Dawei Watch
✔
10.7K subscribers
29.6K photos
34 videos
37 files
22.1K links
Dawei Watch is a regional media based in Dawei, covering mainly southern Myanmar.

http://www.daweiwatch.com
https://www.facebook.com/DaweiWatch
https://www.youtube.com/c/DaweiWatchTV
Download Telegram
၁၀ လအတွင်း မြန်မာ ၁၂,၀၀၀ ကျော်ကို မလေးရှားက နေရပ်ပြန်ပို့

အခု ပြန်ပို့တဲ့အထဲမှာ ရိုဟင်ဂျာတွေ မပါသေးဘဲ ရှေ့ဆက် နေရပ်ပြန်ပို့ရေး ကိစ္စတွေကို မြန်မာစစ်အုပ်စုနဲ့ ဆက်လက်ညှိနှိုင်းသွားမယ်လို့ မလေးရှားဘက်က ဆိုပါတယ်။

သတင်းဖတ်ရန် > https://www.daweiwatch.com/18/11/2026/140816/
🔥3😢1
စစ်အစိုးရ နယ်စပ်ရေးရာဒုဝန်ကြီး ကားတန်းကို တော်လှန်ရေးတပ် တိုက်ခိုက်

ဗိုလ်ချုပ်ကျော်ကျော်ဟန်ဟာ တနင်္သာရီတိုင်းအခြေစိုက် ကမ်းရိုးတန်းစစ်ဌာနချုပ် တိုင်းမှူးကနေ နယ်စပ်ရေးရာဒုဝန်ကြီး ဖြစ်လာသူ ဖြစ်ပါတယ်။

သတင်းဖတ်ရန် > https://www.daweiwatch.com/18/11/2026/140822/
👍3👏1🤣1
မုဒုံတွင် ရဲတစ်ဦးနှင့် ဒေသခံတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

“နောက်တစ်ယောက်ကတော့ မုဒုံ ဝက်တဲဘက်ကလို့ ပြောတယ်။ သူခြံကနေ ဆိုင်ကယ်နဲ့ ပြန်လာတဲ့အချိန် ကားနဲ့ လိုက်လာပြီး ပစ်ထည့်သွားတယ်”

သတင်းဖတ်ရန် > https://www.daweiwatch.com/18/11/2026/140825/
🔥2👍1
ပုလောတွင် ဂျိုင်ရိုကော်ပတာများဖြင့် နှစ်ရက်ဆက် ဗုံးချတိုက်ခိုက်

ဂျိုင်ရိုကော်ပတာ သုံးစင်း တစ်ပြိုင်တည်းအသုံးပြု တိုက်ခိုက်တာလို့ ဆိုပါတယ်။

သတင်းဖတ်ရန် > https://www.daweiwatch.com/18/11/2026/140828/
🔥4
ထားဝယ်အထူးစီးပွားရေးဇုန်ထဲ စစ်ကြောင်းသွားလာနေ၍ ဒေသခံအချို့ ထွက်ပြေး

အင်အား ခုနစ်ရာလောက်ရှိတဲ့ စစ်ကြောင်းဟာ ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာထဲ ရောက်ရှိနေတာ ဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/18/11/2026/140833/
🔥3
ထားဝယ်တွင် နာနတ်သီး ဈေးကောင်းရ

ထားဝယ်မှာ အပူချိန်မြင့်မားနေတာကြောင့် အရည်ရွှမ်းတဲ့သစ်သီးတွေ ရောင်းအားကောင်းတယ်လို့ ဆိုပါတယ်။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/18/11/2026/140836/
👍2🔥1
ဘန်ကောက်တွင် ငလျင်ကြောင့် အဆောက်အအုံပြိုကျမှု ကုမ္ပဏီပိုင်ရှင်ကို ထောင်သုံးနှစ်ချ

ဆောက်လက်စ စာရင်းစစ်ချုပ်ရုံး အဆောက်အအုံပြိုကျမှုကြောင့် မြန်မာအပါအဝင် ဆောက်လုပ်ရေးလုပ်သား ၉၀ ကျော် သေဆုံးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/18/11/2026/140839/
👍1🔥1
ချောင်းဆုံတွင် ကျူးကျော်ဟုဆိုကာ နေအိမ်ထောင်ချီ ဖယ်ရှားရန် မြို့နယ်ထွေအုပ်စီစဉ်

“အခုထိလည်း မြေတွေကို အကွက်ရိုက်ရောင်းနေကြတာရှိတယ်။ ဒါတွေက ထွေအုပ်တို့ မြေစာရင်းတို့နဲ့ လုပ်ကြတာပဲလေ အခုမှ အဲဒါကို ကျူးဆိုပြီး ဖယ်ရှားဖို့လုပ်တာ”

ချောင်းဆုံဒေသခံ

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/18/11/2026/140842/
❤1😁1
မြိတ်-ထားဝယ်ကားလမ်း ပြန်လည်သွားလာခွင့်ရ

