Myanmar Basic Education Home
✔
20.7K subscribers
714 photos
85 videos
37 files
138 links
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
Download Telegram
❤50👍29👎5
ကဲ ..........!
ဒီနေ့မှာတော့ Grade-9 မှာတက်ရောက်သင်ယူလေ့လာနေကြတဲ့သူငယ်ချင်းတွေ အိမ်အိမ်နဲ့အတူ မြန်မာစာဘာသာရပ်ကို လေ့လာကြရအောင်။
❤19👍7
▪အဋ္ဌမတန်း မြန်မာစာ (ကဗျာ) ထဲက "စိတ်နေမြင့်သူ" အကြောင်းကို အတူလေ့လာကြမယ်နော်။ ဒီသင်ခန်းစာထဲမှာ "စိတ်‌နေမြင့်သူ" ဆိုတာ ဘယ်သူ့ကိုပြောတာလဲ၊ အဲဒီကဗျာလေးရဲ့စိတ်၀င်စားဖို့ကောင်းတဲ့အချက်တွေကဘာလဲ၊ ဘယ်လိုထူးခြားမှုတွေရှိသလဲ၊ ဒီကဗျာကနေ ဘယ်လိုဗဟုသုတတွေရနိုင်တာလဲ စတာတွေကို သိရှိနိုင်မှာဖြစ်ပါတယ်။ စိတ်၀င်စားဖွယ်ကောင်းအောင် ဆွေးနွေးပြထားတာ​​ဖြစ်လို့ အိမ်အိမ်တို့အတွက် ပျော်ရွှင်စရာစာလေ့လာချိန်လေးဖြစ်မယ်လို့ထင်ပါတယ်။

▪ နောက်ပြီးတော့ "စိတ်နေမြင့်သူ" ကဗျာလေးကနေတစ်ဆင့် ဘ၀အသိအမြင်တစ်ခု ဒါမှမဟုတ် ခံစားမှုတစ်ခုခုကို ရနိုင်မှာဖြစ်သလို ကဗျာနဲ့ပတ်သက်ပြီး တခြားဆက်စပ်တဲ့အကြောင်းအရာတွေကို ဆရာမက‌ ဆွေးနွေးပေးထားတာဖြစ်လို့ သူငယ်ချင်းတို့အနေနဲ့လည်း ဒီကဗျာလေးကနေ သင်ယူရရှိတာတွေကို ဝေမျှကြစေချင်ပါတယ်။ သင်ခန်းစာပြီးသွားတဲ့အခါမှာလည်း သင်ခန်းစာကို ပိုမိုနားလည်သဘောပေါက်ဖို့ရည်ရွယ်ပြီး လေ့ကျင့်ခန်းလေးတွေပေးထားပါသေးတယ်။ သေချာစဉ်းစားပြီးဖြေကြည့်ကြပါဦးနော်။

▪ ဒီကဗျာလေးကနေ ကဗျာရဲ့အသံချိုသာမှုတွေ၊ ဆရာမရဲ့ဆွေးနွေးချက်တွေနဲ့အတူ လှပတဲ့အတွေးအမြင်သစ်တစ်ခုကို အိမ်အိမ်တိို့ရရှိမယ်လို့မျှော်လင့်ပါတယ်။ ဗီဒီယိုမှာပါတဲ့လေ့ကျင့်ခန်းတွေဟာ သင်ခန်းစာကို ပိုမိုနားလည်စေဖို့၊ ပြန်လည်သုံးသပ်နိုင်ဖို့အပြင် အိမ်အိမ်တို့ကိုယ်တိုင်ချဲ့ထွင်စဉ်းစားတတ်ဖို့ လေ့ကျင့်ပေးထားတာဖြစ်ပါတယ်။

▪ သင်ခန်းစာလေးရဲ့ Youtube link ကို အိမ်အိမ်က ထည့်ပေးထားမယ်နော်။
https://youtu.be/ij77IoKUAyc
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကနေ အဋ္ဌမတန်းအတွက် လေ့လာလို့ရနိုင်တဲ့ Learning Channel တွေကိုလည်း ဖော်ပြပေးထားတာဖြစ်လို့ သူငယ်ချင်းတွေ join ထားဖို့ မမေ့နဲ့နော်။

အဋ္ဌမတန်းနဲ့ သက်ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ် နှင့် နေအိမ်အခြေပြုပညာသင်ကြားခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို Myanmar Basic Education Home ရဲ့ Moodle Learning Platform မှာ ရယူနိုင်ပါတယ်။
◼Moodle Link - https://learning-moe.nugmyanmar.org/be/course/index.php?categoryid=13

သင်ခန်းစာဆိုင်ရာ အခက်အခဲများကို Facebook Group တွင် ဆွေးနွေးအကြံဉာဏ်ရယူနိုင်ပါတယ်။
◼ Grade 9 - https://www.facebook.com/groups/grade9.moe

Telegram Channel တွင် သင်ခန်းစာများကို အလွယ်တကူ Download ရယူဖြန့်ဝေနိုင်ပါတယ်။
◼Grade 9 MBEH Channel - https://t.me/joinchat/h_dGU4hsGHc3MzA1

Viber တွင် သင်ခန်းစာများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါတယ်။
◼Grade 9 MBEH Channel - https://invite.viber.com/?g2=AQAICKjAk0ageE37UXJDs6CXCsa%2B8nXu9IfhPw9ElczKeWT9Sw2lEHqDqT9VNpW5

YouTube Learning Channel တွင်လည်း သင်ခန်းစာများကို အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
◼MBEH YouTube Channel - https://www.youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A/playlists

နေအိမ်အခြေပြုသင်ယူခြင်းအစီအစဉ်ဆိုင်ရာအချက်အလက်များ
==
▪ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာအဆင့် နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ်တွင် သင်ယူ‌ပါဝင်မည့် ကျောင်းသူ/ကျောင်းသားများနှင့် မိဘ/အုပ်ထိန်းသူ များသည် အောက်ပါလင့်တွင် အမည်စာရင်း ထည့်သွင်းနိုင်ပါသည်။
https://register-moe.nugmyanmar.org/basic-form
https://fb.watch/87aOjA1697/

