Myanmar Basic Education Home
✔
20.7K subscribers
714 photos
85 videos
37 files
138 links
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာနှင့် ပတ်သက်သော သတင်းအချက်အလက်များ၊ သင်ခန်းစာများကို ရယူနိုင်မည် ဖြစ်ပါသည်။
Download Telegram
📝 2026 BECA (စနစ်‌ဟောင်း ဒသမတန်း) ID ရရှိပြီးသော်လည်း ဖြေဆိုရန် စာရင်းသွင်းခြင်းအဆင့်ကို ပြုလုပ်ရန် ကျန်နေခဲ့သော ကျောင်းသား/သူများသည်

🎯 (၃- ၆-၂၀၂၆) ရက်မှ (၇- ၆-၂၀၂၆) ရက် ည (၁၂) အထိ စာရင်းသွင်းခြင်းလုပ်ငန်းစဥ်ကို ပုံပါအတိုင်း ပြုလုပ်နိုင်မည် ဖြစ်ပါ‌ကြောင်း အသိပေးကြေညာအပ်ပါသည်။

🎯 ပုံပါအတိုင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးနောက် စာရင်းသွင်းမှု အောင်မြင်ခြင်း ရှိ/မရှိကို အောက်ဖော်ပြပါအတိုင်း စစ်ဆေးနိုင်ပါသည်။

🔽 🔽

၁။ BECA ဖြေဆိုရန် MES ထဲရှိ စာရင်းသွင်းရန်ကို ဖြည့်သွင်းပြီးပါက ပုံတွင်ပြထားသည့်အတိုင်း "စစ်ဆေးအကဲဖြတ်မှုဆိုင်ရာအချက်အလက်များ" MENU တွင် ပေါ်/မပေါ်ရှာကြည့်ပါ။

၂။ ထို့နောက် မိမိဖြည့်စွက်ခဲ့သော အချက်အလက်များ ပေါ်/မပေါ်ကိုလည်း စစ်ဆေးကြည့်ပါ။ ထိုအချက်များတွေ့ရှိရပါက စာရင်းသွင်းခြင်းအောင်မြင်ပါသည်။

🎯 စာရင်းသွင်းပြီးသူများသည် (၁၅-၆-၂၀၂၆) ရက်နေ့မှစ၍
https://mes.moeedu.org

တွင် Moodle ID များ ရယူပြီး

https://lms.moeedu.org

တွင် ဝင်ရောက်ဖြေဆိုနိုင်မည်ဖြစ်ပါသည်။

🚨 ယခုအချိန်မှ ID အသစ်လျှောက်ပြီး ဖြေဆိုလိုသူများကို ထပ်မံလက်ခံနိုင်ခြင်း မရှိတော့ပါကြောင်း တစ်ပါတည်း အသိပေးအပ်ပါသည်။


#BECA
#Grade11Old
❤21
📝 2026 BECA (စနစ်‌သစ် ဒွါဒသမတန်း) ID ရရှိပြီးသော်လည်း ဖြေဆိုရန် စာရင်းသွင်းခြင်းအဆင့်ကို ပြုလုပ်ရန် ကျန်နေခဲ့သော ကျောင်းသား/သူများသည်

🎯 (၄- ၆-၂၀၂၆) ရက်မှ (၈- ၆-၂၀၂၆) ရက် ည (၁၂) အထိ စာရင်းသွင်းခြင်းလုပ်ငန်းစဥ်ကို ပုံပါအတိုင်း ပြုလုပ်နိုင်မည် ဖြစ်ပါ‌ကြောင်း အသိပေးကြေညာအပ်ပါသည်။

🎯 ပုံပါအတိုင်း လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးနောက် စာရင်းသွင်းမှု အောင်မြင်ခြင်း ရှိ/မရှိကို အောက်ဖော်ပြပါအတိုင်း စစ်ဆေးနိုင်ပါသည်။

🔽 🔽

၁။ BECA ဖြေဆိုရန် MES ထဲရှိ စာရင်းသွင်းရန်ကို ဖြည့်သွင်းပြီးပါက ပုံတွင်ပြထားသည့်အတိုင်း "စစ်ဆေးအကဲဖြတ်မှုဆိုင်ရာအချက်အလက်များ" MENU တွင် ပေါ်/မပေါ်ရှာကြည့်ပါ။

၂။ ထို့နောက် မိမိဖြည့်စွက်ခဲ့သော အချက်အလက်များ ပေါ်/မပေါ်ကိုလည်း စစ်ဆေးကြည့်ပါ။ ထိုအချက်များတွေ့ရှိရပါက စာရင်းသွင်းခြင်းအောင်မြင်ပါသည်။

🎯 စာရင်းသွင်းပြီးသူများသည် (၁၅-၆-၂၀၂၆) ရက်နေ့မှစ၍

https://mes.moeedu.org

တွင် Moodle ID များ ရယူပြီး

https://lms.moeedu.org

တွင် ဝင်ရောက်ဖြေဆိုနိုင်မည်ဖြစ်ပါသည်။

🚨 ယခုအချိန်မှ ID အသစ်လျှောက်ပြီး ဖြေဆိုလိုသူများကို ထပ်မံလက်ခံနိုင်ခြင်း မရှိတော့ပါကြောင်း တစ်ပါတည်း အသိပေးအပ်ပါသည်။


