Dawei Watch
✔
10.6K subscribers
29.8K photos
34 videos
37 files
22.2K links
Dawei Watch is a regional media based in Dawei, covering mainly southern Myanmar.

http://www.daweiwatch.com
https://www.facebook.com/DaweiWatch
https://www.youtube.com/c/DaweiWatchTV
Download Telegram
ကြိုတင်ကာကွယ်ဖို့ အရေးကြီးတဲ့ စစ်ဘေးရှောင်ကျန်းမာရေး

Dawei Watch| Infographic IV

တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင် တစ်သိန်းနီးပါးရှိနေပါတယ်။ စစ်ဘေးရှောင်တွေ များလာပေမယ့် အကူအညီရရှိရေး အကန့်အသတ်တွေ ရှိနေပါတယ်။

ဒါကြောင့် ရောဂါဖြစ်ပွားမှ ကုသမယ်ဆို ဆေးဝါးမလုံလောက်တာတွေ၊ ကျန်းမာရေးဝန်ထမ်း လိုအပ်တာတွေ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းကသာ အခရာကျလာပါတယ်။
👍3🔥1
ရေးချောင်းဖျားဒေသ လေကြောင်းဗုံးကြဲခံရမှု ဒဏ်ရာရသူနှစ်ဦးထပ်မံသေဆုံး

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေမှာ လေယာဉ်၊ ဒရုန်းတွေနဲ့ နေ့စဉ် ကင်းထောက်နေလို့ ဒေသခံတွေ စိုးရိမ်နေကြဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ - RMA

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/23/11/2026/141062/
🤬2👍1🔥1
ပွဲတော် - ပေါ်တာ၊ ပြည်တွင်း ပြည်ပ လူငယ် ဝိရောဓိ

စစ်အုပ်စု လက်ရှိ အသုံးပြုနေတဲ့ ပွဲတော်ကို အခြေပြုပြီး သွေးခွဲနေတဲ့ နည်းလမ်းဟာ ဘယ်လောက်ထိ ထိရောက်နေသလဲဆိုရင် ပွဲတော်တစ်ကြိမ် ဖြစ်တိုင်း ပြည်တွင်း နဲ့ ပြည်ပ ကလူငယ်တွေအကြား အပြန်အလှန် ပဋိပက္ခ လူမှုကွန်ရက် တိုက်ပွဲ ဆင်နွှဲနေရပါတယ်။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/23/11/2026/141066/
👍3❤1🔥1
မြိတ်တွင် လျှပ်စစ်တစ်ယူနစ်လျှင် ကျပ်တစ်ရာကျော် စျေးထပ်တက်

“မီတာခက တစ်လတစ်လ ရှင်းရတာ ငါးသိန်းနီးပါး။ ရာသီဥတု ပူနေတာတောင် ပန်ကာမဖွင့်ရဲဘူး။ ယပ်တောင်နဲ့ပဲ အညောင်းခံပြီး အိပ်ရတာ”

ကန်ဖျား ဒေသခံ

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/23/11/2026/141070/
❤1👍1👎1
ထားဝယ်တွင် တန်ဆောင်တိုင်ဘုရားပွဲနေ့ လျှပ်စစ်ပြတ်တောက်

ဓာတ်အားလိုင်း ချို့ယွင်းတာကို ပြုပြင်နေပြီး ဒီနေ့ မွန်းလွဲပိုင်းမှာ ထားဝယ်မြို့ ရပ်ကွက်အားလုံးကို လျှပ်စစ်ပြန်ဖြန့်ဖြူးမယ်လို့ ဆိုပါတယ်။

ပုံစာ - ထားဝယ်တန်ဆောင်တိုင် ဘုရားလှည့်ပွဲအတွက် ပြင်ဆင်နေသည့် ယနေ့ နံနက်ပိုင်း မြင်ကွင်း ။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/23/11/2026/141073/
👍3❤2
အေအိုင်သုံး ပစ်မှတ်ရှာနည်းပညာနှင့် ကာမီကာဇေဒရုန်းများ ဂျာမနီ စတင်စမ်းသပ်

ဥရောပနိုင်ငံကြီးတချို့က ဒုတိယကမ္ဘာစစ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးတိုးချဲ့ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။

သတင်းဖတ်ရန် > https://www.daweiwatch.com/23/11/2026/141078/
👍4🔥1
အခေါက်‌ရွှေနှင့် ထိုင်းဘတ်ဈေး တက်