▪ နေအိမ်အခြေပြုပညာသင်ယူခြင်း လုပ်တဲ့အခါ မိဘတွေအနေနဲ့ ဘယ်လိုကူညီရမလဲ?
https://www.facebook.com/BE.moeNUG/posts/140083851659480
https://fb.watch/87bAHlqE5D/

▪ ကြားကာလ အခြေခံပညာအဆင့် နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ် သင်ယူစဉ် စစ်ဆေးအကဲဖြတ်မှတ်တမ်းနှင့် စစ်ဆေးအကဲဖြတ်မှတ်တမ်းချုပ် နမူနာပုံစံများ
https://www.facebook.com/BE.moeNUG/posts/137968371871028

▪ နောက်ရက်တွေမှာလည်း ကျန်အတန်းတွေရဲ့ အတန်းအလိုက် စိတ်ဝင်စားဖွယ်လေ့လာစရာတွေကို အိမ်အိမ်က ထပ်ပြောပြပေးသွားမှာမို့လို့ မျှဝေပေးဖို့ မမေ့ပါနဲ့နော်။

#MOENUG #HomeBasedLearning #Myanmar
👍44❤40👎3🔥3
သူငယ်ချင်းတို့ရေ
ဒီနေ့မှာတော့ အိမ်အိမ်က ၂၁ ရာစု မှာ မရှိမဖြစ်လိုအပ်လာတဲ့ Digital literacy အကြောင်းကိုအနည်းငယ်ရှင်းပြ‌ပေးပါမယ်။
❤22👍6
▪ ယခုလို နည်းပညာ ခေတ်ကြီးမှာ ပုံမှန် စာရေး စာဖတ်တတ်ရုံနဲ့မလုံလောက်တော့ပါဘူး။ Digital literacy လို့ခေါ်တဲ့ ဒီဂျစ်တယ်စာတတ်မြောက်မှုကလဲ လိုအပ်လာပြီ ဖြစ်ပါတယ်။

အဲ့တော့ Digital literacy ဆိုတာဘာလဲ ❓

▪ American Library Association ရဲ့ အဆိုအရ Digital Literacy ဆိုတာ သတင်းအချက်အလက်တွေကို ရှာဖွေ၊ သုံးသပ်၊ ဆက်သွယ်မျှဝေဖို့အတွက် အသိပညာ နဲ့ နည်းပညာကျွမ်းကျင်မှု နှစ်ခုလုံးကို ပေါင်းစပ်ကာ ဆက်သွယ်ရေးဆိုင်ရာ နည်းပညာတွေကို အသုံးချနိုင်တဲ့ စွမ်းရည် တစ်မျိုးပဲဖြစ်ပါတယ်။

▪ ဒီဂျစ်တယ် စာတတ်မြောက်မှုကိုတိုင်းတာရာမှာ ကိုယ့်အနေနဲ့ Digital tools (ဒီဂျစ်တယ် application, program) တွေကိုဘယ်လောက်ထိ ကျွမ်းကျွမ်းကျင်ကျင်အသုံးချနိုင်လဲဆိုတာနဲ့ တင်မလုံလောက်ပါဘူး။ မိမိရဲ့ digital tool တွေကိုအသုံးချပြီး သတင်းအမှားအမှန် စီစစ်နိုင်မှု၊ မိမိရဲ့ အွန်လိုင်းပေါ်က လုပ်ဆောင်မှုတွေက တစ်ပါးသူကိုနစ်နာစေမှုရှိမရှိ၊ အွန်လိုင်းပေါ်မှာမိမိကိုယ်ကို လုံခြုံအောင်ထားနိုင်မှု (ဥပမာ social media account တွေကိုလုံခြုံအောင်ထားတာ) စသဖြင့်အချက်တွေနဲ့လဲ တိုင်းတာရပါမယ်။

▪ ဒါကတော့ Digital literacy ရဲ့ အကျဉ်းချူံး ဖွင့်ဆိုချက်ပါ။ သူငယ်ချင်းတို့အနေနဲ့ Digital literacy အကြောင်း ပိုပြီးနှံ့နှံ့စပ်စပ် သိချင်ပြီး၊ Digital literacy ဟာနိုင်ငံသားကောင်းဖြစ်မှု၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစတာတွေနဲ့ ဘယ်လိုဆက်စပ်တယ်ဆိုတာတွေ လေ့လာချင်ရင်တော့ Digtech ASEAN မှထုတ်ထားတဲ့ Digital toolkit လေးတွေကို ဒီ link ကနေ အခမဲ့ download ရယူပြီးဖတ်ရှုနိုင်ပါတယ်။
https://drive.google.com/file/d/1N_AIRRdWEdsls9kFGHAKIw0wuW5lx5z4/view

▪ ဒီဂျစ်တယ် စာတတ်မြောက်မှု ဆက်စပ်ပညာပေး ဆောင်းပါး တွေကို လဲ Digtech ASEAN page မှာလေ့လာနိုင်ပါတယ်။
https://www.facebook.com/digtech.asean

သူငယ်ချင်းတို့လဲ Digital Literacy Skill အပြည့်အဝရှိတဲ့ နိုင်ငံသားကောင်းများဖြစ်နိုင်ကြပါစေ။

