Dawei Watch
✔
10.6K subscribers
29.8K photos
34 videos
37 files
22.2K links
Dawei Watch is a regional media based in Dawei, covering mainly southern Myanmar.

http://www.daweiwatch.com
https://www.facebook.com/DaweiWatch
https://www.youtube.com/c/DaweiWatchTV
Download Telegram
Miss Universe 2026 မြန်မာအလှမယ်ရဲ့ ဝတ်စုံဟာ ထိုင်းပြိုင်ပွဲဝင်ဝတ်စုံကို တုပထားတာလို့ ဝေဖန်ခံရ

ထေရဝါဒ ဗုဒ္ဓဘာသာထွန်းကားရာ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအို စတဲ့ အရှေ့တောင်အာရှနိုင်ငံတွေဟာ တူညီတဲ့ ကျမ်းဂန်လာ ယုံကြည်မှုတွေကို အမွေဆက်ခံထားကြတာဖြစ်ပါတယ်။

သတင်းဖတ်ရန် > https://www.daweiwatch.com/22/11/2026/141047/
🤮3
မြိတ်တန်ဆောင်တိုင်ပွဲတော်ကာလ ညမထွက်ရအမိန့် ငါးရက်ပယ်ဖျက်

နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကို မနက်ဖြန်အထိ အပူဇော်ခံကျင်းပမှာဖြစ်ပြီး တန်ဆောင်မုန်းလပြည့်‌ညမှာ မြို့ပတ်ကာ လှည့်လည်အပူဇော်ခံမှာ ဖြစ်ပါတယ်။

သတင်းဖတ်ရန် > https://www.daweiwatch.com/22/11/2026/141050/
😁3❤1🔥1
သိုးမည်းတွေက ဘယ်သူလဲ

အဲဒီအချိန်က ကျွန်တော်ဟာ သမဂ္ဂကျောင်းသားတစ်ယောက် ဖြစ်ခဲ့တယ်။ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ လူငယ်တွေ၊ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ ပြည်သူတွေဟာ ကိုယ်တတ်နိုင်တဲ့ နည်းလမ်းအသီးသီးနဲ့ ပါဝင်ခဲ့ကြတယ်။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/21/11/2026/141037/
👍2🔥1
ကြက်သွန်ဈေးပြန်ကျပြီး ငရုတ်ဈေးတက်နေသည့် ထားဝယ်ဈေးကွက်

Dawei Watch | ကုန်ဈေးနှုန်း

ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်ဈေးပြန်ကျပြီး ငရုတ်သီးဈေးမြင့်နေသည်။

ပြီးခဲ့သည့်သီတင်းပတ် နိုဝင်ဘာလ ၁၅ ရက်က တစ်ပိဿာ ၂၀,၀၀၀ ကျပ်အထိ ဈေးမြင့်တက်သွားသည့် ကြက်သွန်နီမှာ နိုဝင်ဘာလ ၂၁ ရက်တွင် ၁၈,၀၀၀ ကျပ်သို့ ဈေးပြန်ကျလာသည်။

ကြက်သွန်ဖြူမှာလည်း တစ်ပိဿာ ၁၄,၀၀၀ ကျပ်မှ ၁၂,၀၀၀ ကျပ် ဖြစ်လာပြီး ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ၁၄,၀၀၀ ကျပ်မှ ၁၂,၅၀၀ ကျပ်သို့ ဈေးပြန်ကျသွားသည်။

တစ်ပတ်အတွင်း ကြက်သွန်နီ တစ်ပိဿာလျှင် ၂,၀၀၀ ကျပ်နှင့် ကြက်သွန်ဖြူတစ်ပိဿာလျှင် ၁,၅၀၀ ကျပ်မှ ၂,၀၀၀ ကျပ်အထိ ဈေးပြန်ကျလာခြင်းဖြစ်သည်။

သို့သော် ရွှေအပ်ငရုတ်သီးအခြောက်မှာမူ ယခုသီတင်းပတ်၌ တစ်ပိဿာလျှင် ၂,၅၀၀ကျပ် ဈေးတက်သွားသည်။

