တစ်ပတ် သုံးရက်၊ တနင်္လာ ၊ အင်္ဂါ၊ ဗုဒ္ဓဟူး သုံးရက် သာ သင်ပါတော့မယ်။ ညနေ ၈-၉ ပါပဲ။ စာသင်ချိန်နည်းသွားပေမယ့် ပိုထိရောက်အောင် ကြိုးစားသင်ပေးပါ့မယ်
❤74🔥1
သင်ခန်းစာတွေ ကြည့်တာ အားနည်းလာတာ သတိထားမိပါတယ်
❤66👍30🔥1
လေ့လာသူ အရေအတွက် အတော်လေး နည်းနေပါတယ်
❤119👍8🔥1
အားမလျှော့ပဲ ဇွဲနဲ့ လေ့လာပေးပါ။ တစ်လပြည့်ရင် ထူးခြားလာပါလိမ့်မယ်
❤193🔥2
Fundamentals နှင့် Philosophy
====================
ကျွန်တော်တို့ လက်ရှိခေတ်သည် ပညာခေတ်ဖြစ်သည်ဟု အများက လက်ခံထားကြပါသည်။ ထို့ကြောင့် ကျွန်တော်တို့ အနေဖြင့် နားလည်သိတတ်စအရွယ်မှ စ၍ ပညာမျိုးစုံတို့ကို သင်ကြားလေ့လာကြရပါသည်။
…
အင်ဂျင်နီယာာကျောင်းသားဘဝတွင် ဆရာများကဘာသာရပ်ဆိုင်ရာ အခြေခံများကို နားလည်သဘောပေါက်ပြီး လက်တွေ့ အသုံးချတတ်စေရန် သင်ကြားပေးခဲ့ကြပါသည်။ အဆင့်မြင့် သီအိုရီများနှင့် တီထွင်ဖန်တီးမှုများသည် တကယ်တော့ အခြေခံကျသော Fundamentals များကို ဆင့်ပွားပေါင်းစပ် တီထွင်ထားခြင်းမျှသာ ဖြစ်ပါသည်။
…
သံလိုက်ကို လျှပ်စစ်အသုံးပြု၍ ဖန်တီးနိုင်သည် ဟူသော အခြေခံ သဘောတရားကို အသုံးပြု၍ Relay များမှ အစပြု၍ ကျည်ဆန်ရထားများမှသည် Electron Accelerator များအထိ တီထွင်ဖန်တီးခဲ့ကြခြင်း ဖြစ်ပါသည်။ ပါရဂူဘွဲ့ယူကျမ်း တင်သွင်းရန်အတွက် မော်တာတစ်လုံး၏ လုပ်ဆောင်ချက်များကို တုပဖန်တီးထားသည့် Mathematical Model အသစ်တစ်ခု တီထွင်စဉ်းစားရာတွင် ဒုတိယနှစ်၊ တတိယနှစ်ကျောင်းသားဘဝက သင်ကြားခဲ့ရသည့် Fundamentals အခြေခံများကိုသာ အဓိက အသုံးချ၍ ဖန်တီးယူနိုင်ခဲ့သည်ကိုလည်း တင်ပြလိုပါသည်။ အထက်ပါ အချက်များသည် ကျွန်တော်ကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး နှစ်ပေါင်းများစွာကြာမှ နားလည်သဘောပေါက်လာခဲ့ရသော အလွန်အရေးကြီးသည့် အချက်များပင်ဖြစ်ပါသည်။
…
သာမန်အားဖြင့် လူအများက အခြေခံဟုဆိုလျှင် အထင်မကြီးချင်တတ်ကြသော သဘောသဘာဝ ရှိပါသည်။ ကျွန်တော့် အနေဖြင့် နှစ်ပေါင်းများစွာ လေ့လာခဲ့ရသော အတွေ့အကြုံများကြောင့် အခြေခံ၏ အရေးပါ အရာရောက်မှုကို သိရှိနားလည်ထားပြီး မိမိကိုယ်တိုင် ဆရာဖြစ်လာသည့်အခါ တပည့်များအား အလေးအနက်ထား သင်ကြားပေးလေ့ ရှိပါသည်။
…
အခြေခံကို သင်ကြားရာတွင် ပထမဆုံးအနေဖြင့် ဘာသာရပ်ဆိုင်ရာ အခေါ်အဝေါ်များကို ရှင်းရှင်းလင်းလင်း သိရှိနားလည် သဘောပေါက်စေရန် ကြိုးစား အားထုတ်ကြရပါသည်။
ထို့နောက် သီအိုရီများ၊ စက်ပစ္စည်းများ အလုပ်လုပ်ပုံကို နားလည်စေရန် သင်ကြားပေးကြရပါသည်။ ထိုသို့ သင်ကြားရာတွင် အဆိုပါ သီအိုရီများ၊ စက်ပစ္စည်းများ ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းကစ၍ အဆင့်ဆင့် တိုးတက်ဖြစ်ပေါ် တီထွင်လာခဲ့ပုံများကို သင်ကြားပေးနိုင်ရန် ကြိုးစားအားထုတ်ကြရပါသည်။ အဆိုပါ သမိုင်းကြောင်းများသည် ကျယ်ပြန့်ပြီး ဆရာကိုယ်တိုင် ပြည့်စုံစွာ သိရန် အလွန်ခက်ခဲပါသည်။ ဆရာနှင့် တပည့် ပူးပေါင်း၍ အင်တာနက်ကို ထိရောက်စွာ အသုံးပြုပြီး သုတေသန ဆန်ဆန် လေ့လာမှတ်စုထုတ်စေခြင်း၊ ပြန်လည်ရှင်းလင်းတင်ပြခြင်း နည်းလမ်းများဖြင့် ချဉ်းကပ် သင်ကြားကြရပါသည်။
….
