Genius Doctor
997 subscribers
33 links
မြန်မာဘာသာပြန်
Download Telegram
၃၀၇၀။ ရေခဲ နတ်ဘုရားမ (၁)
 
ကောင်းကင်နှင့် မြေပြင်ကြားမှ အရာရာတိုင်းက ဆီးနှင်းအလွှာများအောက်တွင် မြှုပ်နှံခံလိုက်ရသည်။
 
ဂျန်ဝုရှီက ထိုအမျိုးသမီးကို မော့ကြည့်သည်။ သူ ပိုင်ဆိုင်ထားသော ကြောက်စရာ စွမ်းအားကြောင့် ဂျန်ဝုရှီ အံ့အားသင့်ရသည်။ သို့သော် ဂျန်ဝုရှီသည်လည်း ထိုစွမ်းအားနှင့် ရင်းနှီးနေသလို ခံစားမိသည်။
 
၎င်းက သိသာစွာပင် အရိုးထဲထိ အေးစက်စေသော အအေးဓာတ် ဖြစ်သည်။ သို့သော်လည်း ဖျော့တော့သော အနွေးဓာတ်ကိုလည်း ပိုင်ဆိုင်ထားပုံပင်။
 
“ငါ့ရဲ့ အလင်းဖြာ နေမင်းကို ပြန်ပေး” ထိုအမျိုးသမီးက အဆုံးမရှိသော အအေးဓာတ်ကို ထွတ်လွှတ်လျက် အော်ဟစ်သည်။
 
“ဒါ ဖရိုဖရဲ စွမ်းအင်ကနေ ဖြစ်လာတာ ဟုတ်ပုံ မရဘူး” ဂျန်ဝုရှီက ရူးသွပ်နေသော ထိုအမျိုးသမီးကို ကြည့်ရင်း ပြောသည်။
 
“ရှီလေး, ရုပ်ခန္ဓာကိုယ်ကို ငါ မခံစားမိဘူး၊ သူက အသိစိတ် အကြွင်းအကျန် ဖြစ်ပုံပဲ” ဂျန်ဝုယောင်းက သူ့ခေါင်းထဲ ဖြစ်လာသည့် တွက်ဆချက်ကို ပြောသည်။
 
ယခင်က, အိပ်မက် ၇ခု လောကမှ ဂျန်ဝုရှီ ပြန်လာချိန်တုန်းက, နတ်ဘုရားများကို သူ တွေ့မြင်ပြီး သူတို့၏ နောင်တကို တွေ့ကြုံခံစားရကြောင်း သူ ပြောပြခဲ့သည်။ သည်အမျိုးသမီး ပိုင်ဆိုင်သော စွမ်းအားက သည်ကမ္ဘာမှ ဟုတ်ဟန် မတူ။ ၎င်းက...
 
“နတ်ဘုရား စွမ်းအားလား၊ ဒါပေမဲ့ နတ်ဘုရားတွေ အားလုံး ကျရှုံးသွားကြပြီ မဟုတ်လား၊ ဒီဖရိုဖရဲ ဝင်္ကပါထဲမှာ ဘယ်လိုလုပ် နောက်တပါး ရှိနေသေးရတာလဲ” ဂျန်ဝုရှီက သူ့သံသယကို ပြောသည်။ ဂျန်ဝုယောင်း၏ တွေးဆချက်ကိုလည်း သူ မငြင်းဆိုနိုင်။ ဂျန်ဝုယောင်းသည်ပင် ထိုသို့ တွေးမိသည် မဟုတ်, သူသည်လည်း ထိုလိုပင် တွေးမိသည်။
 
သူ့ရှေ့မှာ တွေ့မြင်ရသော စွမ်းအားက အိပ်မက် ၇ခု လောကမှ နတ်ဘုရားများထံမှ တွေ့မြင်ခဲ့ရသည့် စွမ်းအားများနှင့် အင်မတန် တူညီသည်။
 
ကွာခြားတာက သူတို့ရှေ့မှ အမျိုးသမီးက ရူးသွပ်သွားပုံ ရသည်။ သို့သော် ယခင် သူတို့ ရင်ဆိုင်ခဲ့ရသော နတ်ဘုရားများက သူတို့ကိုယ် သူတို့ ထိန်းချုပ်ထားနိုင်ခဲ့ကြသည်။
 
“ရှီလေး, ငါ မမှားရင်, ဒီလူက မင်း အရင် မြင်ခဲ့ဖူးတဲ့ နတ်ဘုရားတွေနဲ့ အတူတူပဲ၊ ဒါပေမဲ့ သူ့မှာ ခန္ဓာကိုယ် မရှိဘူး၊ သူ့ရဲ့ အလိုဆန္ဒ စိတ်အကြွင်းအကျန်ပဲ ရှိနေတော့တာ နေမယ်” ဂျန်ဝုယောင်းက အေးစက်စွာ ပြောသည်။
 
ထိုအမျိုးသမီး၏ မူလဇာစ်မြစ်ကို သူတို့ သေချာအောင် လုပ်နေစဉ်မှာပင်, ထိုအမျိုးသမီးက သူတို့ကို ရုတ်တရက် အော်ဟစ်လိုက်သည်။
 
“ငါ့ရဲ့ တောက်ပတဲ့ နေမင်းကို သတ်ပစ်လိုက်တာ နင်ပဲ”
 
ထိုအမျိုးသမီးက ကောင်းကင်မှ ဆင်းလာကာ သူတို့ဆီ ပြေးဝင်လာသည်။
 
တချိန်တည်းမှာပင် ဂျန်ဝုယောင်း၏ အမှောင်ဝိညာဉ်စွမ်းအားက သူ့ခန္ဓာကိုယ်ကို ရစ်သိုင်းကာ အဟုန်ပြင်းစွာ ထိုးထက်သွားပြီး ရေခဲကမ္ဘာကို လုံးဝ မှောင်မိုက်သွားစေသည်။
 
ဂျန်ဝုရှီက အတန်ငယ် မျက်လုံးများကို မှေးစင်း၍ လက်တဖက်ကို မြှောက်ပင့်လိုက်လျှင် သူ့လက်ချောင်းဖျားမှ ရွှေရောင် အလင်းလုံးတခု ထွက်ပေါ်လာကာ ဂျန်ဝုယောင်းအား တပ်ကူပေးသည်။
 
ဝုန်းးးးးး
 
စွမ်းအားကောင်းသော အားနှစ်ခု တခုနှင့် တခု ဝင်ဆောင့်သွားသည်။ သားရဲကြီးနှစ်ကောင် ကြမ်းကြုတ်စွာ တိုက်ခိုက်သလိုပင်။
 
နောက်တခဏမှာ ကောင်းကင်နှင့် မြေပြင်ကြားမှာ လှိုင်းလုံးများ ဆက်တိုက် ဖြစ်သွားသည်။ ဧရာမ ပြင်းထန်သော လှိုင်းလုံးများက နေရာပေါင်းစုံသို့ လှည်းကျင်းသွားသည်။ ထိုအင်အားနှစ်ခု၏ ဝင်ဆောင့်မှုကြောင့် တောင်တန်းနှင့် မြစ်ပြင်များ ပြိုလဲပျက်စီးသွားကြသည်။
 
ပေါင်းစပ်စွမ်းအားနှင့် ရင်ဆိုင်ရချိန်မှာ, ထိုအမျိုးသမီး၏ မျက်နှာမှာ နာကျင်မှု ဖြစ်ပေါ်လာသည်။ သူ့မျက်လုံးများမှ ရူးသွပ်မှုသည်လည်း ခဏအတွင်းမှာ လျော့ပါးလိုက်လာ၏။
 
“နတ်ဘုရား.... စွမ်းအားလား”
 
စွမ်းအားပြင်းသော အင်အားနှစ်ခု၏ ဆောင့်တိုက်မှုက ထိုအမျိုးသမီး၏ စိတ်ဝိညာဉ်ကို သက်ရောက်စေသည်။ သူ အတန်ငယ် တုန်လှုပ်သွားကာ ရူးသွပ်မှုက တဖြည်းဖြည်း ဝေးလွင့်လိုက်လာသည်။ နောက်ဆုံးမှာ တိုက်ခိုက်ခြင်းကို သူ ရပ်တန့်လိုက်သည်။ ကျောက်ခဲပုံနားမှာ သူ့မျက်နှာ ဖြူရော်ကာ ရပ်နေသည်။ သူ့အသက်ရှူသံက တိုးလျသွားသည်။ သူ့လက်များကို ရင်ဘတ်ပေါ် တင်ကာ ဂျန်ဝုရှီနှင့် ဂျန်ဝုယောင်းကို သူ ကြည့်လာ၏။
 
“မင်းတို့ကို ဖျက်ဆီးခြင်း နတ်ဘုရား စေလွှတ်လိုက်တာလား”
 
ထိုအမျိုးသမီး၏ အသံမှာ ခါးသီးမှု သီးသန့်သာ ရှိသည်။ ဖျက်ဆီးခြင်း နတ်ဘုရားဆိုသော စကားလုံး သူ့လျှာမှ ထွက်ကျလာတာ အက်စစ်အလားပင်။
❤5
၃၀၇၁။ ရေခဲနတ်ဘုရားမ (၂)
 
ဂျန်ဝုရှီနှင့် ဂျန်ဝုယောင်းက အချင်းချင်း ကြည့်လိုက်ကြသည်။ ဂျန်ဝုရှီက အရင်ဆုံး ပြောသည်။
 
“ငါတို့က သူ့လက်အောက်က မဟုတ်ကြဘူး၊ ဒါပေမဲ့ ဒီဖရိုဖရဲ ဝင်္ကပါထဲ ငါတို့ စုပ်ယူခံလိုက်ကြရတာ”
 
“သိပြီ... ဒီလိုကိုး” ထိုအမျိုးသမီးက အတန်ငယ် နှုတ်ခမ်းတွန့်၍ ကသိကအောက်ဟန်ကို ပြသည် “ကျေးဇူးပါ, နင်တို့ကြောင့်သာ မဟုတ်ရင်, ငါ ဘယ်လောက်ကြာအောင် ရူးသွပ်နေအုံးမယ် မသိဘူး”
 
“ရှင်က တကယ်ဆို ဘယ်သူလဲ” ဂျန်ဝုရှီက ထိုအမျိုးသမီးအကြောင်းကို အလွန်ပင် သိချင်မိသည်။ သူ ပြသသွားသော စွမ်းအင်အရ, သူသည်လည်း နတ်ဘုရားဆိုတာ ဂျန်ဝုရှီ သေချာသည်။ သို့မဟုတ် သူ အနည်းဆုံးတော့ နတ်ဘုရား ဖြစ်ခဲ့ဖူးမည်။
 
ထိုအမျိုးသမီးက အတန်ငယ် ခေါင်းငုံ့၍ မျက်လုံးများ မှိတ်ကာ ခါးသီးစွာ ပြုံးလိုက်သည်။
 
“ငါ့နာမည်က ဟန်ရွှမ်း, ရေခဲနဲ့ ဆီးနှင်းသခင်ပဲ, လူတွေက ငါ့ကို ရေခဲနတ်ဘုရားလို့ ခေါ်ကြတယ်” ထိုအမျိုးသမီးက ဆက်ပြောသည် “အဲတုန်းက, ငါ ချစ်ရသူ နေနတ်ဘုရားကို ဖျက်ဆီးခြင်း နတ်ဘုရားက သတ်ဖြတ်သွားခဲ့တယ်၊ သူ့ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ဖရိုဖရဲ ဝင်္ကပါမှာ အကျဉ်းချထားခဲ့တယ်...”
 