နိုဝင်ဘာလ ၁၅ ရက်က ရွှေအပ်ငရုတ်သီးအခြောက် တစ်ပိဿာ ၂၀,၀၀၀ ကျပ်မှ နိုဝင်ဘာလ ၂၁ ရက်တွင် ၂၂,၅၀၀ကျပ်သို့ ဈေးမြင့်တက်သွားခြင်းဖြစ်သည်။

ဒေသထွက်ဆန်နှင့် တိုင်းပြင်ပမှ တင်သွင်းသည့် ဆန်တို့မှာ ယခုသီတင်းပတ်အတွင်း ဈေးငြိမ်နေသည်။

သို့သော် ထားဝယ်ဒေသ၌ ကထိန်ရာသီဖြစ်သောကြောင့် ရေထွက်ကုန်အချို့မှာ ဈေးအမြင့်ဘက်တွင် ဆက်ရှိနေသည်ကို တွေ့ရသည်။
❤1👍1🔥1
ကွမ်းသမလေးရဲ့ စစ်သည်တော်

အပိုင်း (၅)

ဆောင်းလေအဝှေ့တွင် သူ့၏ ရင့်ရင့်နှစ်နှစ် ကိုယ်သင်းရနံ့ကို ရှိုက်မိပြန်သည်။ ဒီအချိန်၊ ဒီချောင်းဘေးတွင် သူနှင့်အတူ ထိုင်ဖို့က သင့်တော်ပါ့မလား တွေးမိ၏။ ငြင်းလိုက်ရင်တော့ သူ အတော် ရှက်သွားမှာပဲ။ အင်း… သူရှက်တာထက် ကျမက ဒီလို လရောင်ချိုညမျိုး လက်လွှတ်ပြီး စွန့်ပစ်လိုက်နိုင်လို့လား။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/22/11/2026/141057/
🔥1🥰1
ကြိုတင်ကာကွယ်ဖို့ အရေးကြီးတဲ့ စစ်ဘေးရှောင်ကျန်းမာရေး

Dawei Watch| Infographic IV

တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင် တစ်သိန်းနီးပါးရှိနေပါတယ်။ စစ်ဘေးရှောင်တွေ များလာပေမယ့် အကူအညီရရှိရေး အကန့်အသတ်တွေ ရှိနေပါတယ်။

ဒါကြောင့် ရောဂါဖြစ်ပွားမှ ကုသမယ်ဆို ဆေးဝါးမလုံလောက်တာတွေ၊ ကျန်းမာရေးဝန်ထမ်း လိုအပ်တာတွေ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းကသာ အခရာကျလာပါတယ်။
👍3🔥1
ရေးချောင်းဖျားဒေသ လေကြောင်းဗုံးကြဲခံရမှု ဒဏ်ရာရသူနှစ်ဦးထပ်မံသေဆုံး

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမှာ လေယာဉ်၊ ဒရုန်းတွေနဲ့ နေ့စဉ် ကင်းထောက်နေလို့ ဒေသခံတွေ စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ - RMA

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/23/11/2026/141062/
🤬2👍1🔥1
ပွဲတော် - ပေါ်တာ၊ ပြည်တွင်း ပြည်ပ လူငယ် ဝိရောဓိ

စစ်အုပ်စု လက်ရှိ အသုံးပြုနေတဲ့ ပွဲတော်ကို အခြေပြုပြီး သွေးခွဲနေတဲ့ နည်းလမ်းဟာ ဘယ်လောက်ထိ ထိရောက်နေသလဲဆိုရင် ပွဲတော်တစ်ကြိမ် ဖြစ်တိုင်း ပြည်တွင်း နဲ့ ပြည်ပ ကလူငယ်တွေအကြား အပြန်အလှန် ပဋိပက္ခ လူမှုကွန်ရက် တိုက်ပွဲ ဆင်နွှဲနေရပါတယ်။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/23/11/2026/141066/
👍3❤1🔥1
မြိတ်တွင် လျှပ်စစ်တစ်ယူနစ်လျှင် ကျပ်တစ်ရာကျော် စျေးထပ်တက်