#MOE #MBEH #MyanmarBasicEducationHome #DigitalLiteracy #Myanmar
❤37👍20
"တောင်သူလယ်သမားနေ့"မှာ အိမ်အိမ်တို့ရဲ့ တောင်သူလယ်သမားဦးကြီးတွေကို ဂုဏ်ပြုကြိုဆိုရင်း တပို့တွဲလပြည့်ကျော်(၄)ရက် ယနေ့မှာကျရောက်တဲ့ တောင်သူလယ်သမားနေ့ရဲ့သမိုင်းကြောင်းကို အိမ်အိမ်က
မျှဝေပေးလိုက်ပါတယ်။
👍31👎2❤1🔥1
▪️ကိုလိုနီနယ်ချဲ့လက်အောက်မှာ အင်္ဂလိပ်မြေရှင်တွေရဲ့ မတရားဂုတ်သွေးစုပ် ချယ်လှယ်မှုတွေကြောင့်တောင်သူလယ်သမားတွေရဲ့ဘဝဟာ တဖြည်းဖြည်းအကြွေးနွံနစ်ခါ လယ်ယာတွေဟာချစ်တီးနဲ့ အရင်းရှင်ကြီးတွေ လက်ထဲကိုရောက်ခဲ့ရပြီး လုံးပါးပါးခဲ့ရပါတယ်။ (1930)ကမ္ဘာ့စီးပွားပျက်ကပ်စိုက်တဲ့ကာလမှာ
လယ်သမားအများစုဟာ လယ်လုပ်ရန်အတွက် လယ်ယာ​​မြေမရှိကြတော့သည်အထိ ဂုတ်သွေးစုပ်ခြင်းကိုခံခဲ့ရပါတယ်။

▪️ဒါကြောင့် ဆူပူအုံကြွမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရဟာ တောင်သူလယ်သမားတွေကို တပ်မဟာတွေ ဖြန့်ကျက်ကာ ရက်ရက်စက်စက် နှိမ်နှင်းခဲ့ကြပါတယ်။ သာယာဝတီခရိုင်မှာ ဆရာစံဦးဆောင်တဲ့တောင်သူလယ်သမား အခြေပြုဂဠုန်တပ်မကြီးဟာ ရရာလက်နက်စွဲကိုင်ပြီး အင်္ဂလိပ်အစိုးရကို ပြန်လည်တိုက်ခိုက်ခဲ့ကြပါတယ်။ တောင်သူလယ်သမားများနဲ့ ကျေးလက်နေပြည်သူများကိုအောင်မြင်စွာ စည်းရုံးနိုင်ခဲ့ပြီး၊အရေးတော်ပုံကြီးပြုလုပ်ဖို့ သဘောတူညီချက် ရခဲ့ပါတယ်။

▪️ အရှိန်အဟုန်ပြင်းလားတဲ့တောင်သူလယ်သမားတို့ရန်ကို စိုးရိမ်လာတဲ့ အင်္ဂလိပ်အစိုးရဟာသာယာဝတီဘက်ကို တပ်အင်အားဖြန့်ကျက်ကိုင်တွယ်ဖို့ ဗျူဟာ​တွေချမှတ်ခဲ့ပါတယ်။ (1930)ပြည့်နှစ်၊ ဒီဇင်ဘာလ(22) ရက်နေ့မှာ တစ်တိုင်းပြည်လုံးက တောင်သူလယ်သမားတစ်ရပ်လုံး ပါဝင်ခဲ့တဲ့ တော်သူလယ်သမားအရေးတော်ပုံကြီး စတင်ခဲ့ပါတယ်။

▪️ဆရာစံဟာ မိမိကိုယ်တိုင်က“သုပဏ္ဏက ဂဠုန်ရာဇာ“ဘွဲ့ကို ခံယူခဲ့​ပြီး ဂဋုန်တပ်မကို နှစ်နှစ်ကျော်ကြာတဲ့အထိ အရေးတော်ပုံဦးမကျိုး​စေဘဲ ဦးဆောင်ခဲ့ပါတယ်။ အင်္ဂလိပ်အစိုးရဟာ တောင်သူလယ်သမားတို့တောင်းဆိုချက်ကို မျက်ကွက်ပြုကာ အင်အားသုံး
နှိမ်နင်းပြီး၊ ခေါင်းဆောင်တွေကို မိရာနေရာမှာ ရက်ရက်စက်စက်ဖမ်းဆီးသတ်ပစ်ခဲ့ပါတယ်။ ဆရာစံကိုယ်တိုင်လည်း ဖမ်းဆီးကွက်မျက်ခံခဲ့ရပါတယ်။

▪️တောင်သူလယ်သမားအရေးတော်ပုံကြီးဟာ မြန်မာ့လွတ်လပ်ရေးရဲ့ပထမဦးဆုံးတော်လှန်မှုကြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် နှစ်စဉ် ဇန်နဝါရီလ (၁) ရက်နေ့ကို`တောင်သူလယ်သမားနေ့´ အဖြစ် (၁၉၆၂) ခုနှစ်၊ တော်လှန်ရေးကောင်စီလက်ထက်အထိ သတ်မှတ်ခဲ့ကြပါတယ်။

▪️( ၃၀-၁၂-၆၂ မှ ၁- ၁-၆၃) ရက်နေ့အထိ စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာမှာ ပထမဆုံးအကြိမ်အဖြစ် တောင်သူလယ်သမားများနှင့်ပတ်သက်ပြီး မြေရှင်စနစ် ဖျက်သိမ်းရေးလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြပါတယ်။ (၃၀-၁-၆၃)နေ့မှ (၁-၂-၆၃)ရက်နေ့အထိ ဟင်္သာတမြို့နယ်၊ ဒူးယားကျေးရွာမှာ ဒုတိယအကြိမ် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲကြီးကိုကျင်းပခဲ့ကြပါတယ်။(၂-၃-၆၄) နေ့မှ (၆-၃-၆၄)ရက်နေ့အထိ တောင်ငူမြို့နယ်၊ ခပေါင်းကျေးရွာတွင် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲကို ကျင်းပခဲ့ပါတယ်။ထိုနှီးနှောဖလှယ်ပွဲတွင် လာမည့်နှစ်မှစတင်ပြီး မတ်လ (၂) ရက်နေ့ကို "တောင်သူလယ်သမားနေ့"အဖြစ် ပြောင်းလဲသတ်မှတ်ရန် အများသဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။

