Myanmar Basic Education Home
✔
20.7K subscribers
714 photos
85 videos
37 files
138 links
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
Download Telegram
"မွန်အမျိုးသားနေ့"
တပို့တွဲလပြည့်ကျော် (၁) ရက်နေ့

သာသနာသက္ကရာဇ် (၁၁၁၆)ခုနှစ်၊ တပို့တွဲလပြည့်ကျော်(၁)ရက်၊ တနင်္လာနေ့မှာ သမလကုမ္မာနဲ့ ဝိမလကုမ္မာ မွန်မင်းသားညီနောင်နှစ်ပါးတို့ ဟံသာဝတီမင်းနေပြည်တော်ကို စတင်တည်ထောင်ခဲ့တဲ့နေ့ကို အစွဲပြုပြီး "မွန်အမျိုးသားနေ့" သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

(၁၉၄၆) ခုနှစ်၊ ဒီဇင်ဘာ (၂) ရက်၊ မြန်မာသက္ကရာဇ် (၁၃၀၈) ခုနှစ်၊ နတ်တော်လဆန်း (၉) ရက်နေ့မှာ မွန်မျိုးချစ်ခေါင်းဆောင်များ၊ ရဟန်းသံဃာတော်များနဲ့ မွန်ပညာရှင်တွေ စုပေါင်းပြီး မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ ပငကျေးရွာမှာ ညီလာခံကျင်းပပြုလုပ်ကာ ဟံသာဝတီမွန်နေပြည်တော်ကို စတင်တည်ထောင်တဲ့နေ့ဖြစ်တဲ့ တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ကို "မွန်အမျိုးသားနေ့" အဖြစ် တညီတညွတ်တည်း သတ်မှတ်ခဲ့ကြပြီး၊ (၁၉၄၇) ခုနှစ်က စတင်ကျင်းပခဲ့တဲ့ မွန်အမျိုးသားနေ့ဟာ အခုနှစ်ဆိုရင် (၇၈) ကြိမ်မြောက် ဖြစ်ပါတယ်။

မွန်အမျိုးသားသွေးချင်းညီအစ်ကိုမောင်နှမတွေရဲ့ "မွန်အမျိုးသားနေ့" ကို အိမ်အိမ်တို့အတူ အောက်မေ့သတိရ ဂုဏ်ပြုကြိုဆိုရင်း
မြန်မာအမျိုးသားလူထုတစ်ရပ်လုံးကို အကြမ်းဖက်ဖိနှိပ်ဒုက္ခပေးနေတဲ့ စစ်အာဏာရှင်အုပ်စုကို အိမ်အိမ်တို့အားလုံး အပြီးတိုင် အတူတကွဖြိုဖျက်သွားကြမယ်နော်။
❤37👍5
Forwarded from BECA Public FAQ
"အင်္ဂလိပ်စာ မေးခွန်းလွှာနမူနာပုံစံ (စနစ်သစ် ဒွါဒသမတန်း) ထုတ်ပြန်အသိပေးခြင်း"

၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) အင်္ဂလိပ်စာဘာသာရပ်အတွက် ကြိုတင်လေ့လာပြင်ဆင်‌ထားနိုင်ရန် မေးခွန်းလွှာနမူနာပုံစံကို
ဖြေဆိုကြမည့် ပြည်သူ့ကျောင်းသားများ၊ သင်ကြားပေးနေသည့် ဆရာများနှင့် အများပြည်သူ သိရှိနိုင်ပါရန် အသိပေးထုတ်ပြန်အပ်ပါသည်။

#NUG #NUGMOE #BECA #Grade12
#SampleQuestion

⬇️ ⬇️ ⬇️ ⬇️ ⬇️ ⬇️ ⬇️
❤2