Dawei Watch
✔
10.6K subscribers
29.8K photos
34 videos
37 files
22.2K links
Dawei Watch is a regional media based in Dawei, covering mainly southern Myanmar.

http://www.daweiwatch.com
https://www.facebook.com/DaweiWatch
https://www.youtube.com/c/DaweiWatchTV
Download Telegram
မလေးရှားတွင် လောင်းလုံး ဝေဒီရွာသားတစ်ဦး ကြိုးဆွဲချသေဆုံး

ကိုဝေဇော်သက်သည် အတူနေအခန်းဖော်များ အလုပ်သွားနေစဉ် နေထိုင်ရာအခန်း၌ပင် ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ၎င်း၏ မိတ်ဆွေတစ်ဦးက ပြောသည်။

ပုံစာ - ကိုဝေဇော်သက်၏ ရုပ်အလောင်းအား ရင်ခွဲရုံသို့ ပို့နေစဉ်။

အပြည့်အစုံဖတ်ရန် >
https://migrantdaweiwatch.com/27/11/2026/105110/
😢4🔥1
တနင်္သာရီမြို့နယ်ရှိ ကျေးရွာနှစ်ရွာကို စစ်အာဏာရှင်တပ်က ကာမီကာဇေဒရုန်းဖြင့် တိုက်ခိုက်

“ညဘက်ဆိုတော့ ဘယ်နေရာက လွှတ်လိုက်တာ မသိရဘူး။ ထိခိုက်မှုမရှိဘူး”

ဒေသခံတစ်ဦး

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/27/11/2026/141428/
🤬3❤1🔥1
ပလောက်မြို့၊ ဘုရင့်တောင်ရွာကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်သုံးစီးဖြင့် ဗုံးကြဲ

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲတာဖြစ်ပြီး အရပ်သားထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/27/11/2026/141431/
🤬4👏1😁1
နိုဝင်ဘာ ၂၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ကပ်ဘေးသင့် လောင်းလုံးမှာ နှစ်ဖက်တိုက်ခိုက်မှု ပြန်ဖြစ်တဲ့သတင်း
- ပလောက်တံတားနားမှာ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တွေ ပစ်ခတ်မှုဖြစ်တဲ့အခြေအနေ
- ကပ်ဘေးအလွန် သရက်ချောင်းမှာ စစ်ဘေးရှောင်ရသူ ထောင်ချီရှိနေတဲ့အကြောင်း
- တနင်္သာရီ သင်္ဘောဦးကျေးရွာအုပ်စုကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်နှစ်စင်းနဲ့ ဗုံးကြဲလို့ လူငယ်တစ်ဦးသေဆုံးတဲ့သတင်း
- တိုက်ပွဲပြင်းထန်နေတဲ့ ပုလောကို စစ်အာဏာရှင်တပ်က ဗုံးကြဲနေတဲ့အခြေအနေ
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ရုပ်သံကြည့်ရန် > https://youtu.be/ozvVW4aFFro
🔥2❤1
တစ်ပတ်အတွင်း တနင်္သာရီသတင်း

*******

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

- ကံပေါက် ၂၇၃ ခြေလျင်တပ်ရင်းအတွင်း ယာယီတပ်ရင်းမှူးကိုယ်တိုင် တရားမဝင် သတ္တုတူးဖော်

- ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ်  " ကပ်ဘေးအလွန် ဗုံးကြဲမှုတွေကြား နလန်မထူနိုင်သေးတဲ့ တနင်္သာရီ ပြည်သူ့အခြေပြုကျောင်းတွေ ”ဆိုတဲ့အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။

#DaweiWatch #DVB #Tanintharyi #တနင်္သာရီ #တစ်ပတ်အတွင်း တနင်္သာရီသတင်း

https://youtu.be/gfuhNtOSpZQ
❤1👍1🔥1
သတင်းအချက်အလက်မျှဝေခြင်းအားဖြင့် အသက်ပေါင်းများစွာကို ကာကွယ်ပါ

