Dawei Watch
✔
10.7K subscribers
29.3K photos
34 videos
36 files
21.9K links
Dawei Watch is a regional media based in Dawei, covering mainly southern Myanmar.

http://www.daweiwatch.com
https://www.facebook.com/DaweiWatch
https://www.youtube.com/c/DaweiWatchTV
Download Telegram
လောင်းလုံး ကဒက်ငယ်ထိန်ရွာမှာ တောင်ပြိုမြေအောက် အလောင်းနှစ်လောင်းထပ်တွေ့

DaweiWatch | ရုပ်သံ

ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးချင်တယ်လို့ မိသားစုဝင်တွေက တောင်းဆိုတာကြောင့် ရှာဖွေခဲ့ကြတာလို့ ဆိုပါတယ်။

https://youtu.be/rBa6Z8D5jRc
❤1👍1🔥1😢1
နိုဝင်ဘာ ၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

*********

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ဂဏဝိမုတ်ကူးတို့ဂိုဏ်ချုပ် သက်တော်ရှည် ဇေယျဝတီဆရာတော်ပျံလွန်တော်မူသွားတဲ့အကြောင်း

- ထားဝယ်မြို့မှာ အပူချိန် စံချိန်သစ်တစ်ခု တင်လိုက်တဲ့အခြေအနေ

- အယ်လ်နီညိုကြောင့် ထားဝယ်မြို့မှာ စက်သုံးဆီရောင်းချတာကို အချိန်ကန့်သတ်လိုက်တဲ့ သတင်း

- မောတောင်မြို့ဝန်းကျင်က အသက် ငါးနှစ်အောက် စစ်ဘေးရှောင်ကလေး‌တွေမှာ သေးခံနဲ့ နို့မှုန့် လိုအပ်ချက်တွေရှိလာနေတာ

- လောင်းလုံးမြို့နယ် ကဒက်ငယ်ထိန်ကျေးရွာမှာ တောင်ပြိုမြေစာအောက်ကနေ အလောင်းနှစ်လောင်း ထပ်မံတွေ့ရှိတဲ့အကြောင်း

- စစ်အုပ်စု လွတ်ငြိမ်းစာရင်းနဲ့ တကယ်လွတ်လာသူ အရေအတွက် ထောင်နဲ့ချီ ကွာဟနေတဲ့ သတင်း

စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

https://youtu.be/57khrwdYKso
👍2❤1🔥1
ပုလောတွင် ဆယ်ကျော်သက် ယောင်္ကျားလေးတစ်ဦး ဓားထိုးခံရပြီးသေဆုံး

သေဆုံးသူ ယောကျ်ားလေးဟာ အာဏာသိမ်းကာလမှာ ကျောင်းနားထားရပြီး လက်ရှိမှာ အဘွားဖြစ်သူနဲ့အတူ စစ်ဘေးရှောင်နေတာလို့ ဆိုပါတယ်။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/03/11/2026/139971/
😢3🔥1
ဥရောပရှိ ကုန်တိုက်ကြီးများကို ဆိုက်ဘာတိုက်ခိုက်ပြီး ရေခဲသေတ္တာထဲရှိ ကုန်ပစ္စည်းများဖျက်ဆီး

အသား၊ နို့ထွက်ပစ္စည်းနဲ့ အေးခဲအစားအစာတွေ ပျက်စီးသွားတဲ့အတွက် စွန့်ပစ်လိုက်ရပြီး၊ ဆိုင်တချို့ကိုလည်း အရေးပေါ် ပိတ်ထားခဲ့ရပါတယ်။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/03/11/2026/139974/
👍1🔥1😱1
မော်လမြိုင်တွင် လေပြင်းတိုက်ပြီး သစ်ပင်လဲ၊ နေအိမ်ပေါ်ပိပြီး လူသုံးဦး ဒဏ်ရာရ