▪️တောင်သူလယ်သမားဦးကြီးတွေဟာ နိုင်ငံရဲ့စီးပွားရေးအတွက်လွန်စွာ အားထားရတဲ့ဦးကြီးတွေဖြစ်ပါတယ်။ ဒါ့အပြင် အခုလို တောင်သူလယ်သမားအရေးတော်ပုံကို အခြေပြုပြီး နှောင်းခေတ်လူငယ်တွေအတွက် မျိုးချစ်စိတ်ဓာတ်နဲ့ဇာတိသွေးဇာတိမာန်တွေမွေးဖွားပေးနိုင်ခဲ့ကြတဲ့ တောင်သူလယ်သမားဦးကြီးများကို အိမ်အိမ်က ဦးညွှတ်ဂုဏ်ပြုလိုက်ပါတယ်နော်....။

နောက်ပို့စ်တွေမှာ ပြန်တွေ့ကြမယ်နော်။

#MOENUG #HomeBasedLearning #Myanmar
👍43❤25👎2
ကဲ ..........!
ဒီနေ့မှာတော့ Grade-10 မှာတက်ရောက်သင်ယူလေ့လာနေကြတဲ့သူငယ်ချင်းတို့‌ရေ အိမ်အိမ်နဲ့အတူ မြန်မာစာဘာသာရပ်ကို လေ့လာကြရအောင်။
👍13❤7
▪ဒသမတန်း မြန်မာစာဘာသာရပ်ထဲက အပိုင်း(၂) အဖတ်အရွတ်သင်ခန်းစာတစ်ခုဖြစ်တဲ့စကား‌‌ပြေတစ်ပုဒ်ကို အိမ်အိမ်က ရွေးချယ်ပေးလိုက်ပါတယ်။ "အိုးစည်သံ" ရသစာတမ်းကို အိမ်အိမ်တို့အတူတူ လေ့လာကြမယ်နော်။ ဒီသင်ခန်းစာထဲမှာ "အိုးစည်သံ" ရဲ့အဓိပ္ပာယ်လေးနက်မှုအကြောင်း၊ မြန်မာနိုင်ငံရဲ့ဆယ့်နှစ်လရာသီပွဲတော်တွေနဲ့ အိုးစည်သံက ဘယ်လိုဆက်စပ်နေသလဲ၊ "အိုးစည်သံ" စကားပြေကိုရေးတဲ့စာ‌ရေးသူအကြောင်းတွေသာမက ဒီစကားပြေမှာ ဘယ်လိုထူးခြားမှုတွေရှိသလဲ၊ ဘယ်လိုဗဟုသုတတွေရနိုင်မလဲ စတာတွေကို သိရှိနိုင်မှာဖြစ်ပါတယ်။ ဆရာမက စိတ်၀င်စားဖွယ်ကောင်းအောင် ဆွေးနွေးပြထားတာ​​ဖြစ်လို့ အိမ်အိမ်တို့အတွက် ပျော်ရွှင်စရာစာလေ့လာချိန်လေးဖြစ်မယ်လို့ထင်ပါတယ်။

▪ နောက်ပြီးတော့ "အိုးစည်သံ" စကားပြေကနေတစ်ဆင့် စာရေးသူရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဆန်းသစ်တဲ့အတွေးအမြင်‌တွေနဲ့အတူ ခံစားမှုတစ်ခုခုကို ရနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ရှင်းလင်းမြင်သာ‌တဲ့ခေါင်းစဉ်ခွဲ‌လေးတွေနဲ့ စကားပြေကိုလေ့လာရမဲ့နည်းလမ်းတွေကိုပါ ဆရာမက‌ ဆွေးနွေးပေးထားတာဖြစ်လို့ သူငယ်ချင်းတို့အနေနဲ့လည်း ဒီစကား‌ပြေကနေ သင်ယူရရှိတာတွေကို ဝေမျှကြစေချင်ပါတယ်။ သင်ခန်းစာပြီးသွားတဲ့အခါမှာလည်း သင်ခန်းစာကို ပိုမိုနားလည်သဘောပေါက်ဖို့ရည်ရွယ်ပြီး လေ့ကျင့်ခန်းလေးတွေ ထည့်ပေးထားပါသေးတယ်။ သေချာစဉ်းစားပြီးဖြေကြည့်ကြပါဦးနော်။

▪ ဒီ "အိုးစည်သံ" စကားပြေကနေ စာရေးသူနဲ့ပတ်သက်တဲ့ဗဟုသုတရဖွယ်အကြောင်းအရာတွေ၊ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ၊ လှပတဲ့အတွေးအမြင်တွေကို ဆရာမရဲ့ဆွေးနွေးချက်နဲ့အတူ မီးမောင်းထိုးပြထားတာမို့ အိမ်အိမ်တိို့အ‌နေနဲ့ စိတ်၀င်စားမယ်လို့မျှော်လင့်ပါတယ်။ ဗီဒီယိုမှာပါတဲ့လေ့ကျင့်ခန်းတွေဟာ သင်ခန်းစာကို ပိုမိုနားလည်စေဖို့၊ ပြန်လည်သုံးသပ်နိုင်ဖို့အပြင် အိမ်အိမ်တို့ကိုယ်တိုင်ချဲ့ထွင်စဉ်းစားတတ်ဖို့ လေ့ကျင့်ပေးထားတာဖြစ်ပါတယ်။

▪ သင်ခန်းစာလေးရဲ့ Youtube link ကို အိမ်အိမ်က ထည့်ပေးထားမယ်နော်။
https://youtu.be/m6xZW6kZV-o
ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကနေ ဒသမတန်းအတွက် လေ့လာလို့ရနိုင်တဲ့ Learning Channel တွေကိုလည်း ဖော်ပြပေးထားတာဖြစ်လို့ သူငယ်ချင်းတွေ join ထားဖို့ မမေ့နဲ့နော်။

ဒသမတန်းနဲ့ သက်ဆိုင်တဲ့ သင်ရိုးညွှန်းတမ်းစာအုပ် နှင့် နေအိမ်အခြေပြုပညာသင်ကြားခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို Myanmar Basic Education Home ရဲ့ Moodle Learning Platform မှာ ရယူနိုင်ပါတယ်။
◼Moodle Link - https://learning-moe.nugmyanmar.org/be/course/index.php?categoryid=13

