Myanmar Basic Education Home
✔
20.7K subscribers
714 photos
85 videos
37 files
138 links
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
Download Telegram
🚨 🚨 📢 📢 📢 📢 📢

"၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်းဒသမတန်း)" ဖြေဆိုခွင့်လျှောက်ထားနည်းမှ ကျောင်းဖြည့်သွင်းပုံနှင့် ပတ်သက်၍ ထပ်မံအသိပေးနှိုးဆော်ခြင်း

ကျောင်းသား/သူအသစ်များအနေဖြင့် MES ID စတင်လျှောက်ထားရာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မတိုင်မီ မိမိတက်ရောက်ခဲ့သည့်ကျောင်းများအနက် မှ ရွေးချယ်သည့် ပြည်နယ်/တိုင်းဒေသကြီးရှိ Online ကို ရွေးချယ်ခြင်း မပြုရန် ထပ်မံအသိပေးနှိုးဆော်လိုက်ရပါသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မတိုင်မီ မိမိတက်ရောက်ခဲ့သည့်ကျောင်းများအနက် မှ ပြည်နယ်/တိုင်းဒေသကြီးနေရာတွင် Online ကို ရွေးချယ်ထားသည့် ကျောင်းသား/သူများအနေဖြင့် ID Code အလုံးရေ (၉) လုံး (ဥပမာ- 05XXAA300) သာရရှိနေပါက Reject ဖြစ်နိုင်ပြီး MES Registration ကို ပြန်လည်လျှောက်ထားရန် လိုအပ်ပါသည်။

မှတ်ချက် - ကြားကာလအတွင်း လက်ရှိတက်ရောက်နေသောကျောင်းကိုရွေးရာတွင် Online ကိုရွေးနိုင်ပါသည်။
❤36👍11