“... ငါ တကမ္ဘာလုံးကို ခရီးပတ်ခဲ့တယ်, နောက်ဆုံးတော့ ဖျက်ဆီးခြင်း နတ်ဘုရားကို ငါ ရှာတွေ့ခဲ့တယ်၊ သူ့ကို ငါ မနိုင်ခဲ့ဘူး၊ ငါလည်း ဖရိုဖရဲ ဝင်္ကပါထဲမှာ အကျဉ်းချခံလိုက်တော့တာပါပဲလေ၊ ဒီမှာ အချိန် ဘယ်လောက် ကြာသွားပြီးမှန်း ငါ မသိတော့ဘူး၊ ငါ့ရဲ့ နတ်ဘုရားစွမ်းအားနဲ့ နတ်ဘုရားခန္ဓာကိုယ်က တဖြည်းဖြည်း တိုက်စားခံလာရတယ်၊ ငါ့ရဲ့ အလိုဆန္ဒ ဝိညာဉ်လေးပဲ ကျန်ရစ်တော့တာ...”
 
ထိုအမျိုးသမီး ပြောတာကို ကြားလျှင် ဂျန်ဝုရှီ သက်ပြင်းချမိပြီး အတော်ကြာအောင် ဘာမှ မပြောမိ။
 
သူ၏ ပင်ကိုယ်သိစိတ်က မှန်သည်။ ဟန်ရွှမ်က တကယ်ပင် သူ ယခင်က တွေ့ခဲ့ဖူးသော နတ်ဘုရားများနှင့် အတူတူပင်။ မတူတာက, ဖရိုဖရဲ ဝင်္ကပါမှာ အချိန်အများကြီး နေခဲ့ရသဖြင့် ထိုအမျိုးသမီး စိတ်နောက်ကျိသွားခြင်းပင်။
 
“ငါတို့ ဒီဖရိုဖရဲ ဝင်္ကပါကနေ ထွက်နိုင်ခဲ့ရင်, ဖျက်ဆီးခြင်း နတ်ဘုရားကို ကျိန်းသေ ဖျက်ဆီးပစ်မယ်, ဒီကမ္ဘာကိုလည်း ငြိမ်းချမ်းအောင် ပြန်လုပ်မယ်” ဂျန်ဝုရှီက မျက်လုံးများ မှေးစင်း၍ လက်သီးကျစ်ကျစ် ဆုပ်ကာ ပြောသည်။ ရေခဲနတ်ဘုရားမက ဖရိုဖရဲ ဝင်္ကပါမှာ နှစ်ပေါင်းများစွာ ကြာသည်အထိ မည်သို့သော ဒုက္ခများကို တွေ့ကြုံခဲ့ရသလဲဆိုတာ ဂျန်ဝုရှီ မသိလျှင်သာ နေမည်။ သို့သော် ဖျက်ဆီးခြင်းနတ်ဘုရား၏ လုပ်ကိုင်ဆောင်ရွက်ချက်များက ဂျန်ဝုရှီနှင့် ဖြတ်တောက်ရမည့် အနေအထားအထိ ရောက်ရှိသွားခဲ့လေပြီ။
 
ပျော်ရွှင်မှုများကို သူ ဘယ်လောက်အထိ ဖျက်ဆီးခဲ့ပြီနည်း။ သူ့ရည်မှန်းချက် အောင်မြင်ရန် ဆင်းရဲဒုက္ခများကို သူ မည်မျှအထိ ဖန်တီးခဲ့သနည်း။
 
“မင်းတို့ ထွက်နိုင်ကြမှာပါ” ထိုအမျိုးသမီးက အခက်အခဲ တချို့ဖြင့် ထရပ်သည်။ သူ၏ ခါးသီးသော အပြုံး ပျောက်ကွယ်သွားသည်။ သူ့မျက်လုံးမှာ ဆုံးဖြတ်ချက် ပြတ်သားဟန် ပေါ်လာသည်။ သူက ဂျန်ဝုရှီကို နွေးထွေးစွာ ပြုံးပြ၏။ “ငါ့ရဲ့ လိုအင်ဆန္ဒက လက်စားချေတာပဲ၊ ဝင်္ကပါထဲ ငါ ပိတ်မိနေခဲ့တာ အရမ်း ကြာသွားပြီ၊ ဒီတော့ စွဲလမ်းစိတ် ဖြစ်လာတယ်၊ အဲဒီ စွဲလမ်းစိတ်က ငါ့ကို ဖရိုဖရဲ စွမ်းအားတချို့ကို နားလည်စေခဲ့တယ်၊ အခု အဲဒါကို နောက်ဆုံး ဖြည့်ဆည်းပါဝင်တဲ့ အနေနဲ့ မင်းတို့ နှစ်ယောက်ကို ငါ ပေးလိုက်မယ်”
 
ဂျန်ဝုရှီ မှင်တက်သွားသည်။ သူ မည်သို့ ခံစားရသလဲဆိုတာကို သူ မည်သို့ ထုတ်ဖော်ရမှန်းပင် မသိတော့။
 
ရေခဲနတ်ဘုရားမက ဖျက်ဆီးခြင်း နတ်ဘုရား၏ အစီအစဉ်များကို နောက်ဆုံးအထိ မတော်လှန်နိုင်ခဲ့။ သူတို့ကို ဝင်္ကပါအပြင်ဘက်သို့ ပို့ဆောင်ပေးရန် သူ့စွမ်းအားကို အသုံးပြုခြင်းက ဤလောကမှာ သူ တည်ရှိတာ နောက်ဆုံးဖြစ်သွားမည်ဆိုသည့် အဓိပ္ပါယ်ပင်။ အလင်းနတ်ဘုရားနှင့် တခြား နတ်ဘုရားများလိုပင်။
 
ရေခဲနတ်ဘုရားမက ဂျန်ဝုရှီ တွန့်ဆုတ်နေတာကို ခံစားမိပုံပင်။ သူက နူးညံ့စွာ ပြုံးသည်။ အေးစက်ခြင်းကား မတည်ရှိတော့။ သို့သော် စကားဖြင့် ဖော်မပြသော စိတ်သက်သာခြင်းကိုတော့ မြင်နိုင်သည်။
 
“မင်းကို အရင်က မမြင်ဖူးပေမဲ့, မင်းခန္ဓာကိုယ်ထဲက သန့်စင်တဲ့ နတ်ဘုရားစွမ်းအားကို ငါ ခံစားမိတယ်၊ အဲဒီ စွမ်းအားက ရင်းနှီးတာနဲ့ ထူးဆန်းတာ နှစ်ခုစလုံးကို ခံစားရစေတယ်”
 
“ငါ အလင်းနတ်ဘုရားဆီကနေ ချီးမြှောက်မှုနဲ့ လက်ဆောင်ကို ရရှိခဲ့တယ်” ဂျန်ဝုရှီက အတန်ငယ် မျက်လွှာချလိုက်သည်။ ထိုနတ်ဘုရားများသည် သူတို့၏ နောက်ဆုံး ကျန်ရစ်သော နတ်ဘုရားစွမ်းအားများကို သူ့ဆီ လွှဲအပ်ပေးခဲ့ကြသည်။ သူ ပျောက်ဆုံးသွားသော စွမ်းအားကို ပြန်ဖြည်ဖို့ပင်။ သူတို့၏ နတ်ဘုရားစွမ်းအားကို ဂျန်ဝုရှီက စုပ်ယူလို့ မရနိုင်တာ ဖြစ်ကောင်းသော်လည်း, သူတို့၏ စွမ်းအား အငွေ့အသက်များကား သူ့စွမ်းအားထဲမှာ ရှိနေသေးသည်သာ။
❤6
၃၀၇၂။ ရေခဲနတ်ဘုရားမ (၃)
 
ထို့ကြောင့် ရေခဲနတ်ဘုရားမက ဂျန်ဝုရှီနှင့် ရင်းနှီးသော ခံစားချက်ကို ရရှိခဲ့ခြင်းပင်။
 
ရေခဲနတ်ဘုရားမက ခဏလောက် မှင်တက်ပြီးနောက် ပြုံးသည် “အိုး, ဒါ အလင်းနတ်ဘုရားကိုး, မင်းက ငါနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ခံစားချက်ကို ပေးနေတာ မထူးဆန်းတော့ဘူးပဲ၊ အဲဒီတုန်းက နတ်ဘုရား ဘုံဗိမာန်ကို သတိရတုန်းပဲ, ဒါပေမဲ့ ခုတော့ အိပ်မက် ဖြစ်သွားပါပြီလေ”
 
အိပ်မက်ပင် ဖြစ်ဖြစ်, အစစ်အမှန်ပင် ဖြစ်ဖြစ်, အခု အရေးမကြီးတော့။
 
ထိုအမျိုးသမီးက စကား လက်စသပ်ပြီးသည်နှင့် သူ့မျက်လုံးများမှ စွမ်းအားလုံး နှစ်ခု ထိုးထွက်၍ ဂျန်ဝုရှီနှင့် ဂျန်ဝုယောင်း၏ ခန္ဓာကိုယ်ထဲ ပြေးဝင်သွားသည်။ သူတို့ တုံ့ပြန်ဖို့ပင် အချိန်မရလိုက်ကြ။
 
“ငါ ဒီလောက်ကြာအောင် တောင့်ခံနိုင်တာက ဒီဖရိုဖရဲ စွမ်းအင်ကြောင့်ပဲ၊ ဒါပေမဲ့ အခု ငါ သဘောပေါက်သွားပြီ၊ ငါ ချစ်ရသူလည်း ငါ့အနားမှာ မရှိတော့ဘူး” ထိုအမျိုးသမီး၏ ပုံရိပ်က ဖျော့တော့စွာ ပြုံးနေရင်း တဖြည်းဖြည်း ‌ပျောက်ကွယ်လိုက်လာ၏။
 
ရေခဲနတ်ဘုရားမက အကွာအဝေး တခုကို လှမ်းကြည့်သည်။ သူ၏ ဆုံးရှုံးသွားသော တခြားကိုယ်တဝက်၏ အရိပ်ကို ကြည့်နေသလိုပင်။
 
“ငါ မရှိခင် သူ အသက်ရှင်နေခဲ့တယ်၊ ငါ အသက်ရှင်လာတော့ သူ မရှိတော့ဘူး... သူနဲ့ အတူတူ နေ့ရက်များစွာ ငါ ကခုန်ခဲ့တယ်, သူ တယောက်တည်း ကနေရတယ်, ဟင်း... ဖရိုဖရဲ နှစ်တွေ အရမ်း ကြာသွားတော့, ငါ သူနဲ့ အရမ်း ဝေးကွာသွားပြီပေါ့, ငါ ဒီမှာလေ, ဒါပေမဲ့ သူ မရှိဘူး, သူ အေးနေသလား ငါ မေးခဲ့တယ်, သူ ဘယ်မှာလဲ, ငါ ဘယ်မှာလဲ, သူ ဘယ်သွားနေလဲ, ငါ ဘယ်သွားရမှာလဲ...”
 
