မင်္ဂလာနှစ်သစ်ပါ သူငယ်ချင်းတို့ရေ… ✨
၂၀၂၂ နှစ်သစ်အချိန်အခါမှာ အိမ်အိမ်ရဲ့ သူငယ်ချင်းနဲ့ မိသားစုဝင်တွေအားလုံး လုံခြုံငြိမ်းချမ်း၊ ကျန်းမာကြပါစေလို့ အိမ်အိမ်က နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
သူငယ်ချင်းတို့ရေ ပြီးခဲ့တဲ့နှစ်က အိမ်အိမ်တို့ နေအိမ်အခြေပြုပညာသင်ယူခြင်းအစီအစဉ် (Home-Based Learning) နဲ့ သင်ခန်းစာတွေအများကြီး လေ့လာသင်ယူခဲ့ကြသလို ဒီနှစ်မှာလည်း နေအိမ်အတွင်းမှာ နေပြီး သင်ခန်းစာအသစ်တွေ ဆက်လေ့လာကြမယ်နော်… 🤩
#MOENUG #HomeBasedLearning #Myanmar

❤11👍4🔥2
ဒီနေ့ကတော့ ဖိုးမူတို့၊ဖိုးခွားတို့ ကရင်လူမျိုးတွေရဲ့ နှစ်သစ်ကူးနေ့ပဲဖြစ်ပါတယ်။
● ကရင်နှစ်သစ်ကူးနေ့ကို ပြာသိုလဆန်း ၁ ရက်နေ့မှာ ကျင်းပလေ့ရှိပါတယ်။ ကရင်နှစ်သစ်ကူးပွဲတော်ကို ၁၉၃၈ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ဒီနှစ်ဟာ (၈၄)ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ပွဲတော်ပဲဖြစ်ပါတယ်။
● ဒီချိန်ဟာ စပါးရိတ်သိမ်းချိန်ပြီးဆုံးလို့ ကရင်ရိုးရာအရ ကောက်ပဲသီးနှံသစ် စားသုံးရန် ပွဲတော်ဖြစ်တဲ့အပြင် နောက်သီးနှံတစ်ခုစတင်မည့်ရက်ကို အတိအကျသတ်မှတ်ရမည့်အချိန်လည်းဖြစ်ပါတယ်။ ကရင်နှစ်သစ်ကူးပွဲတော်ဟာ ဘယ်ဘာသာဝင်ရဲ့ပွဲတော်လို့သတ်မှတ်ထားတာမရှိဘဲ ဘာသာပေါင်းစုံကရင်လူမျိုးများ အတူတကွကျင်းပကြတဲ့ပွဲလည်းဖြစ်ပါတယ်။

