Myanmar Basic Education Home
✔
20.7K subscribers
714 photos
85 videos
37 files
138 links
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
Download Telegram
"၂၀၂၆ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) ဖြေဆိုခွင့်လျှောက်ထားနည်းအဆင့်ဆင့်ကို နှိုးဆော်အသိပေးခြင်း"

⏬ ⏬ ⏬ ⏬ ⏬

၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) ကို ၂၀၂၆ ခုနှစ်၊ မေလတွင် ကျင်းပမည် ဖြစ်ပါသဖြင့် ဖြေဆိုခွင့်လျှောက်ထားခြင်းကို ၂၀၂၆ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့မှ ဧပြီလ (၁၁) ရက်နေ့ အထိ
အောက်ဖော်ပြပါ Website Link တွင် လျှောက်ထားနိုင်မည် ဖြစ်ပါသည်။

🎯လျှောက်ထားရန် Link >> https://mes.moeedu.org

၂၀၂၆ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) တွင် ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် အသက် (၁၈) နှစ် ပြည့်မီသူ၊ အခြေခံပညာ ဒွါဒသမတန်း (စနစ်သစ်) သင်ယူလေ့လာဖူးသူ၊ ဖြေဆိုခဲ့ပြီးသော အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) ဖြေဆိုမှုရလဒ်သည် အဆင့်မြင့်ပညာ သို့မဟုတ် သက်မွေးပညာဆိုင်ရာ ပညာရေးအဖွဲ့အစည်းများ၏ ဝင်ခွင့်သတ်မှတ်ချက်များနှင့် မပြည့်မီသော ဘာသာရပ်များ ရှိသောကြောင့် ပြန်လည်ဖြေဆိုလိုသူများ (မှတ်ချက် - မိမိဖြေဆိုလိုသော ဘာသာရပ်များ ကိုသာ ရွေးချယ်ဖြေဆိုနိုင်ပါသည်။)၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်သစ် ဒွါဒသမတန်း) ဖြေဆိုစဉ် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် မကိုက်ညီသောကြောင့် ဖြေဆိုမှုရလဒ် ပယ်ဖျက်ခံခဲ့ရသူများ၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်းသည် အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုက ကျင်းပသော တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို ဝင်ရောက် ဖြေဆိုခဲ့ခြင်းမရှိသူများနှင့် ဝင်ရောက်ဖြေဆိုရန် (လုံးဝ) အစီအစဉ်မရှိသော ကျောင်းသား၊ ကျောင်းသူများအတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်သဖြင့် ပြည်သူနှင့်အတူ ရပ်တည်သည့် အဆိုပါကျောင်းသား၊ ကျောင်းသူများသာ လျှောက်ထားခွင့် ရှိပါသည်။ သို့သော် စစ်တမ်းကောက်ယူမှုရလဒ်များအရ နယ်မြေစိုးမိုးမှုရရှိသော လွတ်မြောက်နယ်မြေဒေသများရှိ ပညာရေးအဖွဲ့အစည်းများ၏ သတ်မှတ် ချက်နှင့် ကိုက်ညီသော ကျောင်းသား၊ ကျောင်းသူများရှိပါက သက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်း များမှတစ်ဆင့် လျှောက်ထားနိုင်ပါသည်။


🎯BECA နှင့်စပ်လျဉ်း၍ မကြာခဏစုံစမ်းမေးမြန်းလေ့ရှိကြသည့် မေးခွန်းများ၏ အဖြေများကို အောက်ဖော်ပြပါ Telegram Channel တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

BECA Public FAQ Telegram Link >>
https://t.me/BECApublicFAQ

🎯ဖြေဆိုခွင့်လျှောက်ထားနည်းများနှင့် ပတ်သက်ပြီး အခက်အခဲ ရှိပါက အောက်ဖော်ပြပါ နေရာများသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Channel 1
BECA Official Email >>
enquiry@be.moeedu.org

Channel 2
BECA Official Email >>
beca.info@be.moeedu.org


#NUG #NUGMOE #MBEH
#BECA
#BasicEducationCompletionAssessment
#Registration
#MyanmarBasicEducationHome

⏬ ⏬ ⏬ ⏬ ⏬
❤17