ထိုသို့ ပြောပြီးနောက် မျက်ရည်နှစ်စက် ကျဆင်းကာ ရေခဲနတ်ဘုရားမကား ပျောက်ကွယ်သွားတော့သည်။
 
သူ ပျောက်ကွယ်သွားသည်နှင့် ဆီးနှင်းများ စတင်၍ ကျဆင်းလာသည်။ ၎င်းက လှပသော မြင်ကွင်းပင်။ သို့သော် ဆီးနှင်းပွင့်များ သူတို့၏ ခန္ဓာကိုယ်များသို့ ကျဆင်းလာချိန်မှာ, အေးစက်ပြီး မချင့်မရဲ အာရုံခံစားချက်ကို သယ်ဆောင်လာသည်။ ၎င်း ဆီးနှင်းပွင့်များက ရေခဲနတ်ဘုရားမ မည်သို့မျှ ပြန်လည် မရယူနိုင်ခဲ့သော အချစ်ကို ကိုယ်စားပြုနေကြသည်။
 
ဂျန်ဝုရှီက ကျဆင်းလာသည့် ဆီးနှင်းပွင့်များကို ကြည့်၍ လက်ဆန့်တန်းပြီး ဆီးနှင့်ပွင့်တခုကို လက်ဖဝါးဖြင့် ခံယူလိုက်သည်။ ၎င်းက လက်ထဲမှာ အရည်ပျော်သွား၏။ ဂျန်ဝုရှီ ရုတ်တရက် လက်သီးဆုပ်မိသည်။
 
“ရှင့်ကိုယ်စား ငါ လက်စားချေပေးမယ်”
 
ဂျန်ဝုယောင်းက ဂျန်ဝုရှီအနားသို့ လာ၍ သူ့လက်သီးဆုပ်ကို သူ့လက်များဖြင့် ဆုပ်ကိုင်၍ ပြောသည် “အကြွေးမှန်သမျှ တနေ့ကျရင် ပေးဆပ်ရမှာပါ”
 
“ဖျက်ဆီးခြင်းနတ်ဘုရားက ငါတို့ကို ဒီဖရိုဖရဲ ဝင်္ကပါမှာ တသက်လုံး ပိတ်လှောင်ထားချင်ပုံပဲ၊ ဒါပေမဲ့ ငါတို့က စွမ်းအားအသစ်ကို ရရှိသွားကြပြီ၊ ဒါက အကောင်းဆုံး အလှည့်အပြောင်း ဖြစ်တယ်” ဂျန်ဝုရှီက လက်သီး ပြန်ဖြည်၍ သူ့မှာ ဖြတ်သန်းစီးဆင်းနေသည့် စွမ်းအားကို ခံစားလိုက်၏။
 
ဂျန်ဝုရှီက ဖျက်ဆီးခြင်းနတ်ဘုရားအား အဆတရာမက ပြန်လည် ပေးဆပ်စေချင်သည်။
 
ဗုန်းးးးးး
 
ကျယ်လောင်သော အသံတခု ထွက်ပေါ်လာ၏။ ၎င်းက ခေါင်းလောင်းကြီး ထိုးလိုက်သဖြင့် ထွက်လာသည့် ထည်ဝါသော အသံနှင့် တူသည်။
 
သူတို့ နှစ်ယောက်က သူတို့ အသစ်ရရှိထားသော ဖရိုဖရဲစွမ်းအားကို အသုံးပြုလျက် ကောင်းကင်မှာ ပေါ်လာသည့် အပေါက်သို့ တဟုန်ထိုး ထိုးတက်သွားပြီး နောက်ဆုံးမှာ ဖရိုဖရဲ ဝင်္ကပါမှ လွတ်မြောက်သွားကြသည်။
 
သူတို့ ပြန်ပေါ်လာချိန်မှာ, သိပ်မကြာခင်လေးကမှ သူတို့ သတ်ဖြတ်ခဲ့သော အစောင့်များ လတ်ဆတ်သော သွေးအိုင်ထဲ လဲကျနေဆဲကို တွေ့ကြရသည်။ ၎င်းက အခိုက်အတန့် ခဏလေးလိုပင်။
 
“လက်စသပ်တော့, ဖရိုဖရဲ ဝင်္ကပါထဲမှာ အချိန်ဆိုတာ အဓိပ္ပါယ်မှ မရှိဘဲ” ဂျန်ဝုရှီက မျက်လုံးများကို မှေးစင်းလိုက်သည်။ သူတို့ ဝင်္ကပါထဲမှာ အချိန် အကြာကြီး နေထိုင်ခဲ့ကြရသည်။ သို့သော် အပြင်ဘက်မှာတော့ မျက်စိတမှိတ်က‌လေးသာ။
 
ဂျန်ဝုယောင်းက အသာအယာ ခေါင်းညိတ်ပြသည်။ ဖရိုဖရဲ ဝင်္ကပါအတွင်းမှာ အရာရာတိုင်းက အိပ်မက်တခုပမာပင်။ ၎င်းက သူနှင့် ဂျန်ဝုရှီ အတူတူ တွေ့ကြုံခံစားခဲ့ရသော ထူးဆန်းသော အိပ်မက်တခုလိုသာ။ သို့သော် သူတို့၏ ခန္ဓာကိုယ်မှ စွမ်းအားကား အစစ်အမှန်ပင်။
 
“ဖျက်ဆီးခြင်း နတ်ဘုရား ငါတို့ကို မြင်ရင် ဘယ်လိုများ တုံ့ပြန်လာမလဲ, မြင်ချင်လိုက်တာ” ဂျန်ဝုယောင်း၏ နှုတ်ခမ်းများက မထိန်းချုပ်ထားသော မိစ္ဆာအပြုံးကြောင့် ကော့ညွတ်တက်သွား၏။ အလွန် ကာလကြာရှည်စွာ စနစ်တကျ တွက်ချက်၍ စီမံခဲ့သော အရာက နောက်ဆုံးမှာ ဖျက်ဆီးခြင်းနတ်ဘုရား အတွက်အချက် လွဲမှားသွားခဲ့သည်။
❤8
၃၀၇၃။ နောက်ဆုံး တိုက်ပွဲ (၁)
 
သူတို့ ဖရိုဖရဲ ဝင်္ကပါထဲမှာ ပိတ်မိသွားရုံတင် မကဘဲ, ထိုဝင်္ကပါထဲမှာ သူတို့ တကယ်ပင် သန်မာလာတာကို ဖျက်ဆီးခြင်း နတ်ဘုရား သိသွားလျှင် မည်သို့ တုံ့ပြန်မလဲဆိုတာ ဂျန်ဝုရှီ တကယ်ပင် ကြည့်ချင်သည်။
 
ဘုရားကျောင်း၏ အပြင်ဘက်မှာ သွေးများ စီးဆင်းနေသည်။ အတွင်းမှာတော့ ဖျက်ဆီးခြင်း နတ်ဘုရားက အမြင့်နေရာမှာ မေးထောက်ကာ အေးအေးလူလူ ထိုင်နေသည်။
 
အောက်မှာတော့ ဖန်မင်း တဦးတည်သား။
 
“သခင်ကြီး ဖရိုဖရဲ ဝင်္ကပါ ပျက်စီးသွားပါပြီ, သူတို့ကို ထိန်းထားနိုင်မှာ မဟုတ်တော့ဘူး”
 
ဖျက်ဆီးခြင်း နတ်ဘုရားက အထင်အမြင်သေးဟန်ဖြင့် လက်ကာပြသည် “ဒါ အဆင်ပြေတယ်, ယင်အာ ပြန်လာပြီ, အလင်းနတ်ဘုရားနဲ့ တခြားနတ်ဘုရားတွေရဲ့ စွမ်းအားကို ပြန်ယူလာခဲ့ပြီ, ငါ စောင့်နေရုံလေးပဲ၊ သူတို့ ချိုးဖျက်ထွက်လာနိုင်ရင်တောင်, သုံးလောကရဲ့ သွေးစတေး အစီအစဉ်ကို တားဖို့ အရမ်း နောက်ကျသွားပြီ”
 
ဖျက်ဆီးခြင်းနတ်ဘုရား၏ မျက်လုံးများမှာ ရူးသွပ်သော အကြည့် ရှိနေသည်။ သူ ကနေ့လို အချိန်မျိုးကို စောင့်ဆိုင်းနေခဲ့တာ အင်မတန် ကြာညောင်းခဲ့ပြီ။
 
“ဒါပေမဲ့ အရှင်ကြီး...” ဖန်မင်းက အတန်ငယ် စိုးရိမ်နေတုန်းပင်။
 
သို့သော် ဖျက်ဆီးခြင်း နတ်ဘုရားက စကား ထပ်နားထောင်ဖို့ စိတ်မပါ “မင်းကို ညွှန်ကြားထားတာတွေ မင်း လုပ်ပြီးပြီလား”
 
ဖန်မင်း ခဏလောက် မှင်တက်ပြီးနောက် ခေါင်းညိတ်ကာ ပြောသည် “လုပ်ပြီးပါပြီ”
 
