ပုံပြင်များ
17.3K subscribers
37 photos
1 video
10 files
42 links
19.7.2022💘


@Myanmar_Song1
Download Telegram
စိတ္တဇကျောင်းတော်ကြီး Ep3

ဟူးးးးအိပ်ကောင်းခြင်းလည်းမအိပ်ရ၊စားကောင်းခြင်စလည်းမစားရဆိုတာ ဒါကိုပြောတာဗျို့..ဒါနဲ့....

ကျနော်တို့ ခေါင်းထောင်လာတာ မြင်တဲ့နှင်းအိက

"ဟိုအကောင်သုံးကောင် ပြန်အိပ် ဘာမှမဖြစ်ဘူး"

လို့ ခပ်စွာစွာပြောလေသည်။ကျနော်လည်းဘာမှမလုပ်။ကျနော်တစ်ချက်ကြည့်လိုက်တော့ သူတို့လေးယောက် ရဲ့ရှေ့တွင် ကျနော်နဲ့တွေ့ခဲ့တဲ့ ခွန်းစစ်ဆိုသောတစ်ယောက် ။ဘာဖြစ်မှန်းမသိပေမဲ့ အိပ်ချင်နေတာနဲ့ဆက်အိပ်လိုက်သည်။

ထိုနောက်ဇင်ဇင်က

"ရပါတယ် သူလည်းမသိလို့ပါ ကဲ့ဒီက သူငယ်ချင်းလည်း ဘာမှမဖြစ်ဘူးးးသူကစိတ်ဆိုးးတုန်းပြောတာပါ ဘာမှမဖြစ်ဘူးးစိတ်ထဲမထားးနဲ့"

လို့ အကုန်လုံးကို ပြေလည်အောင် ဖြေရှင်းပေးလိုက်လေတော့သည်။
ရုတ်တရက် အိပ်ပျော်နေကာစပဲရှိသေးးးမြတ်ကိုကအတန်းထဲတွင်ဝင်လာပြီးး

"မုန့်စားကျောင်းတက်ရင် အတန်းထဲမှာ လူအစုံရှိပါစေတဲ့ အတန်းခေါင်းဆောင်၊အသင်းတွေဖွဲ့ပေးမလို့တဲ့ "

အသံအကျာ်ကြီးနဲ့အော်ပြောလိုက်လေသည်။ကျနော်တို့လည်းပြန်မအိပ်တော့ဘဲ ထိုင်နေကြတော့သည်။

( မြတ်ကို - အရပ်ရှည်ပြီး အတန်းကိစ္စများကို တက်တက်ကြွကြွပါဝင်ပေးသည့်အပြင် တစ်ဖတ်သားအားကူညီပေးသည်။ဖော်ရွေတက်ကြွသူဖြစ်သည် )

"အဲ့အကောင်တွေကလည်း တိုးတိုးးမပြောဘူးးလုပ်လိုက်ရင် အလန့်တကြား မနှစ်ကအတိုင်းပဲ"

စိတ်တိုသွားသောနေသံဖြင့် ဖူးငယ်တစ်ယောက် ပြောလေသည်။အမှန်တကယ် မှာတော့ လန့်သွားပုံရသည်။မြတ်ကိုကလည်း ကျနော်တို့သူငယ်ချင်းပါပဲ။သူအကျင့်က အဲ့အတိုင်းပင်ဖြစ်သည်။

"ငါ့နှယ် စိတ်ညစ်ပါတယ် ကျောင်းတက်တာက တစ်ရက်မပြည့်သေးးနှလုံးရောဂါရတော့မယ်ထင်ပါရဲ့"

ဇင်ဇင်၏ကျောင်းတက်ကာစ ပထမဆုံးငြူးငြူသံကို ကြားလိုက်ရတော့သည်။သူပြောလည်းပြောချင်စရာ။တိုးတိုးပြောလို့ရတာကို မပြောဘူးး။အူတက်မိပါသည်။.....

"ဒေါင်....ဒေါင်....ဒေါင်...."

မုန့်စားကျောင်းတက်သွားသည့်အတွက် ခေါင်းလောင်းထိုးသံ ကြားလိုက်ရသည်။အတန်းထဲတွင် လူများလည်း ကိုယ့်နေရာကိုယ် ပြန်ထိုင်ကြကာ တစ်အောင့်ကြာမှာ အတန်းပိုင်ဆရာမရောက်လာသည်။ကျွန်တော်တို့အတန်းပိုင်မှာ သချာ်အသင်အပြကောင်းသော Tr Thin ဖြစ်သည်။
မနှစ်ကလည်း ဆရာမနဲ့ သင်ခဲ့ပြီး အခုလည်းဆရာမက ကျွန်တော်တို့ရဲ့အတန်းပိုင်ဖြစ်လို့လေသည်။

"ကဲ့ လူစုံပြီထင်တယ် ဒီနေ့တော့စာသင်ရမှာမဟုတ်သေးဘူး..အတန်း၊အသင်း၊ပတ်လည်ခေါင်းဆောင်တွေက ရွေးရအုံးးမယ်...ဟူးးးး"

ဆရာမပြောလည်းပြောချင်စရာပါ။ကျောင်းဖွင့်ရင်စာကတော့ မသင်ရပေ။အလုပ်ရှုပ်စမြဲဖြစ်သည်။အခုလည်း အတန်းခေါင်းဆောင်ခန့်ဖို့မဲရွေးဖို့ စတင်တော့‌သည်။
"ကဲ့ ယောက်ကျားလေးထဲက မော်နီတာခန့်ဖို့ အခုမင်းခန့် ကိုမော်နီတာထားမယ် သဘောတူလားး.."

ထိုအချိန်တွင် ကျွန်တော်ဘေးးနားကမင်းခန့်က ဆရာမကို

"ဆရာမသားးမလုပ်ချင်ဘူးး မဖြစ်လောက်ဘူးးထင်တယ် ...ရဲခန့်ကိုပေးကြည့်ပါလားး"

"နိုးးနိုးးမရဘူးးဝဏ္ဏကိုသာပေးးလိုက်"
ကျနော်လည်းစစလာချင်းကတည်းက"ဘူး" ဆိုတာကိုပဲ ပြောလိုက်သည်။ဝဏ္ဏကိုကြည့်တော့လည်း ပြုံးပြုံးးကြီးနဲ့ခေါင်းကြီးကိုခါနေတာပြုတ်ထွက်မတက်ပင်ထင်ရလောက်သည်။
ဆရာမကတော့ ကျွန်တော်တို့အကြောင်းသိသဖြင့်ရယ်ကာ

"မရဘူးးနင်တို့သုံးကောင်ထဲက တစ်ယောက်ယောက်လုပ်ရမယ်..ကျန်တဲ့သူတွေကအသစ်တွေဆိုတော့ ငါတို့ကျောင်းရဲ့အထာမသိသေးးဘူးးအာ့ကြောင့်"

ဆရာမကလည်း ကျွန်တော်တို့ကိုပြောသည်။သိုနှင့် ကျွန်တော်နဲ့ ဝဏ္ဏ မင်းခန့်ကို ဆေးထိုးးပေးလိုက်ကြရာ နောက်ဆုံးတွင် သူမော်နီတာရသွားခဲ့တော့သည်။ထပ်ပြီးဆရာမက

"ဟိုအနောက်က ပြတင်းပေါက်ဘေးနားကကောင်လေးရော လုပ်မလား ဒု-မော်နီတာ "

ကျွန်တော်တို့လည်း ဘယ်သူ့ကိုပြောတာလဲ ကြည့်တော့ သူကလည်းအသစ်ပါပဲ။တက်ကြွမဲ့

ပုံစံတော့ရှိသည်။ကျွန်တော်တို့လည်း ဆရာမက သူ့ကို ‌မဲပေးသည့်စနစ်ဖြင့်ဆုံးဖြတ်ရာ သူလည်းဒု-မော်နီတာရသွားးတော့သည်။

"ကဲ့ယောက်ကျားလေးးအပိုင်းကပြီးပြီ မိန်းကလေးးတွေပဲကျန်တော့တယ် ကဲ့ဘယ်သူကိုရွေးရမလဲပြောကြအုံးးမိန်းကလေးတွေ"

ဆရာမပြုံးကာအော်ပြောလိုက်သည်။

"ဇင်ဇင် ..ဇင်ဇင်"

