Chinese OST Collection
8.3K subscribers
35 photos
849 videos
72 links
တရုတ်ဇာတ်လမ်းတွဲများထဲမှ ဇာတ်ဝင်တေးသီချင်းများ နားဆင်ခံစားနိုင်ပါသည်
Download Telegram
This media is not supported in your browser
VIEW IN TELEGRAM
` နုနယ်တဲ့ရေစက်ရေပေါက်လေးဟာ ခိုင်မာတဲ့ကျောက်စိုင်ကျောက်သားကြီးကိုတောင် စိမ့်ဝင်ဖြတ်သန်းနိုင်တယ် ´
ဤဆိုစကားအတိုင်း ဝေ့၊ချောင်နှစ်အိမ်တော်ကြားက အမုန်းရန်ငြိုးတွေ ပြေလျော့စေဖို့ရာ ဝေ့နယ်စားမင်း ဝေ့ရှောက်ရဲ့နှလုံးသားကျောက်စိုင်ထဲကို အလှတရားလေးရှောင်ချောင်က မေတ္တာရေစီးဆင်းအောင်လုပ်နိုင်မလား ဆိုတာကိုတော့ 𝗧𝗵𝗲 𝗣𝗿𝗶𝘀𝗼𝗻𝗲𝗿 𝗼𝗳 𝗕𝗲𝗮𝘂𝘁𝘆 ဆိုတဲ့ဇာတ်လမ်းလေးမှာ ကြည့်ရှုအဖြေရှာလို့ရနေပြီဖြစ်ကြောင်း အက်မင်က သတင်းကောင်းပါးလိုက်ပါတယ်ရှင်  🏹❤️

#Chinese_OST_Collection
❤41
𝗫𝗶𝗮𝗼 𝗭𝗵𝗮𝗻 ဦးဆောင်တဲ့ 𝗟𝗲𝗴𝗲𝗻𝗱 𝗼𝗳 𝗭𝗮𝗻𝗴 𝗛𝗮𝗶 ဒဏ္ဍာရီဇာတ်လမ်းတွဲသစ်ကို CCTV & Youku ရုပ်သံလိုင်းတို့ကနေ ယနေ့ 18.5.2025 မှာ ထုတ်လွှင့်ပြသပေးနေပြီဖြစ်ပါတယ်

Full OST 6 ပုဒ်ပါရှင်
𝐒𝐮𝐧 𝐍𝐚𝐧, 𝐘𝐮𝐚𝐧 𝐘𝐚𝐰𝐞𝐢, 𝐖𝐚𝐧𝐠 𝐇𝐞𝐲𝐞, 𝐋𝐢𝐮 𝐘𝐮𝐱𝐢𝐧, 𝐒𝐡𝐚𝐧 𝐘𝐢𝐜𝐡𝐮𝐧, 𝐂𝐮𝐫𝐥𝐞𝐲 𝐆𝐚𝐨 တို့ပါဝင်သီဆိုထားပါတယ်

【1】𝐌𝐚𝐢𝐧 𝐓𝐡𝐞𝐦𝐞 𝐒𝐨𝐧𝐠 ကတော့ 𝐒𝐮𝐧 𝐍𝐚𝐧 သီဆိုတဲ့《是我》ပဲဖြစ်ပါတယ်ရှင်
【2】𝐘𝐮𝐚𝐧 𝐘𝐚𝐰𝐞𝐢 ရဲ့《藏星》မှာတော့ ကျန့်ဟိုင်ဆိုတဲ့ သိုဝှက်ခံကြယ်လေးတစ်ပွင့်အကြောင်းရေးဖွဲ့ထားပါတယ်
【3】𝐖𝐚𝐧𝐠 𝐇𝐞𝐲𝐞 ကတော့ အပြောကျယ်တဲ့လောကကြီးကို《转身苍茫》နဲ့ရင်ဆိုင်ကြည့်ပါမယ်တဲ့
【4】𝐋𝐢𝐮 𝐘𝐮𝐱𝐢𝐧 ကလည်း《谁在等》ဆိုပြီး ဘယ်သူကများ စောင့်ဆိုင်းနေပါသလဲလို့ မေးမြန်းထားပါတယ်
【5】ငွေလဝန်းထက်ကတေးသီသံလေး 《月上歌》ကိုတော့ 𝐒𝐡𝐚𝐧 𝐘𝐢𝐜𝐡𝐮𝐧 ကသီဆိုထားပါတယ်
【6】𝐂𝐮𝐫𝐥𝐞𝐲 𝐆𝐚𝐨 ရဲ့《风月局中》ကတော့  စစ်တုရင်ကစားပွဲထက်က လေပြည်ခတဲ့လမင်းလေးအကြောင်း ဖွဲ့ဆိုထားပါတယ်