“ဒါဆို သူတို့ လာပါစေ, သူတို့ နောက်ဆုံးအနေနဲ့ မနှိမ်နင်းခင် အဲဒီ ဓားစာခံ နှစ်ယောက်က ဘယ်လို ပြဿနာကို ဖန်တီးနိုင်မလဲ, ငါ မြင်ချင်တယ်၊ သူတို့ အဆုံးသတ် ဝမ်းမြောက်စကားကို ဆိုပါစေ,  အဓိပ္ပါယ်မဲ့ မျှော်လင့်ချက်ကို ထားပါစေ” ဖျက်ဆီးခြင်း နတ်ဘုရားက ခွက်ထိုးခွက်လန် ရယ်သည်။ သူ့မျက်နှာမှာ နူးညံ့သိမ်မွေ့သော အရာကား နောက်ဆုံးအနေဖြင့် တွန့်ကြေပျက်စီးသွားလေ၏။ အဆိပ်ပြင်းသော အမူအရာသာ ကျန်ရစ်တော့သည်။
 
“ပျင်းစရာကောင်းတဲ့ ဒီကမ္ဘာကြီးပဲ ဖြစ်ဖြစ်, အားနည်းချည့်နဲ့တဲ့ အဲဒီ နတ်ဘုရားတွေပဲ ဖြစ်ဖြစ်, သူတို့အားလုံး အမြစ်ပြတ်သုတ်သင်ခံရသင့်တာ ကြာလှပြီ, သန်မာသူသာ ရှင်သန်မှာ, ဒီသဘောကို သူတို့ ဘာလို့ နားမလည်ကြတာလဲ”
 
ဖျက်ဆီးခြင်း နတ်ဘုရား၏ ရယ်မောသံက တိုးလျပြီး မကောင်းသော အတိတ်နိမိတ်များ ကြီးစိုးနေသဖြင့် ထိုစကား ကြားလျှင် ကြားရသူများအား အရိုးထဲထိ တုန်ယင်သွားစေနိုင်သည်။
 
သူ ရယ်နေတုန်းမှာပင်, လူရိပ်နှစ်ခုက ခန်းမကြီး၏ တံခါးဝမှာ ပေါ်လာသည်။
 
ဖျက်ဆီးခြင်း နတ်ဘုရားက အရယ် ရပ်၍ ဝင်ပေါက်ဝမှာ ရပ်နေသည့် ထိုနှစ်ယောက်ကို ကြည့်လိုက်သည်။
 
“ကြိုဆိုပါတယ်, ငါ့ရဲ့ ယဇ်ကောင်လေးတွေ” ဖျက်ဆီးခြင်း နတ်ဘုရားက ပလ္လင်ကို ကျောမှီ၍ ခြေချိတ်ထိုင်သည်။ သူ့မျက်နှာမှ ရူးသွပ်ဟန်ကို အထင်းသား မြင်ရသည်။
 
ဂျန်ဝုရှီက အလင်းနတ်ဘုရား၏ မျက်နှာနှင့် တထပ်တည်း တူညီသော သူ့ရှေ့မှ မျက်နှာကို ကြည့်လိုက်သည်။ သို့သော် ထိုမျက်နှာမှာ ကြမ်းကြုတ်ရက်စက်ခြင်းသာ ရှိသည်။
 
“ငါတို့ ယဇ်ကောင်ဖြစ်လာဖို့ စိတ်မဝင်စားဘူး” ဂျန်ဝုယောင်းက တုံးတိတိ ပြောသည်။
 
ဖျက်ဆီးခြင်း နတ်ဘုရားက ရယ်သည်။
 
“ဒါပေမဲ့ မင်းတို့ ဒါကို မတားနိုင်ပါဘူး” သူက လက်တဖက် မြှောက်လိုက်လျှင် အနီရောင် မြူက မြေ‌အောက်မှ စတင်၍ တက်လာသည်။ မကြာခင်မှာပင် သူတို့ ပတ်ပတ်လည်မှ အရာရာတိုင်းက သွေးနီရောင် ဖြစ်သွားသည်။
 
“မင်းတို့ အရမ်း နောက်ကျသွားပြီ, ယင်အာက အလင်းနတ်ဘုရားနဲ့ တခြားနတ်ဘုရားတွေရဲ့ စွမ်းအားကို ငါ့ဆီ ပြန်ယူလာခဲ့ပြီ၊ သွေးစတေးဝင်္ကပါက စတင်တော့မယ်၊ မင်းတို့ ဒါကို ဘယ်လိုလုပ် ပြောင်းပြန် ပြန်လုပ်နိုင်မှာတဲ့လဲ”
 
ဂျန်ဝုရှီက မျက်မှောင်ကြုတ်လိုက်၏။ ဂုယင်က ဖျက်ဆီးခြင်းနတ်ဘုရား၏ ပွန်းရုပ် တကယ် ဖြစ်ချင်တာကို ဂျန်ဝုရှီ ယုံကြည်ရ တကယ် ခက်ခဲသည်။ ယခင်, ဂုယင်က ဖျက်ဆီးခြင်း နတ်ဘုရား၏ ထိန်းချုပ်ခံနေရခြင်းမှ လွတ်မြောက်ချင်တာ ရှင်းသည်။ သို့သော် ဘာ့ကြောင့် သူက ဖျက်ဆီးခြင်း နတ်ဘုရားဘက်သို့ ကျရောက်နေဆဲနည်း။
 
“ရှင်က ရှင့်ရဲ့ သားအပေါ် ပွန်းရုပ်လေး တခုလို အသုံးချတာ, တကယ် ရက်စက်တာပဲ” ဂျန်ဝုရှီက ပြောသည်။
 
ဖျက်ဆီးခြင်း နတ်ဘုရားက ခဏလောက် တန့်သွားပြီးနောက် ဟားတိုက် ရယ်သည်။
 
“သားလား,,, ဟား ဟား... မင်းတို့ အမှတ်မှားနေကြပြီပဲ, သူက ငါ့သား ဘယ်လိုလုပ် ဖြစ်နိုင်မှာတဲ့လဲ”
❤6
၃၀၇၄။ နောက်ဆုံးတိုက်ပွဲ (၂)
 
ဖျက်ဆီးခြင်း နတ်ဘုရားက သူ့ထိုင်ခုံမှ အသာ ထထိုင်၍ လက်ကို မြှောက်လိုက်၏။ ရုတ်တရက် အပြာရောင် မီးလျှံလုံးက သူ့လက်ဖဝါးမှာ ပေါ်လာသည်။
 
မီးလျှံလုံးက သူ့မျက်လုံးမှာ အလင်းပြန်နေပြီး သူ့အား ပိုလို့ပင် မိစ္ဆာဆန်စေသည်။
 
သူ့လက်ထဲမှ မီးလျှံလုံးကို ဂျန်ဝုရှီ ကြည့်လိုက်သည်။ ၎င်းက အိပ်မက် ၇ခု လောကတွင် သူ့နောက် တကောက်ကောက် လိုက်လာပြီး တဖြည်းဖြည်း ကြီးထွားလာသည့် အပြာရောင် မီးလျှံလုံးနှင့် အတူတူပင်။
 
“ဒီမီးလျှံလုံးက မလှဘူးလား” ဖျက်ဆီးခြင်း နတ်ဘုရားက သီးသန့် ဟုတ်ဟန်မတူဘဲ ပြောသည်။ သူ့ကိုယ်သူပဲ ပြောသလော, ဂျန်ဝုရှီ သို့မဟုတ် ဂျန်ဝုယောင်းကိုပင် ပြောသလော, မသဲကွဲ။
 
“ဒီမီးလျှံလုံးက ဘာကို ကိုယ်စားပြုသလဲဆိုတာ မင်း သိလား” ဖျက်ဆီးခြင်း နတ်ဘုရားက ဖြည်းညင်းစွာ သူတို့ကို ကြည့်လာသည်။ သူကား အလျင်မလို။ သွေးစတေးမှုက စတင်နေလေပြီ။ အဆုံးသတ်ကိုသာ သူ စောင့်နေခြင်း ဖြစ်သည်။ သည်အတောအတွင်း သူတို့နှင့် သူ အချိန် ခဏလောက် ဖြုန်းတီးနိုင်သေးသည်။
 
“ဒါက နတ်ဘုရားတွေရဲ့ မီးလျှံလုံးပဲ၊ ဒါကို ငါနဲ့ ငါ့ရဲ့ အစိတ်အပိုင်းက ပိုင်ဆိုင်ထားတယ်” ဖျက်ဆီးခြင်း နတ်ဘုရားက ရယ်၍ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ မီးလျှံလုံးက မြေပြင်ပေါ် ကျဆင်း၍ ချက်ချင်းပင် ကြီးထွားလာကာ အစစ်အမှန် မဟုတ်သော ပုံရိပ်တခုက ၎င်းမီးလျှံလုံးမှ ထင်ပေါ်လာသည်။
 
၎င်းကား ဂုယင် ဖြစ်သည်။ သူက ခန်းမကြီးမှာ တိတ်ဆိတ်စွာသာ ရပ်နေသည်။ သူ့ခန္ဓာကိုယ်က အကြည်ဖောက်နေလေ၏။ တစ္ဆေလောကမှ တစ္ဆေများနှင့်ပင် တူသည်။ သို့သော် လောလောဆယ်မှာ သူက ထိုတစ္ဆေများထက်ပင် ပို၍ အကြည်ဖောက်နေသည်။
 
တခါတုန်းက မောက်မာဝင့်ကြွားခဲ့သော ပုံရိပ်ကား မရှိတော့။ သူ့ကြည့်ရတာ လေပြင်းတိုက်ခိုက်လျှင် လွင့်သွားတော့မတတ် အားနည်းချည့်နဲ့လျက် ရှိသည်။ သူက ထိုနေရာမှာ ရပ်၍သာ နေသည်။ အပြာရောင် အလင်းက သူ့ကို ဝိုင်းပတ်ထားသည်။
 
သူက သိုသိပ်စွာ ခေါင်းမော့၍ ဂျန်ဝုရှီကို ကြည့်သည်။ သူ့မျက်လုံးများမှာ ရှုပ်ထွေးပွေလီသော ခံစားချက်များကို အတန်းလိုက် တွေ့မြင်နိုင်သည်။
 