အတန်းဖော်မိန်းကလေးးအများစုက လူသစ်သိပ်မပါတော့ ဇင်ဇင်ကိုသာ မောနီးထွက်လုပ်ဖို့သဘောတူခဲ့ရာ ဇင်ဇင်လည်း မော်နီးထွက်ရခဲ့သည်။သူနဲ့အတူ ဝိုင်းကူမဲ့ ဒု-မော်နီးထွက်ကို ဟိုရွေးဒီရွေးနဲ့ လျှောက်ရွေးလိုက်ရာ ဆည်းဆာ လို့အမည်ရှိတဲ့ မိန်းကလေးတစ်ယောက်ရသွားးခဲ့သည်။

ဆရာမလည်း ခေါင်းဆောင်များရွေးပြီးသည်နှင့်တစ်ပြိုင်နက် ကျွန်တော်တို့အားး စကားတစ်ချို့ပြောကာ အပြင်သို့ ထွက်သွားးတော့သည်။
ဆရာမထွက်သွားသည်နှင့်တစ်ပြိုင်နက်

"ဟေးးးယောက်ကျားလေးမော်နီတာက မင်းခန့်‌နော် ငါတို့နဲ့သိတော့ အေးဆေးပဲဟေးး"

မြတ်ကို အနောက်တန်းကနေပြီးတော့လှမ်းပြောလိုက်သည်။ထိုသိုပြောသည့်ကို မြတ်ကို ကိုမမဲဘဲ ကျနော်နဲ့ ဝဏ္ဏအားး

"မင်းတို့အရမ်းဆေးထိုးကြတယ်ကွာ ..မရဘူးးငါမော်နီတာဖြစ်ပေမဲ့ မင်းတို့လည်း ဝိုင်းလုပ်ရမယ် ကြားတယ်နော်"

"အေးပါကွာစိတ်ချ ကူလုပ်ပေးမယ်ငါတို့နှစ်ယောက်လုံး"

ထို့သို့ ဝဏ္ဏပြောလိုက်သောမှ မင်းခန့်လည်းငြိမ်သွားးတော့သည်။
မိန်းကလေးဘက်ခြမ်းတွင်လည်း ဇင်ဇင်စိတ်ညစ်နေသည်။ကြည့်ရတာသူမပျော်။သူ့အပြောပါပဲ။နောက်ကျပျော်သွားးတာပါပဲ။

"ဟူးးစိတ်ညစ်ပါတယ်ဟာ ငါပဲထပ်ကျတယ် "

"ဘာမှ မဖြစ်ပါဘူးးနင်ကလည်းဒီတိုင်းပဲကိုယ့်ဘာသာသက်သာသလိုနေပေါ့"
❤31🍓3😍2❤‍🔥1
ကြားထဲက ဖူးငယ်တစ်ယောက် အားပေးစကားးပြောလိုက်သည်။

"ဘာမှမဖြစ်ပါဘူးးစိတ်ချနင်မနိုင်ရင် ငါတို့တွေလည်းဝိုင်းကူပေးမယ် "(ဟုတ်တယ်"")

ဘေးနားတွင်ရှိသော နှင်းအိလည်းဝင်ပြောလိုက်ရာကျန်နှစ်ယောက်လည်းထောက်ခံကြသည်။


‎သို့နှင့် အချိန်များလည်း တစ်ဖြည်းဖြည်းကုန်ဆုံးသွားရာ နောက်ဆုံးတွင်ကျောင်းဆင်းချိန်သို့ရောက်ရှိခဲ့သည်။ကျနော်တို့လည်း မင်းခန့်နဲ့အတူနောက်ဆုံးမှပြန်ကြရသည်။ဘာလို့ဆို..အခန်းတံခါးပိတ်ရမည်ဖြစ်သည်။ထို့ကြောင့်အတန်းထဲကလူတွေအားလုံးကုန်သွားးမှ မီးခလုတ်တွေစစ်၊ပြတင်းပေါက် ပိတ်မပိတ်သေချာစစ်ရ၊ပြီးမှ အခန်းတံခါးကိုသော့ခတ်ကျရစမြဲဖြစ်သည်။အသစ်ခန့်ထားသော ဒု-မော်နီတာကလည်း ကျနော်တို့လည်းအတူလိုက်လုပ်ပါသည်။တံခါးပိတ်နေရင်း သူ့ဘက်
‎
‎" ဒီကဘရိုတို့က ဒီကျောင်းမှာတက်တာကြာပြီထင်တယ် ကျနော်ကအခုမှစရောက်တာမို့ပါ ကျနော့်ကို ခင်ပေးကြပါအုံးး"
‎
‎သူ့ပုံကြည့်ရသလောက်တော့ တက်ကြွပြီးခင်မင်ဖော်ရွေပုံရသည်။စာအကြောင်းကတော့မသိသေးး။ကျနော်ထက်အရပ်က‌တော့မတိမ်းမယိမ်းလောက်ပေါ့။ခန္ဓာကိုယ်အချိုးအစားကကြတော့ ဘောလုံးကန်တဲ့ခန္ဓာကိုယ်မျိုးပေါ့။ကြည့်ရတာ ဘောကန်ရတာ ဝါသနာပါပုံရတယ်ထင်တယ်ဗျို့။
‎
‎"ဟုတ်တယ် ကျနော်တို့က တက်လာတာကြာပြီး သူနာမည်က မင်းခန့် ကျနော်က ၀ဏ္ဏ ဒီဘက်ကရဲခန့်ပါ "
‎
‎ဝဏ္ဏလည်း သူ့ကို ကျောင်းဆင်းခါနီးမိတ်ဆက်ပေးလိုက်သည်။သူလည်း
‎
‎"အော်ဟုတ်ကဲ့ပါ ကျနော်နာမည်က လရောင်လို့ခေါ်ပါတယ် အခါခွင့်ရရင် မုန့်အတူသွားစားကြတာပေါ့ဗျာ"
‎
‎လို့ သူ့လည်း ခင်မင်ရင်းနှီးစွာပြောသည်။စကားပြောရင် အောက်ဆင်းလာရင် အပြူးအပြဲလှေကားသို့တက်လာသူနှစ်ယောက်တွေ့သည်။ထိုသူများကတစ်ခြားသူမဟုတ်။
‎စွမ်းထက်နဲ့ထွဋ်ခေါင်တို့ပဲဖြစ်ကြသည်။

‎( ထွဋ်ခေါင် - အရမ်ရှည်ပြီး အမြဲတမ်းအပူပင်သောကအေးသလိုပင်နေနိုင်သူ၊တက်ကြွပြီး ကြက်တောင်ရိုက်ဝါသနာပါသူဖြစ်သည် )
‎( စွမ်းထက် - ၀ဏ္ဏထက် အရပ်မဆိုသလောက်ရှည်ပြီး အများမြင်မှာ ရင့်ကျတ်တယ်ထင်ရပင်မဲ့ပေါင်းကြည့်မှ ပျော်ပျော်နေတက်သူဖြစ်သည်။လက်တွေ့စူးစမ်းလေ့လာရခြင်းကိုဝါသနာပါသူဖြစ်သည် )
‎
‎"မော်ကြီးရေ ကျနော်ဖတ်စာအုပ်ခုံအောက်ထဲကျန်ခဲ့လို့ တံခါးးပြန်ဖွင့်ပေးပါအုံးးဗျာ"
‎
‎"အဟမ်းးကျနော်မော်ကြီးမဟုတ်ဘူးး မင်းခန့်ကမော်ကြီး ကျနော်ကမနှစ်ကမော်နီတာ ဒီနှစ်မော်မယူဘူးးမင်းခန့်ကိုဆေးထိုးပေးလိုက်တာ..ဟ..ဟ.."
‎
ရယ်မောရင်း မင်ခန့်ကိုကြည့်ကာ ‎အသေငြင်းလိုက်သည်။စွမ်းထက်ကလည်း
‎
‎"ပါးစပ်ကမရဘူးးအကျင့်ပါနေပြီ ခေါ်ရတော့မှာ ပဲ"