#Chinese_OST_Collection
❤27
This media is not supported in your browser
VIEW IN TELEGRAM
သင်္ချိုင်းဂူပေါင်းများစွာတည်ဆောက်ခဲ့သူ နက္ခတ္တဗေဒပညာရှင် အမတ်မင်းကျန့်ဟိုင်ဆိုတဲ့နာမည်ကို ဒီလောကမှာ ဘယ်သူကများ မကြားဖူးဘဲနေမလဲ
သို့သော်ငြား သူ့ရဲ့ဒဏ္ဍာရီမှာတော့ အမုန်းရန်ငြိုးတွေနဲ့ ပြည့်နှက်နေလေရဲ့
သွေးကြွေးကလဲ့စားချေမယ့် ကျန့်ဟိုင်ရဲ့ဘဝခရီးကို
  𝗟𝗲𝗴𝗲𝗻𝗱 𝗼𝗳 𝗭𝗮𝗻𝗴 𝗛𝗮𝗶 မှာ စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာမို့ OST အမြည်းလေးနားဆင်ရင်း ဆက်ဆက်စောင့်ကြည့်ဖို့ မမေ့ပါနဲ့နော်

#Chinese_OST_Collection
❤‍🔥34❤15
Forwarded from 🌸 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐎𝐒𝐓 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 🦋 (Zy)
Media is too big
VIEW IN TELEGRAM
` ငါက အရမ်းကံဆိုးတယ်၊
နှလုံးသားမှာ ဘာခံစားချက်ပဲရှိခဲ့ရှိခဲ့၊
နောက်ဆုံးမှာ အားလုံးက အမုန်းအဖြစ်ကို ပြောင်းလဲသွားတာပဲ။
´

[MV Version]
Love of the Divine Tree Ending Theme Song 《仙台有树》
Song Title _ အမတအဖြစ်တက်လှမ်းနိုင်ခဲ့လျှင် 《若仙》
Singer _ 周深 (Zhou Shen)
❤34
Forwarded from 🌸 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐎𝐒𝐓 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 🦋 (Zy)
Media is too big
VIEW IN TELEGRAM
` အဘယ်ကြောင့်များ ကောင်းကင်ဘုံမှအပ်နှင်းတဲ့လက်ဆောင်တွေကြား အချစ်ဆိုတဲ့စကားလုံးက ပျောက်ဆုံးနေရတာလဲ၊
အမှောင်ညတွေထဲကျရောက်ခဲ့လည်း အမတဖြစ်မယ့်သူကဖြစ်ကိုဖြစ်လာမှာပဲ၊
မင်းလက်ကိုတွဲလို့ တစ်နေ့ပြီးတစ်နေ့ တစ်နှစ်ပြီးတစ်နှစ် ဖြတ်သန်းမယ်။
´

[Lyrics Version]
Love of the Divine Tree Ending Theme Song 《仙台有树》
Song Title _ အမတအဖြစ်တက်လှမ်းနိုင်ခဲ့လျှင် 《若仙》
Singer _ 周深 (Zhou Shen)
❤29
Forwarded from 🌸 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐎𝐒𝐓 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 🦋 (Zy)
Media is too big
VIEW IN TELEGRAM
ဇာတ်လမ်းနာမည်ဖြစ်သလို မူရင်းဝတ္ထုနာမည်လေးဖြစ်တဲ့《折腰》ဆိုတာက ပုံမှန်ဆို တစ်စုံတစ်ယောက်ကို ဦးညွှတ်သည်လို့ အဓိပ္ပာယ်ရပါတယ်။

