Myanmar Basic Education Home
✔
20.7K subscribers
714 photos
85 videos
37 files
138 links
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
Download Telegram
လူငယ်များ အသက်မွေး‌ဝမ်းကျောင်းအတွက် လိုအပ်နေတဲ့ Skills တွေကို ဖြည့်နိုင်ဖို့ Myanmar Youth Platform Career Development Course ကို ထပ်ဆင့်မျှဝေပေးအပ်ပါသည်။

Module 1 - အသက်မွေးဝမ်းကျောင်းမှုဖွံ့ဖြိုးရေး
▶ https://mmyouth.net/enrol/index.php?id=730

Module 2 - အလုပ်အကိုင်ရှာဖွေခြင်းကျွမ်းကျင်မှု
▶ https://mmyouth.net/enrol/index.php?id=731

Module 3 - ကိုယ်ရေးအကျဉ်း (Resume) နှင့် အလုပ်လျှောက်လွှာစာ (cover letter) ရေးနည်း
▶ https://mmyouth.net/enrol/index.php?id=734

Module 4 - အလုပ်လျှောက်ခြင်း
▶ https://mmyouth.net/enrol/index.php?id=733

Module 5 - အင်တာဗျူးအတွက်ပြင်ဆင်ခြင်း
▶ https://mmyouth.net/enrol/index.php?id=735

Module 6 - လုပ်ငန်းခွင်အဆင်သင့်ဖြစ်မှုဆိုင်ရာစွမ်းရည်များ
▶ https://mmyouth.net/enrol/index.php?id=736

မိမိအနာဂါတ်ကို ပုံဖော်ကြည့်ခြင်း
▶ https://mmyouth.net/enrol/index.php?id=181
❤81🏆6👍2
''အမျိုးသားနေ့''
(တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့)

သူငယ်ချင်းတို့‌ရေ ...
ဒီနေ့ကတော့ "တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့" ဖြစ်ပြီး အိမ်အိမ်တို့ မြန်မာ့သမိုင်းမှာ ရန်ကုန်တက္ကသိုလ်ဥပဒေကို ကျောင်းသားထုက သပိတ်မှောက်ကာ အမျိုးသား တော်လှန်ရေး၊ ကောလိပ်သပိတ်နဲ့အတူ အုပ်ချုပ်သူ နယ်ချဲ့ အင်္ဂလိပ်အစိုးရကို ထိထိရောက်ရောက် တော်လှန်ခြင်းတွေ စတင်ခဲ့တဲ့ "အမျိုးသားနေ့" လည်း ဖြစ်ပါတယ်။

ယခုနှစ်ကာလမှာဆိုရင်တော့ အိမ်အိမ်တို့ရဲ့ ပြည်သူတစ်ရပ်လုံးက တိုင်းပြည်ရဲ့ ပညာရေးကိုသာမက မြန်မာနိုင်ငံတစ်ဝန်းလုံးကို အဘက်ဘက် နိမ့်ပါးစေတဲ့ အကြမ်းဖက်စစ်မိစ္ဆာအာဏာရှင်တွေကို အရွယ်စုံပြည်သူတွေက တွန်းလှန်‌တော်လှန်နေတဲ့ကာလဖြစ်တာကြောင့် လှပတဲ့အနာဂတ်တိုင်းပြည်အတွက် အသက်၊ သွေး၊ ချွေးတွေ နဲ့ ပေးဆပ်နေကြတဲ့ ကျောင်းသားလူငယ်ခေါင်းဆောင်တွေ၊ လူထုခေါင်းဆောင်တွေ၊ မျိုးချစ်သူရဲကောင်းတွေကို လေးစားဂုဏ်ပြုရင်း စစ်မှန်တဲ့အမျိုးသားအောင်ပွဲနေ့အထိ အတူတူဆက်လက်တိုက်ပွဲဝင်ကြပါစို့ ။ အဓမ္မတရားတို့ အပြီးတိုင်ကျဆုံးပြီး ဓမ္မတရားတို့ အောင်ပွဲရ လွှမ်းခြုံတဲ့ အမျိုးသားအောင်ပွဲနေ့တို့ အမြန်ဆုံး ပြန်လည်ဆင်နွှဲနိုင်ပါစေကြောင်း အိမ်အိမ်က ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