“ကားလမ်းက ပိတ်လိုက် ရေလမ်းကပိတ်လိုက်နဲ့ ကုန်တွေ ပျက်စီးဆုံးရှုံးမှုတွေ များတယ်။ ကုန်သည်တွေလည်း အရှုံးနဲ့ ရင်ဆိုင်နေရတယ်”

ကားသမားတစ်ဦး

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/18/11/2026/140845/
👍2🔥1
ကြိုတင်ကာကွယ်ဖို့ အရေးကြီးတဲ့ စစ်ဘေးရှောင်ကျန်းမာရေး

Dawei Watch| Infographic IV

တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင် တစ်သိန်းနီးပါးရှိနေပါတယ်။ စစ်ဘေးရှောင်တွေ များလာပေမယ့် အကူအညီရရှိရေး အကန့်အသတ်တွေ ရှိနေပါတယ်။

ဒါကြောင့် ရောဂါဖြစ်ပွားမှ ကုသမယ်ဆို ဆေးဝါးမလုံလောက်တာတွေ၊ ကျန်းမာရေးဝန်ထမ်း လိုအပ်တာတွေ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းကသာ အခရာကျလာပါတယ်။
👍2🔥1
နိုဝင်ဘာ ၁၈ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

*********

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

- သီတင်းကျွတ်ကာလ တနင်္သာရီတိုင်းမှာ လူငယ်နှစ်ရာလောက် အဓမ္မစစ်မှုထမ်း စုဆောင်းခံရတဲ့သတင်း

- ထားဝယ်မှာ နေ့အပူချိန် စံချိန်သစ်ထပ်တင်တဲ့ အကြောင်း

- ရေဖြူမြို့နယ်ရှိ ရွာချင်းဆက်လမ်းကို စစ်အာဏာရှင်တပ်က ညနေပိုင်းသွားလာခွင့် ကန့်သတ်လိုက်တဲ့အခြေအနေ

- ပုလောမှာ ဂျိုင်ရိုကော်ပတာတွေနဲ့ နှစ်ရက်ဆက် ဗုံးချတိုက်ခိုက်တဲ့ သတင်း

- သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်မှာ စစ်အာဏာရှင်တပ်က အရပ်သားသုံးဦးကို ဖမ်းဆီးသတ်ဖြတ်တာ 

စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

https://youtu.be/edzurB9FCPs
🔥2❤1👍1
တနင်္သာရီ တကူကျေးရွာအုပ်စုကို စစ်အာဏာရှင်တပ် ဂျိုင်ရိုကော်ပတာသုံးစင်းဖြင့် ဗုံးချ

ဂျိုင်ရိုကော်ပတာသုံးစင်းဟာ သာရဘွင်ကျေးရွာအုပ်စုဘက်မှာ ပျံဝဲပြီးနောက် တကူကျေးရွာအုပ်စုမှာ ဗုံးလာချတာလို့ ဆိုပါတယ်။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/18/11/2026/140874/
❤2🔥2👏1🤬1
သီတင်းကျွတ်ကာလ တနင်္သာရီတိုင်းမှာ လူငယ်နှစ်ရာလောက် အဓမ္မစစ်မှုထမ်း စုဆောင်းခံရ

DaweiWatch | ရုပ်သံ

ထားဝယ်သပိတ်မျှောပွဲတော်နောက်ပိုင်း နေအိမ်တွေမှာ ဧည့်စာရင်းပြန်စစ်နေပြီး စစ်မှုထမ်းစုဆောင်းတာတွေ ရှိနေပါတယ်

https://youtu.be/Ydnx-PIKe10
❤2😢1
ကွမ်းသမလေးရဲ့ စစ်သည်တော်

အပိုင်း (၃)

ဘီလုံးအမေဆီက ရှိုက်ငိုသံပြင်းပြင်းတစ်ခု ထွက်လာသည်။ အို… ဘီလုံးရေ… နင့်ကို တပ်က ထုတ်ပယ်လိုက်ပြီတဲ့…။ ဒါက တရားရဲ့လားကွယ်…။ တကယ်ဆို နင့်၏ သဘောထားကို မေးကြရဦးမှာလေ…။ အသက်ပေးတိုက်ခဲ့သည့်အထိ တာဝန်ကျေခဲ့သည့် ရဲဘော်တစ်ယောက်ကို သူ့သဘောဆန္ဒ မပါဘဲ တပ်က ထုတ်ပယ်သင့်ရဲ့လား…။ သေသည့်အထိ တိုက်ပွဲဝင်ခိုင်းခဲ့ပြီးမှ သင် သွားလိုရာ သွားနိုင်ပြီ ဆိုတော့လေ…။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/18/11/2026/140879/
👍3🔥1
ရေဖြူရှိ ရွာချင်းဆက်လမ်းကို စစ်အာဏာရှင်တပ်က ညနေပိုင်း သွားလာခွင့်ကန့်သတ်

DaweiWatch | ရုပ်သံ

အရေးပေါ်ကိစ္စရှိရင်တော့ ရပ်မိရပ်ဖတွေကတစ်ဆင့် စစ်အာဏာရှင်တပ်ကို အကြောင်းကြားပြီး သွားနေရပါတယ်။

https://youtu.be/QOwOX6ePN6g
🔥2