“ 男人为女人折腰 ”
“ ယောက်ျားလေးက မိန်းကလေးအတွက် ဦးညွှတ်ပေးသည်
”
ဒီစကားလေးကို ကြားဖူးမလားမသိပေမယ့် တကယ့်အဓိပ္ပာယ်ကတော့
“ ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ချစ်မိသွားရင် အဲ့ဒီမိန်းကလေးအတွက် ဘာမဆိုလုပ်ပေးဖို့ ဆန္ဒရှိလာတာကို” ပြောချင်တာပါ။

“ 君为我折腰 我亦为君倾倒 ”
“ မောင်ကမေ့အတွက် ဦးညွှတ်ဖို့ဆန္ဒရှိလာရင်
မေကလည်းမောင့်အတွက် နှလုံးသားနှင့်ရင်းလို့ချစ်မြတ်နိုးပေးမယ် ”

ရှောင်ချောင်ပြောတဲ့စကားလေးအတိုင်းပဲပေါ့
“ ဝေ့ရှောက်က ရှောင်ချောင်အတွက် ဘာဆိုလုပ်ပေးဖို့ ဆန္ဒရှိလာရင်
ရှောင်ချောင်ကလည်း ဝေ့ရှောက်အတွက်
အရာရာကို ပစ်ချရဲပါတယ် ” တဲ့လေ 🏹❤️

ဝေ့ရှောက်ကိုယ်တိုင် သီဆိိုထားတဲ့ အပိတ်သီချင်းလေး
“ မီးပြတိုက်ပမာ လမင်းငယ် ” ကို
520 Dday အတွက် လက်ဆောင်လေးအဖြစ် ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ် ခံစားအားပေးကြပါဦးရှင့် 🙆💛

[MV Version]
The Prisoner of Beauty Ending Theme Song 《折腰》
Song Title _ မီးပြတိုက်ပမာ လမင်းငယ် 《烽月》 Singer _ 刘宇宁 (Liu Yuning)
❤64🥰8
Forwarded from 🌸 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐎𝐒𝐓 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 🦋 (Zy)
Media is too big
VIEW IN TELEGRAM
“ ကိုယ်လေ တောတောင်ပင်လယ်တွေကို ကူးဖြတ်ပြီး လေပြည်ခတဲ့လမင်းလေးကို မင်းနဲ့အတူရှုစားမယ်
အရွယ်အိုသွားသည့်တိုင် စတွေ့စဥ်ကအတိုင်း ဘာမှပြောင်းလဲခြင်းမရှိပါကွယ်
”

[Lyrics Version]
The Prisoner of Beauty Ending Theme Song 《折腰》
Song Title _ မီးပြတိုက်ပမာ လမင်းငယ် 《烽月》
Singer _ 刘宇宁 (Liu Yuning)
❤78❤‍🔥5
Forwarded from 🌸 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐎𝐒𝐓 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 🦋 (Zy)
Media is too big
VIEW IN TELEGRAM
` လူတွေက တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရတဲ့အချိန်မှသာ
သူတို့ပိုင်ဆိုင်ထားတဲ့အရာက အဖိုးတန်မှန်း နားလည်သွားကြတယ် ထင်ပါရဲ့
´

Rising With the Wind Ending Theme Song 《我要逆风去》
Song Title _ မင်းကိုဆုံးရှုံးလိုက်ရပြီ 《遗失了你》
Singer _ 李琦 (Li Qi)
❤18
Forwarded from 🌸 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐎𝐒𝐓 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 🦋 (Zy)
Media is too big
VIEW IN TELEGRAM
` ရေစက်သံသရာတစ်ခုရယ်၊
ဖူးစာရေစက်တစ်ခုကို ရစ်ပတ်နှောင်ဖွဲ့ထားကာ၊
အချစ်ရှိနေသရွေ့ လောကဓံမုန်တိုင်းများကို မကြောက်မရွံ့ ရင်ဆိုင်နိုင်ပါတယ်။ ´


သီချင်းစာသားက
ရေစက်သံသရာတွေရော
ဖူးစာရေစက်တွေရောမို့
နည်းနည်းရှုပ်သလိုရှိပေမယ့်
အဓိပ္ပာယ်ကတော့လွယ်ပါတယ်