********

သွားလာနေရင်း သံသယဖြစ်စရာ အရာဝတ္ထုပစ္စည်းတခုခုကို တွေ့ခဲ့ရင် ချက်ချင်းရပ်တန့်ပါ။ လှုပ်ရှားမှု မလုပ်ပါနဲ့။ အနီးအနားမှာ သွားလာနေသူတွေရှိရင်လည်း အန္တရာယ်ရှိနိုင်လို့ ချက်ချင်းရပ်ဖို့ သတိပေးပါ။ ကိုယ်တိုင်ရော၊ ပတ်ဝန်းကျင်ကလူတွေပါ အဲဒီ အရာဝတ္ထုပစ္စည်းကို မထိ၊ မကိုင်ပါစေနဲ့။

#မြေမြှုပ်မိုင်းအန္တရာယ် #ပေါက်ကွဲလက်နက်ပစ္စည်း #တိုက်ပွဲ #LandmineAwareness #PSA

https://youtu.be/RA6MKQwp6UE
👍1🔥1
ထီးခီး-ထားဝယ်လမ်းနှင့် သုခစခန်း နေရာလေးခုကို စစ်အာဏာရှင်တပ် တိုက်လေယာဉ်ဖြင့်ဗုံးကြဲ

KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေထဲက အရပ်ဖက်ပစ်မှတ်တွေကို စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်နေတာ နှစ်လ ရှိပြီလို့ KNU ဘက် ဆိုပါတယ်။

Website > https://www.daweiwatch.com/28/11/2026/141451/
🤬3❤2
Dune: Part Three ကို Avengers: Doomsday နဲ့ တစ်ရက်တည်းအပြိုင် ရုံတင်ရမှာမို့ ဒါရိုက်တာ ဒဲနစ် ဗီလ်နူးဗ် စိတ်ပျက်

လက်ရှိအချိန်မှာ Dune: Part Three ထက် Avengers: Doomsday က ပိုပြီး အားကောင်းနေတယ်ဆိုတာ လက်ခံရမယ်လို့ဆိုပါတယ်။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/28/11/2026/141457/
👍2❤1🔥1
ကပ်ဘေး ရုန်းထရင်း ဗုံးမိုးပါကြောက်နေရတဲ့ ပြည်သူ့အခြေပြုကျောင်းတွေ

"ကလေးတွေရဲ့ ပညာရေးက ပိုပြီးခါးဆက်ပြတ်သွားနိုင်ပါတယ်"

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/28/11/2026/141460/
😢4🔥2❤1
ဒိုင်လူကြီးတွေ မှားယွင်းခဲ့တယ်ဆိုပြီး မန်ယူနောက်ခံလူ ယိုရို ရဲ့ အနီကတ်ကို ပယ်ဖျက်

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ရဲ့ သီးခြားစည်းကမ်းထိန်းသိမ်းရေးကော်မရှင်က ဒိုင်လူကြီးတွေဟာ ‘သိသာထင်ရှားတဲ့ အမှား’ ကို ကျူးလွန်ခဲ့ပါတယ်လို့ တညီတညွတ်ဆုံးဖြတ်ခဲ့တာပါ။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/28/11/2026/141465/
😁2🔥1
သေမင်းခံတွင်းဝက စစ်ရှောင် ကိုယ်ဝန်ဆောင်များ

“တောထဲဆိုတော့လည်း စိတ်ကျဉ်းကျပ်တယ်။ ဒါပေမဲ့ အထဲမှာ ကလေးရှိတော့ ပျော်အောင်နေရတယ်”

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/28/11/2026/141469/
🔥2😢2
“ဖရန့် အိုင်းလက် အမြန်ဆုံး ဆံပင်ညှပ်နိုင်စေရမယ်” ဆိုတဲ့ ပိုချက်တီနို

ဖရန့် အိုင်းလက် က "မန်ယူအသင်း ပြိုင်ပွဲစုံ ၅ ပွဲဆက် အနိုင်မရမချင်း ဆံပင်လုံးဝ မညှပ်ဘူး" လို့ စိန်ခေါ်ခဲ့တာပါ။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/28/11/2026/141476/
😁2🔥1
စစ်ကြောင့်ရခဲ့တဲ့ ကိုယ်၊ စိတ် ဒဏ်ရာများကို အတူတကွ ကုစားကြစို့

