီး သင်ခန်းစာတွေနဲ့အတူတွဲပြီး ရှင်းပြတတ်ပါသေးတယ်။

📒 ကဲ.... ဖိုးခွားနဲ့ဖိုးမူတို့ရဲ့ ဖေဖေနဲ့မေမေကတော့ အိမ်အိမ်ပြောပြတဲ့လျို့ဝှက်ချက်ကို အကောင်အထည်ဖော်ပြီး နေအိမ်အခြေပြုသင်ယူရေးစနစ်ကို ပိုပြီးအကျိုးသက်ရောက်အောင် သင်ပြပေးနေပါတယ်။

အိမ်အိမ်ရဲ့သူငယ်ချင်းတို့ရဲ့ ဖေဖေ၊ မေမေတို့လည်း သားသား၊ မီးမီးတို့ကို ကူညီသင်ပြပေးဖို့ မမေ့နဲ့နော်....။

#MOENUG #HomeBasedLearning #Myanmar
❤1
အိမ်အိမ်ရဲ့ သူငယ်ချင်းတွေကို ပထမတန်း သင်ရိုးထဲက စိတ်ဝင်စားစရာ သင်ခန်းစာတစ်ခုဖြစ်တဲ့ “ဂရုစိုက်ပါ တို့ခန္ဓာ” ဆိုတဲ့ အကြောင်းလေးကို ပြောပြမယ်နော်။
👍4
အိမ်အိမ်ရဲ့ သူငယ်ချင်းတွေကို ပထမတန်း သင်ရိုးထဲက စိတ်ဝင်စားစရာ သင်ခန်းစာတစ်ခုဖြစ်တဲ့ “ဂရုစိုက်ပါ တို့ခန္ဓာ” ဆိုတဲ့ အကြောင်းလေးကို ပြောပြမယ်နော်။

သူငယ်ချင်းတို့ရေ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို သေချာဂရုစိုက်ဖြစ်ကြရဲ့လား? တစ်ကိုယ်ရေသန့်ရှင်းရေးရော သေချာလုပ်ဖြစ်ရဲ့လား? တစ်ခါတလေ သူငယ်ချင်းတို့ ဂရုမစိုက်ဘဲ ပြုမူမိလိုက်တာတွေက ခန္ဓာကိုယ်ကိုထိခိုက်စေနိုင်ပါတယ်။ ဉပမာအနေနဲ့ ပြောပြရရင် အလင်းရောင်ကောင်းစွာမရတဲ့နေရာတွေမှာ စာကြည့်မိတာမျိုးတွေ၊ ဆော့ကစားရင်း ခြေလက်ထိခိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ တစ်ကိုယ်ရည်သန့်ရှင်းရေး သေချာမလုပ်တာကြောင့် အရေပြားယားယံစေတဲ့အပြင် ကိုယ်တွင်းအင်္ဂါထဲကိုလည်း ရောဂါပိုးမွှားတွေဝင်ရောက်နိုင်ပါတယ်။

ကိုယ့်ကိုယ်ခန္ဓာကို စနစ်တကျ ဂရုစိုက်တတ်ဖို့အတွက်
မူလတန်းအဆင့်၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ဂရုစိုက်ပါတို့ခန္ဓာ၊ အပိုင်း (၃) - https://youtu.be/GVmPRbuvwJc
မူလတန်းအဆင့်၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ဂရုစိုက်ပါတို့ခန္ဓာ၊ အပိုင်း (၄) - https://youtu.be/bpRzjhB5ONI
မူလတန်းအဆင့်၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ဂရုစိုက်ပါတို့ခန္ဓာ၊ အပိုင်း (၅) - https://youtu.be/sFX8nrX_Oqo စတဲ့ Video Link တွေမှာ သွားရောက်လေ့လာသင်ယူနိုင်ပါတယ်။

ပထမတန်းနဲ့ သက်ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ် နှင့် နေအိမ်အခြေပြုပညာသင်ကြားခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို Myanmar Basic Education Home ရဲ့ Moodle Learning Platform မှာ ရယူနိုင်ပါတယ်။

◼Moodle Link - https://learning-moe.nugmyanmar.org/be/course/index.php?categoryid=7

သင်ခန်းစာဆိုင်ရာ အခက်အခဲများကို Facebook Group တွင် ဆွေးနွေးအကြံဉာဏ်ရယူနိုင်ပါတယ်။