❤26👍5👎1
● ဒါကြောင့် ကရင်နှစ်သစ်ကူးနေ့ဆို ဖိုးခွားနဲ့ဖိုးမူတို့ဟာ ကရင်သင်တိုင်းလှလှလေးတွေဝတ်ပြီး အမိုး၊အပါးနဲ့အတူ အာရုဏ်မတက်ခင်ကတည်းက အလံတင်ဖို့ ကွင်းပြင်ထဲကိုချီတက်ကြပါတယ်။ ကွင်းထဲမှာတော့ မြန်မာနိုင်ငံအလံကို အလယ်မှာထားပြီး ဘေးနှစ်ဖက်မှာ ကရင်အလံနှစ်ခုကိုထားထားတယ်။ အလံတင်ပွဲစတဲ့ချိန်မှာတော့ ဖားစည်နဲ့ကျွဲချိုတီးပြီး အလံသုံးခုကို တစ်ပြိုင်တည်းတင်ပါတယ်။ ပြီးတော့ဖိုးမူးတို့ ကရင်အမျိုးသားသီချင်းအတူတကွဆိုကြပြီး ကျဆုံးခဲ့သော ခေါင်းဆောင်ကြီးစောဘဦးနဲ့တကွ ကရင်အာဇာနည်တို့ကို အမှတ်ရအလေးပြုကြပါတယ်။ အလံတင်အခမ်းအနားအပြီးမှာတော့ ဒုံးအက၊ ဝါးညှပ်အကအပြင် ကရင်သီချင်းတွေနဲ့ မိန့်ခွန်းပြောတဲ့ အစီအစဉ်တွေပြုလုပ်ပါတယ်။ ဖိုးမူတို့ရဲ့ အဖီးကတော့ ဖိုးမူနဲ့ဖိုးခွားကို ကောက်ညင်းပေါင်းနဲ့ငါးခြောက်အပြင် အကြော်စုံ ကျွေးပါတယ်။
● အခမ်းအနားပွဲအပြီးမှာတော့ ဖိုးခွားတို့ စောင့်မျှော်နေတဲ့အားကစားပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေစတင်တာပဲဖြစ်ပါတယ်။ ဖိုးခွားက ထိပ်ဆုံးကနေ လွန်ဆွဲပြိုင်ပွဲကိုပါဝင်ပြီး ဖိုးမူကတော့ အခြားကစားပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ပါတယ်။ အမိုးနဲ့အပါးကတော့ ချော်တိုင်တက်ပွဲကိုအားပေးကြပါတယ်။ အားကစားပွဲတွေပြီးသွားရင်တော့ ဆုပေးပွဲကို တပါတည်းကျင်းပပါတယ်။ ညနေဘက်ရောက်ရင်တော့ မနက်ကတင်တဲ့အလံကိုပြန်ချတဲ့ အလံချအခမ်းအနားနှင့်အတူ ရိုးရာအကတွေနဲ့ အခမ်းအနားကိုရုတ်သိမ်းပါတယ်။ ညပိုင်းမှာတော့ ဖိုးမူးတို့မိသားစုကဈေးရောင်းပွဲတော်ကို လျှောက်ပတ်ကြည့်ပြီးမှ အတူတကွအိမ်ပြန်ကြပါတယ်။ ဒီလိုမျိုး ပျော်စရာအစီအစဉ်တွေ အများကြီးရှိတာမို့ ကရင်နှစ်သစ်ကူးနေ့က ဖိုးမူတို့ရဲ့ အပျော်ဆုံးနေ့တစ်နေ့လည်းဖြစ်ပါတယ်။

❤39👍24🔥3
သူငယ်ချင်းတို့ရေ အိမ်အိမ်တို့ တွေ့မြင်နေကျ တိရိစ္ဆာန်တွေမှာ ထူးခြားတဲ့အချက်လေးတွေ ရှိတာသိပြီးကြပြီလား? အိမ်အိမ်တို့ အိမ်ထဲမှာရှိတဲ့ ပင့်ကူရဲ့ သွေးက အပြာရောင်ရှိတယ်တဲ့။ နောက်ပြီး ရေဘဝဲလေးတွေက နှလုံး သုံးခုတောင် ရှိတယ်တဲ့။ အိမ်အိမ်တို့နဲ့ မတူကြဘူးနော်။ အိမ်အိမ်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ ကုန်းနေ၊ ရေနေ သတ္တဝါတွေအကြောင်းကို ပိုသိရဖို့ Grade-4 အင်္ဂလိပ်စာသင်ရိုးမှာ လေ့လာကြည့်ရအောင်နော်။ 🐙🕷
Animals Lessons
Animals Lessons
⇝ https://youtu.be/TRC23oq0fVU ⇝ http://y2u.be/wfcA5kO_e08 ⇝ https://youtu.be/Stkgmz-fIe8👍14
စတုတ္ထတန်းနဲ့ သက်ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ် နှင့် နေအိမ်အခြေပြုပညာသင်ကြားခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို Myanmar Basic Education Home ရဲ့ Moodle Learning Platform မှာ ရယူနိုင်ပါတယ်။
◼Moodle Link - https://learning-moe.nugmyanmar.org/be/course/index.php?categoryid=10
သင်ခန်းစာဆိုင်ရာ အခက်အခဲများကို Facebook Group တွင် ဆွေးနွေးအကြံဉာဏ်ရယူနိုင်ပါတယ်။
◼ Grade-4 Facebook Group Link -https://www.facebook.com/groups/grade4.moe
Telegram Channel တွင် သင်ခန်းစာများကို အလွယ်တကူ Download ရယူဖြန့်ဝေနိုင်ပါသည်။
◼Grade-4 MBEH Telegram Channel - https://t.me/joinchat/3LCw19ztMcowOGI1
Viber တွင် သင်ခန်းစာများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါသည်။
◼Grade-4 MBEH Viber Channel - https://invite.viber.com/?g2=AQA89%2BKRtWpOuE37UJlsufcVCs7h%2FJVJRJqX9wTunBDaiL7WX4FsXTzu2wvsIgj6
YouTube Learning Channel တွင်လည်း သင်ခန်းစာများကို အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါသည်။
◼MBEH YouTube Channel - https://www.youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A/playlists
သင်ကြားရေးရင်းမြစ်နဲ့ သင်ခန်းစာများကို အပေါ်မှာ အိမ်အိမ်ပြောပြခဲ့တဲ့ Link တွေမှာ အလွယ်တကူရယူနိုင်ပါတယ်နော် ဖေဖေ၊မေမေတို့ရေ။ နောက်ရက်တွေမှာလည်း ကျန်အတန်းတွေရဲ့ အတန်းအလိုက် စိတ်ဝင်စားဖွယ်လေ့လာစရာတွေကို အိမ်အိမ်က ထပ်ပြောပြပေးသွားမှာကြောင့် မျှဝေပေးဖို့ မမေ့ပါနဲ့နော်။

