Dawei Watch
✔
10.7K subscribers
29.6K photos
34 videos
37 files
22.1K links
Dawei Watch is a regional media based in Dawei, covering mainly southern Myanmar.

http://www.daweiwatch.com
https://www.facebook.com/DaweiWatch
https://www.youtube.com/c/DaweiWatchTV
Download Telegram
ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှု မြန်မာကျူးလွန်ကြောင်း ICJ အမိန့်ချ

လူမျိုးတုံးသတ်ဖြတ်တာကို ကာကွယ်ဖို့ပျက်ကွက်ခဲ့သလို စုံစမ်းစစ်ဆေးအရေးယူဖို့လည်း ပျက်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

Website > https://www.daweiwatch.com/19/11/2026/140934/
👍2👎2🔥2🤬1
နိုဝင်ဘာ ၁၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

*********

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ထားဝယ်မြို့မှာ DDPCကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးတဲ့သတင်း

- ၇ နှစ်ကြာ မကျင်းပဖြစ်တဲ့ မောင်းမကန်ဘုရားလှည့်ပွဲ အခုနှစ် ပြန်ကျင်းပမယ့်အကြောင်း

- တောင်ပျောက်တိုက်နယ်ကို စစ်ကြောင်းထိုးတဲ့ စစ်အာဏာရှင်တပ်က အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်တဲ့သတင်း

- ပုလောမှာ အဖမ်းခံရတဲ့ မြိတ်မြို့နယ် လက်ထောက်ပညာရေးမှူး ပြန်လွတ်လာတဲ့အခြေအနေ

- သာရဖုံရွာမှာ ကွမ်းသီးဝယ်သူမရှိလို့ ကွမ်းသီးခြောက်လုပ်သူ များလာတဲ့သတင်း

စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

https://youtu.be/TmCdpDzMlD4
👍1🔥1
သာရဖုံရွာမှာ ကွမ်းသီးဝယ်သူမရှိလို့ ကွမ်းသီးခြောက်လုပ်သူ များလာ

DaweiWatch | ရုပ်သံ
 
အရင်နှစ်က ကွမ်းသီးခွဲခြမ်း လုပ်ရောင်းသူများပြီး အခုနှစ်မှာတော့ ကွမ်းသီးခြောက် လုပ်သူများလာပါတယ်

https://youtu.be/59vP3_Grz0Q
👍2🔥1
တောင်ပျောက်တိုက်နယ်ကို စစ်ကြောင်းထိုးတဲ့ စစ်အာဏာရှင်တပ်က အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်

DaweiWatch | ရုပ်သံ 

အဲဒီအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူကိုလည်း စစ်အာဏာရှင်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။

https://youtu.be/FDeUzfmUjk8
🤬3❤1
စစ်ဘေးရှောင်ကျန်းမာရေး ကြိုတင်ကာကွယ်ဖို့ အစီအမံ ၅ ရပ်

Dawei Watch| Infographic V

စစ်ဘေးရှောင်စခန်းတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ လူအများစုဝေးနေထိုင်ရတဲ့နေရာတွေမှာ သန့်ရှင်းသောရေ၊ အိမ်သာနဲ့ ကျန်းမာရေးဝန်ဆောင်မှု လုံလောက်မှုမရှိရင် ကူးစက်ရောဂါပြန့်ပွားနိုင်ခြေ မြင့်တက်လာနိုင်ပါတယ်။

ဒါကြောင့် အစီအမံတွေကြိုတင်ချထားဖို့ လိုအပ်ပါတယ်။
👍2🔥1
ကွမ်းသမလေးရဲ့ စစ်သည်တော်

အပိုင်း (၄)

ရွာသားများ ပါးစပ်ဖျားတွင် ဒီစကားပဲ ကြားနေရသည်။ ဘယ်ကလေးက ဘယ်အကကို ကမည်၊ ဘယ်သူတွေက နှစ်ပါးသွား၊ ဘယ်ကျောင်းသားက ဒစ်စကိုအက စသဖြင့်။ ယိမ်းကမည့် အတန်းကြီးက ကျောင်းသူများလည်း တူညီဝတ်စုံများ ချုပ်နေကြပြီဆိုပဲ။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/19/11/2026/140947/
👍2🔥1
ထားဝယ်မြို့မှာ DDPC ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