◼ Grade-1 Facebook Group Link - https://www.facebook.com/groups/grade1.moe

Telegram Channel တွင် သင်ခန်းစာများကို အလွယ်တကူ Download ရယူဖြန့်ဝေနိုင်ပါတယ်။

◼Grade-1 MBEH Telegram Channel - https://t.me/joinchat/9ntMcoRSIdtmMWI1

Viber တွင် သင်ခန်းစာများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါတယ်။

◼Grade-1 MBEH Viber Channel - https://invite.viber.com/?g2=AQBl2Ay29Si5lU37TyAqLCUrJmGVdgpzTUYywNHY%2F1br8XwRQclYGDbkFSj%2BnEGs

YouTube Learning Channel တွင်လည်း သင်ခန်းစာများကို Grade အလိုက်အလွယ်တကူ ဝင်ရောက်လေ့လာ ရယူဖြန့်ဝေနိုင်ပါတယ်။

◼MBEH YouTube Channel - https://www.youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A/playlists

သင်ကြားရေးရင်းမြစ်နဲ့ သင်ခန်းစာများကို အပေါ်မှာ အိမ်အိမ်ပြောပြခဲ့တဲ့ Link တွေမှာ အလွယ်တကူရယူနိုင်ပါတယ်နော်။ နောက်ရက်တွေမှာလည်း ကျန်အတန်းတွေရဲ့ အတန်းအလိုက် စိတ်ဝင်စားဖွယ်လေ့လာစရာတွေကို အိမ်အိမ်က ထပ်ပြောပြပေးသွားမှာကြောင့် မျှဝေပေးဖို့ မမေ့ပါနဲ့နော်။

#MOENUG #HomeBasedLearning #Myanmar
👍8❤3
🎅 Merry Christmas ပါသူငယ်ချင်းတို့ရေ 🎅

ခရစ်တော်မွေးနေ့အခါသမယဖြစ်တဲ့ ခရစ္စမတ်နေ့ဟာ ခရစ်ယာန်ဘာသာဝင်တိုင်းအလေးထားကြတဲ့ နေ့ထူးနေ့မြတ်အချိန်အခါပဲဖြစ်ပါတယ်။
👍4❤2
▪️ အိမ်အိမ်တိုရဲ့ ခရစ်ယာန်ဘာသာဝင်သူငယ်ချင်းတွေအပြင် သူငယ်ချင်းအားလုံးက ခရစ္စမတ်ပွဲတော်ကို ပါဝင်ဆင်နွှ ပျော်ရွှင်လေ့ရှိကြပါတယ်။ ခရစ္စမတ်နေ့မှာဆိုရင် ဘုရားကျောင်းတက်ပြီး ဝတ်ပြုဆုတောင်းတာတွေ၊ နေအိမ်နဲ့ ထင်းရှူးပင်တွေကို အလှဆင်ပြီး ပျော်ပွဲရွှင်ပွဲ၊ စားသောက်ပွဲတွေ ကျင်းပတာတွေ၊ သူငယ်ချင်းမိတ်ဆွေတွေရဲ့ အိမ်မှာ Carol Song သီဆိုဖျော်ဖြေမှုတွေ လုပ်လေ့ရှိကြသလို တစ်ဦးနဲ့တစ်ဦး ခရစ္စမတ်လက်ဆောင်တွေ ဖလှယ်လေ့ရှိကြပါတယ်။ ခရစ္စမတ်ဟာ ချမ်းအေးတဲ့ ဒီဇင်ဘာလအတွင်းမှာ ကျရောက်တာကြောင့် တချိုနေရာဒေသတွေမှာ မီးပုံပွဲတွေလည်းကျင်းပလေ့ရှိကြပါတယ်။

▪️ ဒီနှစ်ခရစ်စမတ်မှာတော့ လက်ရှိအိမိအိမ်တိုမြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ ဖြစ်ရပ်ဆိုးတွေကို ထောက်ရှုပြီး ကြီးမားသောမေတ္တာစိတ်ကို အခြေခံလျက် ကိုယ်ချင်းစာနာသောစိတ်နှင့် မိမိတိုမိသားစု၊ အသင်းတော်များ၏ အကုန်ကျခံ လုပ်ဆောင်ကြမယ့် ငွေပမာဏထဲမှ ဒုက္ခခံနေရသည့် အငယ်ဆုံးသောသူများအတွက် စိတ်အားထက်သန်စွာ အတူတကွပါဝင်လှုဒါန်းပေးကြဖို အပြည်ပြည်ဆိုင်ရာမြန်မာနှစ်ခြင်းခရစ်ယာန်မိတ်သဟာယ (IMBF) မှ အလေးအနက်မေတ္တာရပ်ခံထားပါတယ် သူငယ်ချင်းတိုရေ။