သံသရာစက်ဝန်းထဲမှာ
ရေစက်ရှိလို့ ဆုံတွေ့ကြပေမယ့်
ရေစက်ကုန်ရင် ခွဲခွာရမှာပဲလေ၊
ဖူးစာပါမှသာ ပေါင်းဖက်နိုင်မှာပါ
။
အဲ့ဒီသဘောကို နားလည်ရင် ရပါပြီ 💙🌳

[MV Version]
Love of the Divine Tree OST 《仙台有树》
Song Title _ ရေစက်သံသရာ 《缘圈》
Singer _ 刘宇宁 (Liu Yuning)
❤31❤‍🔥5
Forwarded from 🌸 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐎𝐒𝐓 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 🦋 (Zy)
Media is too big
VIEW IN TELEGRAM
` လပြည့်ဝန်းမှာတောင် လဆုတ်လကွယ်ရှိတယ်ဆိုရင်၊
အချိန်တွေက အရာရာကိုပြောင်းလဲစေနိုင်တယ်ဆိုရင်၊
ကိုယ်ကတော့ ငန်းရိုင်းများပမာ မင်းနဲ့အတူ ဟိုးအဝေးဆုံးအထိ ခရီးဆက်ချင်တယ်။
´

[Lyrics Version]
Love of the Divine Tree OST 《仙台有树》
Song Title _ ရေစက်သံသရာ 《缘圈》
Singer _ 刘宇宁 (Liu Yuning)
❤35❤‍🔥2
Forwarded from 🌸 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐎𝐒𝐓 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 🦋 (Zy)
Media is too big
VIEW IN TELEGRAM
ဒီသီချင်းလေးကိုတော့ မကြားဖူးတဲ့သူမရှိလောက်ဘူးထင်ပါတယ်

2006 တုန်းကထွက်ရှိခဲ့ပြီး
မကြာခင်မှာ အနှစ် ၂၀ ပြည့်မယ့်
လူသားကောင်လေးနဲ့ နတ်သမီးလေးတို့ရဲ့ချစ်ပုံပြင်လေးကို
ပြန်တမ်းတကြရအောင် 🧚‍♀️🤍

[Female Version]
The Little Fairy Opening Theme Song 《天外飞仙》
Song Title _ ချစ်ခြင်းကမ္ဘေကမ္ဘာ 《一眼万年》
Singer _ S.H.E
❤23
Forwarded from 🌸 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐎𝐒𝐓 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 🦋 (Zy)
Media is too big
VIEW IN TELEGRAM
` မြင်မြင်ချင်းမေတ္တာသက်ဝင်ခဲ့ပြီး
ချစ်ခြင်းကမ္ဘေကမ္ဘာခိုင်မြဲခဲ့ပါတယ် 
သံသရာစက်ဝန်းကို ဖြတ်သန်းပြီးလည်း
အလွမ်းများက သေဆုံးမသွားပါကွယ်
´

[Male Version]
The Little Fairy Opening Theme Song 《天外飞仙》
Song Title _ ချစ်ခြင်းကမ္ဘေကမ္ဘာ 《一眼万年》
Singer _ 林俊杰 (JJ Lin)
❤22
Forwarded from 🌸 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐎𝐒𝐓 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 🦋 (Zy)
Media is too big
VIEW IN TELEGRAM
` နှစ်ထောင်ချီ ဖြတ်သန်းခဲ့ရသော
မျက်ရည်စက်များရယ် 
အိပ်မက်ထဲမှာပဲ တွေ့မြင်နိုင်ပါတယ် 
တစ်ကြိမ်လောက်ဖြစ်ဖြစ်
မင်းနဲ့ထပ်တွေ့နိုင်ဖို့ ကိုယ်ဘယ်လောက်တောင် ဆုတောင်းခဲ့ရလဲလေ
´