‎ဇွတ်တစ်ဇွတ်ပြောကာ ကျနော်လည်းဒီတိုင်းသာ လွှတ်ထားးလိုက်ရသည်။မင်းခန့်လည်း
‎
‎"လာ..လာ တက်ယူ ပြန်ပြီးတံခါးဖွင့်ပေးမယ် မင်းတို့နှယ်လဲ...ဟူးးးး"
‎
‎မင်းခန့်လည်းအပေါ်သို့တက်သွားရာဝဏ္ဏလည်း
‎
‎"လိုက်ခဲ့ရအုံးးမလားးဟေးး"
‎
‎"ရတယ် မလိုက်နဲ့တော့ အောက်မှာပဲစောင့်နေလိုက်"
‎
‎သို့နှင့် ကျနော်ရယ်၊ဝဏ္ဏရယ်၊လရောင်ရယ်လည်း အောက်ထပ်တွင်စောင့်နေတော့သည်။မကြာမီ သုံးကောင်လုံးပြန်ဆင်းလာပြီး ထွဋ်ခေါင်နှင့် စွမ်းထက်လည်း ပါးစပ်က ဘာတွေပြောမှန်းမသိ။ရယ်မောပြောဆိုကာထွက်သွားတော့သည်။
‎ကျနော်တို့လေးယောက်လည်း ကျောင်းဆောင်တွေကိုဖြတ်ရင်းသွားရင် ခရေပင်အုတ်ပတ်ထားသောဘောင်တွင် ထိုင်စောင့်နေသော သူငယ်ချင်းတစ်ယောက်ကို ထပ်တွေ့လိုက်ရသည်။
‎
‎"ဟာ..မင်းကိုစောင့်နေတာအခုမှပဲလာတယ် ငါတစ်ယောက်တည်းပြန်ရင် ငါ့အမေငါ့ကို မေးမြန်းနေအုံးမယ်"
‎
‎အုတ်ဘောင်တွင် ထိုင်နေသော ယောက်ကျားလေးကပြောလိုက်သည်။
‎လရောင်ကိုပြောတာဖြစ်သည်။လရောင်ကလည်း
‎
‎"အေးပါကွာ နောက်တစ်ခါဆိုနည်းနည်းတော့နောက်ကျမယ် စောင့်နေ..သိပြီလားးး
‎အော်ဒါနဲ့ ဒါက ကျနော်အကိုတစ်ဝမ်းကွဲပါ တစ်လပဲကြီးတာပေါ့ဗျာ သူ့နာမည်က မဂ္ဂတဲ့ ကျနော်တို့အတန်းထဲကပဲ"
‎
‎"အော်ဟုတ်ကဲ့ပါ...ကျောင်းသားအသစ်တွေများတာပဲ "
‎
‎မင်းခန့်တစ်ယောက်ပြောလိုက်သည်။ထို့နောက်အပြန်အလှန်မိတ်ဆက်ကာ သူ့အနေအထားအားတစ်ချက်အကဲခတ်လိုက်သည်။ကြည့်ရတာစာတော်မဲ့ပုံ။ဂျင်ဆော့ပုံရသည်။ခန္ဓာကိုယ်၊အရပ်အမောင်းကပြောစရာမလို။သိုပေမဲ့ အသံကိုကြည့်ရတာ ပြတ်သားပြီး မဟုတ်လျှင်မခံတက်တဲ့သူမျိုးဖြစ်ပုံရသည်။
‎
‎"အော်ဟုတ်ကဲ့ပါ ကျနော်တို့လည်းဒီကျောင်းရောက်လာတာအဖော်ကသိပ်မရှိနေရာကလည်းမကျွမ်းတော့ အားလုံးကိုအားကိုးပါတယ်"
‎
‎"ရပါတယ် လိုတာတစ်ခုခုတို့သွားစရာတို့ဘာတို့ရှိရင် အချိန်မရွေးလာပြောပါ ကူညီပေးနိုင်ရင်ကူညီပါ့မယ်"
‎
‎ကျနော်လည်း အလိုက်သင့်စွာပြန်ပြောလိုက်ကာ စကားတစ်ပြောပြောနဲ့ ကျောင်းရှေ့ဝသို့ရောက်ခဲ့ပြီး အားလုံးကိုယ်စီနှုတ်ဆက်ကာ အိမ်သို့ပြန်လာခဲ့ကြတော့သည်။
‎
‎Ep1 Ep2 Permission
❤40❤‍🔥3💯3🍓2🥰1🤩1
ကဲ့ရေးပေးခဲ့ပြီးနော် အသဲလေးများများပေးခဲ့ပါအုံးးအားတက်အောင်လို့
စာမေးပွဲခုမှဖြေထားတာပျော်နေလို့တင်ပေးးတာနော်🤟❤️သဲများချင်တယ်🥺
❤43😍5🍓3❤‍🔥2🕊2🤩1
ဒီနေ့မှာဘာတွေလုပ်ဖြစ်ကြလဲ?
❤17🍓1
ဒီနေ့ည သံသရာတင်ပေးပါမယ်ရှင့် ဇာတ်သိမ်းသွားရင်အဲ့သံသရာရေးခဲ့တဲ့‌‌ေနာက်ခံအကြောင်းလေး‌ပြောပြပေးမယ်နော်မင်"နောက်ထပ်Ficတစ်ခုလည်းစရေးနေပါပြီ။စောင့်မျှော်ပေးလို့ကျေးဇူးပါသဲလေးတို့😔🤘
❤23❤‍🔥2🍓2🤩1
𝙋𝙖𝙧𝙩..16
သံသရာ....<𝘾𝙮𝙘𝙡𝙚>

" မင်းတို့သဘောပဲ ငါတော့ အသေမခံနိုင်လို့သွားပြီး "

ပြောလည်းပြော အရှေ့ကသွားနေတာကြောင့်သူတို့လည်းရွေးချယ်စရာ မရှိ

" ဦးမောင်ကို ခင်ဗျားရဲ့ သစ္စာဖောက်လုပ်ရပ်ကိုဝန်ခံပြီးအပြစ်ယူလိုက်ပါ!"

အနောက်ကအော်သံကြောင့်လူကတုန်တက်သွားပြီး ခြေထောက်ချော်မလို‌ပါဖြစ်သွားသေးသည်။

" မင်းက တကယ်အသက်ပြင်းတဲ့ကောင်ဘဲ.... ဟျောင့်တွေ ဘာရပ်ကြည့်နေတာလဲ အဲ့ကောင်ကိုသတ်! "

ပထမတော့ သူ့လူတွေက မလှုပ်ရှားသေး ဦးမောင်ကိုထပ်အော်လိုက်မှ ဓားထုတ်ပြီးတိုက်ခိုက်ကြသည်။ တိုက်ခိုက်ရင်း လက်မောင်းပေါ်ဓားရှပ်ထိသွားတာမို့ အနောက်ကိုခဏပြန်ဆုတ်လိုက်တယ်..... ဒီနေရာမှာ သဘောကောင်း စိတ်ကောင်းနေလို့မဖြစ် ကောက်ကျစ်မှရတော့မည်.... ရှေ့ဆုံးတဦးကိုလဲချလိုက်ပြီး ဓားကိုရင်ဝပေါ်စိုက်ချလိုက်သည်.... ကျန်တဲ့၃ဦးမှာ ထပ်တိုက်ခိုက်ရန်ဝင်လာစဥ် မြေကြီးကိုလက်ထောက်ပြီးကြုံးကာ သဲမှုန့်တွေနဲ့မျက်နှာကိုပက်ထည့်လိုက်သည်..... ဦးမောင်ကိုရဲ့တပည့်တွေဖြစ်တာကြောင့် အရှင်ထားလို့မဖြစ် ။ အကုန်သတ်ပြီးမှ လက်မောင်ကဓားရာနာမှန်းသိသာလာသည်...

ဒိုင်းးးးးးး ညာဘက်ရင်ဝဆီသို့ထိုးဖောက်ဝင်သွားသည့် ကျည်ဆံ
ဒိုင်းးးးးး ထပ်ပြီးရင်ဝဆီကို

" အသက်ပြင်းတယ်မလား သေစမ်း! မင်းသေစမ်း!"

ဒိုင်းးးးးး ခြေထောက်တွေမခိုင်တော့ ဒူးထောက်လျက်ကျပြီး လက်ထောက်ထားသည်။

" သူရဲကောင်းလုပ်ချင်နေတာမလား မင်းဆန္ဒကိုဖြည့်ဆည်းပေးမယ် "

ထပ်ပစ်ရန်ကျည်ဆံကိုကျည်ဖြည့်နေတုန်း ထမနိုင်သည့်အထင်နဲ့လဲကျနေတဲ့သူက သူ့ကို နပမ်းဝင်လုံးကာ ရေတံခွန်အောက်ကိုဆွဲချသွားသည်။

အားးးးးးးးးးးးးးးးးးးးးးးး

သူသေရလည်း အနည်းဆုံးတော့ သူ့အဖွဲ့တွေကိုကာကွယ်သွားနိုင်သေးမည် ဒါပေမယ့် ဖိုးဝလုံးလေး သူ့အပြန်ကိုစောင့်နေတဲ့ကလေး မျက်ရည်များစီးကျလာပြီး တခုထဲကိုသာရေရွတ်လိုက်မိသည်... ကိုယ်တောင်းပန်ပါတယ်

- - -

2024 back .....