သင်ခန်းစာဆိုင်ရာ အခက်အခဲများကို Facebook Group တွင် ဆွေးနွေးအကြံဉာဏ်ရယူနိုင်ပါတယ်။
◼ Grade 10 - https://www.facebook.com/groups/grade10.moe

Telegram Channel တွင် သင်ခန်းစာများကို အလွယ်တကူ Download ရယူဖြန့်ဝေနိုင်ပါတယ်။
◼Grade 10 MBEH Channel - https://t.me/joinchat/0dB_0tSgLTowMjI9

Viber တွင် သင်ခန်းစာများကို အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါတယ်။
◼Grade 10 MBEH Channel - https://invite.viber.com/?g2=AQA1Vj1h9HuS1E37Uk78OtCWLM9qw%2FEAMpn3c32qZhkNe1LOCr9oFVDveS0%2BmJEP

YouTube Learning Channel တွင်လည်း သင်ခန်းစာများကို အလွယ်တကူ ဝင်ရောက်လေ့လာနိုင်ပါတယ်။
◼MBEH YouTube Channel - https://www.youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A/playlists

နေအိမ်အခြေပြုသင်ယူခြင်းအစီအစဉ်ဆိုင်ရာအချက်အလက်များ
▪ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာအဆင့် နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ်တွင် သင်ယူ‌ပါဝင်မည့် ကျောင်းသူ/ကျောင်းသားများနှင့် မိဘ/အုပ်ထိန်းသူ များသည် အောက်ပါလင့်တွင် အမည်စာရင်း ထည့်သွင်းနိုင်ပါသည်။
https://register-moe.nugmyanmar.org/basic-form
https://fb.watch/87aOjA1697/

နေအိမ်အခြေပြုပညာသင်ယူခြင်း လုပ်တဲ့အခါ မိဘတွေအနေနဲ့ ဘယ်လိုကူညီရမလဲ?
https://www.facebook.com/BE.moeNUG/posts/140083851659480
https://fb.watch/87bAHlqE5D/
ကြားကာလ အခြေခံပညာအဆင့် နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ် သင်ယူစဉ် စစ်ဆေးအကဲဖြတ်မှတ်တမ်းနှင့် စစ်ဆေးအကဲဖြတ်မှတ်တမ်းချုပ် နမူနာပုံစံများ
https://www.facebook.com/BE.moeNUG/posts/137968371871028

နောက်ရက်တွေမှာလည်း ကျန်အတန်းတွေရဲ့ အတန်းအလိုက် စိတ်ဝင်စားဖွယ်လေ့လာစရာတွေကို အိမ်အိမ်က ထပ်ပြောပြပေးသွားမှာမို့လို့ မျှဝေပေးဖို့ မမေ့ပါနဲ့နော်။

#MOENUG #HomeBasedLearning #Myanmar
👍46❤33🔥6
သူငယ်ချင်းတို့ရေ ဒီနေ့ မတ်လ ၈ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကို အိမ်အိမ်နဲ့ အတူကြိုဆိုလိုက်ရအောင်။
❤42👍12
▪ ခေတ်အဆက်ဆက် အမျိုးသမီးများရဲ့ ယဉ်ကျေးမှု၊ နိုင်ငံရေးနဲ့ လူမှူ စီးပွားရေး ကဏ္ဌအသီးသီးမှာ ထွန်းပေါက် အောင်မြင်ခဲ့မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို နှစ်စဉ် မတ်လ ၈ရက်နေ့မှာ အားလပ်ရက်အနေနဲ့သတ်မှတ်ပြီး ကမ္ဘာအနှံ့မှာ ကျင်းပလေ့ရှိပါတယ်။

▪ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဟာ အမျိုးသမီးတွေရဲ့ ရပိုင်ခွင့်လှုပ်ရှားမှုတွေအတွက် အချက်အခြာကျပြီး ကျားမ တန်းတူညီမျှမှု၊ မျိုးဆက်ပွား အခွင့်အရေး၊ အမျိုးသမီးများ အပေါ်အကြမ်းဖက်မှု စတဲ့ပြဿနာတွေကို ပေါ်လွင်စေပါတယ်။

▪ နိုင်ငံတကာ အမျိုးသမီးများနေ့ ဟာ ၂၀ ရာစု အစောပိုင်းကာလမှာ နယူးဇီလန်နိုင်ငံမှာပေါ်ပေါက်ခဲ့တဲ့ အမျိုးသမီးတိုင်း ဆန္ဒမဲပေးပိုင်ခွင့် လှုပ်ရှားမှုကို အခြေတည်ပြီး မြောက်အမေရိကနဲ့ ဥရောပ မှာပေါ်ပေါက်ခဲ့တဲ့ အလုပ်သမား လှုပ်ရှားမှုများကတစ်ဆင့် ပေါ်ထွက်ခဲ့တာလဲဖြစ်ပါတယ်။

▪ ဆိုဗီယက် ရုရှားမှာ အမျိုးသမီးတွေရဲ့တက်ကြွစွာလှုပ်ရှားမှုတွေကတစ်ဆင့် အမျိုးသမီးအားလုံးဆန္ဒမဲပေးခွင့်ရတဲ့ ၁၉၁၇ ခုနှစ်မှစပြီး နိုင်ငံတကာ အမျိုးသမီးများနေ့ကို မတ်လ ၈ ရက်နေ့တိုင်းအများပြည်သူအားလပ်ရက်အဖြစ် နိုင်ငံတွင်းတရား၀င်သတ်မှတ်ခဲ့ပါတယ်။

▪ နောက်ပိုင်းမှာ ကုလသမ္ပဂ ကနေ တရား၀င် အသိအမှတ်ပြုတဲ့ ၁၉၇၇ ခုနှစ်ကစပြီး နိုင်ငံတကာ အမျိုးသမီးများနေ့ ကို ကမ္ဘာ့နိုင်ငံအများစုမှာ ဆင်နွှဲလာကြပါတယ်။