👍19❤18👎2
▪️ကချင်ပြည်နယ်က ဟိုးယခင်တည်းက ကချင်ဒူဝါကြီးများက သီးခြားအုပ်ချုပ်ခဲ့တဲ့ တောင်တန်းဒေသဖြစ်ပြီး ကိုလိုနီခေတ်မှာလည်း ၁၈၉၅ Kachin Hills Tribes Regulation အားဖြင့် သီးသန့်အုပ်ချုပ်ခဲ့တဲ့ လွတ်လပ်တဲ့ နယ်မြေဒေသ ဖြစ်ပါတယ်။
▪️၁၉၄၇ တွင် ပင်လုံစာချုပ်အားဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ထူထောင်ခဲ့ကြပြီး ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မှာ ကိုလိုနီလက်အောက်မှ လွတ်လပ်ရေးကို အရယူခဲ့ကြပါတယ်။ နောက်မှာတော့ ကချင်ပြည်နယ်ကောင်စီညီလာခံကြီးကို ပထမဆုံး စည်းဝေးတဲ့ရက်ဖြစ်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့ကို ရှေးဦးစွာဖွဲ့စည်းလိုက်တဲ့ ဇန်နဝါရီလ (၁၀)ရက်နေ့ကို ကချင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။
ကချင်ပြည်နယ်နေ့ကို နှစ်စဉ် မြစ်ကြီးနားမြို့ စီတာပူမနောကွင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါတယ်။
ကချင်တိုင်းရင်းသားသူငယ်ချင်းတို့ရေ ဒီနှစ်ကချင်ပြည်နယ်နေ့ကစလို့ စစ်မှန်တဲ့ငြိမ်းချမ်းရေး ရရှိပြီး အိမ်အိမ်တို့အားလုံး လိုလားတောင့်တနေတဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို အမြန်ဆုံးရရှိပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

❤41👍6
▪ ဒီနေ့ကျရောက်တဲ့ 'တအာင်းအမျိုးသားတော်လှန်ရေးနေ့' ဟာ (၅၉)နှစ်မြောက် ဖြစ်ပါတယ်။ တော်လှန်ရေးကာလ(၅၉)နှစ်အတွင်းမှာ အသက်၊ သွေးချွေး၊ စည်းစိမ်ဥစ္စာများစွာတို့ကို စွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ တအာင်းပြည်သူလူထု၊ တအာင်းအာဇာနည် ရဲဘော်၊ ရဲမေအပေါင်းကို အစဥ်ဦးညွှတ်သောအားဖြင့် သတ်မှတ်ခဲ့ကြခြင်းဖြစ်ပါတယ်။
▪ တအာင်းအမျိုးသားတစ်ရပ်လုံး အဖိနှိပ်ခံဘဝမှလွတ်မြောက်ရေး၊ တအာင်းပြည်နယ်ရရှိရေးအတွက် အာဏာရှင်အဆက်ဆက်ကို ရရာလက်နက်ဖြင့် ခုခံတော်လှန်ခဲ့ကြသော အိမ်အိမ်တို့သွေးချင်းများဖြစ်ပါတယ်။
▪ 'တအာင်း'လူမျိုးဆိုတာဟာ အိမ်အိမ်တို့'ပလောင်'လို့သိထားကြတဲ့ လူမျိုးဖြစ်ပါတယ်။ 'ပလောင်'လူမျိုးတွေက သူတို့ကိုယ်ကို တအာင်း၊ရအာင်း(တအန်း၊ရအန်း) လူမျိုးလို့ပဲ ခေါ်ဝေါ်ပြောဆိုကြပါတယ်။
'တအာင်းအမျိုးသားတော်လှန်ရေးနေ့' ကစ၍ တအာင်းသွေးသားညီအစ်ကိုတို့ရဲ့ တော်လှန်ရေးရည်မှန်းချက်ပန်းတိုင်ကို အမြန်ရောက်ရှိကြပါစေလို့ အိမ်အိမ်က ဆုတောင်းပေးလိုက်ပါတယ်။
ဘေးကင်းကျန်းမာစွာ အားလုံးနဲ့ပြန်ဆုံကြမယ်နော်။
တာ့တာ......🤗