*******

မြေမြှုပ်မိုင်းအပါအဝင် ပေါက်ကွဲစေနိုင်တဲ့စစ်ကျန်လက်နက်ပစ္စည်းတွေကြောင့် ထိခိုက် ဆုံးရှုံးမှု ကြုံရသူတွေဟာ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့အတူ ကြိုးစားရှင်သန်နေထိုင်ကြရပါတယ်။

မြေမြှုပ်မိုင်းနဲ့အခြားသော ပေါက်ကွဲစေနိုင်သောပစ္စည်းတွေကြောင့် ထိခိုက်ဆုံးရှုံးကြရသူတွေကို စိတ်ဓာတ်ခွန်အားပေးပါ။ ပြန်လည်ထူထောင်ကုသရေးနဲအသက်မွေးဝမ်းကျောင်းဆိုင်ရာ ပြန်လည်ရပ် တည်နိုင်ဖို့ ဖေးမကူညီပါ။ သူတို့ရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုပါ။ လူမှုအသိုင်းအဝန်းအတွင်း အများနည်းတူပါဝင်နိုင်ကြပါစေ။

#မြေမြှုပ်မိုင်းအန္တရာယ် #ပေါက်ကွဲလက်နက်ပစ္စည်း #တိုက်ပွဲ #LandmineAwareness #PSA

https://youtu.be/HZzi-ZVHRyc
👍1🔥1
ပုလောတွင် စစ်အာဏာရှင်တပ် အရပ်သားနှစ်ဦးကိုသတ်ဖြတ်၊ အရပ်သား ကိုးဦးထက်မနည်းလည်း ဖမ်းဆီးခံရ

သတ်ဖြတ်ခံရတဲ့ အရပ်သားနှစ်ဦးကို တော်လှန်ရေးတပ် ယူနီဖောင်းဝတ်ဆင်ပြီး စစ်အုပ်စုက ဝါဒဖြန့်နေတယ်လို့ ဆိုပါတယ်။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/28/11/2026/141480/
❤3😁3🤬2
သတင်းအချက်အလက်မျှဝေခြင်းအားဖြင့် အသက်ပေါင်းများစွာကို ကာကွယ်ပါ

********

သွားလာနေရင်း သံသယဖြစ်စရာ အရာဝတ္ထုပစ္စည်းတခုခုကို တွေ့ခဲ့ရင် ချက်ချင်းရပ်တန့်ပါ။ လှုပ်ရှားမှု မလုပ်ပါနဲ့။ အနီးအနားမှာ သွားလာနေသူတွေရှိရင်လည်း အန္တရာယ်ရှိနိုင်လို့ ချက်ချင်းရပ်ဖို့ သတိပေးပါ။ ကိုယ်တိုင်ရော၊ ပတ်ဝန်းကျင်ကလူတွေပါ အဲဒီ အရာဝတ္ထုပစ္စည်းကို မထိ၊ မကိုင်ပါစေနဲ့။

#မြေမြှုပ်မိုင်းအန္တရာယ် #ပေါက်ကွဲလက်နက်ပစ္စည်း #တိုက်ပွဲ #LandmineAwareness #PSA

https://youtu.be/RA6MKQwp6UE
❤1👍1🔥1
သေမတတ်နာကျင်လည်း အလုပ်မနားရဲသည့် မြန်မာအလုပ်သမများ

ဓမ္မတာလာချိန် လစာပြည့် ခွင့်ရက် ခံစားနိုင်ပြုသည်ဟု ထိုင်းအစိုးရက သတ်မှတ်လိုက်သော်လည်း သန်းနှင့်ချီသည့် မြန်မာအလုပ်သမ များမှာမူ ရက်ပေါင်း ငါးရာကျော်ကြာလာသည်အထိ ခံစားခွင့်မရဘဲ နာကျင်မှုဒဏ် အံတုကာ အလုပ်ဆင်းနေရသည်။