▪ နိုင်ငံတကာ အမျိုးသမီးများနေ့ ကို နှစ်စဉ် theme အမျိုးမျိုးနဲ့ကျင်းပပါတယ်။ ဒီနှစ်မှာတော့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု တွေကိုရင်ဆိုင်ဖြေရှင်းတဲ့နေရာမှာ ကမ္ဘာအနှံ့ကအမျိုးသမီး‌တွေရဲ့ ဒေသအလိုက် ပါ၀င်ကူညီပေးမှုတွေကို ပေါ်လွင်စေတဲ့အနေနဲ့ "Gender equality today for a sustainable tomorrow" (ယနေ့ကျားမတန်းတူညီမျှမှု မှ ရေရှည်တည်တံ့တဲ့မနက်ဖြန်ဆီသို့) ခေါင်းစဉ်ဖြင့် ကျင်းပသွားမှာဖြစ်ပါတယ်။

သူငယ်ချင်းတို့လဲ လူ့အဖွဲ့အစည်းမှာ နိုင်ငံရေးအရ လူမှုရေးအရ စီးပွားရေးအရ ဘက်ပေါင်းစုံမှာ မရှိမဖြစ်အရေးပါတဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဌကို‌ လေးစားအောက်မေ့ရင်း ဒီနေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို အိမ်အိမ်နဲ့အတူ ဖြတ်သန်းရအောင်နော်။

#IWD #International #Women #Day #MBEH #Myanmar #MOE #NUG
❤48👍27
သူငယ်ချင်းတို့ရေ ဒီကနေ့ မတ်လ (၁၃) ရက်နေ့ဟာ ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကျဆုံးခဲ့တဲ့ (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ တစ်နည်းအားဖြင့် "မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့" ဖြစ်ပါတယ်။
❤21👍11
▪️၁၉၈၈ ခုနှစ် မတ်လ (၁၃) ရက်မှာ စက်မှုတက္ကသိုလ်ကျောင်သား ကိုဖုန်းမော်ဟာ အဓိကရုဏ်းနှိမ်နှင်းရေးတပ်ဖွဲ့ဝင်တွေ ရက်စက်စွာပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။

▪️ကိုဖုန်းမော်သေဆုံးပြီး ရက်အနည်းငယ်အကြာမှာ ဒဏ်ရာတွေနဲ့ကွယ်လွန်သွားတဲ့အခြားကျောင်းသားတစ်ဦးဖြစ်သူ ကိုစိုးနိုင်ရဲ့နာရေးသတင်းနဲ့အတူ ရှစ်လေးလုံးအရေးအခင်းလို့ လူသိများတဲ့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ လူထုဆန္ဒပြပွဲတွေ ဆက်တိုက်‌ပေါ်ထွက်လာခဲ့ပါတယ်။

▪️ဒီလိုကျောင်းသားအရေးအခင်းကနေ လူထုတိုက်ပွဲတွေအထိ ပေါ်ပေါက်လာစေတဲ့ ကိုဖုန်းမော်ကျဆုံးခဲ့ရတဲ့နေ့ကို "မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့"အဖြစ် တက်ကြွလှုပ်ရှားသူတွေက သတ်မှတ်ခဲ့ကြပါတယ်။

▪️နှစ်စဉ် မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ မှာ ကိုဖုန်းမော် ကိုစိုးနိုင်တို့နဲ့ အတူ ဒီမိုကရေစီအရေးတော်ပုံ လှုပ်ရှားမှုတွေမှာ ကျဆုံးသွားခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူလူထုအပေါင်းကို အောက်မေ့သတိရခြင်းအထိမ်းအမှတ်ကျင်းပကြပါတယ်။

▪️ကျောင်းသားခေါင်းဆောင်များကလည်း အာဇာနည်ဗိမ္မာန်ရှေ့မှာ အလံတိုင်တစ်ဝက်လွှင့်ထူခြင်း စက်ဘီးစီးလှုပ်ရှားမှုများပြုလုပ်ခြင်းဖြင့် လူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုကျင်းပကြပါတယ်။

▪️အိမ်အိမ်တို့ မြန်မာနိုင်ငံမှာလဲ လက်ရှိမှာ လွတ်လပ်မှု တရားမျှတမှု လူ့အခွင့်အရေးတွေကို ပြန်လည်ရယူနိုင်ဖို့ စွမ်းစွမ်းတမံအားထုတ်နေကြတဲ့အချိန်လဲဖြစ်ပါတယ်။

▪️ဒါကြောင့် နိုင်ငံရေးမှာ စစ်တပ်ပါဝင်ပတ်သက်မှု အဆုံးသတ်ရေး၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နဲ့ ကျောင်းသား သမဂ္ဂများနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းများ အစိုးရရဲ့ စွက်ဖက်မှုမရှိဘဲ လွတ်လပ်စွာ လုပ်ဆောင်နိုင်ရေးတို့ကို ဆထက်တပိုးကြိုးပမ်းဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။

ဒီကနေ့ မြန်မာ့လူ့အခွင့်အရေးနေ့ကို ဂုဏ်ပြုကြိုဆိုရင်း အမှောင်ခေတ်ကနေ အလင်းခေတ်ဆီကိုရောက်ဖို့ အတူတူကြိုးစားသွားကြပါစို့။

#MOE #MBEH #Myanmar
❤36👍17
ဒီနေ့ မတ်လ (၁၃) ရက်နေ့မှာ ကျရောက်တဲ့ ရှမ်းနီ(တိုင်းလိုင်)လူမျိုးတို့ရဲ့ အထွဋ်အမြတ်‌နေ့ဖြစ်တဲ့ ရှမ်းနီအမျိုးသားနေ့ကို အိမ်အိမ်နဲ့အတူ ကြိုဆိုလိုက်ကြရအောင်။

▪ ရှမ်းနီအမျိုးသားတို့ရဲ့ မြို့ပြတည်‌ထောင်ခဲ့တဲ့ ရှမ်းနှစ် ၁၆၂၁ ခုနှစ် ၊မြန်မာ သက္ကရာဇ် (၈၈၈) ခုနှစ် ၊ ခရစ်နှစ် (၁၅၂၇) ခုနှစ် မတ်လ (၁၃) ရက်ကို အစွဲပြုပြီး ရှမ်းနီအမျိုးသားနေ့လို့ သတ်မှတ်ကျင်းပကြတာပါ။