ခရစ္စမတ်နေ့မှာ ဘေးအန္တရာယ်ကင်းပြီး ပျော်ရွှင်ကြပါစေလို အိမ်အိမ်က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။ သူငယ်ချင်းအားလုံးပဲ Merry Christmas ပါ။ 🎄🎉

#MOENUG #HomeBasedLearning #Myanmar
❤2👍1
သူငယ်ချင်းတို့ရေ အိမ်အိမ်တို့ရဲ့ မြန်မာ့ရိုးရာလက်မှုပညာတွေကိုလေ့လာဖူးကြလား?

❝ဒီနေ့မှာ အိမ်အိမ်က ဒုတိယတန်း အနုပညာပန်းချီဘာသာရပ်ထဲက သင်ခန်းစာတစ်ခုကိုပြောပြပေးသွားမှာ ဖြစ်ပါတယ်။❞

✏ အိမ်အိမ်တို့ရဲ့ မြန်မာ့ရိုးရာ လက်မှုပညာထဲမှာ မြတ်နိုးတန်ဖိုးထားဖွယ်ရာ ပန်း(၁၀)မျိုးအကြောင်းကို သူငယ်ချင်းတို့အားလုံးကြားဖူးကြမှာပါ။
ပန်း(၁၀)မျိုးထဲကမှ အိမ်အိမ်က ပန်းပွတ်အနုပညာအကြောင်းကို ပြောပြပေးမယ်နော်။

✏ ပန်းပွတ်အနုပညာနဲ့ဖန်တီးပြုလုပ်ထားတဲ့ ပစ္စည်းအမျိုးမျိုးရှိပါတယ်။ အိမ်အိမ်တို့ရဲ့ တိုင်းရင်းသားမောင်နှမတွေဖြစ်တဲ့ ကချင်၊ ရှမ်းတိုင်းရင်းသားတွေတီးလေ့ရှိတဲ့ အိုးစည်၊ ကယား၊ ရခိုင် တိုင်းရင်းသားတွေ အသုံးပြုလေ့ရှိတဲ့ ဗိုင်းငင်ရဟတ်ရဲ့ ဒေါက်တိုင်တွေ၊ ကရင်တိုင်ရင်းသားတွေရဲ့ ဖားစည်ဒေါက်တိုင်၊ မြန်မာတိုင်းရင်းသားတွေအသုံးပြုတဲ့ လှည်းယာဉ် စတာတွေမှာ ပန်းပွတ်အနုပညာလက်ရာတွေကိုတွေ့မြင်နိုင်ပါတယ်။
ပန်းပွတ်လုပ်ဖို့ ခိုင်ခံ့မာကြောပြီး အလွယ်တကူပုံသွင်းလို့ရတဲ့ ကျွန်းသစ်က အသင့်တော်ဆုံးပဲဖြစ်ပါတယ်။

✏ ပန်းပွတ်အနုပညာလက်ရာတစ်ခုရဖို့အတွက် သစ်သားတစ်တုံးကို အကြမ်းထည်ကနေ အချောထည်ဖြစ်လာအောင် အဆင့် (၆) ဆင့်ကို အဆင့်ဆင့်ပြုလုပ်ရပါတယ်။ အဆင့်ဆင့်ပြုလုပ်ပုံအသေးစိတ်ကိုတော့ https://youtu.be/kcIa-qBRRbE မှာ သွားရောက်ကြည့်ရှူနိုင်ပါတယ်။

✏ ဒုတိယတန်းနဲ့သက်ဆိုင်တဲ့ သင်ခန်းစာတွေကိုတော့ အောက်ဖော်ပြပါ Link တွေကနေ ရယူနိုင်မှာဖြစ်ပါတယ်။

ဒုတိယတန်းနဲ့သက်ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ် နှင့် နေအိမ်အခြေပြုပညာသင်ကြားခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို Myanmar Basic Education Home ရဲ့ Moodle Learning Platform မှာ ရယူနိုင်ပါတယ်။
◼Moodle Link - https://learning-moe.nugmyanmar.org/be/course/index.php?categoryid=8