စီးကျလာတဲ့မျက်ရည်ကိုအမြန်သုတ်ပြီး ဦးထူးမြတ်စကားကိုသေချာထပ်နားထောင်သည် ။

" ပုံပြင်ကတော့ဒါပဲ ကြည့်ရတာ မင်းလည်းသိနေတယ်မလား အဟက်! "

ပြောလက်စကိုရပ်ပြီး ဝိုင်ခွက်ကိုတကျိုက်သောက်ကာ

" ငါ့အသက် ၁၀နှစ်ကတည်းက အဲ့ပုံပြင်ကို အိပ်မက်ဆိုပြီးထင်ထားခဲ့တာ ဒါပေမယ့်ကံကြမ္မာက အဲ့ပုံပြင်ကိုအစစ်အမှန်ဖြစ်စေခဲ့တယ် "

တမာန် သူ့ရှေ့ကလူကိုစေ့စေ့စိုက်ကြည့်တော့

" အဲ့ပုံပြင်က ငါ့ရဲ့အတိတ်ဖြစ်ရပ်ဆိုးကြီးပဲ ငါ့အသက် ၁၆နှစ်မှာ အဲ့အိပ်မက်တွေကပျောက်မသွားဘူး အမြဲတမ်း ခြောက်လှန့်နေခဲ့တာ..... နောက်ဆုံး တရွာလုံးကြောက်ရတဲ့အောက်လမ်းဆရာက ငါ့အတိတ်ကိုပြန်မှတ်မိစေပြီး ဒီလိုပြောတယ် သူပြန်လာလိမ့်မယ်တဲ့ "

သူရမှာဘယ်ချိန်နိုးနေလဲမသိ သူ့ပခုံးကိုတိုက်မှပြန်လှည့်ကြည့်မိသည်။

" ငါမင်းကို လိုက်ရှာနေခဲ့တာကြာပြီး တွေ့မယ်တွေ့တော့ ဒီကောင်လေးကြောင့်ပဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တယ် မင်းကို ဘယ်လောက်တောင်လွမ်းနေသလဲ ဆိုတာ မင်းမသိဘူးမလား "

သူ့ပါးကိုအားနဲ့ညစ်ချတော့ နာတာမို့ခေါင်းကိုခါယမ်းလိုက်တယ်...

" ဒါဆို ကျွန်တော့်အိပ်မက်ထဲက ဦးမောင်ကိုက ဖေကြီးမလား"

ဘယ်ချိန်ထဲကဂိုဒေါင်နားရောက်နေလဲ မသိတဲ့စောမှာ မျက်ရည်တွေကျပြီး ဦးထူးမြတ်ကိုဝမ်းနည်းစွာကြည့်လာသည် သူပြေးလာတော့ မှိန်ပြပြအလင်းရောင်တွေ့၍ အကူညီတောင်းရန်လာခဲ့သော်လည်း အထဲမှလူတွေက သေနတ်များကိုင်ထားတာကြောင့် အထဲသို့မဝင်ခဲ့....ဂိုဒေါင်ကိုပတ်ကာ မြင်ရသည့်မြင်ကွင်းကိုရှာပြီးသေချာကြည့်တော့ လဲကျနေတဲ့လူနှစ်ယောက်ကို ဖေကြီးလက်ရုံးက ရေပိုက်နဲ့ထိုးနေသည်ကိုတွေ့လိုက်ရတယ် .... ဖေကြီး တပည်က ဒီမှာ ဘာလုပ်နေတာလဲ သိချင်လာတာကြောင့် အရှေ့တိုးကာကြည့်လိုက်တော့ မျက်လုံးပြူးသွားရသည်။ တော်ဝင်တမာန် ဒီလူ ဘယ်လိုကနေဘယ်လို..... ရင်းနှီးနေသည့်အသံကိုကြား၍ သေချာကြည့်မိတော့ သူ့မြင်ကွင်းထဲပေါ်လာတဲ့ ဦးထူးမြတ်.... ဘာတွေလဲ...... ရုတ်တရက် ဦးထူးမြတ်ဆီကပုံပြင်ကိုသူလည်းနားထောင်နေလိုက်မိတယ်....

သူ့ကိုမြင်လိုက်တော့ တပည့်တွေက ဖမ်းချုပ်ရန်ပြင်နေသည်ကိုလက်ကာပြီး သတိပေးလိုက်တယ်....

" မင်းရော ဘယ်လိုထင်လို့လဲ "

မျက်ရည်တွေကိုခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်ပြီး

" ဖေကြီးရဲ့အငြိုးတွေကို သူ့ဆီထပ်ပြီးပုံမချပါနဲ့တော့ ကျွန်တော် ဒီလိုဒူးထောက်ပြီး တောင်းပန်ပါတယ် "

သူ့ရှေ့က ဒူးထောက်ပြီးငိုနေသေးတဲ့ သားကို လည်ဟိုက်ကနေဆွဲမလိုက်ကာ

" ထပ်ပြီး ဒီကောင်ကြောင့်ပဲလား ဟမ် ငါက မင်းကို ကျွေးမွေးပြုစုပျိုးထောင်ထားတဲ့ကောင်ပါ "

" ကျွန်တော် တောင်းပန်ပါတယ် သူ့ကို လွှတ်ပေးပါ ဖေကြီး "

ခါးကြားထဲ ပစ္စတိုသေနတ်ကိုထုတ်ပြီး တမာန်ဆီလျှောက်လာကာ ခေါင်းပေါ်ချိန်ရွယ်ထားလိုက်သည် ။

" ဒီဘဝလည်း သူသေမှဖြစ်မယ်! "

မောင်းကိုဆွဲချရန်အပြု....

ဒိုင်းးးးးးးးး ဦးထူးမြတ်လက်မှသေနတ်ကို စော ဘေးဘက်သို့တွန်းထုတ်လိုက်တော့ ဟန်ချက်ပျက်ကာ လဲကျသွားရသည်။ သူ့တပည့်နှစ်ယောက်က အပြေးလာပြီး စောကိုချုပ်ထားလိုက်ပြီး သူတို့ဆရာကိုဆွဲထူနေကြသည်။

" ဦးညီဇော်သမီးနဲ့အတင်းပေးစားနေတာ ဖေကြီးအာဏာလိုချင်လို့ ဆိုတာ ကျွန်တော် သိပြီးသားပါ... ဒါပေမယ့် ဖေကြီးသူ့ကိုလွတ်ပေးလိုက်ရင် ကျွန်တော် ဒီကမ်းလှမ်းချက်ကိုလက်ခံပေးပါ့မယ် "
❤24💯5❤‍🔥1🐳1
" စော..မဟုတ်ဘူးအဲ့လိုမဖြစ်ရဘူး အားး!

နာနေသည့်ဒဏ်ရာကိုအနင်းခံလိုက်ရတော့အံကိုသာကြိတ်ကာခံနေရတယ်....

" အရင်ဘဝက ကျွန်တော်တို့သေလျက်နဲ့ကွဲခဲ့ကြတယ်.... ဒီဘဝတော့ ခင်ဗျားကိုနှစ်တွေအကြာကြီးနေပြီးပျော်ရွှင်သွားစေချင်တယ်...... ကျွန်တော့်ကမ်းလှမ်းချက်ကို ဖေကြီး သဘောတူတယ်မလား "

တွန့်ကြေသွားတဲ့အဝတ်တွေကို ဦးထူးမြတ်ပြင်ဝတ်ပြီး....

