Dawei Watch
✔
10.6K subscribers
29.8K photos
34 videos
37 files
22.2K links
Dawei Watch is a regional media based in Dawei, covering mainly southern Myanmar.

http://www.daweiwatch.com
https://www.facebook.com/DaweiWatch
https://www.youtube.com/c/DaweiWatchTV
Download Telegram
နိုဝင်ဘာ ၂၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်
Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
ထားဝယ်မြို့ပေါ် ပစ်ခတ်မှုကြောင့် အစစ်အဆေးတင်းကျပ်ခဲ့ပေမဲ့ ဘုရားပို့ညမှာ ညလုံးပေါက်စည်ကားတဲ့သတင်း
တနင်္သာရီ တကူကျေးရွာအုပ်စုကို စစ်အာဏာရှင်တပ်က ဂျိုင်ရိုကော်ပတာသုံးစင်းနဲ့ ဗုံးချတဲ့အကြောင်း
ညောင်ဇင်နဲ့ ကံပေါက်မှာ နေ့အပူရှိန်ကြောင့် နှစ်ကျိပ်ရှစ်ဆူလှည့်လည်အပူဇော်ခံမှု အချိန်ရွှေ့လိုက်ရတဲ့အခြေအနေ
ထိုင်းနိုင်ငံ ရယွန်ခရိုင်မှာ ဆောက်လုပ်ရေးတန်းလျားကို ဝင်စစ်ပြီး ဧည့်စာရင်းမတိုင်သူတွေ ဖမ်းဆီးဒဏ်ရိုက်ခံရတဲ့သတင်း
ထားဝယ်မှာ ဆောင်းနာနတ်သီး ဈေးကောင်းတဲ့သတင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။
ရုပ်သံကြည့်ရန် > https://youtu.be/iyW_95v-_iE
👍1🔥1😢1
ထားဝယ် တန်ဆောင်တိုင် အကြို မြင်ကွင်းများ

Dawei Watch | ဓာတ်ပုံသတင်း

ထားဝယ်မြို့တွင် တန်ဆောင်တိုင် အဖိတ်နေ့ည နိုဝင်ဘာလ ၂၃ ရက် ညတွင် ကျင်းပမည့် ထားဝယ်တန်ဆောင်တိုင်ပွဲတော်မှ နှစ်ကျိပ်ရှစ်ဆူဘုရားရုပ်ပွားတော်များကို ထားဝယ်မြို့ ဘုရားကြီးဝင်းအတွင်း အပူဇော်ခံထားရှိသည် ။

ထားဝယ်မြို့နယ် ရပ်ကွက် ၊ ကျေးရွာ အသီးသီးမှ သီတင်းကျွတ်လဆန်းကတည်းက ပင့်ဆောင်ထားသည့် နှစ်ကျိပ်ရှစ်ဆူဘုရားများ နှင့် ကိုယ်စားရုပ်ပွားတော်များ ၊ စေတီများ ကို ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်က ဘုရားကြီးသို့ ပြန်လည်ပို့ဆောင်ခဲ့ကြသည် ။

နှစ်ကျိပ်ရှစ်ဆူ ဘုရားများကို အဖိတ်နေ့ နိုဝင်ဘာလ ၂၃ ရက်ည တွင် ထားဝယ်မြို့တွင်းလှည့်လည် အပူဇော်ခံမည်ဖြစ်သည် ။

ယနေ့ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ည ဘုရားကြီးဝင်းအတွင်း အပူဇော်ခံထားသည့် မြင်ကွင်းများကို Dawei Watch ကဖော်ပြလိုက်ပါသည် ။

ဓာတ်ပုံ - Dawei Watch.
❤6👍4🔥1
ကြိုတင်ကာကွယ်ဖို့ အရေးကြီးတဲ့ စစ်ဘေးရှောင်ကျန်းမာရေး

Dawei Watch| Infographic IV

တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင် တစ်သိန်းနီးပါးရှိနေပါတယ်။ စစ်ဘေးရှောင်တွေ များလာပေမယ့် အကူအညီရရှိရေး အကန့်အသတ်တွေ ရှိနေပါတယ်။

ဒါကြောင့် ရောဂါဖြစ်ပွားမှ ကုသမယ်ဆို ဆေးဝါးမလုံလောက်တာတွေ၊ ကျန်းမာရေးဝန်ထမ်း လိုအပ်တာတွေ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းကသာ အခရာကျလာပါတယ်။
👍2❤1🔥1
“နွေဦးဆယ်လီ”

တလောက ဖေ့စ်ဘွတ်မိတ်ဆွေ စစ်ဗိုလ်ဟောင်းတယောက်တင်ထားတဲ့ စတေးတပ်စ်တခုဖတ်ရတယ်။ သူ့ဆရာ ဗိုလ်ချုပ်တယောက်က ပြောဖူးတယ်။”ဂျင်နရယ်” ဗိုလ်ချုပ်ဆိုတာ အလကားပြောတာ မဟုတ်ဘူး၊ အထွေထွေ လုပ် တတ်ရမယ်ဆိုပြီး ဗိုလ်ချုပ်ရာထူး ပေးထားတာဖြစ်ပါသတဲ့။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/20/11/2026/140997/
👍1🔥1
တနင်္သာရီတိုင်းက ကျေးရွာအချို့တွင် KNU က တပ်သားသစ်စုဆောင်းနေသဖြင့် ဒေသခံများ အကျပ်ရိုက်

ကရင်ရွာတွေမှာ တပ်သားသစ် ခေါ်ယူစုဆောင်းရာကနေ အခုနှစ်မှာ ထားဝယ်ရွာတွေမှာပါ ခေါ်ယူလာတယ်လို့ ဆိုပါတယ်။

Website > https://www.daweiwatch.com/21/11/2026/141000/
👎2❤1
ထားဝယ်တွင် တန်ဆောင်တိုင်ကာလ နေအိမ်အချို့ စစ်အင်အားအများအပြားဖြင့် ရှာဖွေစစ်ဆေးခံရ

ခြံတံခါးနဲ့ အိမ်တံခါးတွေကို ဖျက်ဆီးပြီး အိမ်တချို့ကို ဝင်ရောက်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

Website > https://www.daweiwatch.com/21/11/2026/141003/
❤1🔥1🤬1
ရေးတွင် ခလရ ၃၁ က တပ်ရေးဗိုလ်ကြီးနှင့်မိသားစုကား ပစ်ခတ်ခံရပြီး ကလေးအပါ ငါးဦးသေဆုံး

ကားမှာ စစ်အာဏာရှင်တပ် တပ်ရေးဗိုလ်ကြီးတစ်ဦး၊ တပ်သားတစ်ဦး၊ အမျိုးသမီးနှစ်ဦးနဲ့ ကလေးတစ်ဦး လိုက်ပါလာတာလို့ ဆိုပါတယ်။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/21/11/2026/141015/
👏3🔥1