အပြည့်အစုံဖတ်ရန် >
https://migrantdaweiwatch.com/28/11/2026/105113/
😢2❤1🔥1
သူငယ်ချင်း မောင်နှမတွေ ပြန်တွေ့တဲ့နေ့

အဲ့ဒီ့သူငယ်ချင်းမောင်နှမများစွာထဲကမှ နံရံလေးဘက်ကြားရဲ့ သံတိုင်နောက်ကွယ်ရောက်နေတဲ့ သူငယ်ချင်းနှစ်ယောက်သို့ စာလေးတစ်စောင်ပါးလိုက်ချင်ပါတယ်။ အခုချိန်မှာ သူတို့လည်းဖတ်လို့မရသလို ကျွန်မလည်းပို့လို့မရပါဘူး။ ဒါကြောင့် သူငယ်ချင်းမောင်နှမတွေ ပြန်တွေ့တဲ့နေ့ဖတ်ရဖို့ စကားလုံးများစီမိပါတော့တယ်။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/28/11/2026/141485/
🔥2👍1
ငရုတ်နှင့် ကြက်သွန်ဖြူဈေးတက်သည့် ထားဝယ်ဈေးကွက်

Dawei Watch ၊ ကုန်ဈေးနှုန်း

ထားဝယ်ဈေးကွက်အတွင်း ယခုသီတင်းပတ်၌ ငရုတ်သီးအခြောက်နှင့် ကြက်သွန်ဖြူဈေးနှုန်းများ မြင့်တက်လျက်ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ် နိုဝင်ဘာလ ၂၂ ရက်က ထားဝယ်ဈေးကွက်၌ ရွှေအပ်ငရုတ်သီးအခြောက်တစ်ပိဿာ ၂၂,၅၀၀ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၂,၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ၁၂,၅၀၀ကျပ် စျေးရှိသည်။

ယခုသီတင်းပတ် နိုဝင်ဘာလ ၂၈ ရက်တွင် ရွှေအပ်ငရုတ်သီးအခြောက်တစ်ပိဿာ ၂၄,၀၀၀ ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာ ၁၅,၀၀၀ ကျပ်နှင့် ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ၁၄,၀၀၀ကျပ်သို့ အသီးသီးဈေးမြင့်တက်သွားကြသည်။

တစ်ပတ်အတွင်း ရွှေအပ်ငရုတ်သီးအခြောက် တစ်ပိဿာလျှင် ၁,၅၀၀ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ၃,၀၀၀ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ၁,၅၀၀ကျပ်စီ ဈေးတက်သွားသည်ကို တွေ့ရှိရသည်။

နိုဝင်ဘာလတွင် တစ်ပိဿာ ၂၅,၀၀၀ ကျပ်အထိ ဈေးမြင့်သွားသည့် ကြက်သွန်နီမှာ တစ်ပိဿာလျှင် ၁၈,၀၀၀ ကျပ်ဖြင့် နှစ်ပတ်ဆက်တိုက် ဈေးငြိမ်လျက်ရှိသည်။
❤1👍1🔥1
စခန်းကြီးသုဓမ္မာပါဝါရဏာဂိုဏ်းချုပ် ကံပေါက် မြောက်ပယဆရာတော် ပျံလွန်

မြောက်ပယကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တရ ဟာ စခန်းကြီးသုဓမ္မာဂိုဏ်းရဲ့ ၁၂ ပါးမြောက်ဂိုဏ်းချုပ် ဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/29/11/2026/141496/
❤1😢1
ရတနာပုံရွာ နယ်ခြားစောင့်တပ်က စစ်မှုထမ်းနှစ်ဦး လက်နက်နှင့်အတူ ဘက်ပြောင်း

စစ်မှုထမ်းနှစ်ဦးကို တောတွင်းတစ်နေရာမှာ တော်လှန်ရေးပူးပေါင်းအဖွဲ့က သွားရောက်ခေါ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/29/11/2026/141499/
😁2👍1