“အလင်းနတ်ဘုရားနဲ့ တခြား နတ်ဘုရားတွေက အရမ်း ခေါင်းမာကြတယ်၊ ဒီအားနည်းချည့်နဲ့တဲ့ လောကကို အသည်းအသန် ကာကွယ်ဖို့ ကြိုးစားနေကြတာ၊ ဒီကမ္ဘာမှာ ရှိတဲ့ အရာတိုင်းကို ငါတို့ ဖန်ဆင်းပေးထားတာတွေချည်းပဲ၊ ငါတို့ ဖန်ဆင်းထားတာဆိုတော့ ငါတို့ ဖျက်ဆီးလို့ ရတာပဲလေ၊ သူတို့ တည်ရှိနေရတဲ့ ရည်ရွယ်ချက်က ငါတို့ရဲ့ တန်ခိုးစွမ်းအားကို ဗန်းပြဖို့ပဲ မဟုတ်ဘူးလား” ဖျက်ဆီးခြင်း နတ်ဘုရားက နောက်တကြိမ် ရယ်သည်။ သို့သော် ထိုရယ်သံက ဒေါသနှင့် အနည်းငယ် ရောစွက်နေသည်။ ထို့နောက် သူက ဂုယင်ကို ကြည့်လိုက်သည်။
 
“သူတို့သာ ခေါင်းမမာရင်, ငါ ကနေ့အထိ စောင့်ဆိုင်းနေစရာ လိုမှာ မဟုတ်ဘူး၊ သူတို့ကို အိပ်မက် ၇ခုလောကမှာ လှောင်ပိတ်ထားခဲ့တာ၊ အိပ်မက် ၇ခု လောကဆိုတာ နတ်ဘုရားတွေပဲ ဝင်နိုင်တယ်၊ ချီယန်နဲ့ တခြားလူတွေ မဝင်နိုင်ကြဘူး၊ ဒါပေမဲ့ သူတို့ ဝင်နိုင်ကြရင်တောင်, အဲဒီ နတ်ဘုရားတွေဆီကနေ ဘာမှ သူတို့ ရလာကြမှာ မဟုတ်ဘူး၊ ကံကောင်းသွားတာက မင်း ရှိနေတာပဲ...” ဖျက်ဆီးခြင်း နတ်ဘုရားက ဂျန်ဝုရှီသို့ လှည့်ကြည့်လာသည်။
 
“မင်းတယောက်ပဲ သူတို့တွေကို သတိလျော့ကျစေမှာ၊ အဲဒါကြောင့်ပဲ ငါ့ကိုယ်ပွား ဂုယင်က သူတို့စွမ်းအားကို စုပ်ယူနိုင်ခဲ့တာ၊ ခြုံငုံပြောရရင်, မင်းကို ကျေးဇူးတင်ရမှာပေါ့၊ မစိုးရိမ်ပါနဲ့, ဒါတွေ အားလုံး ပြီးဆုံးသွားရင်, ငါ ကျောက်တောင်တခုကို ရှာပြီး မင်းနာမည်ကို ရေးထွင်းပေးထားပါ့မယ်၊ မင်း အလောင်း မကျန်လည်း နာမည်တော့ ကျန်ရစ်စေရမယ်၊ ဒါက မင်းရဲ့ အဆုံးသတ် ကံကြမ္မာပေါ့” ဖျက်ဆီးခြင်း နတ်ဘုရားက အတန်ငယ် မျက်လုံးများ မှေးစင်းလိုက်သည်။
❤7
၃၀၇၅။ နောက်ဆုံး တိုက်ပွဲ (၃)
 
“ငါ ရောက်လာမယ်ဆိုတာ ရှင် သိထားတာ ကြာပြီမို့လား” ဂျန်ဝုရှီက ဖျက်ဆီးခြင်း နတ်ဘုရားကို မတွန့်မဆုတ် စိုက်ကြည့်သည်။ ဂျန်ဝုရှီကား ဉာဏ်ကောင်းသူ ဖြစ်၏။ သို့သော် သူ့ရန်သူကို သူ အကဲဖြတ်မှားခဲ့သည်။ ယုံကြည်ချက် ပြင်းထန်သော လူသားများကို သူ ကိုင်တွယ်နိုင်စွမ်း ရှိသည်။ သို့သော် အရာရာတိုင်းကို စွန့်လွှတ်လိုသော နတ်ဘုရားတပါးနှင့် ဆန့်ကျင်တိုက်ခိုက်ဖို့ကား, သူ့မှာ ဦးစွာ တိုက်ခိုက်ခွင့် ဆုံးရှုံးခဲ့ရသည်။
 
ဖျက်ဆီးခြင်း နတ်ဘုရားက ရယ်သည် “တခြား ကမ္ဘာက လူနှစ်ယောက် ဒီရောက်လာမယ်ဆိုတာ ငါ တဖြည်းဖြည်း သိလာခဲ့တယ်၊ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ယဲ့ဂျိုး ပေါ်လာခဲ့တယ်၊ နောက်တယောက် လာအုံးမယ်ဆိုတာလည်း ငါ သိတယ်၊ မင်း ပေါ်လာရင် မင်းက ဘယ်လို ပုံစံလဲ, ဒါမှ မဟုတ် ဘယ်လို အဆင့်အတန်းလဲဆိုတာတော့ ငါ မသိခဲ့ဘူး၊ ဒါပေမဲ့ မင်းနဲ့ ယဲ့ဂျိုးက ဆက်သွယ်မှု တရပ် ရှိနေတယ်ဆိုတာတော့ ငါ သိတယ်၊ ဒါ့ကြောင့်ပဲ မင်းတို့ နှစ်ယောက် အခု ငါ့ရှေ့ ရောက်လာကြတာပေါ့၊ ဒါ့ကြောင့်ပဲ သူ့ကို အောက်ဘုံမှာ ထားခဲ့တာ၊ မင်း ပေါ်လာရင် မင်းတို့နှစ်ယောက် တဖြည်းဖြည်း တွေ့ပြီး ငါ့ကို လာရင်ဆိုင်မယ်ဆိုတာ ငါ သိထားတယ်၊ ကြည့်စမ်း, ငါ မမှားပါဘူးနော်”
 
ဖျက်ဆီးခြင်း နတ်ဘုရားက သူသာ တခြားကမ္ဘာမှ ဝိညာဉ်တစ်ခုကို ထိန်းချုပ်ခဲ့လျှင်, နောက်တယောက်လည်း မကြာခင် ရောက်လာမည်ဆိုတာ သိထားသည်။
 
အခု သူ့အလောင်းအစားက မှန်ကန်သည်ဆိုတာ သက်သေပင်။
 
“ယဲ့ဂျိုးက ငါ့အစီအစဉ်ကို သိတယ်၊ ပြီးတော့ သူက ရှင်ခြင်းသေခြင်း ပိုးကောင်အဆိပ်ရဲ့ ဒဏ်ကို ခံထားရတယ်၊ ဒီတော့ မင်း ကျိန်းသေ လာမှာပေါ့၊ ဒါပေမဲ့ ငါ အံ့အားသင့်သွားတာက မင်းက အရမ်း အားနည်းတာကိုပဲ” ဖျက်ဆီးခြင်း နတ်ဘုရားက သက်ပြင်းချ၍ ပြောသည်။
 
“မင်းက ယဲ့ဂျိုးလို သန်မာမယ်လို့ ငါ ထင်ခဲ့တာ၊ ဒါပေမဲ့ မင်းက သာမန် လူသားတယောက်လိုပါပဲ၊ ဒါပေမဲ့လည်း အဲဒါက ဟိုနတ်ဘုရား ၇ကောင်ရဲ့ စွမ်းအားတွေ ယင်အာ စုပ်ယူဖို့ အခွင့်အရေး ဖြစ်သွားစေတာပေါ့၊ ဟားဟားဟား....” ဖျက်ဆီးခြင်း နတ်ဘုရားက သူ၏ ရူးသွပ်မှုကို ကွယ်ဝှက်ဖို့ မကြိုးစားတော့။
 
“ငါနဲ့ အတူ ဒီကမ္ဘာဖျက်ဆီးရေးမှာ မင်းတို့ နှစ်ယောက် မျက်မြင်တွေ့ရလို့ အရမ်း ဂုဏ်ယူစရာ ကောင်းတာပဲနော်”
 
“သောက်ရူး” ဖျက်ဆီးခြင်း နတ်ဘုရား၏ ရူးသွပ်ခြင်း တစတစ တိုးမြင့်လာသဖြင့် ဂျန်ဝုရှီ မျက်မှောင်ကြုတ်သွား၏။
 
ဖျက်ဆီးခြင်း နတ်ဘုရားကား အင်မတန် ဉာဏ်ကောင်းသူ ဖြစ်သည်။ သုံးလောကမှာ တဦးတည်း ကျန်ရစ်နိုင်သည့် နတ်ဘုရား ဖြစ်သဖြင့် သူ့စွမ်းအားက ပြိုင်ဘက်ကင်းသည်။ သို့သော် သူက အရာရာတိုင်းကို ဖျက်ဆီးပစ်ဖို့ စွဲလမ်းနေသည့် အရူးတယောက်လည်း ဖြစ်သည်။
 
သည်ကိစ္စသာ ဂျန်ဝုရှီ မွေးဖွားခါစမှာ ဖြစ်လာခဲ့လျှင်, သူ ဤကမ္ဘာကြီးကို ဖျက်ဆီးပစ်လျှင်ပင် ဂျန်ဝုရှီ မျက်တောင် တချက်မျှ ခတ်မည် မဟုတ်။ သို့သော် အခု, သူ့မှာ မိသားစု, မိတ်ဆွေများ, ချစ်ရသူ ရှိနေလေပြီ။ ကိစ္စများက မတူကွဲပြားသွားခဲ့သည်။ သူ ထိုသို့ ဖြစ်ပျက်ခွင့် မပေးနိုင်တော့။
 
“အရူးလား” သူ ခေါင်းယမ်းသည် “မင်းတို့လို အောက်တန်းလွှာတွေက အရာအားလုံးကို အုပ်စိုးနိုင်တဲ့ စွမ်းအားကို ရရှိချင်တဲ့ ငါ့ရဲ့ အလိုဆန္ဒကို ဘယ် နားလည်ကြမလဲ၊ မင်း အဲသလို စွမ်းအားမျိုးကို တကြိမ်လောက် တွေ့ထိ ခံစားဖို့ပဲ လိုတယ်၊ ပြီးရင် မင်းတဘဝလုံး အဲစွမ်းအားကို လုံးဝ မေ့ပျောက်နိုင်မှာ မဟုတ်တော့ဘူး”
 
သူ့အမူအရာက ပို၍ပင် ရူးသွပ်လာသည်။ သူက အင်မတန် ကြာမြင့်စွာကတည်းက စောင့်ဆိုင်းခဲ့ရသော တစုံတရာကို မျှော်လင့်နေသကဲ့သို့ မော့ကြည့်လိုက်သည်။
 
“တနေ့ကျရင် ငါဟာ အရာရာတိုင်းကို ရရှိလိမ့်မယ်”
 
