Dawei Watch
✔
10.6K subscribers
29.8K photos
34 videos
37 files
22.2K links
Dawei Watch is a regional media based in Dawei, covering mainly southern Myanmar.

http://www.daweiwatch.com
https://www.facebook.com/DaweiWatch
https://www.youtube.com/c/DaweiWatchTV
Download Telegram
စစ်ဘေးရှောင်ကျန်းမာရေး ကြိုတင်ကာကွယ်ဖို့ အစီအမံ ၅ ရပ်

Dawei Watch| Infographic V

စစ်ဘေးရှောင်စခန်းတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ လူအများစုဝေးနေထိုင်ရတဲ့နေရာတွေမှာ သန့်ရှင်းသောရေ၊ အိမ်သာနဲ့ ကျန်းမာရေးဝန်ဆောင်မှု လုံလောက်မှုမရှိရင် ကူးစက်ရောဂါပြန့်ပွားနိုင်ခြေ မြင့်တက်လာနိုင်ပါတယ်။

ဒါကြောင့် အစီအမံတွေကြိုတင်ချထားဖို့ လိုအပ်ပါတယ်။
👍3❤1🔥1
ကွမ်းသမလေးရဲ့ စစ်သည်တော်

အပိုင်း (၆)

ကျမလည်း အမေ့လက်ကိုဆွဲပြီး သွားလေသူ ဘီလုံးနှင့် ကျမ၏ ဖြူလေးတို့ ဆောက်ပေးထားသည့် ဗုံးခိုကျင်းဆီ ပြေး၏။ ရဲဘော်များက အိမ်နောက်က သစ်တိုပင်ကြီးအောက် ဝင်ပြေးသွားတာ တွေ့လိုက်ရသည်။ ဗုံးခိုကျင်းထဲ ရောက်တော့ အမေက ရင်ဘတ်ကို ဖိပြီး မေး၏။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/23/11/2026/141148/
👍3❤1🔥1
မြိတ်မှာ လျှပ်စစ်တစ်ယူနစ် ကျပ်တစ်ရာကျော် စျေးထပ်တက်

DaweiWatch | ရုပ်သံ

မီတာခက လတိုင်းတက်နေတာပါ။

https://youtu.be/72WnMIZeG4w
❤2🔥2
ဘန်ကောက်တွင် မြန်မာအမျိုးသမီးတစ်ဦး အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ် စွန့်ပစ်ခံရ

အမျိုးသမီးနဲ့ တွဲနေတဲ့ မြန်မာအမျိုးသားဟာ အခန်းကနေ အိတ်ကိုထမ်းပြီး အမှိုက်ပုံမှာ အကြိမ်ကြိမ်သွားရောက် စွန့်ပစ်ခဲ့တာကို CCTV မှာ တွေ့ရှိလို့ ရဲတပ်ဖွဲ့ ဖမ်းဆီးထားပါတယ်။

အပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/24/11/2026/141169/
❤2😱2😢2
အခေါက်‌ရွှေနှင့် ထိုင်းဘတ်ဈေး ထပ်တက်

Dawei Watch | နိုဝင်ဘာ ၂၄

ယနေ့ ဈေးကွက်ပေါက်ဈေးအရ အခေါက်ရွှေ‌နှင့် ထိုင်းဘတ်ဈေး ထပ်တက်လာသည်။

ရန်ကုန်ဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၀၃၃၀၀၀၀ ကျပ် ဈေးဖွင့်ထားသည်။

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ၈၉၇ ရက် မြောက်ရှိလာပြီဖြစ်သည်။

စစ်အုပ်စု သတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။

ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ရန်ကုန်ဈေးကွက်ကို အခြေခံကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။

ထိုင်းဘတ်ငွေလဲနှုန်းလည်း ထပ်တက်လာပြီး ၆၆၀ ဘတ်လျှင် ကျပ်တစ်သိန်း ဈေးဖွင့်ထားသည်။

ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။
😱3❤1👍1🔥1
လောင်းလုံး တောင်ပြိုကပ်ဘေးတွင် ကူညီနေသည့် စက်ယန္တရားများ ပြန်ထွက်ခွာ

“လုပ်ရမှာတွေကတော့ အများကြီးကျန်သေးတယ်။ စက်တွေ လိုလာရင် ငှားရမ်းပြီး လုပ်မှရတော့မယ့် အခြေအနေ ဖြစ်သွားပြီ“

သတင်းဖတ်ရန် > https://www.daweiwatch.com/24/11/2026/141175/
👍4🔥2❤1
ထားဝယ်တန်ဆောင်တိုင် အကြိုညတွင် ဖမ်းဆီးခံရသူတစ်ရာခန့် ပြန်လွတ်