DaweiWatch | ရုပ်သံ

ကားပေါ်အတက်မှာ သေနတ်နဲ့  ဆယ်ချက်ထက်မနည်း ပစ်ခတ်ခံရလို့ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားပါတယ်

https://youtu.be/E2Mm_c3gdb8
👍2🔥1
ထရမ့်၊ ရှီ၊ ပူတင် သုံးပွင့်ဆိုင် ဆွေးနွေးပွဲက ငြိမ်းချမ်းရေး ကြေညာချက် ထုတ်ပြန်

တရုတ်နဲ့ ရုရှားသမ္မတတွေကို ရင်းနှီးနွေးထွေးစွာ ဆက်ဆံခဲ့တဲ့အတွက် ထရမ့် ဝေဖန်ခံနေရပြီး ဒီမိုကရက်တစ်ခေါင်းဆောင် ရှူးမားကလည်း ရှက်ဖွယ်လုပ်ရပ် အဖြစ်ပြောဆိုပါတယ်။

Website > https://www.daweiwatch.com/20/11/2026/140951/
🤣3❤2
အခေါက်‌ရွှေကျပြီး ထိုင်းဘတ်ဈေး ငြိမ်

Dawei Watch | နိုဝင်ဘာ ၂၀

ယနေ့ ဈေးကွက်ပေါက်ဈေးအရ အခေါက်ရွှေ‌ဈေး‌ကျပြီးထိုင်းဘတ်ဈေးက ငြိမ်နေသည်။

ရန်ကုန်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၀၂၀၀၀၀၀ ကျပ် ဈေးဖွင့်ထားသည်။

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ၈၉၃ ရက် မြောက်ရှိလာပြီဖြစ်သည်။

စစ်အုပ်စု သတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။

ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ရန်ကုန်ဈေးကွက်ကို အခြေခံကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။

ထိုင်းဘတ်ငွေလဲနှုန်းက ငြိမ်နေပြီး ၆၈၅ ဘတ်လျှင် ကျပ်တစ်သိန်း ဈေးဖွင့်ထားသည်။

ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။
❤2🔥2👍1
ညောင်ဇင်နှင့် ကံပေါက်တွင် နှစ်ကျိပ်ရှစ်ဆူဘုရားများ နေ့အပူရှိန်ကြောင့် ညနေဘက်လှည့်လည်အပူဇော်ခံမည်

“အရင်လက မမဘုရား (ဟိန္ဒူဘုရား) လှည့်ပွဲကို နေ့ဘက်တစ်ရွာလုံးလှည့်တာ နေ့အရမ်းပူတော့ လိုက်တဲ့သူတွေ ဖျားကြ နာကြဖြစ်တယ်။ အဲဒါကြောင့် ညနေဘက် ပြောင်းတာ”

ဂေါပကတစ်ဦး

ပုံစာ - ၂၀၁၉ ခုနှစ် ကံပေါက်တန်ဆောင်တိုင်ဘုရားလှည့်ပွဲ ညမြင်ကွင်း ။

ဓာတ်ပုံ - Beauty Land.

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/20/11/2026/140959/
🔥2👍1
ချင်းမိုင် ကားရေဆေးလုပ်ငန်းတွင် တရားမဝင်လုပ်ကိုင်သော မြန်မာခုနစ်ဦး ဖမ်းဆီးခံရ

ဗီဇာသက်တမ်းကုန်နေတာ၊ အလုပ်ရှင် မတူတာ၊ တရားမဝင် ဝင်ရောက်နေတာတွေကြောင့် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။