“ငါတို့ ဒီမှာ ရှိနေသရွေ့ မင်း အဲသလို အိပ်မက်တောင် မက်မနေနဲ့” ဂျန်ဝုယောင်းက ကြားဖြတ်ပြောလိုက်၏။
 
ဖျက်ဆီးခြင်း နတ်ဘုရားက ဂျန်ဝုယောင်းကို ပြောသည် “ယဲ့ဂျိုး, မင်းက အခု ရှင်ခြင်းသေခြင်း ပိုးကောင်ကို ဖယ်ရှားနိုင်တာနဲ့, ငါနဲ့ ပြိုင်ဘက် ဖြစ်နိုင်မယ်လို့ ထင်နေတာလား၊ ရှင်ခြင်းသေခြင်း ပိုးကောင်ကို မင်းခန္ဓာကိုယ်ထဲ ထည့်သွင်းတုန်းက ဘာဖြစ်သွားခဲ့သလဲဆိုတာ မင်း မမှတ်မိတာ အတော်လေး ရှက်စရာ ကောင်းလိုက်တာကွာ၊ မင်းမှတ်ဉာဏ်ကို ငါ ပြန် နှိုးပေးဖို့ လိုသေးလား”
 
ဖျက်ဆီးခြင်း နတ်ဘုရားက မိစ္ဆာဆန်စွာ ပြုံး၍ အသာအယာ လက်ခုပ်တီးလိုက်သည်။ ဖန်မင်းက အရိပ်ထဲမှာ ရုတ်တရက် ပေါ်လာကာ ခန်းမထဲသို့ ဘီးတပ်ကုလားထိုင်ကို တွန်းလာ၏။ ဂျန်ဝုရှီနှင့် ဂျန်ဝုယောင်းက ထိုဘီးတပ်ကုလားထိုင်ကို မြင်လျှင် ကြက်သေသေသွားကြသည်။
❤7
၃၀၇၆။ နောက်ဆုံး တိုက်ပွဲ (၄)
 
ဘီးတပ်ကုလားထိုင်ပေါ်မှ လူကား မာတောင့်တောင့်ကြီး ဖြစ်နေပြီး သူ့မျက်လုံးများက ငေးကြောင်နေသည်။ ထိုလူကို ရုပ်သေးရုပ်ဟူ၍ ပြောလျှင် ပိုပြီး လိုက်လျောညီထွေ ရှိလိမ့်မည်။
 
သို့သော်ငြား ဂျန်ဝုရှီနှင့် ဂျန်ဝုယောင်းအား တုန်လှုပ်စေတာက ထိုလူ၏ ရုပ်သွင်ပင်။
 
ထိုလူက ဂျန်ဝုယောင်းနှင့် ချွတ်စွပ် တူသည်။ ခရမ်းရောင် မျက်လုံးများလည်း ပါရှိသည်။ သို့သော် ထိုမျက်လုံးများက မှေးမှိန်နေပြီး လင်းလက်တောက်ပခြင်း မရှိ။
 
ဖျက်ဆီးခြင်း နတ်ဘုရားသည်လည်း စင်မြင့်ပေါ်မှ ဆင်းသက်လာကာ ဖန်မင်း၏ နောက်ဘက်မှာ ရပ်လိုက်သည်။ သူက အတန်ငယ် ကိုယ်ကို ညွှတ်ကိုင်း၍ ဘီးတပ်ကုလားထိုင်ပေါ်မှ လူကို ကြည့်လိုက်သည်။
 
“ယဲ့ဂျိုး, အခု မင်း အရာရာကို မှတ်မိပြီလား” ဖျက်ဆီးခြင်း နတ်ဘုရားက ဘီးတပ်ကုလားထိုင်ပေါ်မှ လူ၏ ဘယ်ဘက်လက်ကို မြှောက်ပြသည်။
 
သွယ်လျပြီး ကြည့်ကောင်းသော်ငြား ထိုလက်မှာ လက်သန်းတခု ပျောက်ရှနေသည်။
 
ဂျန်ဝုယောင်းက ပျောက်ရှနေသည့် လက်သန်းနေရာကို ကြည့်လိုက်လျှင် သူ့ခေါင်းထဲမှာ ပုံရိပ်များ စတင်၍ ဖြစ်ပေါ်လာသည်။ ထိုလူက အားနည်းပုံ ရပြီး သူ့ခေါင်းက ဖူးရောင်နေ၏။
 
“ဝုယောင်း” ဂျန်ဝုရှီက သူ့ကို ထိတ်လန့်တကြား ကြည့်လိုက်သည်။ သူ့ တုံ့ပြန်ပုံက ဂျန်ဝုရှီအား စိုးရိမ်စိတ် ဝင်စေသည်။
 
“ဟားဟားဟား, မင်း တခုခုကို မှတ်မိသွားပုံပဲ” ဖျက်ဆီးခြင်း နတ်ဘုရားက မတ်မတ် ရပ်၍ ဂျန်ဝုယောင်းကို မောက်မာဝင့်ကြွားစွာ ရယ်မောလျက် ကြည့်သည်။
 
“စုလွေ့ရင်ရဲ့ ဝိညာဉ်မြေအောက်ခန်းမှာ ဘာဖြစ်ခဲ့သလဲဆိုတာ မင်းကို ကူညီပြီး မှတ်မိအောင် ပြောပေးရမလား၊ အဲတုန်းက မြေအောက်ခန်းကို မင်း ချိုးဖောက်ပြီး မဝင်ခဲ့ရင်, မင်း တချိန်လုံး ဒီလောက်အထိ နာကျင်ခံစားခဲ့ရမှာ မဟုတ်ဘူး”
 
ဂျန်ဝုယောင်းက သူ့နဖူးကို ကိုင်ထားသည်။ ချွေးစေးများကား တပေါက်ပေါက် ကျဆင်းလာ၏။ အသက်မဲ့သော ခရမ်းရောင် မျက်လုံးများကို သူ မြင်ချိန်မှာ, သူ မေ့ပျောက်ခဲ့သော အရာရာတိုင်းက သူ့ခေါင်းထဲ တရဟော စုပြုံ ဝင်ရောက်လာသည်။
 
သူ့အတိတ်ကို ဖျက်ဆီးခြင်း နတ်ဘုရားက ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်သည်။
 
ဂျန်ဝုယောင်းက ယဲ့ဂျိုး ဖြစ်နေစဉ်ကာလမှာ, သုံးလောကမှာ မည်သူမျှ သူနှင့် မယှဉ်နိုင်။ ဖျက်ဆီးခြင်း နတ်ဘုရားသည်ပင် သူ့အား အရေးပေးထားရသည်။ ရှင်ခြင်းသေခြင်း ပိုးကောင်အဆိပ် မမိခင်, သူ စုလွေ့ရင်နှင့် ကြုံခဲ့ပြီး စုလွေ့ရင် အတော်လေး ထူးဆန်းနေသဖြင့် သူ့နေအိမ်သို့ စစ်ဆေးရန် သွားရောက်ခဲ့သည်။
 
ထို့‌နောက် ဝိညာဉ်များဖြင့် ပြည့်နှက်နေသည့် မြေအောက်ခန်းသို့ ဝင်ရောက်ခဲ့သည်။
 
သူ ရှာတွေ့တာက အလွတ် ဖြစ်နေသည့် မြေ‌အောက်ခန်း မဟုတ်။ ထိုအစား ထိုနေရာ၏ အတွင်းမှာ လူတယောက် ရှိနေသည်။
 
ထိုလူက သူ့နှင့် တထပ်တည်း တူသူပင်။ ၎င်းက အခန်း၏ အလယ်မှာ လဲလျောင်းလျက် ရှိသည်။
 
ဂျန်ဝုယောင်းက တုန်လှုပ်ချောက်ချားသွားပြီး အရာရာတိုင်းကို ရှာဖွေစူးစမ်းလိုခဲ့၏။ သို့သော် ဖျက်ဆီးခြင်း နတ်ဘုရားက ရုတ်တရက် ပေါ်လာပြီး သူ့ကို ဖမ်းဆီးရန် စုလွေ့ရင်က မန္တာန်ကို ကျရောက်စေခဲ့သည်။ ထိုမန္တာန်က သူ့အား တိုက်ပွဲအတွင်းသို့ ကျရောက်စေကာ ရှင်ခြင်းသေခြင်း ပိုးကောင်အဆိပ်ဖြင့် နှိပ်စက်မှုကို သူ ခံစားလိုက်ရပြီးနောက် ဖျက်ဆီးခြင်း နတ်ဘုရားက သူ့မှတ်ဉာဏ်များကို ဖျက်ဆီးပစ်ခဲ့သည်။
 
သူ့မှတ်ဉာဏ်များက တဖျတ်ဖျတ်ဖြင့် ပြန်ဖြစ်ပေါ်လာသည်။ သို့သော် ဂျန်ဝုယောင်းက မျက်မှောင်ကြုံ့နေတာကို ဖြေလျော့လိုက်သည်။ သူ့မျက်လုံးများမှာ အေးစက်စက် အလင်း လက်သွားလေ၏။
 
“အဲဒီ အရာကိုသာ မင်း ရှာမတွေ့ခဲ့ရင်, မင်းကို တခြားဝိညာဉ် မလာမချင်း အထက်ဘုံမှာ ဒီအတိုင်းလေး နေခွင့် ပေးထားအုံးမှာ၊ ဒါပေမဲ့ မင်းက အရမ်း နမော်နမဲ့ နိုင်တာပဲ”
 
ဂျန်ဝုယောင်းက မျက်မှောင်ကြုတ်၍ ဖျက်ဆီးခြင်း နတ်ဘုရားကို ကြည့်လိုက်သည်။ ဂျန်ဝုရှီက သူ့ကို စိုးရိမ်ပူပန်စွာ ကြည့်လာသည်။
 
ဂျန်ဝုယောင်းက ဂျန်ဝုရှီ၏ လက်ကို သိုသိပ်စွာ ဆွဲယူ၍ ဂျန်ဝုရှီသာ နားလည်နိုင်သည့် အကြည့်မျိုးဖြင့် ကြည့်သည်။
 
“သူ့ဆီကနေ ခိုးယူသွားတဲ့ ဝိညာဉ်အရိုးကို မင်း ဘယ်လိုကြီးပဲ ဖွက်ထားပစေ ကိစ္စမရှိဘူး၊ အဲဒီ ဝိညာဉ်အရိုးက သုံးလောကမှ ရှိနေသေးသရွေ့, မင်း သွေးစတေးမှုကနေ ဘယ်တော့မှ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး” ဖျက်ဆီးခြင်း နတ်ဘုရားက အားရဝမ်းသာစွာ ပြောသည်။
❤7
၃၀၇၇။ နောက်ဆုံး တိုက်ပွဲ (၅)
 