အဆိုပါ အဆင့်ပြီးမြောက်လျှင် လေ့လာထားသည့် သီအိုရီများ၊ စက်ပစ္စည်းများကို လက်တွေ့ အသုံးချတတ်စေရန် ဆက်လက် သင်ကြားကြရပါသည်။
ဤအပိုင်းသည် Practical ဆန်သည့် အပိုင်းဖြစ်၍ သင်ထောက်ကူများ ပြည်စုံလုံလောက်ရန် အရေးကြီးပါသည်။ သင်ထောက်ကူ အားနည်းသည့် အခြေအနေမျိုးတွင် Simulator များဖြင့် အစားထိုး သင်ကြားနိုင်ပါသည်။ ယနေ့ခေတ်တွင် အဆင့်မြင့်မားသည့် Simulator Software များကို အသုံးချ၍ လက်တွေ့စမ်းသပ်မှုအချို့ကို အစားထိုး သင်ကြားပေးလာနိုင်ပြီ ဖြစ်ပါသည်။
…
လက်တွေ့ အသုံးချနိုင်မှုရှိလာသည့် ကျောင်းသားများကို ဆက်လက်၍ အစိတ်အပိုင်းများ ခွဲခြားစိတ်ဖြာ လေ့လာနည်းများ သင်ကြားပေးကြရပါသည်။ သီအိုရီ တစ်ခုနှင့် တစ်ခု၊ စက်ပစ္စည်းတစ်ခုနှင့် တစ်ခု ဆက်စပ်လုပ်ကိုင် ဆောင်ရွက်ပုံ၊ ကြောင်းကျိုးဆက်စပ်ပုံ အစရှိသော လေ့လာမှုများ ပြုလုပ်ကြရပါသည်။
ခွဲခြမ်းစိတ်ဖြာ လေ့လာတတ်ပြီဆိုလျှင် လေ့လာထားသမျှကို အခြေခံ၍ အလားတူ သီအိုရီ သို့မဟုတ် စက်ပစ္စည်းတစ်ခုကို ပိုမိုကောင်းမွန်သည့် အားသာချက်များ ထည့်သွင်း တည်ဆောက်ဖန်တီးတတ်စေရန် သင်ကြားပေးရပြန်ပါသည်။
….