The Little Fairy Ending Theme Song 《天外飞仙》
Song Title _ နှစ်ထောင်ချီမျက်ရည် 《千年泪》
Singer _ Tank
❤22
Forwarded from 🌸 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐎𝐒𝐓 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 🦋 (Zy)
Media is too big
VIEW IN TELEGRAM
` ငါက အေးစက်ခက်ထန်သလို ထိခိုက်ခံစားလွယ်တယ်၊
ငါက တည်ကြည်လေးနက်သလို ရူးသွပ်မိုက်မဲတယ်၊
ငါက ကမ္ဘာကြီးကိုကြိုးကိုင်ခြယ်လှယ်နိုင်သလို
သာမန်ပြည်သူလည်း ဖြစ်တယ်၊
ဘယ်လိုပုံစံမျိုးဖြစ်ဖြစ်
မင်းကလည်း ငါပါပဲ။
´

[MV Version]
Legend of Zang Hai Main Theme Song 《藏海传》
Song Title _ It's Me 《是我》
Singer _ 孙楠 (Sun Nan))
❤41
Forwarded from 🌸 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐎𝐒𝐓 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 🦋 (Zy)
Media is too big
VIEW IN TELEGRAM
မနေ့ကပဲ ဇာတ်သိမ်းသွားပြီဆိုတော့
အမတ်မင်းကျန့်ဟိုင်ကို
အကြိုက်တွေ့ကြရဲ့လား 💗

[Lyrics Version]
Legend of Zang Hai Main Theme Song 《藏海传》
Song Title _ It's Me 《是我》
Singer _ 孙楠 (Sun Nan))
❤77🥰6
ဒီတစ်ခါတော့ အက်မင်က《半壶纱》ဆိုတဲ့သီချင်းလေးအကြောင်း ပြောပြပေးပါမယ်။ ကျန်းနန်ဒေသကို အခြေခံပြီးရေးဖွဲ့သီဆိုထားတဲ့ ကူဖုန်းသီချင်းလေးတစ်ပုဒ်ပါ။

ဒီသီချင်းလေးမှာ ဖခင်ကြီးနဲ့သမီးလေးဆိုပြီး ဇာတ်ဆောင် ၂ ဦးပါဝင်ထားပါတယ်။ အက်မင်ကတော့ သီချင်းလေးရဲ့အဓိပ္ပာယ်ကို နားလည်လွယ်အောင် အပိုင်း ၅ ပိုင်းခွဲပြီး နောက်ခံဇာတ်လမ်းလေးအ​ကြောင်း ပြောပြသွားမှာပါ။

ပထမအပိုင်းမှာ ကျန်းနန်က ရေပတ်လည်ဝိုင်းနေတဲ့ရှေးဟောင်းအိမ်ကြီးတွေကို မြင်ယောင်ကြည့်ပေးပါနော်။
ဇာတ်ဆောင်နှစ်ဦးနေထိုင်တဲ့ အိမ်တံခါးဝရှေ့မှာ ရေကန်အကြီးကြီးရှိပါတယ်။ သမီးဖြစ်သူဟာ စာပေ၊ပန်းချီ၊အနုပညာကို နှစ်ခြိုက်သူဖြစ်တာ​ကြောင့် စုတ်တံများကို ရေကန်ထဲနှစ်ပြီး ရေဆေးလေ့ရှိပါတယ်။
အချိန်ကြာလာတဲ့အခါမှာ ရေကန်အတွင်းရှိရေတွေထဲ မှင်ရည်ပျံ့သွားတိုင်း ပျံ့သွားတိုင်း ကြွေပန်းအိုးကို ဆေးရောင်ခြယ်ထားသည့်ပမာ ဆင်တူနေပါတယ်။
စာပေအနုပညာလိုက်စားပြီး လိမ္မာယဥ်ကျေးတဲ့ သမီးပျိုလေးဖြစ်ကြောင်း တင်စားပြီး ရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။