Dawei Watch | နိုဝင်ဘာ ၂၃

ယနေ့ ဈေးကွက်ပေါက်ဈေးအရ အခေါက်ရွှေ‌နှင့် ထိုင်းဘတ်ဈေး တက်လာသည်။

ရန်ကုန်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၀၂၃၀၀၀၀ ကျပ် ဈေးဖွင့်ထားသည်။

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ၈၉၆ ရက် မြောက်ရှိလာပြီဖြစ်သည်။

စစ်အုပ်စု သတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။

ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ရန်ကုန်ဈေးကွက်ကို အခြေခံကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။

ထိုင်းဘတ်ငွေလဲနှုန်းက ငြိမ်နေပြီး ၆၇၀ ဘတ်လျှင် ကျပ်တစ်သိန်း ဈေးဖွင့်ထားသည်။

ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။
👍2🔥1
လောင်းလုံးတွင် ယားနာဖြစ်နေသည့် ကျေးရွာများအား ရေတွင်းသန့်စင်ဆေးမှုန့် ဖြန့်ဝေမည်

“ယားယံတာက အဓိကအဖြစ်များတယ်။ ရွာတိုင်း အဖြစ်များတယ်။ အောက်ဘက်က ရွာတွေမှာဆိုရင် လူ ၁၀၀ မှာ ၈၀ လောက်အထိဖြစ်တာတွေ့ရတယ်”

သတင်းဖတ်ရန် > https://www.daweiwatch.com/23/11/2026/141085/
👍3🔥1
ထိုင်းပြည်သူ့ပါတီအမတ်ကို တော်ဝင်ဥပဒေဖြင့် ထောင်ဒဏ်သုံးနှစ် ချ

ပြည်သူ့ပါတီကနေ နှစ်ကြိမ်ဆက် အနိုင်ရထားတဲ့ လူငယ်အမျိုးသမီး လွှတ်တော်အမတ်ဖြစ်ပြီး ထိုင်းတွေအပြင် မြန်မာတွေကြားမှာလည်း လူသိများထင်ရှားသူ ဖြစ်ပါတယ်။

သတင်းဖတ်ရန် > https://www.daweiwatch.com/23/11/2026/141088/
🔥2😢2👍1
ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ယနေ့ ပစ်ခတ်မှုဖြစ်

မူးဒူးရွာက ဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

သတင်းဖတ်ရန် > https://www.daweiwatch.com/23/11/2026/141092/
👍3🔥1
စစ်အာဏာရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပုလောတွင် လူနေအိမ်များပျက်စီး

စစ်အာဏာရှင်တပ်က ပုလောလမ်းပိုင်းကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေပြီးတော့ လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်ဆောင်နေတာပါ။

သတင်းဖတ်ရန် > https://www.daweiwatch.com/23/11/2026/141095/
🔥2❤1👍1
ထိုင်းတွင် မြန်မာလုပ်သားသုံးရာကျော် နစ်နာကြေးမရဘဲ ရုတ်တရက် အလုပ်ထုတ်ခံရ

အလုပ်ထုတ်ခံရတာမှာ လုပ်သက်ခြောက်နှစ်အထိရှိတဲ့ အလုပ်သမားတွေ ပါဝင်ပါတယ်။

သတင်းဖတ်ရန် > https://www.daweiwatch.com/23/11/2026/141106/
😢4🔥2
နိုဝင်ဘာ ၂၃ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

*********

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ထားဝယ်တန်ဆောင်တိုင်ကာလမှာ ပစ်ခတ်သတ်ဖြတ်၊ လူဖမ်းတာနဲ့ လျှပ်စစ်မီးပြတ်တောက်တာတွေ ဖြစ်ပွားခဲ့တဲ့အကြောင်း

- စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်တာကြောင့် ပုလောမှာ လူနေအိမ်တွေ ပျက်စီးခဲ့ရတာ

- ထားဝယ်အထူးစီးပွားရေးဇုန်ထဲမှာ ဒီကနေ့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့လို့ ဒေသခံတွေ ထွက်ပြေးနေကြရတဲ့အခြေအနေ

- လောင်းလုံးမြို့နယ် တောင်ပြိုကပ်ဘေးသင့်ရွာတွေထဲက ယားနာဖြစ်နေတဲ့ရွာတွေကို ရေတွင်းသန့်စင် ဆေးမှုန့်တွေဖြန့်ဝေပေးမယ့်သတင်း

- မြိတ်မြို့ လျှပ်စစ်မီတာခ ဈေးထပ်တက်သွားတဲ့အကြောင်း

စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

https://youtu.be/9j-oNCzLwfg
❤2👍2🔥1🥰1