လေပြင်းတိုက်ခတ်သွားတဲ့ နေရာအနှံ့အပြားမှာ သစ်ပင်ကြီးတွေ လဲကျပြီး လမ်းတွေပိတ်ဆို့ခဲ့ပါတယ်။

ဓာတ်ပုံ - လူမှုကယ်ဆယ်ရေးအဖွဲ့

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/03/11/2026/139978/
😢2🔥1
မြန်မာ့ငြိမ်းချမ်းရေးမှသည် မြေရှားသတ္တုအရေးအထိပါဝင်သော ကန်မဟာဗျူဟာ ထုတ်ပြန်

ဒီမဟာဗျူဟာသစ်အရ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကနေ မြန်မာနိုင်ငံရဲ့ ကြွယ်ဝတဲ့ မြေရှားသတ္တုအရင်းအမြစ်တွေကို ရယူနိုင်ဖို့ အထောက်အကူဖြစ်မယ်လို့ ဝါရှင်တန်က မျှော်လင့်နေပါတယ်။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/03/11/2026/139985/
😁3❤1
စစ်အာဏာရှင်တပ်က ဗိုလ်လေးတစ်ဦးနှင့် တပ်သားတစ်ဦးတို့ကို ရေးဘီလူးအဖွဲ့ ပစ်ခတ်သဖြင့် သေဆုံးဟုဆို

“ရေးဘက်မှာ စစ်ကြောင်းထိုးနေတာတွေက မကြာမကြာရှိတယ်။ တော်လှန်ရေးအဖွဲ့နဲ့ တိုးရင် တိုက်ပွဲဖြစ်တယ်”

သတင်းဖတ်ရန် > https://www.daweiwatch.com/03/11/2026/139989/
😁3👏2
အခေါက်‌ရွှေနှင့် ထိုင်းဘတ်ဈေး တက်

Dawei Watch | နိုဝင်ဘာ ၃

ယနေ့ ဈေးကွက်ပေါက်ဈေးအရ အခေါက်ရွှေနှင့ ထိုင်းဘတ်ဈေး တက်လာသည်။

ရန်ကုန်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၀၁၈၀၀၀၀ ကျပ် ဈေးဖွင့်ထားသည်။

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ၈၇၆ ရက် မြောက်ရှိလာပြီဖြစ်သည်။

စစ်အုပ်စု သတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။

ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ရန်ကုန်ဈေးကွက်ကို အခြေခံကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။

ထိုင်းဘတ်ငွေလဲနှုန်းလည်း တက်လာပြီး မြန်မာငွေတစ်သိန်းလျှင် ၇၁၅ ဘတ် ဈေးဖွင့်ထားသည်။

ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။
👍1🔥1
အီရန်၏ ကျွန်းတစ်ကျွန်းကို အမေရိကန်က တန်ပြန်တိုက်ခိုက်

အမေရိကန်လေယာဉ်တစ်စင်းကို အီရန်ဘက်က ပစ်ခတ်ခဲ့တဲ့အတွက် ခုခံကာကွယ်မှုအနေနဲ့ လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/03/11/2026/139996/
😁2👏1
ထိုင်းတွင် အရေးပေါ်ပစ္စည်းများ သုံးရက်စာ စုဆောင်းထားရန် တိုက်တွန်း

အရေးပေါ်ဘေးအန္တရာယ်တစ်ခုခုကြုံတွေ့ရရင် အစိုးရရဲ့ အကူအညီမရခင် ပြည်သူတွေ အသက်ရှင်နိုင်ရေးအတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/03/11/2026/139999/
❤2🔥2😁1
လောင်းလုံးကပ်ဘေး ထားဝယ်အသင်း (ကိုရီးယား) ကျပ်သိန်း ရှစ်ရာကျော်ထပ်လှူ

ကပ်ဘေးဒဏ်သင့်ခဲ့တဲ့ သရက်ချောင်းမြို့နယ်ကိုလည်း ကျပ်သိန်း သုံးရာကျော် လှူဒါန်းမယ်လို့ ဆိုပါတယ်။