သင်ခန်းစာဆိုင်ရာ အခက်အခဲများကို Facebook Group တွင် ဆွေးနွေးအကြံဉာဏ်ရယူနိုင်ပါတယ်။
◼Grade-2 Facebook Group Link - https://www.facebook.com/groups/grade2.moe

Telegram Channel တွင် သင်ခန်းစာများကို အလွယ်တကူ Download ရယူဖြန့်ဝေနိုင်ပါတယ်။
◼Grade-2 MBEH Telegram Channel - https://t.me/joinchat/U2R4xHQtnBhiOThl

Viber တွင် သင်ခန်းစာများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါတယ်။
◼Grade-2 MBEH Viber Channel - https://invite.viber.com/?g2=AQAR6sIWKXMH8037UEsXyz5hVRwCZKEKeGUOsFy3N7pHi2o1KGTly2YKoql32RpD

YouTube Learning Channel တွင်လည်း သင်ခန်းစာများကို Grade အလိုက်အလွယ်တကူ ဝင်ရောက်လေ့လာ ရယူဖြန့်ဝေနိုင်ပါတယ်။
◼MBEH YouTube Channel - https://www.youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A/playlists

သင်ကြားရေးရင်းမြစ်နဲ့ သင်ခန်းစာများကို အပေါ်မှာ အိမ်အိမ်ပြောပြခဲ့တဲ့ Link တွေမှာ အလွယ်တကူရယူနိုင်ပါတယ်နော်။ နောက်ရက်တွေမှာလည်း ကျန်အတန်းတွေရဲ့ အတန်းအလိုက် စိတ်ဝင်စားဖွယ်လေ့လာစရာတွေကို အိမ်အိမ်က ထပ်ပြောပြပေးသွားမှာကြောင့် မျှဝေပေးဖို့ မမေ့ပါနဲ့နော်။

#MOENUG #HomeBasedLearning #Myanmar
👍11❤3🔥1
အိမ်အိမ်ရဲ့ သူငယ်ချင်းတွေအားလုံး မင်္ဂလာပါ......။
Grade-3ကို တက်ရောက်နေကြတဲ့ အိမ်အိမ်ရဲ့သူငယ်ချင်းများအားလုံး အိမ်အိမ်နဲ့အတူ သိပ္ပံဘာသာရပ်ရဲ့ အခန်း(၁)ကို လေ့လာကြည့်ကြရအောင်။
👍3
အခန်း(၁)ဟာ "သက်ရှိတို့အတွက် အစာ၊ရေ၊လေနှင့်အခြေခံလိုအပ်ချက်များ" ဆိုတဲ့ သင်ခန်းစာဖြစ်ပြီး ဆရာမ Angel ကနေ သင်ကြားပေးထားတာဖြစ်ပါတယ်။ ဒီသင်ခန်းစာမှာဆိုရင် ဘာသာရပ်ဆိုင်ရာအကြောင်းအရာများအပြင် သူငယ်ချင်းအချင်းချင်းအပြန်အလှန်ဆွေးနွေးမှု၊ ဆရာမနဲ့ အိမ်အိမ်တို့အပြန်အလှန်ဆွေးနွေးမှု စတဲ့ဆွေးနွေးမှုများပါ ပါဝင်ပါတယ်။

ပထမဦးဆုံးအနေနဲ့ အစားအစာကို အိမ်အိမ်တို့ဘာကြောင့်စားသောက်ကြရလဲ၊ အိမ်အိမ်တို့စားသောက်လိုက်တဲ့အစာတွေက ဘယ်ကနေဘယ်ကို အဆင့်ဆင့်ရောက်သွားလဲ၊ အစာတွေကို ဘယ်လိုချေဖျက်လဲဆိုတာကို ပုံတွေ၊ မေးခွန်းတွေနှင့်တကွ ဆရာမက အိမ်အိမ်တို့နဲ့အပြန်အလှန် ဆွေးနွေးသင်ကြားပေးထားပါတယ်။ ဒါ့အပြင် အစာအုပ်စုသုံးမျိုးကိုလည်း ပုံနှင့်တကွရှင်းလင်းသင်ကြားပေးထားပါသေးတယ်။ အိမ်အိမ်တို့ရှူသွင်း၊ ရှူထုတ်နေတဲ့ လေကလည်း အိမ်အိမ်တို့အတွက်အရေးကြီးပုံ၊ အိမ်အိမ်တို့သောက်တဲ့ရေက ဘယ်လိုကဏ္ဍတွေကနေ အကျိုးပြုပုံ စတာတွေကို အိမ်အိမ်တို့စိတ်ဝင်စားဖွယ်ဖြစ်အောင် ဆရာမAngel က ရှင်းပြသင်ကြားပေးထားပါတယ်။