❤35👍15
သူငယ်ချင်းတို့ရေ ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာကျရောက်တဲ့ World Logic Day (ကမ္ဘာလုံးဆိုင်ရာ ယုတ္တိဗေဒနေ့) ကို အိမ်အိမ်တို့နဲ့အတူကြိုဆိုလိုက်ရအောင်။
▪ သင်ကြားရေးနဲ့သုတေသနမှတစ်ဆင့် Logic ပညာရပ်တိုးတက်လာစေရန်နဲ့ ပိုမိုကျယ်ပြန့်လာစေရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၉ ခုနှစ် နို၀င်ဘာလ ၂၆ ရက်နေ့မှာ UNESCO မှ ဇန်နဝါရီလ ၁၄ ရက်နေ့ကို World Logic Day အဖြစ်သတ်မှတ်ခဲ့ပါတယ်။

👍10❤3
▪ ကလေးတွေဟာ အသက် ၆ - ၇ နှစ်အရွယ်မှစကာ အကျိုးနဲ့အကြောင်း ဆက်စပ်ဝေဖန်နိုင်တဲ့ အခြေခံ logical thinking ကို ရရှိပြီးဖြစ်ပါတယ်။ ထိုတွေးခေါ်နိုင်မှုကို အခြေခံပညာရေးမှ အစပြုကာ မြှင့်တင်သွားဖို့လိုအပ်ပါတယ်။ အခြေအနေတစ်ရပ်ကို ဓမ္မဓိဠာန်ကျကျဆန်းစစ်ပြီး သင့်လျော်သော ယုတ္တိရှိသောကောက်ချက်ချနိုင်ဖို့အရေးကြီးပါတယ်။
▪ ကျောင်းနေအရွယ် ကလေးများဟာ ဖတ်စာအုပ်ထဲက အချက်အလက်တွေ သမိုင်းနောက်ခံ အဖြစ်အပျက်တွေကို မျက်စိမှိတ်လက်မခံပဲ တွေးခေါ်တတ်၊ မေးခွန်းထုတ်တတ်ဖို့ ဆန်းစစ်လေ့လာပြီး လက်ခံတတ်ဖို့လိုပါတယ်။ မိဘနဲ့ ဆရာ ဆရာမများကလဲ ကျောင်းသားကျောင်းသူများကို ဆက်စပ်ဝေဖန်ပိုင်းခြားပြီး တွေးခေါ်တတ်၊ မေးခွန်းထုတ်တတ်စေရန် တိုက်တွန်းအားပေးဖို့လိုပါတယ်။ Too Much Knowledge Maketh Fools ဆိုတဲ့အတိုင်း စာနားလည်မှုနဲ့ဗဟုသုတ တိုးရုံအဆင့်မှာ ရပ်မနေသင့်ပဲ ထိုပညာရပ်များကို အကျိုးရှိရှိအသုံးချတတ်စေရန် သင်ကြားပေးဖို့လိုပါတယ်။
သူငယ်ချင်းတို့လည်း logical thinking ကိုမြှင့်တင်ပြီး လက်ရှိ ကျောင်းနေအရွယ်မှာရော အနာဂတ်ခေါင်းဆောင်တွေအနေနဲ့ပါ မိမိအတွက်၊ ပတ်၀န်းကျင်အတွက် သင့်လျော်မှန်ကန်တဲ့ ဆုံးဖြတ်ချက်များချနိုင်ကြပါစေ။