သတင်းဖတ်ရန် > https://www.daweiwatch.com/03/11/2026/140003/
❤4👍1🔥1
ပုလောမှာ ဆယ်ကျော်သက် ယောက်ျားလေးတစ်ဦး ဓားထိုးခံရပြီး သေဆုံး

နာရေးအိမ်မှာ ဖုန်းသုံးနေချိန် နေရာဖယ်ပေးခိုင်းတာ မဖယ်ပေးလို့ဆိုပြီး ဓားနဲ့ထိုးတာပါ။

ရုပ်သံကြည့်ရန် > https://youtu.be/Mx_W-OagWEc
😢4🔥1
ရေးဘီလူးလက်ချက်နဲ့ စစ်အာဏာရှင်တပ်ဖွဲ့ဝင် နှစ်ဦးသေဆုံး

ကင်းစခန်းကနေ ထွက်လာချိန် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။​

ရုပ်သံကြည့်ရန် > https://youtu.be/hWpzqlI-SSw
👍2🔥1👏1
မြန်မာ့ငြိမ်းချမ်းရေးကနေ မြေရှားအရေးအထိပါဝင်တဲ့ မဟာဗျူဟာ အမေရိကန်ထုတ်ပြန်

မြန်မာနိုင်ငံရဲ့ ကြွယ်ဝလှတဲ့ မြေရှားသတ္တုတွေကို ရယူနိုင်ဖို့ အထောက်အကူဖြစ်စေမယ်လို့ ဝါရှင်တန်က မျှော်လင့်နေတာပါ။

ရုပ်သံကြည့်ရန် > https://youtu.be/8mpGLEqODsw
😁2🤮1
နိုဝင်ဘာ ၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

*********

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ပုလောမြို့နယ် မြိတ်-ထားဝယ်ကားလမ်းဘေးက ဆင်ထိုးကြီးရွာ အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦး ဓားထိုးခံရပြီး သေဆုံးတဲ့အခြေအနေ

- ရေကြီးတောင်ပြိုကပ်ဘေးသင့်ခဲ့တဲ့ လောင်းလုံးမြို့နယ်အတွက် ကိုရီးယားရောက် ထားဝယ်သူထားဝယ်သားတွေက ကျပ်သိန်း ရှစ်ရာကျော် ထပ်ပြီးလှူဒါန်းတဲ့အကြောင်း

- မွန်ပြည်နယ်မှာ ရေးမြို့နယ်မှာ ရေးဘီလူးအဖွဲ့က ပစ်ခတ်လို့ စစ်အာဏာရှင်တပ် ဗိုလ်လေးနဲ့ တပ်သားတို့ သေဆုံးသွားတဲ့သတင်း

- မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး မဟာဗျူဟာသစ်ကို အမေရိကန်က ထုတ်ပြန်လိုက်တာ၊

- ထိုင်းမှာ အရေးပေါ်ပစ္စည်းတွေကို သုံးရက်စာ စုဆောင်းထားဖို့ တိုက်တွန်းလိုက်တာ

စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

https://youtu.be/yn7kmypN_sQ
👍1🔥1
ကံပေါက်တွင် သောက်သုံးရေအခက်အခဲစကြုံ၊ ရေကားများ ဝယ်သုံးနေရ

လူနေရပ်ကွက်အထဲအထိ သတ္တုလုပ်ငန်းတွေ ပွစာကြဲရောက်ရှိလာတဲ့ ၂၀၂၃ ခုနှစ်ကနေ ကံပေါက်မှာ ရေတွင်း၊ ရေချောင်းတွေ ခန်းခြောက်တာ မြန်လာတာပါ။

သတင်းဖတ်ရန် > https://www.daweiwatch.com/04/11/2026/140019/
😢2🔥1