အဝတ်အစား၊ နေအိမ်စတဲ့ အခြေခံလိုအပ်ချက်တွေဟာလည်း အိမ်အိမ်တို့အတွက် အခန်းကဏ္ဍအမျိုးမျိုးကနေ ပံ့ပိုးကူညီနေကြောင်း စတဲ့အကြောင်းအရာတွေပါ ပါဝင်ပါတယ်။ သင်ခန်းစာတွေရဲ့အဆုံးမှာ အနှစ်ချုပ်နဲ့လေ့ကျင့်ခန်းတွေပါ ပါရှိတာမို့ အိမ်အိမ်တို့ လေ့လာခဲ့တဲ့သင်ခန်းစာတွေကို ပြန်လေ့ကျင့်လို့ရပါသေးတယ်။ အိမ်အိမ်က အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနရဲ့ Social Media Channel တွေကနေ လေ့လာနေခြင်းဖြစ်ပါတယ်။ Link တွေကို သူငယ်ချင်းတို့အတွက် အောက်မှာထည့်ထားပေးတယ်နော်။

သင်ခန်းစာရဲ့ YouTube Link လေးပါ။ https://youtu.be/OqCDDyUdHQA

တတိယတန်းနဲ့ သက်ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ် နှင့် နေအိမ်အခြေပြုပညာသင်ကြားခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို Myanmar Basic Education Home ရဲ့ Moodle Learning Platform မှာ ရယူနိုင်ပါတယ်။
◼ Moodle Link - https://learning-moe.nugmyanmar.org/be/course/index.php...

သင်ခန်းစာဆိုင်ရာ အခက်အခဲများကို Facebook Group တွင် ဆွေးနွေးအကြံဉာဏ်ရယူနိုင်ပါတယ်။
◼ Grade 3 Facebook Group Link - https://www.facebook.com/groups/grade3.moe

Telegram Channel တွင် သင်ခန်းစာများကို အလွယ်တကူ Download ရယူဖြန့်ဝေနိုင်ပါတယ်။
◼ Grade 3 MBEH Channel - https://t.me/joinchat/C9JBzMp09Gw0YTU1

Viber တွင် သင်ခန်းစာများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါတယ်။
◼ Grade 3 MBEH Channel - https://invite.viber.com/...

YouTube Learning Channel တွင်လည်း သင်ခန်းစာများကို Grade အလိုက်အလွယ်တကူ ဝင်ရောက်လေ့လာ ရယူဖြန့်ဝေနိုင်ပါတယ်။
◼https://www.youtube.com/.../UCvfxMmBn5nn819JoPL.../playlists

အိမ်အိမ်ရဲ့သူငယ်ချင်းတွေလည်း အိမ်အိမ်နဲ့အတူ သင်ခန်းစာတွေကိုလေ့လာဖို့ Channelတွေကို joinထားဖို့မမေ့ကြနဲ့နော်။ ဘေးကင်းလုံခြုံပြီး ပညာရေးစဥ်ဆက်မပြတ်စေဖို့ နေအိမ်အခြေပြုသင်ယူရေးအစီအစဥ်မှာ အိမ်အိမ်နဲ့အတူ ပညာဆက်လက်သင်ယူကြမယ်နော်။

နောက်ရက်တွေမှာလည်း ကျန်အတန်းတွေရဲ့ အတန်းအလိုက် စိတ်ဝင်စားဖွယ်လေ့လာစရာတွေကို အိမ်အိမ်က ထပ်ပြောပြပေးသွားမှာကြောင့် မျှဝေပေးဖို့ မမေ့ပါနဲ့နော်….။