👍25❤10
သူငယ်ချင်းတို့ရေ ဒီနေ့ ဇန်နဝါရီလ ၁၅ရက်နေ့က အိမ်အိမ်တို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေဖြစ်တဲ့ နာဂလူမျိုးတွေရဲ့ နှစ်သစ်ကူးနေ့ဖြစ်ပါတယ်။
▪ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နာဂတိုင်းရင်းသားမျိုးနွယ်စုပေါင်း (၅၀)ကျော်ရှိပြီး မျိုးနွယ်စုအလိုက် ရိုးရာဓလေ့တွေ ကွဲပြားတာကြောင့် ကျင်းပတဲ့ရက်လည်း ကွဲပြားပါတယ်။
▪ နှစ်သစ်ကူးကောက်သစ်စားပွဲကတော့ အကြီးဆုံးပွဲတော်ပါပဲ။ နှစ်သစ်ကူးပွဲတော်ကို ကောက်ပဲသီးနှံတွေ ရိတ်သိမ်းပြီး နောက်နှစ်အတွက်တောင်ယာနဲ့ လယ်ယာလုပ်ငန်းတွေ ပြန်မစခင်မှာ ကျင်းပလေ့ရှိပါတယ်။

❤2👍1
▪နာဂ ရိုးရာနှစ်သစ်ကူးပွဲတော်ကို အရင်က ရွာအလိုက်ကျင်းပခဲ့ကြပြီး ၁၉၅၇ မှာ မြို့နယ်အဆင့်နဲ့ ၁၉၉၀ ပြည့်နှစ်မှာ နာဂမျိုးနွယ်စုအကြီးအကဲတွေရဲ့ ညှိနှိုင်းတိုင်ပင်မှုနဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကို နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ခဲ့ကြပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဖြစ်တဲ့ လဟယ်မြို့နယ်၊ လေရှီးမြို့နယ် နဲ့ နန်းယွန်းမြို့နယ်တွေမှာ အလှည့်ကျ စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။ ပွဲတော်အတွင်းမှာလည်း “အာဟေး၊ အာဟေး” ဆိုတဲ့ မြန်မာဘာသာအရ “ကောင်းချီးမင်္ဂလာရှိပါစေ” ဆိုတဲ့ စကားနဲ့ ရိုးရာဝတ်စုံတွေ ဝတ်ဆင်ပြီး ပျော်ရွှင်နေတဲ့ နာဂလူမျိုးတွေကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ် သူငယ်ချင်းတို့ရေ…
#MOENUG #HomeBasedLearning #Myanmar
#MOENUG #HomeBasedLearning #Myanmar
👍9❤3👎1
" ကယားပြည်နယ်နေ့ " မှာ ကယားပြည်နယ်က သူငယ်ချင်းတိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပျော်ရွှင်၊ ကျန်းမာငြိမ်းချမ်းကြပါစေ.....။
▪ ဒီနေ့ ဇန်နဝါရီလ(၁၅)ရက်နေ့ဟာ အိမ်အိမ်ရဲ့ ကယားပြည်နယ်က သူငယ်ချင်းတိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အမြတ်တနိုးတန်ဖိုးထားရာ " ကယားပြည်နယ်နေ့ " ဖြစ်ပါတယ်။ " ကယားပြည်နယ်နေ့ " ကိုကျင်းပလာတာ ဒီနှစ်မှာဆို (၇၀)ကြိမ်မြောက် ရှိပြီဖြစ်ပါတယ်။