#BECA
#Grade12New
❤60
🚨 🚨 လုံခြုံရေးအထူးဂရုပြုကြပါရန် ထပ်မံကြေညာအသိ‌ပေးနှိုး‌ဆော်ခြင်း

🔥 BECA နှင့်စပ်လျဥ်း၍ Social Media Platform အမျိုးမျိုးတွင် BECA ပုံစံအတိုင်း Offline လေ့ကျင့်နိုင်မည့် G12 Offline App ဟုဆိုကာ BECA ဖြေဆိုမည့် ကျောင်းသားများအား ငွေကြေးဖြင့် ရောင်းချနေခြင်း ၊ Kpay, Wave Pay များဖြင့် အခကြေးငွေပေးသွင်းစေခြင်းများ ပြုလုပ်နေကြောင်း တွေ့ရှိနေပါသဖြင့် မိမိတို့၏ Bank Account များမှတစ်ဆင့် နောက်ယောင်ခံလိုက်၍ မိမိတို့၏ နေထိုင်မှုဘဝ လုံခြုံရေးများ အကြီးအကျယ် ထိခိုက်နိုင်ပါသဖြင့် အထူးသတိပြုကြပါရန် အထူးထပ်မံ နှိုးဆော်အပ်ပါသည်။

🎯 BECA ဆက်စပ်အမည်များဖြင့် သတင်းအချက်အလက်နှင့် အကူအညီရယူလိုပါက၊ စာအုပ်များမှာယူလိုပါက ၎င်းတို့ထံသို့ ဆက်သွယ်နိုင်ကြောင်း စသည့် ကမ်းလှမ်းမှုများ ၊ Fake Account, Fake Page, Fake Channel များဖြင့် အမျိုးမျိုးဖြားယောင်းသွေးဆောင်နေခြင်းများကို တွေ့ရှိနေရပါ၍ ပူးတွဲဖော်ပြပါ Facebook Page များနှင့် Telegram Channel များမှ လွဲ၍ အခြားမည်သည့် Page များ ၊ Account များ ၊ Channel များမျှ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် (လုံးဝ) (လုံးဝ) ဆက်စပ်သက်ဆိုင်ခြင်း မရှိပါကြောင်း ထပ်မံအသိပေးကြေညာအပ်ပါသည်။
❤68👍9
♥️♥️ ငလျင်တွေ ခဏခဏ လှုပ်နေလို့ ဂရုစိုက်ကြပါဦးနော်

💌💌 မြတ်နိုးတန်ဖိုးထားရတဲ့ မိတ်ဆွေများကိုလည်း ငလျင်ဆိုင်ရာ သတိပြုဆောင်ရွက်လိုက်နာရမဲ့ အသိပညာတွေ ဆက်လက်ဖြန့်ဝေပေးရင်း ချစ်မေတ္တာတွေနဲ့ ကာကွယ်ပေးကြပါစို့နော်

🌹🌹🌹🌹🌹🌹🌹
❤88
"အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း (BECA) ဖြေဆိုခြင်းနှင့်စပ်လျဉ်း၍ ကြိုတင်သတိပေးချက် ထုတ်ပြန်ခြင်း"

ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့


BECA ၏ Testing System တွင် ဖြေဆိုသူများအတွက် ဖြေဆိုပြီးလျှင်ပြီးချင်း ရမှတ်ပေါင်းကို ချက်ချင်းသိရှိနိုင်ရန် ဖော်ပြပေးထားသော်လည်း BECA စစ်ဆေးအကဲဖြတ်မှုဘုတ်အဖွဲ့မှ စစ်ဆေး အတည်ပြုခြင်း (Validation Process) ပြီးစီးမှသာ ထိုရမှတ်များသည် အတည်ဖြစ်မည် ဖြစ်ကြောင်း ကြိုတင်အသိပေးကြေညာထားပြီး ဖြစ်ပါ၍ ဖြေဆိုသူများလိုက်နာရန် စည်းကမ်းများကို ချိုးဖောက် ဖြေဆိုထားကြောင်း စစ်ဆေးတွေ့ရှိပါက ရိုးဖြောင့်စွာဖြေဆိုသော ပြည်သူ့ကျောင်းသားများ၏ တရားမျှတမှုနှင့် ဂုဏ်သိက္ခာအတွက် ထိုစည်းကမ်းဖောက်ဖျက်ဖြေဆိုသူ၏ ရမှတ်များအား ခြွင်းချက် မရှိ ပယ်ဖျက်မည်ဖြစ်ပါကြောင်း နှင့် မသမာသောနည်းလမ်းမျိုးစုံဖြင့် အကြိမ်ကြိမ်ကျုးလွန် ဖြေဆို ခြင်းများကို ပြုလုပ်ပါက နောက်နှစ်နောက်ထပ်ဖြေဆိုခွင့်များကိုပါ နှစ်အကန့်အသတ်မရှိ ပိတ်ပင်သည့် အရေးယူမှုများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ကြိုတင်သတိပေးချက် ထုတ်ပြန်အပ်ပါသည်။


#BECA
#NUGMOE
#Grade12NewSystem
#Grade11OldSystem
#MBEH
❤65🏆11