💌 💌 💌 💪💪💪💪💪
❤97🏆8👍1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၁၆/၂၀၂၅)
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက်နေ့
(၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်)

"အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းနှင့် စပ်လျဉ်း၍ အသိအမှတ်ပြုလက်မှတ်တွင် ထုတ်ပြန်ပေးမည့် ရမှတ်အဆင့်များကို အများပြည်သူသို့ အသိပေးကြေညာခြင်း"

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် ၂၀၂၅ ခုနှစ်မှစ၍ “အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း” အသိအမှတ်ပြုလက်မှတ်တွင် ဖော်ပြပါရမှတ်အဆင့်များဖြင့် ထုတ်ပြန်ပေးမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။


ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#NUG #NUGMOE #BECA
❤76👍12
🕊️🕊️🕊️🕊️🕊️🕊️🕊️ 📣📣

ပြည်သူ့‌အင်အား ယခုထိပြင်းပြတောက်လောင်နေဆဲဆိုတာ

နက်ဖြန် 2025, December 10 (10 AM - 3 PM)

✊✊"အပြင်မထွက် အသံတိတ်သပိတ်" ✊✊မှာ

လက်တွဲပါဝင်ပြီး စည်းလုံးညီညွတ်စွာ အင်အားပြသကြမယ်နော် 💪💪💪💪💪
❤175
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၁၉/၂၀၂၅)
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက်နေ့
(၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်)

"၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်နှင့် စစ်ဆေးအကဲဖြတ်ရလဒ်မှတ်တမ်းများ ထုတ်ပေးမည့်ရက်ကို ထုတ်ပြန်ကြေညာခြင်း"

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) အစီအစဉ်ကို ၂၀၂၅ ခုနှစ် ဇွန်လမှ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ ကျင်းပခဲ့ပြီး အွန်လိုင်း (Online) ဖြေဆိုမှုများ ပြီးဆုံးသော်လည်း မြေပြင် အခက်အခဲများကြောင့် အော့ဖ်လိုင်း (Offline) ဖြေဆိုမှုများကို ဖြေဆိုကာလ ထပ်တိုးဆောင်ရွက်ခဲ့ရပါသည်။ ၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်နှင့် စစ်ဆေးအကဲဖြတ်ရလဒ်မှတ်တမ်းများ ထုတ်ပေးမည့်အစီအစဉ်ကို ဖော်ပြပါအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်-


ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#NUG #NUGMOE #Grade12 #BECA
❤46
"၂၀၂၅ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (BECA) (စနစ်သစ် ဒွါဒသမတန်း) ပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်နှင့် စစ်ဆေးအကဲဖြတ်ရလဒ်မှတ်တမ်းများ ထုတ်ယူနည်းအဆင့်ဆင့်လမ်းညွှန်" အသိပေးကြေညာခြင်း

🎯 အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) အစီအစဉ်၏ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့မှ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့အတွင်း ဘာသာရပ်အားလုံးကို သတ်မှတ်စည်းကမ်းများနှင့်အညီ ဖြေဆိုခဲ့ကြသော ကျောင်းသား/သူများအားလုံးသည် Myanmar Education System

(MES Link - https://mes.moeedu.org) ၌

BECA Certificate နှင့် Transcript များကို (27.12.2025) ရက်နေ့ ၊ မနက် (၉) နာရီအချိန်တွင် စတင်ထုတ်ယူနိုင်မည်ဖြစ်ပါ၍ ထုတ်ယူနည်းအဆင့်ဆင့်လမ်းညွှန်ကို အသိပေးကြေညာအပ်ပါသည်။
❤23
🎯 BECA ဖြေဆိုထားသော ကျောင်းသား/သူများသည် မိမိအဖြေလွှာကို ပြန်လည်စစ်ဆေးစေလိုပါက Complaint Form တင်နိုင်ပြီး ၎င်း Complaint Form ကို 🚨 (27.12.2025) မှ (27.1.2026) အထိ နောက်ဆုံးထားပြီး