👍17❤4
▪ နှစ်စဥ်နှစ်တိုင်း ဇန်နဝါရီလ (၁၀)ရက်ကနေ (၁၉)ရက်အထိ ဆယ်ရက်တိုင်တိုင် ပျော်ပွဲရွှင်ပွဲ၊ စျေးရောင်းပွဲတွေနဲ့အတူကျင်းပလေ့ရှိပါတယ်။ ဇန်နဝါရီလ(၁၅)ရက်နေ့ဟာ အဓိကပွဲတော်နေ့ဖြစ်ပြီး ထေးသမရပ်ကွက်၊ ကယားပြည်နယ်နေ့ပွဲတော်ကွင်းမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါတယ်။
▪ ကယားပြည်နယ်ဟာ ကယားတိုင်းရင်းသားမျိုးနွယ်စု (၉)မျိုးနဲ့ ရှမ်း၊ ကရင်၊ ဗမာ၊ ပအို့ဝ်၊ အင်းသားစတဲ့ တိုင်းရင်းသားများ ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးမှီတင်းနေထိုင်ကြတဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ရိုးရာဓလေ့အစဥ်အလာတွေ၊ တောတောင်ရေမြေသဘာဝအလှတွေများစွာပိုင်ဆိုင်ထားတဲ့ ကယားပြည်နယ်ဟာ မီးခိုးမထွက်တဲ့စက်ရုံလို့ တင်စားခေါ်ဝေါ် ကြတဲ့ ခရီးသွားလုပ်ငန်းရဲ့ အားအင်တစ်ခုလည်းဖြစ်ပါတယ်။
အိမ်အိမ်က ဒီနေ့မှာကျရောက်တဲ့ "ကယားပြည်နယ်နေ့" ကို ဂုဏ်ပြုရင်း အိမ်အိမ်တို့နဲ့အတူ တရားမဝင်စစ်ကောင်စီရဲ့ ဆိုးယုတ်တဲ့စနစ်ဆိုးကို လက်တွဲတော်လှန်နေကြတဲ့ ကယားပြည်နယ်က သူငယ်ချင်းတိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ဂုဏ်ပြုဦးညွှတ်လိုက်ပါတယ်။
ဘေးကင်းကျန်းမာ ပျော်ရွှင်စွာ အားလုံးနဲ့ပြန်ဆုံကြမယ်နော်။
တာ့တာ.........🤗

❤8👍6🔥3
▪ ဒီနေ့ ပြာသိုလပြည့်နေ့ဟာ အိမ်အိမ်တို့နိုင်ငံရဲ့ "အမေများနေ့" ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အမေများနေ့ကို သတ်မှတ်ထားတဲ့နေရက်တွေဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံမတူညီကြပါဘူး။ အမေရိကန်ပြည်ထောင်စုမှာတော့ မေလရဲ့ဒုတိယအပတ် တနင်္ဂနွေနေ့ဖြစ်တဲ့ မေလ(၁၂)ရက်ကို "အမေများနေ့" အဖြစ်သတ်မှတ်ထားပြီး နိုင်ငံအများစုဟာ မတ်လနဲ့မေလထဲမှာ ကျင်းပလေ့ရှိကြပါတယ်။
▪ အိမ်အိမ်တို့ရဲ့နိုင်ငံမှာတော့ ပြာသိုလပြည့်နေ့ကို "အမေများနေ့" အဖြစ်သတ်မှတ်ထားပြီး "အမေများနေ့"အဖြစ် ဖြစ်ပေါ်လာအောင်စတင်ဦးဆောင်သူက ဆရာကြီးဦးသုခပဲဖြစ်ပါတယ်။ ဆရာကြီးဟာ ကျိုက်လတ်မြို့တွင်ထားခဲ့ရသော မိခင်ဖြစ်သူ၏ သားဖြစ်သူအပေါ်လွမ်းနေရသောခံစားချက်များကြောင့်လည်းကောင်း၊ မန္တလေးမှ အမေချစ်မြတ်နိုးသူများ၏ ပူဆာတိုက်တွန်းမှုကြောင့်လည်းကောင်း ၁၉၉၅ခုနှစ်တွင် ဆရာကြီးကိုယ်တိုင် ပြာသိုလပြည့်နေ့ကို "အမေများနေ့" အဖြစ် သတ်မှတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။
▪ ဆရာကြီးနဲ့အတူ စာပေလောက၊ အနုပညာလောက၊ ကျန်းမာရေးလောကမှ တတ်သိပညာရှင်မိတ်ဆွေများလည်း "အမေများနေ့" ဖြစ်မြောက်ရေးကြိုးပမ်းမှုတွင် ပါဝင်ခဲ့ကြပါတယ်။ ၁၉၉၇ခုနှစ်တွင် ပြာသိုလပြည့်နေ့ကို "အမေများနေ့" အဖြစ် တရားဝင်သတ်မှတ်ခဲ့ကြပါတယ်။
▪ သတ်မှတ်ထားသော ရက်စွဲတွေ ကွဲပြားသော်ငြားလည်း အထိမ်းအမှတ်နေ့ရဲ့ တူညီတဲ့ရည်ရွယ်ချက်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ မိခင်များအားလုံးရဲ့ဂုဏ်ကျေးဇူးကို အောက်မေ့ဖို့နဲ့ ဂုဏ်ပြုလိုခြင်းကြောင့် ဖြစ်ပါတယ်။
▪ အိမ်အိမ်ရဲ့ သူငယ်ချင်းတွေလည်း မိမိတို့ရဲ့မိခင်တွေကို အမေများနေ့သာမက နေ့ရက်တိုင်းမှာ ဂုဏ်ပြုကျေးဇူးပြုဖို့ မမေ့ကြနဲ့နော်။
တာ့တာ နောက်ပို့စ်တွေမှာ ပြန်တွေ့ကြမယ်နော်.........။