ဒုတိယအနေနဲ့ကတော့ မိုးသောက်အရုဏ်လင်းချိန်မှာ တောင်ပေါ်တက်ပြီး ဆည်းဆာနေဝင်ချိန်မှာ မျှစ်ချိုးလို့အိမ်ပြန်ကြတဲ့ တောင်သူလေးပေါ့။ ပျိုးကျဲရာသီဆို ကောက်ပင်ပိုးစာ စသဖြင့် သီးနှံပင်တွေကို မျိုးစေ့ချစိုက်ပျိုးတယ်။ ဒီလိုမျိုး နေ့စဥ်ကြုံတွေ့ နေရတဲ့သူမဘဝဟာ ခံစားချက်ပယ်ပြီး သင်္ကန်းရုံထားတဲ့ ရဟန်းသံဃာတွေနဲ့မထူးခြားဘဲ အရမ်းပျင်းရိဖွယ်ကောင်းကြောင်း ညည်းညူနေဟန် ရေးဖွဲ့ထားပါတယ်။

မက်မွန်ပန်းတွေပွင့်ဝေတဲ့ရာသီရောက်လာတော့ သမီးကညာလေးဟာ အိမ်ထောက်ရက်သားပြုဖို့ အရွယ်ကောင်းအချိန်ကောင်းကို ရောက်ရှိလို့လာပါပြီ။ ဇာမဏီသရဖူကို ဆံကေသာထက်မှာပန်ဆင်လို့ ပုလဲလုံးလေးတွေက တွဲလဲခိုလျက်။ စန္ဒကူးနံ့သာထွန်းထားတဲ့ ကမ္ပည်းစာတိုင်ရှေ့မှာ ဖခင်ကြီးကို လက်ဖက်ရည်ဆက်သပြီး မင်္ဂလာမောင်နှံဟာ လက်ထပ်ထိမ်းမြားခဲ့ပါတယ်။
တတိယအပိုင်းမှာတော့ သမီးပျိုလေး အိမ်ထောင်ပြုသွားတဲ့မြင်ကွင်းကို ဖခင်ကြီးနေရာကနေ ဒီလိုမျိုးလေးခံစားရေးဖွဲ့ထားခြင်းဖြစ်ပါတယ်။

တကယ်လို့သာ သမီးလေးက ဒီဖခင်ကြီးရဲ့ရင်တွင်းခံစားချက်တွေကို ကောင်းကောင်းနားလည်မယ်ဆိုရင်
ဖခင်ကြီးဟာ သူ့ဘဝတစ်သက်တာလုံး ဗုဒ္ဓဘုရားထံ ကြာပန်းကပ်လှူပြီး သမီးလေးအတွက် ဆုတောင်းပေးပါမယ်တဲ့လေ။
ဒီစတုတ္ထပိုင်းမှာ မိဘတွေရဲ့ရင်ထဲမှာ သားသမီးကလွဲပြီး တခြားအရေးကြီးတာ ဘာမှမရှိဘူးဆိုတဲ့အကြောင်းလေး သိစေချင်တာဖြစ်ပါတယ်။

နောက်ဆုံးအပိုင်းလေးမှာတော့ လူ့ဘဝဆိုတာ မြက်ပင်ပေါင်းပင်များပမာ သေးငယ်တိုတောင်းပြီး ဘာမှအထူးတလည် ကွာခြားနေတာ မရှိတဲ့အကြောင်း၊ အချိန်ကုန်မြန်လာသည်နှင့်အမျှ မျက်စိတစ်မှိတ်အတွင်းမှာပဲ အိုမင်းသွားပါပြီ။ လေပြည်၊ပန်း၊နှင်း၊လစတဲ့ စိတ်ကြည်နူးဖွယ်ခံစားချက်တွေဟာလည်း မတည်မြဲဘူးဆိုတဲ့အကြောင်းကို ရယ်သွမ်းသွေးပြီး ပြောပြနေပါတယ်တဲ့လေ။

အက်မင်တို့ လက်ဖက်ရည်ကြမ်းသောက်တဲ့အခါ သုံးကာစခွက်အသစ်ဆိုရင် တစ်ခါတည်းနဲ့ဆေးလို့ပြောင်ပေမယ့် ကြာလာတဲ့အခါမှာ လက်ဖက်ရည်ဂျိူးတက်တတ်ပါတယ်။ ကြွေခွက်တွေမှာ ပိုသိသာပါတယ်။ အဲ့ဒီအခါမျိုးမှာ ဆေးရခက်သလို ဆေးလို့မပြောင်းတော့တာတွေလည်းရှိပါတယ်။