Moodle (LMS -
https://lms.moeedu.org) တွင်
Technical Support Channel အောက်၏
(https://lms.moeedu.org/mod/quiz/view.php?id=295)

နေရာတွင် Complaint Form ဖောင်ဖြည့်သွင်းနိုင်မည် ဖြစ်ပါသည်။

🎯 Complaint Form ဖြည့်သွင်းရာတွင်ကျောင်းသား/သူများအနေဖြင့် အောက်ဖော်ပြပါအချက်များကို ပူးတွဲ၍ ‌ထပ်မံလျှောက်ထားနိုင်မည် ဖြစ်ပါသည်-

၁။ ကျောင်းသား၏ ဖြေဆိုခဲ့ရမှုအခြေအနေအခက်အခဲကို ကျောင်းသားကိုယ်တိုင် 
ရေးသားထားသော လျှောက်လွှာ

၂။ မိမိတက်ရောက်နေသော မြေပြင်/အွန်လိုင်းကျောင်း/ သက်ဆိုင်ရာ မြို့နယ်ပညာရေးဘုတ်/ ပညာရေးအဖွဲအစည်း/စီဒီအမ်ဝန်ထမ်းတစ်ဦး/ မိဘအုပ်ထိန်းသူ/ ကျောင်းသား ကိုယ်တိုင်၏ ဖြေဆိုသူများလိုက်နာရမည့် စည်းကမ်းချက်များနှင့်အညီ ဖြေဆိုခဲ့သည်မှာ မှန်ကန်ကြောင်း ထောက်ခံချက်

(ကိုယ်တိုင်ထောက်ခံချက်ဖြင့်သာ Complaint Form တင်သွင်းသူများကို ပြန်လည်စစ်ဆေးရန် အချိန်ယူရမည်ဖြစ်သောကြောင့် အကြောင်းပြန်ရာတွင် ကြာမြင့်နိုင်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။)
❤24
🎯 BECA Certificate နှင့် Transcript ထုတ်ယူရာတွင် အခက်အခဲတစ်စုံတစ်ရာဖြစ်ပါက အောက်ဖော်ပြပါ Channels များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Channel 1
BECA Official Email >>
enquiry@be.moeedu.org

Channel 2
BECA Official Email >>
beca.info@be.moeedu.org
❤26
''လွတ်လပ်ရေးနေ့''
(ဇန်နဝါရီလ ၄ ရက်နေ့)

ဒီနေ့က (၇၈) ကြိမ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။

တချိန်က မြန်မာနိုင်ငံကြီး လွတ်လပ်ရေးရအောင် မြန်မာတစ်မျိုးသားလုံး လက်တွဲညီညီကြိုးပမ်းပြီး အနာဂတ်မျိုးဆက်တွေအတွက် လွတ်လပ်မှုအ‌မွေ ဆောင်ကြဉ်းပေးခဲ့ကြသလိုပဲ အခုလဲ အိမ်အိမ်တို့အားလုံးလည်း အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကနေ လွတ်မြောက်အောင် အားလုံးအတူတူ အစွမ်းကုန်ကြိုးစားကြမယ်လို့ သန္နိဌာန်ပြုပြီး "လွတ်လပ်ရေးနေ့" ကို အမှတ်တရ ဂုဏ်ပြုလိုက်ကြရအောင် 💪💪💪💪💪

#NUG #MOENUG #MBEH
#MyanmarBasicEducationHome
#HomeBasedLearning #Myanmar
#လွတ်လပ်ရေးနေ့
❤76👍8