တီထွင်ဖန်တီးတတ်လာသည့် ကျောင်းသားများကို နောက်ဆုံးအဆင့်အနေဖြင့် နှိုင်းယှဉ်သုတေသနပြုခြင်းနည်းလမ်းများကို သင်ကြားပေးကြရပါသည်။ အင်ဂျင်နီယာများအနေဖြင့် မှန်ကန်သည့် ရွေးချယ်မှု၊ အကြံပေးမှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်သင်ကြား လေ့ကျင့်ပေးရခြင်း ဖြစ်ပါသည်။ ထိုသို့ ဝေဖန် ရွေးချယ် အကြံပေးရာတွင် ဘက်မလိုက်ဘဲ ထင်ရှားသည့် ရလဒ်အချက်အလက်များကို အခြေခံ၍ စဉ်းစားတတ်စေရန် စနစ်တကျ လေ့ကျင့်ပေးရပါသည်။
…
အထက်တွင် တင်ပြခဲ့သည့် သင်ကြားမှု နည်းလမ်း အဆင့်ဆင့်သည် အလွန်အသေးစိတ်ပြီး စနစ်တကျ ရှိသည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။ ထိုသို့သော နည်းစနစ်မျိုးဖြင့် အခြေခံအားလုံးကို စုံလင်အောင် သင်ကြားပေးထားသည့် အင်ဂျင်နီယာကျောင်းသားတစ်ယောက်အနေဖြင့် လက်တွေ့ လုပ်ငန်းခွင်တွင် မသင်ကြားဘူးထားသည့် စက်ပစ္စည်းများကိုပင် ဆက်စပ်လေ့လာ အဖြေရှာနိုင်စွမ်း ရှိလာမည်ဟု ယုံကြည်ပါသည်။
…
အင်ဂျင်နီယာပညာ အခြေခံကောင်းများ ရရှိထားသော ကျောင်းသားတစ်ဦးအနေဖြင့် ဆက်လက်လေ့လာသင်ကြားရမည့် ဘာသာရပ်မှာ Engineering Philosophy ဟု ခေါ်ဆိုသည့် အင်ဂျင်နီယာ ဒဿန ဘာသာရပ်ပင်ဖြစ်ပါသည်။
အတတ်ပညာ ပြည့်စုံရုံသာမက အတွေးအခေါ်မြင့်မားလာမှသာ တိုင်းပြည်အတွက် အားထားရသည့် ပညာရှင် တစ်ဦးဖြစ်လာနိုင်မည် ဖြစ်ပါသည်။

❤108👍17🔥4🤣1
ဂရိတွေးခေါ်ပညာရှင်ကြီး အရစ်စတိုတယ်က ဒဿနပညာကို Science of Truth အမှန်တရားကို ရှာဖွေသည့် သိပ္ပံပညာ ဟု ဆိုခဲ့ပါသည်။ ကျွန်တော်တို့ အနေဖြင့် ကျောင်းသားများအား Engineering Philosophy ဘာသာရပ် သင်ကြားရာတွင် ပညာတတ်သလောက် စိတ်ကောင်းနှလုံးကောင်းနှင့် အများအကျိုးကို ရှေးရှုဆောင်ရွက်လိုသည့် အတွေးအခေါ်ကောင်းများကို အားကောင်းလာစေရန် ရည်ရွယ်သင်ကြားလျက်ရှိကြောင်း တင်ပြလိုက်ရပါသည်ခင်ဗျား။
….
Dr. Aung Win Htut
….
Dr. Aung Win Htut
❤169🙏13👍6🔥3
Group ထဲမှာ လူပေါင်း ၈၀၀၀ ကျော် ရှိနေပါတယ်။ တကယ်လေ့လာဖြစ်တဲ့သူတွေ ဘယ်သူတွေ ရှိလဲ သိချင်လို့။ တကယ်လေ့လာဖြစ်သူများ ဒီ post ကို flame react ပေးခဲ့ကြပါ ခင်ဗျာ
🔥509❤85😁7👻2👍1
David_Watson_Helen_Williams_Cambridge_IGCSE_and_O_Level_Computer.pdf
15.5 MB
လာမယ့် အပတ်ကစပြီး
ပညာဒါန CS အတန်းကို
Cambridge IGCSE and O Level CS
စာအုပ်ကို သင်ရိုးအဖြစ်ထားပြီး စသင်ပေးပါ့မယ်
...
အချို့က စာအုပ်ကြီးအတိုင်းသင်မှ
အဆင်ပြေမယ်လို့ ထင်နေကြလို့
သင်ကြားမှု ပုံစံ ပြောင်းလဲ သင်ကြားပေးပါ့မယ်
...
မြန်မာ ပြည်သူပြည်သားအားလုံး
ဘေးရန်ကင်းကွာ
စိတ်ချမ်းသာကြပါစေ
...
မေတ္တာဖြင့်

❤314👍21❤🔥4🔥1🥰1
သင်ခန်းစာ တင်ဖို့ နောက်ကျသွားတာ တောင်းပန်ပါတယ်။ ခုမှ တင်ထားတာဆိုတော့ ခဏနေမှ ကြည့်လို့ရမယ် ထင်ပါတယ်။ https://youtu.be/YQVIiLjHB-I
YouTube
Lecture 16 - Introduction to Logic
ပြည်ပမှာ ပညာတော်သင်သွားဖို့ ကြိုးစားနေတဲ့ ကလေးများအတွက်
Computer Science နဲ့ Programming အခြေခံကောင်းလေးတွေ ပါသွားစေဖို့
ပြည်တွင်းမှာ ပညာသင်ခွင့် ခက်ခဲနေတဲ့ ကလေးငယ်များ
နောင်တစ်ချိန် လေ့လာနိုင်ဖို့
ရည်ရွယ်ပါတယ်
.....
မေတ္တာဖြင့်
Dr. အောင်ဝင်းထွဋ်
Founder…

❤91👍3🥰1