Myanmar Basic Education Home
✔
20.7K subscribers
714 photos
85 videos
37 files
138 links
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
Download Telegram
တအာင်းပြည်ပညာရေးကောင်စီ -TLEC မှာ BECA ဖြေဆိုပြီးသည့် ကျောင်းသူ/သားများ Tealand Medical School မှာ လျှောက်ထားနိုင်ပြီ

https://www.facebook.com/share/p/1KaVFXCGB4/
❤49
"ချင်းအမျိုးသားနေ့"
(ဖေဖော်ဝါရီလ ၂၀ ရက်)

ဒီနေ့ကတော့ ချင်းလူမျိုးတွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ၇၈ ကြိမ်မြောက် "ချင်းအမျိုးသားနေ့" ဖြစ်ပါတယ်။

"ချင်းအမျိုးသားနေ့" က  နယ်ချဲ့ဗြိတိသျှတို့ရဲ့ ဖိနှပ်ချုပ်ချယ်မှု‌အောက်မှာခေါင်းငုံ့မခံဘဲ ချင်းတိုင်းရင်းသားတွေအနေနဲ့ ရရာလက်နက်စွဲကိုင်ပြီး ရဲရဲတောက်တော်လှန်ရာကနေ သန္ဓေတည်လာတာပါ။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့နောက် ‌ချင်းအမျိုးသားညီလာခံကို ၁၉၄၈ ခု၊ ဖေဖော်ဝါရီလ ၁၉ ရက်ကနေ ၂၂ ရက်နေ့ထိ ချင်းပြည်နယ် ဖလမ်းမြို့မှာ ကျင်းပခဲ့ပါတယ်။ အဲဒီညီလာခံမှာ‌တော့ ချင်းဝိသေသတိုင်းမှာ ကျန်ရှိနေသေးတဲ့ သက်ဦးဆံပိုင်ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ကိုပယ်ဖျက်ပြီး ဒီမိုကရေစီအုပ်ချုပ်‌ရေးစနစ်ကို ရှေ့ဆောင်ချမှတ်ခဲ့ပါတယ်။  တစ်ဆက်တည်းမှာပဲ အဲဒီလို သမိုင်းအစဉ်အလာကြီးတဲ့ ၁၉၄၈၊ ဖေဖော်ဝါရီလ ၂၀  ရက်နေ့ကိုအစွဲပြုပြီး "ချင်းအမျိုးသားနေ့" လို့ တညီတညွတ်တည်း ဆုံးဖြတ်သတ်မှတ်ခဲ့ကြတာပါ။ ၁၉၈၈ နောက်ပိုင်း န.၀.တ နဲ့ န.အ.ဖ ခေတ်မှာတော့ "ချင်းအမျိုးသားနေ့" ကို "ချင်းပြည်နယ်နေ့" အမည်နဲ့ပဲ တရား၀င်ကျင်းပခိုင်းပါတယ်။ ဒါပေမဲ့ အဲဒီလို ပိတ်ပင်မှုတွေကို အံတုပြီး ချင်းလူမျိုးတွေက "ချင်းအမျိုးသားနေ့" ကို နှစ်စဉ်မပြတ် ကျင်းပခဲ့ကြပါတယ်။
❤72👍1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၅/၂၀၂၆)
၁၃၈၇ ခုနှစ်၊ တပေါင်းလဆုတ် ၂ ရက်နေ့
(၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်)

"၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) နှင့်စပ်လျဉ်း၍ ဖြေဆိုခွင့် လျှောက်ထားခြင်း နှင့် ဖြေဆိုခြင်းဆိုင်ရာ သတင်းအချက်အလက်များကို အများပြည်သူသို့ အသိပေးတင်ပြခြင်း"


ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#NUG #NUGMOE #BECA #Grade12
❤31
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၆/၂၀၂၆)
၁၃၈၇ ခုနှစ်၊ တပေါင်းလဆုတ် ၂ ရက်နေ့
(၂၀၂၆ ခုနှစ်၊ မတ်လ ၄ ရက်)

"၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း) နှင့်စပ်လျဉ်း၍ ဖြေဆိုခွင့် လျှောက်ထားခြင်းနှင့် ဖြေဆိုခြင်းဆိုင်ရာ သတင်းအချက်အလက်များကို အများပြည်သူသို့ အသိပေးတင်ပြခြင်း"

ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

#NUG #NUGMOE #BECA #Grade11(OldSystem)
❤35
"၂၀၂၆ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း) ဖြေဆိုခွင့်လျှောက်ထားနည်းအဆင့်ဆင့်ကို နှိုးဆော်အသိပေးခြင်း"

⏬ ⏬ ⏬ ⏬ ⏬

၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း) ကို ၂၀၂၆ ခုနှစ်၊ မေလတွင် ကျင်းပမည် ဖြစ်ပါသဖြင့် ဖြေဆိုခွင့်လျှောက်ထားခြင်းကို ၂၀၂၆ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှ ဧပြီလ (၁၁) ရက်နေ့ အထိ
အောက်ဖော်ပြပါ Website Link တွင် လျှောက်ထားနိုင်မည် ဖြစ်ပါသည်။

🎯လျှောက်ထားရန် Link >> https://mes.moeedu.org

၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း) တွင် စစ်အာဏာမသိမ်းခင် အခြေခံပညာ နဝမတန်း (စနစ်ဟောင်း) သို့မဟုတ် နည်းပညာ အထက်တန်းကျောင်း ပထမနှစ်တက်ရောက်ဖူးပြီး အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း ဖြေဆိုခဲ့ခြင်း မပြုရသေးသူများ၊ ဖြေဆိုခဲ့ပြီးသော အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း) ဖြေဆိုမှုရလဒ်သည် အဆင့်မြင့်ပညာ သို့မဟုတ် သက်မွေးပညာဆိုင်ရာ ပညာရေးအဖွဲ့အစည်းများ၏ ဝင်ခွင့်သတ်မှတ်ချက်များနှင့် မပြည့်မီသော ဘာသာရပ်များ ရှိသောကြောင့် ပြန်လည်ဖြေဆိုလိုသူများ (မှတ်ချက် - မိမိဖြေဆိုလိုသော ဘာသာရပ်များ ကိုသာ ရွေးချယ်ဖြေဆိုနိုင်ပါသည်။)၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း) ဖြေဆိုစဉ် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် မကိုက်ညီသောကြောင့် ဖြေဆိုမှုရလဒ် ပယ်ဖျက်ခံခဲ့ရသူများသည် “၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်း ဒသမတန်း)” ဖြေဆိုခွင့်ကို လျှောက်ထားနိုင်မည် ဖြစ်ပါသည။

🎯BECA နှင့်စပ်လျဉ်း၍ မကြာခဏစုံစမ်းမေးမြန်းလေ့ရှိကြသည့် မေးခွန်းများ၏ အဖြေများကို အောက်ဖော်ပြပါ Telegram Channel တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

BECA Public FAQ Telegram Link >>
https://t.me/BECApublicFAQ

🎯ဖြေဆိုခွင့်လျှောက်ထားနည်းများနှင့် ပတ်သက်ပြီး အခက်အခဲ ရှိပါက အောက်ဖော်ပြပါ နေရာများသို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Channel 1
BECA Official Email >>
enquiry@be.moeedu.org

Channel 2
BECA Official Email >>
beca.info@be.moeedu.org


#NUG #NUGMOE #MBEH
#BECA
#BasicEducationCompletionAssessment
#Registration
#MyanmarBasicEducationHome

⏬ ⏬ ⏬ ⏬ ⏬
❤9👍1