ဒီနေ့ကို
▪ ရှမ်းနီအမျိုးသားဘိုးဘေးတို့တည်ထောင်ခဲ့တဲ့ မြို့ပြပြည်ထောင်တွေနဲ့ ရေမြေတောင်တောင်တို့ကိုတန်ဖိုးထားဖို့၊
▪ အစဉ်အလာကြီးမားတဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းတတ်ဖို့၊
▪ ရှမ်းနီအမျိုးသားတို့ရဲ့ ခိုင်မာစည်းလုံးတဲ့ သဘောဆန္ဒတွေကို ပေါင်းစည်းတည်ဆောက်ဖို့
စတဲ့ရည်ရွယ်ချက်တွေနဲ့ နှစ်စဉ်ဆင်နွှဲကြတာပါ။

ဒီနှစ်မှာဆိုရင်တော့ ရှမ်းနီအမျိုးသားနေ့ဟာ (၄၉၅) ကြိမ်မြောက်ကိုရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီနေ့ဟာ ရှမ်းနီအမျိုးသားတို့အတွက် အလေးအမြတ်ထားရတဲ့ နေ့တစ်နေ့ဖြစ်တာကြောင့် အိမ်အိမ်တို့ကလည်း ရှမ်းနီလူမျိုးသူငယ်ချင်းတွေနဲ့အတူ ရှမ်းနီအမျိုးသားနေ့ကို နွေးနွေးထွေးထွေး ဂုဏ်ပြုကြိုဆိုလိုက်ရအောင်

#MOENUG #HomeBasedLearning #Myanmar
❤36👍17🔥2
ယ​နေ့ကျရောက်တဲ ပအိုဝ်းအမျိုးသားနေ့မှာ ပအိုဝ်းတိုင်းရင်းသားတို့အတွက် ထူးခြားသည့် ဂုဏ်ထူးဝိသေသဖြင့်ပြည့်စုံသည့် နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ အိမ်အိမ်က ပအိုဝ်းအမျိုးသားနေ့ အကြောင်းကို ဝေမျှပေးမယ်နော်။
👍15❤13🔥2
▪ ပအိုဝ်းတိုင်းရင်းသားတို့ဟာ မိမိတို့ရဲ့ထူးခြားလှတဲ့ သမိုင်းအစဉ်အလာကို အကြောင်းပြု၍ “ဒဲဉ်သီးလာဗွေ”(တပေါင်းလပြည့်)နေ့ ရောက်တိုင်း “ပအိုဝ်းအမျိုးသားနေ့”ကို နှစ်စဉ်မပြတ် ကျင်းပပြုလုပ်လာခဲ့ကြတာ (၇၃)ကြိမ်မြောက် ရှိလာပြီဖြစ်ပါတယ်။ ပအိုဝ်းတိုင်းရင်းသားတို့ဟာ ကျေးဇူးတရားသိရှိမှု၊ ကျေးဇူးတရားကို နားလည်သဘောပေါက်မှုစတဲ့ ဗုဒ္ဓရဲ့အဆုံးအမကို လေးစားယုံကြည်စွာ နှလုံးသွင်းကြသူများ ဖြစ်သည့်အလျောက် အမျိုးသားနေ့တွင် မိမိတို့လူမျိုး၊ဘိုးဘွားမျိုးနွယ်ဆက်များ၏ကျေးဇူးတရားကို အောက်မေ့သတိရပြီး အမျိုးသားနေ့ကိုသတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ပအိုဝ်းအမျိုးသားနေ့ဟာ ကျေးဇူးတရားသိမှုမှ စတင်ခဲ့တယ်လို့ ပြောဆိုကြပါတယ်။

▪ လွန်ခဲ့သောနှစ်ပေါင်း(၂၅၀၀)ကျော်၊ မဟာသက္ကရာဇ် (၃)နှစ် တပေါင်းလပြည့်နေ့၊ စနေနေ့၊ လဝင် နေထွက်၊ လရောင်နေရောင် ထွန်းပြောင်ထိန်လင်း ရောယှက်သောအချိန်တွင် မင်းတပါးဖွားမြင်ခဲ့ပါတယ်။ ထိုမင်းဟာ လဝင်နေထွက်ချိန်တွင် မွေးဖွားခဲ့သောကြောင့် သူရိယစန္ဒာ ဟုခေါ်ဆိုခဲ့​ပြာတယ်။ သူရိယစန္ဒာမင်းဟာ ပအိုဝ်းတိုင်းရင်းသားတို့၏ တောက်ပသော ခေတ်ကာလကို ရရှိအောင်စွမ်းဆောင်ပေးခဲ့ပြီး သထုံမြို့ရှိလေးဆူဓါတ်ပုံ ရွှေစာရံစေတီတော်ကို တည်ခဲ့သည့့် သာသနာ့ဒါယိကာမင်းမြတ်တစ်ပါး ဖြစ်ပါတယ်။

▪ ဤကျေးဇူးတရားကို အောက်မေ့သောအားဖြင့် ပအိုဝ်းတိုင်းရင်းသားတို့ဟာ ပအိုဝ်းတိုင်းရင်းသားတို့ရဲ့ဂုဏ်ရောင်ကို ထွန်းပြောင်စေခဲ့သော သူရိယစန္ဒာမင်း၏ မွေးနေ့ဖြစ်သည့် တပေါင်းလပြည့်နေ့ကို “ပအိုဝ်းအမျိုးသားနေ့” (ဒဲဉ်သီႏလာဗွေ)အဖြစ် သတ်မှတ်ခဲ့ကြခြင်း ဖြစ်တယ်လို့ လေ့လာမှတ်သားရပါတယ်။ ထို့ပြင် လယ်ယာခြံလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသော ပအိုဝ်းတိုင်းရင်းသားတို့ဟာ လုပ်ငန်းခွင်ပြီးစီးသည့် တပေါင်းလတွင် ကောက်ဦးတင်ပူဇော်ပွဲ ကျင်းပ​ေလ့ရှိ​​​ြကပါတယ်။