ပျူစောထီးတွေကတော့ ဆိုင်ကယ်တစ်စီး နှစ်ယောက်စီးခွင့်ရသလို ဦးထုပ် မဆောင်းဘဲ ဆိုင်ကယ်မောင်းရင်လည်း ဖမ်းဆီးခံရတာမျိုး မရှိပါဘူး။

သတင်းဖတ်ရန် > https://www.daweiwatch.com/24/11/2026/141181/
🔥3👍2
မောင်းမကန်တောင်ပေါ်တွင် ခရီးသွားများကို ခြိမ်းခြောက်ငွေတောင်းမှု ဆက်တိုက်ဖြစ်

လက်နက်ကိုင်ထားသူ အချို့က ခရီးသွားတွေကို အကြောင်းမျိုးစုံပြပြီး ငွေညှစ်နေတာလို့ ဆိုပါတယ်။

Website > https://www.daweiwatch.com/24/11/2026/141184/
❤2🤬2👍1
ဝင်ရိုးစုံကမ္ဘာကြီးမှာ စွမ်းအင်ကမှ အမေရိကန်ရဲ့ တကယ့်လက်နက်

DaweiWatch | နိုင်ငံတကာဆောင်းပါး

ဝင်ရိုးစုံကမ္ဘာကြီးကို ရင်ဆိုင်လိုက်ရတဲ့ အမေရိကန်ဟာ ရှေ့တန်းနည်းပညာ မျက်နှာစာတိုင်းမှာ စိုးမိုးနိုင်ဖို့ထက် ကမ္ဘာပေါ်မှာ အကန့်အသတ်နဲ့သာ တည်ရှိပြီး ဗျူဟာကျကျ အရေးအပါဆုံး ဖြစ်တဲ့ မရှိမဖြစ် ကုန်စည်နှစ်ရပ်အပေါ် သြဇာလွှမ်းမိုးနိုင်စွမ်းကို အသုံးချဖို့ပဲ ပိုအလေးထားလာဟန် ရှိပါတယ်။ ဒီကုန်စည်တွေကတော့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပါ။

Website > https://www.daweiwatch.com/24/11/2026/141187/
👍3🔥1
ရုရှားနှင့် အက်စတိုးနီးယား တင်းမာမှုမြင့်တက်၊ စစ်ဖြစ်သွားနိုင်ဟု ရုရှားသတိပေး

နှစ်နိုင်ငံကြား အပြန်အလှန် စွပ်စွဲမှုတွေ မြင့်တက်နေပြီး ရုရှားနဲ့ နယ်စပ်ဂိတ်တွေကို အနည်းဆုံး ၆ လ ပိတ်ထားမယ်လို့ အက်စတိုးနီးယားက ကြေညာထားပါတယ်။

Website > https://www.daweiwatch.com/24/11/2026/141190/
👍3🔥2
ပလမြို့အနီးက မြိတ်-ထားဝယ်ကားလမ်းတွင် အံစာတုံးကား ပစ်ခံရပြီး ကားသမားသေဆုံး

ကားသမားသုံးဦး ကားပြင်နေချိန်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး ဘယ်သူတွေက ပစ်ခတ်ခဲ့တယ်ဆိုတာ မသိရှိကြပါဘူး။

Photo - ရွှေဝယ်ဟိဏ် ခရီးသည်ပို့ဆောင်ရေး

Website > https://www.daweiwatch.com/24/11/2026/141193/
🔥3👍2
လူငယ်အား ပြန်မထင်ရှားသေးတဲ့ ထားဝယ်တန်ဆောင်တိုင်

DaweiWatch | ရုပ်သံ

စစ်မှုထမ်းကြောင့် ကလေးတွေ၊ ဆယ်ကျော်သက်ကျောင်းသားတွေပဲ ပါဝင်နိုင်ကြပါတယ်။

https://youtu.be/ueBJjeliVec
❤3😢2👍1🔥1
ထိုင်း-မြန်မာနယ်စပ် ကော့သောင်း တန်ဆောင်တိုင်

Dawei Watch | ဓာတ်ပုံသတင်း

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့၌ ယနေ့ တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာလ ၂၄ ရက် ညနေပိုင်းတွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားများ လှည့်လည်အပူဇော်ခံနေသည့် မြင်ကွင်း။

ကော့သောင်းမြို့ တန်ဆောင်တိုင်ဘုရားလှည့်ပွဲသည် ယခုနှစ်တွင် ၅၄ ကြိမ်မြောက်ဖြစ်ပြီး အဆိုပါပွဲကို နှစ်စဥ် ပြည်တော်အေးဘုရား ဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည်။

သတင်းကြည့်ရန် - https://www.daweiwatch.com/24/11/2026/141204/
👍2🔥1