“မင်း တကယ် ဘာပြောချင်နေတာလဲ” ဂျန်ဝုယောင်းက မျက်နှာသေဖြင့် ပြောသည်။ ဖျက်ဆီးခြင်း နတ်ဘုရားက သူ အောင်မြင်ပြီဆိုတာကို အပိုင် တွက်ထားသဖြင့် သူ့ အစီအစဉ်များ ချိန်သားကိုက် ဖြစ်ပျက်နေပြီး သူ့ရန်သူများအား လှုပ်ရှားရန် အခန်းကဏ္ဍကိုပင် ချန်မထားခဲ့တာကို အချိန်ယူကာ အရသာခံနေသည်။
 
“ငါ ဘာပြောဖို့ ကြိုးစားနေတာလဲ, ဟုတ်လား၊ ဒီကြီးကျယ်ခမ်းနားတဲ့ အခိုက်အတန့်ကို မင်း မျက်မြင်ကိုယ်တွေ့ ဖြစ်သွားတာ ဂုဏ်ယူသင့်တယ်ဆိုတာကို မင်းကို သိစေချင်တာ၊ မင်းက ငါ့စွမ်းအားထဲ အစုပ်ယူခံရတော့မှာ၊ ငါက ပျင်းစရာလည်းကောင်း အဓိပ္ပါယ်လည်း မဲ့တဲ့ ဒီကမ္ဘာကို ဖြတ်ကျော်သွားတော့မှာ၊ ဒီကိစ္စရဲ့ တစိတ်တပိုင်း မင်း ဖြစ်ခွင့်ရတာ ဂုဏ်ယူလိုက်စမ်းပါ”
 
ဖျက်ဆီးခြင်း နတ်ဘုရားက သူ ရရှိလာတော့မည် စွမ်းအားကို မျှော်လင့်တကြီးဖြင့် စောင့်မျှော်နေသည်။ သူကား စွမ်းအားကြီးလွန်းသော ထိုမဟာနတ်ဘုရားရှေ့မှာ မည်မျှ သေးငယ်ပြီး အားနည်းကြောင်း ခံစားခဲ့ရတာကို ဘယ်တော့မှ မမေ့နိုင်။ ထိုအချိန်မှ စ၍ သူကား ထိုမဟာနတ်ဘုရားလို စွမ်းအားကောင်းသူ ဖြစ်ချင်ခဲ့သည်။
 
“သောက်ရူး” ဂျန်ဝုရှီက တီးတိုး ရေရွတ်သည်။
 
“အရူးလား, ဟားဟား, ငါ့ရဲ့ အစစ်အမှန် အလိုဆန္ဒကို မင်း ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး” ဖျက်ဆီးခြင်း နတ်ဘုရားက ခေါင်းယမ်းလိုက်သည်။
 
သူက သူ့ပလ္လင်သို့ ပြန်လာပြီး သူတို့ကို ကြည့်လိုက်သည် “အရင်အချိန်တုန်းက မင်းက သန်မာကောင်း သန်မာနိုင်တယ်၊ ဒါပေမဲ့ ဒီလို ကြီးကျယ်တဲ့ စွမ်းအားကို ရရှိလို့ ဖြစ်လာတဲ့ ပီတိမျိုးကို မင်းတို့ မေ့လျော့သွားကြပြီ၊ ဒါပေမဲ့ ငါကတော့ ဘယ်တော့မှ မမေ့ဘူး”
 
ဂျန်ဝုရှီက ဖျက်ဆီးခြင်း နတ်ဘုရားကို အေးစက်စွာ ကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို ရွှေရောင် အလင်းတန်းက ဖြည်းဖြည်းချင်း လွှမ်းခြုံလာ၏။ သူ့နတ်ဘုရားစွမ်းအားက သူ့အလိုဆန္ဒဖြင့် ဖွဲ့တည်လာသလားပင် မှတ်ရသည်။ ၎င်းစွမ်းအားက ခန်းမထဲရှိ လေထုကို မွန်းကျပ်သွားစေသည်။
 
တချိန်တည်းမှာပင်, ဂျန်ဝုယောင်းလည်း နည်းတူ အနက်ရောင် ဝိညာဉ်စွမ်းအားဖြင့် လွှမ်းခြုံသွားသည်။
 
သူတို့နှစ်ယောက်က ဘေးချင်းယှဉ်ကာ ရပ်နေကြသည်။ သူတို့၏ အနက်နှင့် ရွှေရောင် အော်ရာများက ရောနှောပေါင်းစပ်နေကြသဖြင့် မြေပြင်နှင့် ကောင်းကင်ကို ပေါင်းစပ်ထားသကဲ့သို့ပင်။
 
သူတို့၏ အော်ရာ နှစ်မျိုးက ခန်းမကို ပြည့်နှက်သွားသည်။ ဖျက်ဆီးခြင်း နတ်ဘုရား၏ မျက်နှာမှ အပြုံးက အနည်းငယ် ပျောက်ကွယ်သွားလေ၏။
 
ဂျန်ဝုယောင်းက အထွတ်အထိပ်မှာ ရှိနေစဉ် မည်မျှလောက် အစွမ်းထက်သလဲဆိုတာ သူ သိသည်။ သူတို့၏ စွမ်းအားချင်း ကွာဟချက် ကြီးမားတာကိုလည်း သူ သိသည်။ ဂျန်ဝုရှီက သူ့နတ်ဘုရားစွမ်းအားကို အိပ်မက် ၇ခု လောကမှာ ဖြည်ခဲ့ပြီးမှန်းလည်း သူ သိသည်။ သို့ပင် ဖြစ်စေကာမူ, သူတို့ကို နှိပ်ကွပ်နိုင်သည်ဟူ၍ သူ ယုံကြည်ချက် ရှိနေဆဲပင်။
 
သို့သော် ဖျက်ဆီးခြင်းနတ်ဘုရား သူ့ကို အံ့အားသင့်စေသော တစုံတရာကိုလည်း သူ မြင်လိုက်သည်။ ထိုနှစ်ယောက်ကို လွှမ်းခြုံထားသော အော်ရာများတွင် တခါတုန်းက ထူးဆန်းပြီး သူနှင့် ရင်းနှီးသော အော်ရာတခုကို သူ တွေ့လိုက်သည်။ ထိုအော်ရာက သူ ထိုမဟာနတ်ဘုရားထံမှ အကန့်အသတ် မရှိသော စွမ်းအားကို သူ့အား သတိရသွားစေသည်။
 
“ရှင် ကိစ္စပြီးပြီလား, ဒါဆိုလည်း, ရှင့်ရဲ့ အိပ်မက်ကို ဖျက်ဆီးပစ်ဖို့ အချိန်ကျပြီ” ဂျန်ဝုရှီက အမြင့်နေရာမှ ဆင်းသက်လာသည့် ဖျက်ဆီးခြင်းနတ်ဘုရားကို စူးရှပြင်းထန်စွာ ကြည့်သည်။
 
“မင်းတို့မှာ ရှိနေတာ ဘာစွမ်းအားလဲ” ဖျက်ဆီးခြင်း နတ်ဘုရားကား ထိုထူးဆန်းသော အော်ရာကြောင့် လန့်ပြီး မသက်မသာ ဖြစ်သွားသည်။
 
ဂျန်ဝုယောင်းက အတန်ငယ် ပြုံးလိုက်၏ “ဒီအော်ရာအတွက် မင်းကို ကျေးဇူးတင်ရမယ်၊ ဖရိုဖရဲ ဝင်္ကပါထဲမှာ ငါတို့ကို မင်း မပိတ်လှောင်ခဲ့ရင်, ဒီဖရိုဖရဲ စွမ်းအားကို ငါတို့ လက်ခံရရှိဖို့ အခွင့်အရေး ရလာမှာ မဟုတ်ဘူး၊ မင်းက လိမ္မာပါးနပ်ပြီး ယုံကြည်ချက် ပြင်းထန်တယ်၊ ဒါပေမဲ့ အဲဒီလို ကြွစောင်းစောင်းနိုင်တာက မင်းကို ကျရှုံးစေမှာပဲ...”
 
“... ဖရိုဖရဲ ဝင်္ကပါထဲ နှစ်အများကြီး မင်း ပိတ်လှောင်ထားခဲ့တဲ့ နတ်ဘုရားမက အဲမှာ ရှိနေတုန်းပဲ၊ ငါတို့ကို သူက ဒီစွမ်းအားတွေ ပေးခဲ့တာပဲ၊ ပြီးတော့ ငါတို့အတွက် ဝင်္ကပါတံခါးကို သူ ဖွင့်ပေးခဲ့တာ၊ မင်းရဲ့ မကောင်းမှုတွေအတွက် ပြန်ပေးဆပ်ဖို့ မင်းရှေ့မှာ အခု ငါတို့ ရပ်နေကြပြီ..”
 
ဖျက်ဆီးခြင်း နတ်ဘုရား၏ မျက်နှာက အရုပ်ဆိုးသွားသည်။ သူတို့ကို ထောင်ချောက်ဆင်ခဲ့သော ဖရိုဖရဲ ဝင်္ကပါက သူတို့အား အကြီးအကျယ် အကျိုးရရှိသွားစေမည်ဟူ၍ သူ တခါမှ ထင်မှတ်မထားပေ။
❤7👍2
၃၀၇၈။ နောက်ဆုံး တိုက်ပွဲ (၆)
 
ဘုရားကျောင်း အပြင်ဘက်မှာ ဖျက်ဆီးခြင်း နတ်ဘုရား ချခင်းထားသော ဖရိုဖရဲ ဝင်္ကပါကို သူ မြင်ခဲ့ဖူးသော မဟာနတ်ဘုရား ချန်ထားရစ်ခဲ့သော အသက်ရှူထုတ်လေဖြင့် ဖန်တီးထားခြင်း ဖြစ်သည်။ ထိုစဉ်ကတည်းက ထိုဖျက်ဆီးခြင်း စွမ်းအားကို ဖျက်ဆီးခြင်း နတ်ဘုရား ရှာတွေ့ခဲ့သည်။ သို့သော် သူ မည်မျှပင် ကြိုးစားပါစေ, ထိုဖရိုဖရဲ စွမ်းအင်ကို သူ၏ နတ်ဘုရားစွမ်းအားထဲ မရောနှော မပေါင်းစပ်နိုင်ခဲ့ချေ။
 