#MOENUG #HomeBasedLearning #Myanmar
👍18❤2👎1
🎊Happy New Year🎊

ဒီနေ့ကတော့ 2021 ရဲ့ နောက်ဆုံးနေ့ December 31 ရက်နေ့ ဖြစ်ပါတယ်။
ယခင်နှစ်တွေတုန်းကတော့ ဒီဇင်ဘာ (၃၁) ရက်နေ့ ညမှာဆိုရင် မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့အတူ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပလေ့ရှိကြပြီး ညသန်းခေါင် (၁၂) နာရီတိတိမှာ “Happy New Year” ဆိုပြီးတော့ သံပြိုင်ဟစ်ကြွေးပြီး မီးပန်းများဖြင့် နှစ်သစ်ကို ကြိုဆိုလေ့ရှိကြပါတယ်။

▪ အိမ်အိမ်ရဲ့ သူငယ်ချင်းတွေအားလုံးလည်း နှစ်သစ်ကိုမိသားစု၊ ချစ်ရသူများနှင့်အတူတကွ ကြိုဆိုပြီး စိတ်သစ် ကိုယ်သစ် အားမာန်အပြည့်ဖြင့် ၂၀၂၂ ခုနှစ် မှာလည်း လိုရာပန်းတိုင်ကို ဆက်လက်လျှောက်လှမ်းနိုင်ကြပါစေလို့ နှစ်သစ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

အားလုံးပဲ Happy New Year ပါ …..

#MOENUG #HomeBasedLearning #Myanmar
❤9👍6
မင်္ဂလာနှစ်သစ်ပါ သူငယ်ချင်းတို့ရေ… ✨
၂၀၂၂ နှစ်သစ်အချိန်အခါမှာ အိမ်အိမ်ရဲ့ သူငယ်ချင်းနဲ့ မိသားစုဝင်တွေအားလုံး လုံခြုံငြိမ်းချမ်း၊ ကျန်းမာကြပါစေလို့ အိမ်အိမ်က နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သူငယ်ချင်းတို့ရေ ပြီးခဲ့တဲ့နှစ်က အိမ်အိမ်တို့ နေအိမ်အခြေပြုပညာသင်ယူခြင်းအစီအစဉ် (Home-Based Learning) နဲ့ သင်ခန်းစာတွေအများကြီး လေ့လာသင်ယူခဲ့ကြသလို ဒီနှစ်မှာလည်း နေအိမ်အတွင်းမှာ နေပြီး သင်ခန်းစာအသစ်တွေ ဆက်လေ့လာကြမယ်နော်… 🤩