" မင်းဂတိအတိုင်း တည်ပါစေ မတည်ရင်တော့ မင်းကိုငါ့သားအဖြစ်မသတ်မှတ်နိုင်ဘူး"

" သိပါပြီး "

" သူတို့ကို နေရပ်အရောက်ပြန်ပို့လိုက် ထပ်မတွေ့ရစေနဲ့ "

" ဟုတ်ကဲ့ ဆရာ "

အရှေ့ကထွက်သွားသော ဦးထူးမြတ်နောက်ကို စောခေါင်းငုံ့ကာလေးလံနေတဲ့ခြေလှမ်းတွေနဲ့ လိုက်သွားတယ်..... နှစ်လှမ်းမြောက်တော့ တမာန်ကိုပြန်ကြည့်မိသည်..... ဝမ်းနည်းနေသည့်မျက်ဝန်းနဲ့ မသွားရန်တောင်းဆိုနေသည့် မျက်လုံးတွေကိုလျစ်လျူရှုကာလှည့်ထွက်ခဲ့တယ်.... .

" စော ကိုယ်ပြောတာနားထောင်ပါဦး စော! မဖြစ်ဘူး"

- - -

" ဆရာက မင်းတို့ကိုထပ်မတွေ့စေနဲ့လို့မှာထားတာမို့ မင်းတို့အိမ်ထိလိုက်ပို့ရလိမ့်မယ် "

ကားပေါ်မှာတယောက်ကိုတယောက်ကြည့်ပြီး သူရကစောဒကမတက်ရန်မျက်စ,ပျစ်ပြသည်....

" ဟို ဒီက အကိုတို့ နေရပ်အထိမရောက်လည်းရပါတယ်ဗျ ကျွန်တော့်သူငယ်ချင်းတွေလည်းကျန်နေသေးလို့ ကိုယ့်ဘာသာကိုယ်ပဲ ပြန်ပါ့မယ် ထပ်မတွေ့စေရပါဘူး "

သူဂမှာမျက်နှာငယ်လေးနဲ့ဘေးက လူကိုတောင်းဆိုနေတော့ ဘာတခွန်းမျှပြန်မတုံ့ပြန် ...ခဏကြာမှ

" ရပါတယ် ဒါပေမယ့် မင်းတို့ကိုတော့လေဆိပ်အရောက်ပို့ပေးရမယ် "

တမာန် မျက်နှာညှိုးကျသွားရပြန်သည်။ သူလိုချင်တာ ဒီလို မဟုတ်..... အဲ့ကောင်လေးကိုမြင်တိုင်းဘာလို့ခံစားချက်တွေလှုပ်ရှားနေခဲ့ရလည်း ဆိုတာ အခုမှသိရတယ်.... မင်းမျက်ဝန်းတွေကိုရင်းနှီးနေတာ ကိုယ်သိခဲ့ပြီး..... မင်းကိုတကြိမ်ဆုံးရှုံးခဲ့ရပြီးပြီ ထပ်ပြီးဆုံးရှုံးမခံနိုင်တော့ဘူး.... အတိတ်က မင်းကို မပြောဖြစ်ခဲ့တဲ့စကားလေးတွေကိုလည်းပြောပြချင်သေးတယ်.....
သူတို့အဖွဲ့နေတဲ့ hotel ထိ ဗင့်ကားနဲ့လိုက်ပို့ပြီး ခေါင်းဆောင်တဦးက သူ့ဘေးကနှစ်ယောက်ကို တီးတိုးစွာမှာကြားနေသည်....

" နင်တို့ဘယ်တွေသွားနေတာလဲ ငါတို့ဘယ်လောက်စိတ်ပူသွားရလဲ ဆိုတာ သိလား နေရာကိုနှံ့နေတာပဲပတ်ရှာလိုက်ရတာ ဒါကို နင် နင်.... "

အနောက်ကိုလှမ်းမကြည့်ပဲ အရှေ့က သူငယ်ချင်းနှစ်ယောက်ကိုသာ ခိုင်ဇင် ပြောနေတုန်း အနက်ရောင်ဝတ်စုံနဲ့လူကိုတွေ့လိုက်ရတော့ စကားတွေပါထစ်ကုန်တယ်....
စကားမများရန် ခိုင်ဇင်ကိုမျက်စပစ်ပြပြီး ပခုံးကိုဖက်ကာ အထဲကိုပြန်ခေါ်သွားလိုက်သည်။

" သူတို့နှစ်ယောက်က မင်းတို့ကိုလေဆိပ်ထိလိုက်ပို့လိမ့်မယ် "

ပြောပြီးတာနှင့် ကားပေါ်ပြန်တက်ပြီးထွက်သွားတယ် ..... လောလောဆယ် ဘာမှကြံ၍မရတာကြောင့်အခန်းထဲကိုပဲဝင်နေလိုက်သည်။

" မင်းတို့မျက်နှာမှာလည်း ဒဏ်ရာတွေနဲ့ ဘာဖြစ်လာတာလဲ ဟိုလူတွေကရော ဘယ်သူတွေလဲ "

အနာတွေကိုဆေးထည့်ပေးရင်း သက္ကရာဇ် အမေးကို တမာန်မဖြေချင်တာကြောင့် သူရဘက်ကိုမေးငေါ့ပြလိုက်တယ်.... သူရကမဖြေချင် ကြည့်ရတာ သူကြောက်နေသေးပုံရသည် ။

" မင်းတို့ကကွာ အမြန်ပြော "

" အမြန်ပြောကြပါဟာ "

ဝိုင်းပြီးမေးနေတာကြောင့်မပြောချင်ပဲပြောရတော့မည် ။ သူရက သိပြီးသားမို့ သူ့အတွက် ဒါတွေကအရမ်းကြီးထူးဆန်းမနေတော့ပေ.... ၃ယောက်သားသူ့ဆီခေါင်းစုလာပြီးသေချာနားထောင်နေကြသည်.... တမာန်လည်း သူတွေ့ခဲ့ကသမျှ ကြားခဲ့ရသမျှကို သေချာနားလည်အောင်ရှင်းပြလိုက်တော့ အံ့သြနေတဲ့မျက်လုံးတွေနဲ့ သူ့ကို ကြည့်ကြတယ်...

" 53 နှစ်ကြာမှ ပြန်လည်မွေးဖွားပြီး အရင်ဘဝကလို ပုံစံနဲ့အဆုံးသတ်ရမှာလား ဒါဆို! "

အသံကိုမြင့်ပြီးပြောနေတဲ့ ခိုင်ဇင်ကို ချစ်ဆိုင်းပါးစပ်အမြန်အုပ်ထားလိုက်ရသည်....
" တိုးတိုးပြောဟ အပြင်မှာ သူတို့လူနှစ်ယောက်ရှိနေတယ် "

" ငါလည်း အံ့သြသွားလို့ပါဟာ "

တမာန်က
" ငါမယုံဘူး ငါ့ ကံကြမ္မာကိုပြင်ဆင်ချင်တယ်"

" တမာန် ငါတို့နက်ဖြန်ပဲပြန်ကြရအောင် "
" ငါ.... "

" မင်းလည်း အခုအကုန်လုံးသိပြီးပြီပဲ သူ့ကို အန္တရယ်ထဲကိုတွန်းမပို့ပါနဲ့တော့ သူအဲ့လိုရွေးချယ်သွားတာ မင်းကို ကယ်ချင်နေလို့ဆိုတာ မင်းသိပါတယ်..... ကျန်တဲ့သူတွေလည်း မနက်ဖြန် ပြန်ကြမယ် "

သူရဆီကစိတ်ဆိုးနေသည့်လေသံနဲ့အပြောခံလိုက်ရတော့ သူဘာမှပြန်မပြောမိ.... သူပြောတာ အကုန်မှန်နေခဲ့သည်ကိုး။ ဘာလုပ်ရမလဲ ဘာလုပ်ရမလဲ မသိတော့ဘူးကွာ .... ကုတင်ပေါ်စိတ်ရှိလက်ရှိပစ်လဲချလိုက်ကာ တခုခုကိုထပ်တွေးနေပြန်သည် ။ နက်ဖြန်ပြန်မယ့်ခရီးစဥ်ထဲကို ငါမလိုက်တော့ဘူး သူငယ်ချင်းတို့ မင်းတို့ကဘာအပြစ်မှမရှိတာမို့ ဘေးကင်းကင်းနဲ့ပြန်လိုက်ကြပါ... ဒါက ငါ့ကံတရားဆို သူ့လက်ကိုဘယ်တော့မှလွတ်မချချင်တော့ဘူး.....ကိုယ့်အခန်းဆီကိုယ်ပြန်ဝင်ကြပြီး ဘယ်လိုမျိုးတွေးတောကာ ဘာတွေလုပ်မည်ကို ဘယ်သူမှမသိခဲ့ကြပေ ။
____

" သားရယ် ဘယ်တွေသွားနေတာလဲ "