“မီတာခက တစ်လတစ်လ ရှင်းရတာ ငါးသိန်းနီးပါး။ ရာသီဥတု ပူနေတာတောင် ပန်ကာမဖွင့်ရဲဘူး။ ယပ်တောင်နဲ့ပဲ အညောင်းခံပြီး အိပ်ရတာ”

ကန်ဖျား ဒေသခံ

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/23/11/2026/141070/
❤1👍1👎1
ထားဝယ်တွင် တန်ဆောင်တိုင်ဘုရားပွဲနေ့ လျှပ်စစ်ပြတ်တောက်

ဓာတ်အားလိုင်း ချို့ယွင်းတာကို ပြုပြင်နေပြီး ဒီနေ့ မွန်းလွဲပိုင်းမှာ ထားဝယ်မြို့ ရပ်ကွက်အားလုံးကို လျှပ်စစ်ပြန်ဖြန့်ဖြူးမယ်လို့ ဆိုပါတယ်။

ပုံစာ - ထားဝယ်တန်ဆောင်တိုင် ဘုရားလှည့်ပွဲအတွက် ပြင်ဆင်နေသည့် ယနေ့ နံနက်ပိုင်း မြင်ကွင်း ။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/23/11/2026/141073/
👍3❤2
အေအိုင်သုံး ပစ်မှတ်ရှာနည်းပညာနှင့် ကာမီကာဇေဒရုန်းများ ဂျာမနီ စတင်စမ်းသပ်

ဥရောပနိုင်ငံကြီးတချို့က ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးတိုးချဲ့ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။

သတင်းဖတ်ရန် > https://www.daweiwatch.com/23/11/2026/141078/
👍4🔥1
အခေါက်‌ရွှေနှင့် ထိုင်းဘတ်ဈေး တက်

Dawei Watch | နိုဝင်ဘာ ၂၃

ယနေ့ ဈေးကွက်ပေါက်ဈေးအရ အခေါက်ရွှေ‌နှင့် ထိုင်းဘတ်ဈေး တက်လာသည်။

ရန်ကုန်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၀၂၃၀၀၀၀ ကျပ် ဈေးဖွင့်ထားသည်။

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ၈၉၆ ရက် မြောက်ရှိလာပြီဖြစ်သည်။

စစ်အုပ်စု သတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။

ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ရန်ကုန်ဈေးကွက်ကို အခြေခံကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။

ထိုင်းဘတ်ငွေလဲနှုန်းက ငြိမ်နေပြီး ၆၇၀ ဘတ်လျှင် ကျပ်တစ်သိန်း ဈေးဖွင့်ထားသည်။

ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။
👍2🔥1
လောင်းလုံးတွင် ယားနာဖြစ်နေသည့် ကျေးရွာများအား ရေတွင်းသန့်စင်ဆေးမှုန့် ဖြန့်ဝေမည်

“ယားယံတာက အဓိကအဖြစ်များတယ်။ ရွာတိုင်း အဖြစ်များတယ်။ အောက်ဘက်က ရွာတွေမှာဆိုရင် လူ ၁၀၀ မှာ ၈၀ လောက်အထိဖြစ်တာတွေ့ရတယ်”

သတင်းဖတ်ရန် > https://www.daweiwatch.com/23/11/2026/141085/
👍3🔥1
ထိုင်းပြည်သူ့ပါတီအမတ်ကို တော်ဝင်ဥပဒေဖြင့် ထောင်ဒဏ်သုံးနှစ် ချ

ပြည်သူ့ပါတီကနေ နှစ်ကြိမ်ဆက် အနိုင်ရထားတဲ့ လူငယ်အမျိုးသမီး လွှတ်တော်အမတ်ဖြစ်ပြီး ထိုင်းတွေအပြင် မြန်မာတွေကြားမှာလည်း လူသိများထင်ရှားသူ ဖြစ်ပါတယ်။

သတင်းဖတ်ရန် > https://www.daweiwatch.com/23/11/2026/141088/
🔥2😢2👍1
ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ယနေ့ ပစ်ခတ်မှုဖြစ်

မူးဒူးရွာက ဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

သတင်းဖတ်ရန် > https://www.daweiwatch.com/23/11/2026/141092/
👍3🔥1