#MOENUG #HomeBasedLearning #Myanmar
❤11👍4🔥2
ဒီနေ့ကတော့ ဖိုးမူတို့၊ဖိုးခွားတို့ ကရင်လူမျိုးတွေရဲ့ နှစ်သစ်ကူးနေ့ပဲဖြစ်ပါတယ်။
● ကရင်နှစ်သစ်ကူးနေ့ကို ပြာသိုလဆန်း ၁ ရက်နေ့မှာ ကျင်းပလေ့ရှိပါတယ်။ ကရင်နှစ်သစ်ကူးပွဲတော်ကို ၁၉၃၈ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ဒီနှစ်ဟာ (၈၄)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ပွဲတော်ပဲဖြစ်ပါတယ်။
● ဒီချိန်ဟာ စပါးရိတ်သိမ်းချိန်ပြီးဆုံးလို့ ကရင်ရိုးရာအရ ကောက်ပဲသီးနှံသစ် စားသုံးရန် ပွဲတော်ဖြစ်တဲ့အပြင် နောက်သီးနှံတစ်ခုစတင်မည့်ရက်ကို အတိအကျသတ်မှတ်ရမည့်အချိန်လည်းဖြစ်ပါတယ်။ ကရင်နှစ်သစ်ကူးပွဲတော်ဟာ ဘယ်ဘာသာဝင်ရဲ့ပွဲတော်လို့သတ်မှတ်ထားတာမရှိဘဲ ဘာသာပေါင်းစုံကရင်လူမျိုးများ အတူတကွကျင်းပကြတဲ့ပွဲလည်းဖြစ်ပါတယ်။
❤26👍5👎1
● ဒါကြောင့် ကရင်နှစ်သစ်ကူးနေ့ဆို ဖိုးခွားနဲ့ဖိုးမူတို့ဟာ ကရင်သင်တိုင်းလှလှလေးတွေဝတ်ပြီး အမိုး၊အပါးနဲ့အတူ အာရုဏ်မတက်ခင်ကတည်းက အလံတင်ဖို့ ကွင်းပြင်ထဲကိုချီတက်ကြပါတယ်။ ကွင်းထဲမှာတော့ မြန်မာနိုင်ငံအလံကို အလယ်မှာထားပြီး ဘေးနှစ်ဖက်မှာ ကရင်အလံနှစ်ခုကိုထားထားတယ်။ အလံတင်ပွဲစတဲ့ချိန်မှာတော့ ဖားစည်နဲ့ကျွဲချိုတီးပြီး အလံသုံးခုကို တစ်ပြိုင်တည်းတင်ပါတယ်။ ပြီးတော့ဖိုးမူးတို့ ကရင်အမျိုးသားသီချင်းအတူတကွဆိုကြပြီး ကျဆုံးခဲ့သော ခေါင်းဆောင်ကြီးစောဘဦးနဲ့တကွ ကရင်အာဇာနည်တို့ကို အမှတ်ရအလေးပြုကြပါတယ်။ အလံတင်အခမ်းအနားအပြီးမှာတော့ ဒုံးအက၊ ဝါးညှပ်အကအပြင် ကရင်သီချင်းတွေနဲ့ မိန့်ခွန်းပြောတဲ့ အစီအစဉ်တွေပြုလုပ်ပါတယ်။ ဖိုးမူတို့ရဲ့ အဖီးကတော့ ဖိုးမူနဲ့ဖိုးခွားကို ကောက်ညင်းပေါင်းနဲ့ငါးခြောက်အပြင် အကြော်စုံ ကျွေးပါတယ်။
● အခမ်းအနားပွဲအပြီးမှာတော့ ဖိုးခွားတို့ စောင့်မျှော်နေတဲ့အားကစားပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေစတင်တာပဲဖြစ်ပါတယ်။ ဖိုးခွားက ထိပ်ဆုံးကနေ လွန်ဆွဲပြိုင်ပွဲကိုပါဝင်ပြီး ဖိုးမူကတော့ အခြားကစားပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ အမိုးနဲ့အပါးကတော့ ချော်တိုင်တက်ပွဲကိုအားပေးကြပါတယ်။ အားကစားပွဲတွေပြီးသွားရင်တော့ ဆုပေးပွဲကို တပါတည်းကျင်းပပါတယ်။ ညနေဘက်ရောက်ရင်တော့ မနက်ကတင်တဲ့အလံကိုပြန်ချတဲ့ အလံချအခမ်းအနားနှင့်အတူ ရိုးရာအကတွေနဲ့ အခမ်းအနားကိုရုတ်သိမ်းပါတယ်။ ညပိုင်းမှာတော့ ဖိုးမူးတို့မိသားစုကဈေးရောင်းပွဲတော်ကို လျှောက်ပတ်ကြည့်ပြီးမှ အတူတကွအိမ်ပြန်ကြပါတယ်။ ဒီလိုမျိုး ပျော်စရာအစီအစဉ်တွေ အများကြီးရှိတာမို့ ကရင်နှစ်သစ်ကူးနေ့က ဖိုးမူတို့ရဲ့ အပျော်ဆုံးနေ့တစ်နေ့လည်းဖြစ်ပါတယ်။
#MOENUG #HomeBasedLearning #Myanmar
❤39👍24🔥3
သူငယ်ချင်းတို့ရေ အိမ်အိမ်တို့ တွေ့မြင်နေကျ တိရိစ္ဆာန်တွေမှာ ထူးခြားတဲ့အချက်လေးတွေ ရှိတာသိပြီးကြပြီလား? အိမ်အိမ်တို့ အိမ်ထဲမှာရှိတဲ့ ပင့်ကူရဲ့ သွေးက အပြာရောင်ရှိတယ်တဲ့။ နောက်ပြီး ရေဘဝဲလေးတွေက နှလုံး သုံးခုတောင် ရှိတယ်တဲ့။ အိမ်အိမ်တို့နဲ့ မတူကြဘူးနော်။ အိမ်အိမ်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ ကုန်းနေ၊ ရေနေ သတ္တဝါတွေအကြောင်းကို ပိုသိရဖို့ Grade-4 အင်္ဂလိပ်စာသင်ရိုးမှာ လေ့လာကြည့်ရအောင်နော်။ 🐙🕷

Animals Lessons
⇝ https://youtu.be/TRC23oq0fVU
⇝ http://y2u.be/wfcA5kO_e08
⇝ https://youtu.be/Stkgmz-fIe8
👍14