သူ့တကိုယ်လုံးကိုလှည့်ပတ်ကြည့်ကာစိုးရိမ်စွာပြောနေတဲ့ မေမေကို စောအတတ်နိုင်ဆုံးပြုံးပြပြီးဖက်ထားမိသည်
" ဘယ်မှမသွားပါဘူး မေမေ "

လေသံကအားမရှိသလိုဖြစ်တာကြောင့်

" နေမကောင်းဘူးလား သား ဘယ်နေရာနေမကောင်းလို့လဲ "
" ကျွန်တော် ဘာမှမဖြစ်ပါဘူး နားချင်လို့ပါ "
❤31❤‍🔥9
ပျော်ရွှင်စရာသီတင်းကျွတ်ညလေးတစ်ညဖြစ်ပါစေရှင့်....✨🍀
🍓40❤‍🔥7❤5
ကို့ကိုယ်ချစ်ပါတယ် လို့ဝန်ခံထားတဲ့သူကို
ချစ်ပေးဖို့မတောင်းဆ်ိုရဘူး
တကယ်ချစ်တဲ့သူက သူ့အလိုလိုချစ်ပြတက်တယ်
❤85🍓13
ယောကျာ်း တစ်ချို့က
ဘာလို့ ထက်မြတ်တဲ့မိန်းမတွေကိုသဘောမကျရတာလည်း
အို... ကျွန်မဖြစ်နားမလည်နိုင်ပါဘူး
❤67🍓10
Public မှာချပြဖို့မထိုက်တန်ဘူးလားဟင်

Trauma ပေါ် Trauma ထပ်မဆင့်ချင်တော့ဘူး
😭31❤18🍓8❤‍🔥4
တိမ်တေဟာတိမ်တေပါဘဲ ရွေ့လျားနေလည့် ပုံသေမှုမရှိတယ့် ပုံစံမြင်ရတာ မင်းရဲ့စိတ်တိုင်းဘဲလားလို့တောင်......

အောင်မေ့မိရပါတယ်

ဟော လှပလွန်းတယ့်တိမ်လေးရေ ဘယ်ဆီများဆက်ပီးရွေ့လျားနေအုန်းမာလဲ

မင်းကို စောင့်ကြည့်ရတာမောလှပါပီ....


#jett
❤‍🔥24❤19🐳3
သူကတော့ သူ့ပုံစမ်လေးအတ်ိုင်း
မိန်းကလေးတွေအပေါ့ ဂရုစိုက်ပြ ကြင်နာပြတာပါ
ဒါကို ကျွန်မက ကျွန်မတစ်ယောက်တည်းကိုပဲ
အဲ့လို ဂရုစိုက်ယုယနေတယ် ထင်နေမိတဲ့
ကျွန်မက မှားတာပါ
❤43😭18❤‍🔥4🍓2💘2💯1
မှတ်မိကြသေးလား စိတ္တဇကျောင်းတော်ကြီး ဝတ္ထုကို
‌ရေးတင်ပေးမလို့ ကျောင်းအလုပ်တွေနဲ့ရှုပ်နေလို့ပါ အားလုံးကိုသတိရပါတယ် စာဖတ်သူတို့ရော....နေကောင်ကြလားး...🫶🥺
❤34😍5🍓3❤‍🔥2🥰1
Other : Adminဖြစ်ပြီးစာမတင်ဘူးလား? ဘာတွေအလုပ်ရှုပ်နေလို့လည်း?
Me : နေဝင်တာကြည့်နေတာပါ 😔🤘စတာပါ နောက်ရက်ကြတကယ် သံသရာကိုတင်ပေးပါမယ်ခ၊
🍓16❤13
𝙋𝙖𝙧𝙩..17
သံသရာ....<𝘾𝙮𝙘𝙡𝙚>
ထိုမျှသာပြောပြီး အခန်းထဲဝင်သွားတဲ့သားကိုကြည့်ပြီး ဒေါ်စောမြင့်အောင် ဝမ်းနည်းမိသည်။ "

တဘက်ခါကျရင် လပြည့်နေ့ ဆရာကြီးကိုသွားကန်တော့ရမယ် မင်းသားကိုပါခေါ်သွားမယ် "

အနောက်ကယောကျ်ားဖြစ်သူအသံကြောင့် ဘာစကားမှပြန်မပြောမိ.... သူမတားလျှင်လည်း တား၍ရမည်လည်းမဟုတ် ယခုခေတ်လိုနည်းပညာမျိုးမှာ အောက်လမ်းပညာရပ်က စိတ္တဇ တခုလိုဖြစ်နေတယ် လို့ အမြဲတွေးမိနေတယ်.... အခု သားကိုပါခေါ်သွားဦးမည်....

" သားကိုပေးမသွားတော့ဘူး စေ့စပ်ဖို့အတွက် ရက်ရာဇာတွေကို အဘဘုန်းဘုန်းဘုရားဆီသွားမေးဖို့ ကျမခေါ်သွားမယ် "

သူမစကားကိုချက်ချင်းတော့မတုံ့ပြန်သေး တခုခုကိုအတန်ကြာအောင်စဥ်းစားပြီးမှ

" သဘောပဲ "

ကုတင်ပေါ်မထိုင်ပဲထောင့်ကျကျတနေရာမှာထိုင်ပြီး ငိုနေမိသည်။.... အကို့ကို ကျွန်တော် ရှာတွေ့ခဲ့ရပြီး ..... မျက်ဝန်းညိုညိုလေးတွေကိုမမှတ်မိခဲ့လို့ တောင်းပန်ပါတယ် ကျွန်တော် အကြာကြီးစောင့်နေခဲ့ရတယ် အဲ့နေ့က ပြန်လာမယ်ဆိုပြီး အကို့ဂတိကို အကိုမတည်ခဲ့ဘူး......
အိပ်မက်ကလန့်နိုးတိုင်း ခန္ဓာကိုယ်အေးစက်ပြီး ချမ်းနေတာက ဂူထဲတွင်ပိတ်မိပြီးအအေးလွန်ကာ သွေးခဲ၍သေခဲ့ရသည် ။
သူ အကုန်ပြန်မှတ်မိသော်လည်း ဘာမှလုပ်၍မရတော့ ရှေ့ဆက်တိုးရင် နှစ်ယောက်ထဲကတယောက်သာအသက်ရှင်နိုင်မည် ။ အတန်ကြာအောင်ရှိုက်ငိုပြီး ညစာမစားတော့ပဲ အိပ်ယာပေါ်ပစ်လဲလိုက်ကာ နက်ဖြန်ကိုဘယ်လိုဖြတ်သန်းရမလဲစဥ်းစားရင်းအိပ်ပျော်သွားခဲ့သည်။
_🧭____

" ငါတို့ကားနဲ့ပြန်ရင် သူတို့ ယုံမှာ မဟုတ်ဘူး ကားကိုထားခဲ့မှရမယ် အသက်ထက်ပိုပြီးဘာမှတန်ဖိုးမကြီးဘူး "

အဝတ်တွေကိုပစ်ထည့်ပြီး သူရတယောက်တရားစဟောလေတော့သည် ။ သူလည်းသေလမ်းမှလွတ်မြောက်လာတာမို့ထိတ်လန့်နေသေးပုံရသည်.....

" သက္ကရာဇ် မင်းတမာန်ဆီသွားကြည့်လိုက်ဦး အကုန်ပြီးရင် လေဆိပ်သွားမယ် "

" အွန်း အွန်း ငါအခုသွားလိုက်မယ် "

အခန်းဝရောက်တော့....
ဒေါက် ဒေါက် !

" တမာန် အဆင်သင့်ဖြစ်ရင်သွားရအောင် "

ဘာသံမှမကြား
ဒေါက် ဒေါက် !

" မင်းအိပ်နေတာလား တမာန် "

ဘာတုံ့ပြန်သံမှမကြားရ၍ သက္ကရာဇ် တံခါးကိုတွန်းဖွင့်တော့ သော့ခတ်မထားပေ အထဲမှာလည်းဘယ်သူမှမရှိ....
" သူရဟျောင့် သူရ "

" ဘာလဲကွာ ဘာဖြစ်လာတာလဲ "
" တမာန် တမာန်မရှိတော့ဘူး "
" ဘာ! မရှိရအောင် သူကဘယ်သွားတာလဲ "
" မသိဘူးလေကွာ အခန်းမှာဘာမှမရှိတော့ဘူး "
သက္ကရာဇ်ကိုတွန်းဖယ်ပြီး ...