အပြည့်အစုံဖတ်ရန် >
https://migrantdaweiwatch.com/20/11/2026/105096/
😢3❤1👍1🔥1
ရယွန်တွင် ဆောက်လုပ်ရေးတန်းလျားကို ဝင်စစ်၊ မြန်မာ ၁၅ဦးဖမ်းဆီးခံရပြီး ဧည့်စာရင်းမတိုင်သူများကိုလည်း ဒဏ်ရိုက်

ဧည့်စာရင်းမတိုင်လို့ မြန်မာအလုပ်သမားတွေကို ဒဏ်ငွေ စုစုပေါင်း ဘတ်တစ်သိန်းခွဲနီးပါး ချမှတ်ခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန် >
https://migrantdaweiwatch.com/20/11/2026/105099/
🔥2👍1
သင်းအုပ်ဆရာအဖြစ် ဘဝကိုဖြတ်သန်းနေရတာ ကျေနပ်မိတယ်လို့ လီဗာပူးတိုက်စစ်မှူးဟောင်း ဖာမီနို ပြော

ဘောလုံးသမားဘဝနဲ့ သာသနာပြုလုပ်ငန်း နှစ်ခုစလုံးကို ဟန်ချက်ညီညီလျှောက်လှမ်းရင်း ကစားသမားဘဝကို အလှဆုံး နှုတ်ဆက်မယ်လို့ ဆိုပါတယ်။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/20/11/2026/140968/
👍3🔥1
ထားဝယ်မြို့ပေါ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် စစ်ဆေးတင်းကျပ်ခဲ့သော်လည်း ဘုရားပို့ည ညလုံးပေါက်စည်

ပစ်ခတ်သတ်ဖြတ်မှုဖြစ်ပြီးနောက် မြို့အဝင်နဲ့ မြို့တွင်းမှာ စစ်အာဏာရှင်တပ်က စစ်ဆေးကင်းလှည့်လို့ နေ့ဘက် လူအသွားအလာ နည်းပါးခဲ့ပါတယ်။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/20/11/2026/140971/
👍2❤1🔥1
ဂျိမ်းစ်ဘွန်းမင်းသားသစ်အဖြစ် ပတ်တင်ဆန် ကို ရွေးရတဲ့ အကြောင်းပေါ်ထွက်

“ကျွန်တော့်ရဲ့ဇနီးက ပတ်တင်ဆန် ကို ရွေးဖို့ ညွှန်ကြားတာကြောင့် သူ့ကို ဘွန်းမင်းသားသစ်အဖြစ် ရွေးလိုက်တာပါ”

ဂျက်ဖ်ဘီဇို့စ်

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/20/11/2026/140975/
❤2👍2🔥1
နိုဝင်ဘာ ၂၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
ထားဝယ်မြို့ပေါ် ပစ်ခတ်မှုကြောင့် အစစ်အဆေးတင်းကျပ်ခဲ့ပေမဲ့ ဘုရားပို့ညမှာ ညလုံးပေါက်စည်ကားတဲ့သတင်း
တနင်္သာရီ တကူကျေးရွာအုပ်စုကို စစ်အာဏာရှင်တပ်က ဂျိုင်ရိုကော်ပတာသုံးစင်းနဲ့ ဗုံးချတဲ့အကြောင်း
ညောင်ဇင်နဲ့ ကံပေါက်မှာ နေ့အပူရှိန်ကြောင့် နှစ်ကျိပ်ရှစ်ဆူလှည့်လည်အပူဇော်ခံမှု အချိန်ရွှေ့လိုက်ရတဲ့အခြေအနေ
ထိုင်းနိုင်ငံ ရယွန်ခရိုင်မှာ ဆောက်လုပ်ရေးတန်းလျားကို ဝင်စစ်ပြီး ဧည့်စာရင်းမတိုင်သူတွေ ဖမ်းဆီးဒဏ်ရိုက်ခံရတဲ့သတင်း
ထားဝယ်မှာ ဆောင်းနာနတ်သီး ဈေးကောင်းတဲ့သတင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ရုပ်သံကြည့်ရန် > https://youtu.be/iyW_95v-_iE
👍1🔥1😢1