ဒီသီချင်းလေးကလည်း အဲ့ဒီသဘောကို နှိုင်းယှဥ်ပြီး ပြောပြထားတာပါ။
သမီးကညာအိမ်ထောင်ပြုသွားတဲ့အခါမှာ ဖခင်အိုကြီးဟာ မင်္ဂလာမောင်နှံဆက်သသွားတဲ့ လက်ဖက်ရည်ကြမ်းကို တစ်ဝက်ပဲသောက်ပြီး ကျန်တစ်ဝက်ကို ကြည့်ရင်း သူ့အနားမှာ သမီးလေးမရှိတော့တဲ့ဘဝက အရမ်းအထီးကျန်ဆန်တဲ့အကြောင်းကို တွေးဆပြီးသီဆိုထားတာဖြစ်ပါတယ်။

တကယ်တော့ ကူဖုန်းတွေမှာ မတူညီတဲ့နောက်ခံပုံပြင်မူကွဲတွေအများကြီးရှိပေမယ့် အက်မင်ကတော့ ဒီပုံပြင်လေးကိုရွေးပြီး ပြောပြပေးထားပါတယ်။
အခါးရည်တစ်ဝက် 🍵 ဆွေးတစ်သက် ဆိုပြီး နာမည်လှလှလေးပေးထားတာမို့ ခံစားနားဆင်ကြည့်ပါဦးနော်။
အက်မင့်ရဲ့ စာအရှည်ကြီးတိုင်းကို အရေးတယူဖတ်ပေးလို့လည်း ကျေးဇူးတင်ပါတယ်ရှင့်။
ကူးယူဖော်ပြခြင်းမျိုးမလုပ်ဖို့ ထပ်မံမေတ္တာရပ်ခံပါတယ်ရှင်။ 🥰💛

#Chinese_OST_Collection
❤38
Forwarded from 🌸 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐎𝐒𝐓 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 🦋 (Zy)
This media is not supported in your browser
VIEW IN TELEGRAM
I Will Never Let You Go OST 《小女花不弃》
Song Title _ အခါးရည်တစ်ဝက် ဆွေးတစ်သက် 《半壶纱》
Singer _ 刘珂矣 (Liu Keyi)
❤46
Forwarded from 🌸 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐎𝐒𝐓 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 🦋 (Zy)
Media is too big
VIEW IN TELEGRAM
` ကိုယ်တို့ကံကြမ္မာတွေဆက်နွယ်သွားစေဖို့ရာ ကိုယ့်ရဲ့အရာအားလုံးကို ပုံအောပြီး
အဆုံးမရှိတဲ့အချစ်ကဗျာလေးကို သက်ဆုံးတိုင် ဆက်လက်ရေးဖွဲ့သွားမယ်
´

[FMV Version]
Love of the Divine Tree OST 《仙台有树》
Song Title _ မပြီးဆုံးသေးသော 《未尽》
Singer _ 品冠 (Pin Guan)
❤21🥰2
Forwarded from 🌸 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐎𝐒𝐓 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 🦋 (Zy)
This media is not supported in your browser
VIEW IN TELEGRAM
[Lyrics Version]
Love of the Divine Tree OST 《仙台有树》
Song Title _ မပြီးဆုံးသေးသော 《未尽》
Singer _ 品冠 (Pin Guan)
❤25🥰1
Forwarded from 🌸 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐎𝐒𝐓 𝐂𝐨𝐥𝐥𝐞𝐜𝐭𝐢𝐨𝐧 🦋 (Zy)
Media is too big
VIEW IN TELEGRAM
` ချောက်နက်ထဲ
တို့ခုန်ဆင်းရမယ်ဆိုရင်တောင်
ရှင်သာအန္တရာယ်ကင်းမယ်ဆိုရင်
တို့နောက်တစ်ခါထပ်မစဥ်းစားဘဲ
သေခြင်းတရားကို လက်ခံပေးမှာပါ ´


[FMV Version]
Love of the Divine Tree OST 《仙台有树》
Song Title _ အသက်ကိုအပ်နှင်း၍ 《尽献》
Singer _ 张紫宁 (Zhang Zining)
❤20🥰1