" ငါသွားကြည့်မယ် ဖယ် "
၄ယောက်လုံးစုပြီးပြန်သွားကြည့်တော့ တကယ် ဘယ်သူမှရှိမနေခဲ့ပေ ။

" ဒီကောင်ကွာ ဘာပြဿနာလုပ်ဦးမှာလဲ မသိဘူး "
" ငါတို့ဘယ်လိုလုပ်ကြမလဲ "
" ဘယ်လိုလုပ်ရမှာလဲဟ သူ့ကိုရှာရမှာပေါ့ "
စကားသံတွေဆူညံပြီး reception သို့မေးရန်လာခဲ့ကြပြန်သည်....

" hello "
" ဟုတ်ကဲ့ မဂ်လာပါ ဘာများကူညီပေးရမလဲရှင့် "
" ကျွန်တော်တို့ သူငယ်ချင်းကိုတွေ့မိသေးလားဗျ သူအပြင်ထွက်တာဘာညာ အဲ့လိုမျိုးတွေ့မိလားဗျ "

ဝန်ထမ်းမလေးက စာရင်းကိုသေချာပြန်ကြည့်ပြီး...

" ဟုတ်ကဲ့ တော်ဝင်တမာန်လား မသိဘူး "
" ဟုတ်ပါတယ်ဗျာ "

" ဒီမနက်ပဲ လေဆိပ်ကိုထွက်သွားမယ်ဆိုပြီး အကြောင်းကြားသွားပါတယ်ရှင့် "

" လေဆိပ်ကိုလား "

" ဟုတ်ပါတယ်ရှင့် "

" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ "
တယောက်နဲ့တယောက် အံဩသလိုနဲ့ပြန်ကြည့်ကြပြီး

" သူက ငါတို့ကိုလည်းအသိမပေးပဲ အရင်သွားတာလား "
ချစ်ဆိုင်းက

" သူ့ကို နားလည်ပေးလိုက်ပါသူရရယ် သူ့အတွက် အချိန်တခုတော့လိုတယ်လေ ဒီကြားထဲ တယောက်ထဲနေချင်တာလည်းဖြစ်နိုင်တာပဲ "

" ဟုတ်တာပဲ ကဲ ငါတို့ပဲကျန်တော့တယ် သွားကြရအောင် "
ကိုယ်စီအထုပ်အပိုးတွေနဲ့မို့ မနိုင်လည်းနိုင်အောင်သယ်ရမည် ။ ကားနဲ့သာဆို ဒီလို သယ်ရမှာမဟုတ်....

" နောက်တယောက် ဘယ်မှာလဲ "
သူတို့ကိုစောင့်ကြည့်နေသည့်နှစ်ယောက်ထဲမှတယောက်က
" လေဆိပ် ရောက်လို့ အိမ်တောင်ပြန်ရောက်နေပြီး "
သက္ကရာဇ်ရဲ့ထေ့ငေါ့စကားကြောင့် ဟိုနှစ်ယောက်က သူကိုပြန်ကြည့်နေတယ်.....

" ခင်ဗျားတို့မယုံရင် reception ကိုသွားမေးကြည့် "
မေးခွန်းမေးတဲ့သူက reception ကိုခြေလှမ်းကျဲကျဲနဲ့လျှောက်သွားတာကြောင့် သက္ကရာဇ် မျက်စောင်းထိုးလိုက်မိသည်။ ခဏကြာ ထိုလူပြန်လာပြီး

" မင်းတို့အထုပ်တွေကုန်ရင် သွားကြမယ် "
" တကယ်ပါပဲ ထောင်သားတွေလိုလာဆက်ဆံနေတယ် ကရင်ပြည်နယ်ကလူတွေက မျက်နှာကြောမာသလောက် ယဥ်ကျေးမှုကို မရှိဘူး "

" ဟုတ်ပါ့ "

အမြဲတမ်း ကိုက်နေတဲ့နှစ်ယောက်က ဒီတခါအတိုင်အဖောက်ညီနေကြပြန်သည် ။ လေဆိပ်ကိုရောက်သည်နှင့် လေယာဥ်ချိန်ကိုခဏစောင့်ကာ အိမ်ပြန်ခဲ့ကြသည်။ တစုံတဦးကပါမသွားသည်ကို မည်သူမျှသတိထားမိသည့်ပုံမပေါ်
.......🧭.........

" သားရေ သွားရအောင် "

ဒီနေ့က လပြည့်နေ့.... မေမေနှင့်ရက်ရာဇာသွားရွေးရမည်ဖြစ်တာကြောင့် ရိုးရာချည်ထည်ကိုသပ်သပ်ရပ်ရပ်ဝတ်ကာ လုံချည်ဝတ်လိုက်ပြီး မှန်ရှေ့၌ ကိုယ့်ကိုယ်ကိုပြန်ကြည့်နေမိသည်။.... ကျွန်တော်တို့က ဒီဘဝလည်းရေစက်မပါပြန်ဘူး ထင်တယ် ပြတင်းပေါက်နားကိုလျှောက်ပြီးကောင်းကင်ပေါ်မော့ကြည့်တော့ ကြယ်လေးတွေက အစုံအလင်, လမင်းကြီးမှာထိန်ထိန်သာနေလျက် ။ မှတ်ဥာဏ်ပြန်ရခဲ့တော့ အတိတ်က အကိုနဲ့ကြယ်တွေကြည့်ဖူးတာကိုပြန်သတိရပြန်တယ်.....

"ဘယ်ဘဝကဝဠ်ကြွေးတွေလည်းအကိုရာယ်"
❤27❤‍🔥2🥰1🍓1
ကျွီ..... တံခါးဖွင့်သံကြောင့်

" အဆင်သင့်ဖြစ်နေပြီပဲ ဒီလိုကျတော့ မေမေ့သားက ချစ်စရာလေး "

အတတ်နိုင်ဆုံးအပြုံးတုတခုကိုဖန်တီးပြီး
" မေမေ့သားမို့ ချစ်စရာကောင်းတာပါ "

" အချိန်မလွန်ခင်သွားရအောင် "

ခေါင်းသာငြိမ့်ပြပြီး မေမေ့နောက်ကလိုက်သွားလိုက်တယ်....
လပြည့်နေ့ဖြစ်တာကြောင့် ကလေး,လူငယ်, လူကြီးအပါအဝင် စေတီရင်ပြင်ပေါ်၌ပြည့်နှက်နေသည်။

" မြင့်အောင် မတွေ့ရတာကြာတော့ ယူ အရမ်းလှလာတာပဲ "

မေမေ့မိတ်ဆွေဖြစ်တာမို့ မပြုံးပြလို့လည်းမဖြစ်
" မဟုတ်တာ ခင်စိန်ရယ် နင်ကသာအရမ်းလှလာတာ "

စောကိုသေချာကြည့်ပြီး
" ယူ့သားလား "
" ဟုတ်တယ်လေ ဒါငါ့သား စောသက်လယ်ထူး "
" သားကလည်း ယူ့အတိုင်းပဲ ခန့်ချောကြီး "
" စေ့စပ်ပွဲကျရင်လည်းလာဥိးနော် ခင်စိန် "
" လာမှာပေါ့ မလာလို့ဘယ်ဖြစ်မလဲ "
ဒေါ်စောမြင့်အောင် သူ့မိတ်ဆွေနဲ့စကားရပ်ပြောနေသည်မို့ စောစိတ်အိုက်ရပြန်တယ်....ဘယ်သူနဲ့မှစကားပြောချင်စိတ်မရှိလည်း အလိုက်အထိုက်နေရသည်မှာ ပင်ပန်းလွန်းတယ်...မျက်မှောင်ကြုတ်ပြီး တနေရာကိုလက်ပိုက်ကာငေးနေတုန်း တစုံတယောက်ကသူ့လက်ကိုဆွဲကာ စေတီစောင်းဘက်ဆွဲခေါ်လာတာကြောင့် အယောင်ယောင်အမှားမှားနဲ့လိုက်ပါမိသွားသည်။
သတိရမှ လက်ကိုပြန်ရုန်းပြီး

" ခင်ဗျား ဘယ်သူလဲ ကျွန်တော့်လက်ကိုလွတ်! "

ဆောင်းထားတဲ့ဥိးထုပ်ကို အမြန်ချွတ်ကာ

" ကိုယ်ပါ စော "

သူ့ကိုတွေ့တော့အံ့အားသင့်သွားတယ်ထင် မျက်လုံးဝိုင်းဝိုင်းလေးကပြူးလို့

" ခင်ဗျား ဘယ်လိုရောက်လာပြန်တာလဲ ဖေကြီးတွေ့ရင် ဒီတခါလွတ်ပေးမှာ မဟုတ်ဘူး ခင်ဗျား ပြန်တော့ "

ရင်ဘတ်ကိုတွန်းပြီး ပြန်ခိုင်းနေတဲ့ ကောင်လေးကို တမာန် ခါးကနေသိမ်းကျုံးကာဖက်ထားလိုက်သည်။ အစတော့ ရုန်းနေသေး၏

" ကိုယ်မင်းကို ချစ်တယ် စော "

နား,နားကိုကပ်ပြီးပြောတာကြောင့်ကျက်သီးတွေပင်ထသွားရတယ်....