❤43👍17
ရည်မှန်းချက်ဆိုတာကတော့ မိမိဆန္ဒဖြင့်ကိုယ်တိုင်ပြီးမြောက်အောင် ဆောင်ရွက်လိုတဲ့အရာတွေကို ဆိုလိုခြင်းပဲဖြစ်ပါတယ်။ ရည်မှန်းချက်ချတဲ့နေရာမှာ အိမ်အိမ်တို့က ရေတိုရည်မှန်းချက်နဲ့ ရေရှည်ရည်မှန်းချက်ဆိုပြီး နှစ်မျိုးခွဲခြားထားလို့ရပါတယ်။ ရေတိုဆိုတာကတော့ အချိန်ခဏလေးအတွင်း ဖြစ်လာနိုင်တဲ့အရာဖြစ်ပြီး ရေရှည်ကတော့ နှစ်တွေအကြာကြီးစောင့်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ရဲ့ရည်မှန်းချက်တွေ ပြည့်ဝဖို့အတွက် တစ်ဆင့်ချင်းမှန်မှန် ကြိုးစားသွားဖို့ လိုအပ်ပါတယ်။ သူငယ်ချင်းတို့ရော ဘဝမှာ ဘာတွေဖြစ်ချင်လဲဆိုတာနဲ့ ပတ်သက်လို့ ရည်မှန်းချက်တွေချပြီးကြပြီလား? ဒီနှစ်တစ်နှစ်တာရော ဘာဖြစ်ချင်လဲဆိုတာ ရည်မှန်းချက်ချပြီးကြပြီလား? မချရသေးရင်တော့ အောက်က Video လေးကိုကြည့်ပြီး အိမ်အိမ်နဲ့အတူ ရည်မှန်းချက် ချကြရအောင်နော်။🏆
ရည်မှန်းချက်ချကြစို့
https://youtu.be/W_KCo387sng
ဆဌမတန်းနဲ့ သက်ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ် နှင့် နေအိမ်အခြေပြုပညာသင်ကြားခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို Myanmar Basic Education Home ရဲ့ Moodle Learning Platform မှာ ရယူနိုင်ပါတယ်။
◼Moodle Link - https://learning-moe.nugmyanmar.org/be/course/index.php?categoryid=12
သင်ခန်းစာဆိုင်ရာ အခက်အခဲများကို Facebook Group တွင် ဆွေးနွေးအကြံဉာဏ်ရယူနိုင်ပါတယ်။
◼ Grade-6 Facebook Group Link - https://www.facebook.com/groups/grade6.moe
Telegram Channel တွင် သင်ခန်းစာများကို အလွယ်တကူ Download ရယူဖြန့်ဝေနိုင်ပါတယ်။
◼Grade-6 MBEH Telegram Channel - https://t.me/joinchat/IHxvVfJgZUxiOTQ9
Viber တွင် သင်ခန်းစာများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါတယ်။
◼Grade-6 MBEH Viber Channel - https://invite.viber.com/?g2=AQApCsc8Xlvms037UQMxcqzzvQ3PMd4wK1507yIKsgpIP0qroVZlGiLQls1efVON
YouTube Learning Channel တွင်လည်း သင်ခန်းစာများကို အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။

👍35❤2🔥1