▪ ကောက်ဦးတင်ပူဇော်ပွဲတွင် ဗုဒ္ဓရှင်တော်နှင့်တကွ ဆွေတော်မျိုးတော်၊ မိအိုဖအိုအကြီးအကဲများကို ဆွမ်းဦးကပ်လှူကာ ကောက်ဦးကျွေးမွေးပွဲများ ကျင်းပပြုလုပ်ကြပါတယ်။ ကောက်ဦးတင်ပူဇော်ပွဲမှာ တောင်ပေါ်မြေပြန့် ရပ်နီးရပ်ဝေးဆွေမျိုးများ တစ်နှစ်တစ်ကြိမ် တွေ့ဆုံလေ့ရှိကြပါတယ်။ ထိုကြောင့် တပေါင်းလပြည့်(ဒဲဉ်သီႏလာဗွေ)နေ့ ရောက်တိုင်း ရွှေစာရံဘုရားကုန်းမြေတွင် ဘုရားကိုကောက်ဦးပူဇော်ပွဲ၊ ​ေဆွမျိုးတွေ့ဆုံပွဲပြုလုပ်ရာမှ ပအိုဝ်းအမျိုးသားနေ့ ပေါ်ပေါက်လာတယ်လို့လည်း ဆိုကြပါတယ်။

▪ ပအိုဝ်းအမျိုးသားနေ့ဟာ ဇာတိသွေး၊ ဇာတိမာန် စိတ်ဓါတ်များ၊ အမျိုးသားရေးစိတ်ဓါတ်များ ထက်မြက်ရှင်သန်လာစေရန် လှုံ့ဆော်ပေးသည့်နေ့တစ်​နေ့လည်းဖြစ်ပါတယ် ။

ပအိုဝ်းတိုင်းရင်းသားသွေးချင်းများအပါအဝင် အိမ်အိမ်ရဲ့ သွေးချင်းမောင်နှမများအားလုံး စစ်အာဏာရှင်စနစ်ကို အတူတကွတော်လှန်ရင်း ရှေ့ဆက်ကြမယ်နော်။

တာ့တာ.......။

#MOENUG #HomeBasedLearning #Myanmar
❤30👍29
သူငယ်ချင်းတို့ရေ ဒီနေ့မှာတော့အိမ်အိမ်က မွန်ပြည်နယ်နေ့အကြောင်းကိုပြောပြမယ်နော်။ မွန် ပြည်နယ်နေ့ဟာ မွန်လူမျိုးတို့ အမြတ်တနိုး ကျင်းပကြတဲ့ နေ့ရက်တစ်ခု ဖြစ်ပါတယ် ။
❤17👍9👎3🔥1
▪️၁၉၇၄ခုနှစ်ကတည်းကစတင် ကျင်းပခဲ့တဲ့ မွန်အမျိုးသားနေ့ဟာဆိုရင် ဒီကနေ့မှာ (၄၈)ကြိမ်တိုင်ခဲ့ပြီ ဖြစ်ပါတယ် ။ ဘာသာရေးနဲ့ ယဉ်ကျေးမှုသမိုင်းအစဉ်အလာ ကြီးမာတဲ့ မွန်တိုင်းရင်းသားတို့ရဲ့ ရိုးရာဓလေ့ထုံးစံတွေမှာ ဘာသာရေနဲ့ဆိုင်တဲ့ ထုံးတမ်းအစဉ်အလာဓလေ့တွေ၊ ပွဲတော်တွေ ရှိကြပါတယ်။ ဒါကြောင့် မတ်လ(၁၉)ရက်နေ့မှာကျရောက်တဲ့မွန်အမျိုးသားနေ့ကို ပြည်တွင်းပြည်ပမှာရှိတဲ့ မွန်လူမျိုး တွေဟာ ဒေသအလိုက် ကျင်းပလေ့ ရှိကြပါတယ် ။

▪️မွန်အမျိုးသားနေ့ကို ကျင်းပတဲ့ဒေသအလိုက် ဓလေ့ထုံးစံပုံစံမျိုးစုံနဲ့ကျင်းပကြပါတယ်။ အဓိကအားဖြင့် မွန်အမျိုးသားအလံတော်ကိုအလေးပြုခြင်း၊ စာပေ ‌ဟောပြောပွဲများ၊ မွန်လူမျိုး မွန်ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ ပြိုင်ပွဲများကိုလည်း ကျင်းပကြပါတယ်။ တချို့ဒေသတွေမှာဆိုရင်တော့ အားကစား ပြိုင်ပွဲတွေအပြင် ပျော်ပွဲရွှင်ပွဲများ၊ အလှူအတန်းများကိုလည်းပြုလုပ်ကြပါတယ်။ ဒီလိုပွဲနေ့မှာ စုပေါင်းအတူတကွ မုန့်လုပ်စားကြပါသေးတယ်။

ဒါကြောင့်အိမ်အိမ်က မွန်တိုင်းရင်းသားညီကိုမောင်နှမတွေနဲ့အတူ မွန်ပြည်နယ်နေ့ကို ဂုဏ်ပြုလိုက်ပါတယ်။

#MOENUG #HomeBasedLearning #Myanmar
❤29👍17👎3
အိမ်အိမ်ရဲ့ သူငယ်ချင်းတို့ရေ။ ။

ဒီနေ့ မတ်လ (၂၀) ရက်နေ့က အိမ်အိမ်တို့ရဲ့ သွေးချင်းညီအကို ချင်းလူမျိုးတွေရဲ့ "ချင်းတော်လှန်ရေးနေ့" ပဲ ဖြစ်ပါတယ်။ ဒီတော့ အိမ်အိမ်က ချင်းတော်လှန်ရေးနေ့ အကြောင်းကို နည်းနည်းပြောပြပေးမယ်လေ။
❤24👍12👎4🔥4