" မင်းနဲ့အတူရှိတိုင်း ကိုယ်အရမ်းပျော်မိတယ် ဒီဘဝတော့ မင်းကြားအောင်ထပ်ပြောမယ် မင်းကို အရမ်းချစ်တယ် "

ရင်ခွင်ထဲကကောင်လေးဆီက စကားသံတလုံးမှမထွက် ....

" တောင်းပန်ပါတယ် ကိုယ်မကာကွယ်နိုင်ခဲ့လို့ ဂတိမတည်ခဲ့လို့ "

သူပိုပြီးတိုးဖက်ကာ ဆံပင်တွေကိုနမ်းရှိုက်နေမိတယ်...... ပခုံးထက်မှစိုစွတ်နေတဲ့အရာကြောင့် ခန္ဓာကိုယ်ချင်းခွာလိုက်ပြီး သူ့မျက်ဝန်းကို ပြန်ကြည့်မိသည် ။ ငိုနေတာလား
" လူဆိုးကောင် ကျွန်တော် ခင်ဗျားကိုဘယ်လောက်တောင်စောင့်နေခဲ့ရလဲ သိရဲ့လား အရမ်းအေးလွန်းလို့ အပြင်ထွက်ချင်ပေမယ့် ခင်ဗျားအရိပ်အယောင်တောင်မတွေ့ရသေးလို့ အထဲမှာအကြာကြီးစောင့်နေခဲ့ရတယ် အဟင့် ဂတိမတည်ဘူး! "

ကလေးလေးသဖွယ်ငိုယိုပြီး သူ့ရင်ဘတ်ကိုလက်သီးဆုပ်နဲ့ထိုးကာ စကားတွေများနေတာမို့

" ခင်ဗျား.....အွတ် "

နှုတ်ခမ်းချင်းထိရုံသာကပ်ထားတော့ မျက်မှန်အောက်ကမျက်ဝန်းမှာဝိုင်းစက်သွားပြီး ခန္ဓာကိုယ်တောင့်တင်းသွားရသည်။ အပေါ်နှုတ်လမ်းတလှည့်အောက်နှုတ်ခမ်းတလှည့် နမ်းရှုက်လိုက်တော့မှ မျက်ဝန်ဝိုင်းဝိုင်းလေးက မှိတ်ချသွားတယ်..... နူးညံ့လွန်းတဲ့အထိအတွေ့မို့တော်ရုံနဲ့ပြန်မလွတ်ချင်... အတန်ကြာအောင် နမ်းလိုက်တော့ အသက်ရှူရကြပ်လာသည်ထင် ရင်ဘတ်ကိုအတင်းတွန်းထုတ်နေသည်။

" ကျွန်တော် ကျွန်တော့်ကိုဘာလို့လာနမ်းနေတာလဲ "

အရေးထဲစကားတွေပါထစ်နေသေး

" အသည်းယားလို့ "

မျက်နှာလေးတွေနီရဲလာပြီး သူ့ရှေ့မနေချင်တော့တာကြောင့် ထွက်ပြေးဖို့ကြံတော့လည်း အရာမထင်။ တမာန် လျင်မြန်စွာခါးကနေပြန်ဆွဲဖက်ပြီး သူ့မျက်လုံးတွေထဲအဖြေရှာနေမိသည်....နီးကပ်လွန်းတဲ့အနေအထားမို့ မျက်လုံးချင်းမဆုံအောင် တနေရာကိုလှည့်လိုက်တယ်.....

" ကိုယ်နဲ့လိုက်ခဲ့ "

ဖက်ထားတာကိုချက်ချင်းတွန်းထုတ်ပြီး

" ကျွန်တော် လိုက်လို့မရဘူး ဖေကြီးကိုဂတိပေးထားပြီးသားမို့ အကိုပြန်လိုက်ပါ ကျွန်တော် အဆင်ပြေပါတယ် ဒီလမ်းကိုရွေးချယ်ခဲ့တာလည်း အရမ်းချစ်လို့ဆိုတာ သိစေချင်တယ် "

" အကို့ကိုချစ်တယ်ဆိုရင် ထွက်ပြေးရအောင် "

စော တွေဝေနေရပြန်တယ် ...

" ဒါက ဖြေရှင်းတဲ့နည်းလမ်းမဟုတ်ဘူး လို့ ကျွန်တော်ထင်တယ်အကို, ဖေကြီးက တနည်းမဟုတ်တနည်းလိုက်ရှာပြီး ဖမ်းမှာပဲ "

သူ့ပါးနှစ်ဖက်ကိုသေချာအုပ်ကိုင်ပြီး မျက်ဝန်းတွေကိုသေချာစိုက်ကြည့်ကာ

" အကို့ကိုယုံတယ်မလား " ဆိုတော့ ခေါင်းငြိမ့်ပြရှာသည်။

" စော ပျောက်သွားရင် ဦးထူးမြတ်ကသေချာပေါက်လေဆိပ်ကိုသွားရှာလိမ့်မယ် ကိုယ်စီစဥ်ပြီးသား မင်းမပါပဲ ကိုယ်ဘယ်ကိုမှမသွားနိုင်ဘူး "

" ဒါဆို ကျွန်တော်တို့ဘယ်ကနေသွားကြမှာလဲ "

" သဘော်နဲ့ "
သူ့ကိုမျက်မှောက်ကြုတ်ပြီးကြည့်သည်။

" သဘော်နဲ့ကလူများတယ်လေ ပစ္စည်းတွေကိုပဲအများဆုံးတင်ပို့တာ ကျွန်တော့်ကိုမှတ်မိသွားနိုင်တယ် "

" ကိုယ်သိပါတယ် သေချာစီစဥ်ထားပြီးသားပါ စိတ်မပူပါနဲ့ စောသာကိုယ့်နောက်ကိုလိုက်ခဲ့ရင် ဘာကိုမှမကြောက်ဘူး "

သူ့သဘောတူသည်နှင့် စေတီစောင်းဘက်ကနေ လတ်တလောငှားနေထားသည့်အိမ်ကို ခေါင်းစွပ်,စွပ်ထားကာခေါ်လာခဲ့သည်။ ဖုန်းမှမက်ဆေ့သံကြောင့် အမြန်ထုတ်ကြည့်ပြီး နှစ်ယောက်သားတိုင်ပင်ကာ ကမ်းစပ်နားလာစောင့်နေကြသည်။ တချို့လူတွေကတော့ ဟိုဘက်ကမ်းကို ပစ္စည်းတွေနဲ့တခြားအရာများကိုသယ်ရန် သဘော်အလာကိုစောင့်နေကြတယ်..... ဒီကောင်လေး အလွန်ကြောက်နေပုံရတယ်...
❤38❤‍🔥3
အဆက်ပျက်သွားရင်အပေါ်မှာအပိုင်း16တင်ပေးထားတာလေးရှိပါတယ်ရှင့် မြန်မြန်လေးထပ်ဖတ်ချင်တယ်ဆိုရင်reatများများလေးပေးခဲ့ကြပါနော်🍀🤞
❤26🍓3
ကိုယ့်ကိုမချစ်တဲ့သူအပေါ် ဘာလို့တွယ်ငြိနေရတာပါလိမ့်🥹
😭52❤20💘20🍓6❤‍🔥5🕊1🐳1
တစ်ခုမေးမလို့
ကမ္ဘာပေါ်မှာ ဘယ်သူကိုအကြောက်ဆုံးလဲ🥺 စိတ်ထဲရှိတာသာဖြေလိုက်😖
❤‍🔥31❤10🍓7