ပေါင်းစပ်သည့်တိုင်, သူ၏ နတ်ဘုရားစွမ်းအားသည် ထိုဖရိုဖရဲ စွမ်းအင်ကို တွန်းလှန်ခဲ့သည်။ အနည်းငယ် စုပ်ယူလျှင်ပင် နာကျင်မှု ကြီးမားခဲ့၏။ သူ့ဝိညာဉ် ပင်ပန်းဆင်းရဲခဲ့၏။ သို့ဖြင့် ထိုစွမ်းအားကို စုပ်ယူခြင်းက စိတ်ကူးမျှသာ ဖြစ်ခဲ့သည်။ ထို့‌နောက် သူက ထိုစွမ်းအားကို အင်အားကြီးမားသော ဝင်္ကပါအဖြစ် ဖန်တီးခဲ့သည်။ ထိုဝင်္ကပါက နတ်ဘုရားများအား ထောင်ချောက်ဆင်ဖို့ ဖြစ်လာခဲ့သည်။
 
အချိန်ကြာလာသဖြင့် ဖရိုဖရဲ စွမ်းအင်ဖြင့် ထောက်ပံ့ထားသော ထိုဝင်္ကပါက ပါးလျသထက် ပါးလျလိုက်လာ၏။ ထို့ကြောင့် ဖရိုဖရဲ ဝင်္ကပါက ဂျန်ဝုရှီအား မည်မျှ ကြာကြာ ဖမ်းဆီးထိန်းသိမ်းထားနိုင်မလဲဆိုတာကို အစကတည်းက ဖျက်ဆီးခြင်း နတ်ဘုရား မစဉ်းစားထား။ သူ လိုချင်တာက သူတို့ကို ယဇ်မပူဇော်ခင် စွမ်းအားကြီးသော ထိုအဆုံးမဲ့ စွမ်းအားကြောင့် သူတို့ ဒုက္ခရောက်တာကို တွေ့ကြုံခံစားစေချင်ရုံမျှသာ။
 
သို့သော် ဖျက်ဆီးခြင်း နတ်ဘုရား လုံးဝ ထင်မထားတာက, နှစ်တသောင်းနီးပါး သူ လေ့လာလိုက်စားခဲ့သော ထိုဖရိုဖရဲ စွမ်းအားကို ဂျန်ဝုရှီက စုပ်ယူ၍ သူ့စွမ်းအားနှင့် ပေါင်းစပ်နိုင်မည်ဆိုတာပင်။ ထိုစွမ်းအားက အနည်းငယ်ပင် ဖြစ်စေကာမူ, အရာရာတိုင်းကို ပြောင်းလဲပစ်ဖို့ လုံလောက်သည်။
 
ဖျက်ဆီးခြင်း နတ်ဘုရား၏ အပြင်းအထန် တုံ့ပြန်မှုက ဂျန်ဝုရှီ၏ မျက်လုံးများအား အသာအယာ လင်းလက်သွားစေသည်။ သူနှင့် ဂျန်ဝုယောင်း လက်ခံရရှိခဲ့သော ဖရိုဖရဲ စွမ်းအားက တကယ်ပင် အစွမ်းကြီး၏။ သို့သော် အင်မတန် ပေါများသည််တော့ မဟုတ်။ ဖရိုဖရဲ စွမ်းအင်က သူတို့ခန္ဓာကိုယ်များ၏ မူရင်းဒြဗ်များကို သိပ်သည်းကျစ်လစ်စေသည်။ သို့သော် နတ်ဘုရားစွမ်းအားနှင့် အမှောင်ဝိညာဉ်စွမ်းအားက ထိုဖရိုဖရဲစွမ်းအားကို အစားထိုးမသွား။ ထို့ကြောင့်ပင် ဂျန်ဝုရှီက များစွာ ဂရုမစိုက်ခဲ့။
 
သို့သော် ဖျက်ဆီးခြင်း နတ်ဘုရား၏ တုံ့ပြန်ပုံက သူ့မျှော်လင့်ချက်ထက် ကျော်လွန်နေ၏။ ဖျက်ဆီးခြင်း နတ်ဘုရားက ထိုကိစ္စကြောင့် ပြိုလဲမလို လက္ခဏာ ဖြစ်သွားခဲ့သည်။ ထိုအရာက ဂျန်ဝုရှီအား အတော်လေး စိတ်ဝင်စားစေ၏။
 
ဂျန်ဝုရှီက ဂျန်ဝုယောင်းနှင့် တိတ်တဆိတ် အကြည့်ချင်း ဖလှယ်လိုက်သည်။ အချင်းချင်း နားလည်သဖြင့် စကားဖြင့် ထုတ်ဖော် ပြောနေစရာ မလို။
 
ဖျက်ဆီးခြင်း နတ်ဘုရား တုန်လှုပ်ချောက်ချားနေစဉ်, ဂျန်ဝုရှီက လူတိုင်း မေ့လုလု ဖြစ်နေသော တစ္ဆေဝိညာဉ်သို့ အကြည့်ရောက်သွားသည်။
 
ဂုယင်။
 
သူက မတည်ရှိသည့်အလား ခန်းမထဲမှာ တိတ်ဆိတ်စွာသာ ရပ်နေသည်။ သူ့ဆီမှ မည်သည့် အသံမျှ ထွက်မလာ။
 
သို့သော် ဂျန်ဝုရှီက သူ့ကို လျစ်လျူရှူမထား။ သည်အတိုင်း သူ ကြိတ်မှိတ်လက်မခံလို။
 
ဂုယင်က မနက်စောစောမှာ အဖြစ်မှန်ကို သိသွားတာ ဖြစ်နိုင်သည်။ သူလည်း လိမ်မာပါးနပ်သူပင်။ သူက အလယ်ဘုံမှာ နေစဉ် ကလေးဘဝကတည်းက ဒုက္ခပေါင်းစုံ ရောက်ခဲ့သည်။ ရှေးဟောင်း နည်းလမ်းများဖြင့် ဖိနှိပ်ချုပ်ခြယ်မှုအောက်တွင် သူက နှစ်များစွာ သိုသိုသိပ်သိပ် အသက်ရှင်သန်ခဲ့သည်။ သူ့စိတ်ထဲမှာ အချစ်ဆိုတာ ဘာမှန်း မသိခဲ့။ သူက ဖျက်ဆီးခြင်း နတ်ဘုရား သူ့ကို ပြန်ရှာခြင်း၏ အလိုဆန္ဒကို သံသယဝင်မည် မဟုတ်။
 
ဂုယင်၏ အလိုဆန္ဒက ယခင်ရော ခုရော, သူ၏ နောက်ဆုံး အသက်ကယ် ကောက်ရိုးမျှင်ကို ရှာဖွေခြင်းသာ ဖြစ်တန်ရာသည်။
 
ဂုယင်သည်လည်း ဂျန်ဝုရှီ၏ အကြည့်ကို သတိပြုမိပုံပင်။ သူက အတန်ငယ် မျက်လုံး ပင့်ကြည့်၍ ဂျန်ဝုရှီ၏ ထူးမခြားနားသော မျက်လုံးများဖြင့် တိတ်တဆိတ် ရင်ဆိုင်သည်။ နှစ်များစွာ တိုက်ခိုက်ခဲ့သော ရန်သူများက အခု အင်မတန် အထိမခံသော အနေအထားသို့ ရောက်ရှိနေကြသည်။
 
ထိုအကြည့်နှစ်ခုက ခဏလေးမျှသာ။ ရိုးစင်းစွာပင် မည်သူမျှ သတိမပြုနိုင်။
 
မျက်လုံးများအားလုံး ဖျက်ဆီးခြင်း နတ်ဘုရားထံ စိုက်ကြည့်နေကြစဉ်, သူ့အမူအရာက ပိုပိုပြီး ကြမ်းကြုတ်လာကာ ရုတ်တရက် သူ ပါးစပ်ဟလာလေ၏။
 
“ကောင်းပြီလေ, ဒါ ကောင်းတဲ့ ကိစ္စပါပဲ”
❤7
၃၀၇၉။ နောက်ဆုံး တိုက်ပွဲ (၇)
 
ဖျက်ဆီးခြင်း နတ်ဘုရားက ဖန်မင်းကို ကြမ်းကြုတ်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
 
ဖန်မင်းက နတ်ဘုရားကုန်းမြေ၏ သံတမန် ဖြစ်ခဲ့ဖူးသူပင်။ သူက နတ်ဘုရားများ အရင်ဆုံး ဖန်ဆင်းခဲ့သော လူသားတယောက် ဖြစ်သည်။ ပထမဆုံး ဖန်ဆင်းသော သက်ရှိ ခန္ဓာကိုယ် ဖြစ်သဖြင့်, ဖန်မင်း၏ ခန္ဓာကိုယ်မှာ တချို့နတ်ဘုရားများ ဆက်လက် တည်ရှိနေကြသည်။ နတ်ဘုရားစွမ်းအားက သုံးလောကမှ တခြားလူများကဲ့သို့ သူ့အား အသက်ရှင်သန်ကျန်ရစ်စေဖို့ မစွမ်းဆောင်နိုင်။
 
အဆုံးသတ်တော့, သူ့ကို နတ်ဘုရားများက ခေါ်ယူ၍ သူတို့အား ခစားစေခဲ့သည်။
 
ဖျက်ဆီးခြင်း နတ်ဘုရား၏ လျှို့ဝှက် အကြံအစည် ပေါ်ပေါက်သွားချိန်မှာ, ဖန်မင်းက ဖျက်ဆီးခြင်း နတ်ဘုရားဘက်မှာ ရပ်တည်ခဲ့သည်။ ဖျက်ဆီးခြင်း နတ်ဘုရား စီမံထားသော အရာအားလုံးကို သူကိုယ်တိုင် မြင်တွေ့ခဲ့သည်။ ဖျက်ဆီးခြင်း နတ်ဘုရား ဟင်းလင်းပြင်ကို ချိုးဖျက်သွားမည့် အခိုက်အတန့်ကို သူသည်လည်း စောင့်စားမျှော်လင့်ခဲ့သည်။
 
“ကောင်းတယ်, ဒါ အရမ်း ကောင်းတယ်၊ ဖရိုဖရဲ စွမ်းအားက ဘာလို့ ငါ့ကို ငြင်းပယ်တာလဲ၊ ငါ့အစား သူတို့ကို ဘာလို့ လက်ခံတာလဲ၊ ငါက သုံးလောကမှာ စွမ်းအားအကြီးဆုံး နတ်ဘုရားဆိုတာ ရှင်းနေတာပဲလေ၊ အစတုန်းက မဟာနတ်ဘုရားက ငါ့ကို မရွေးချယ်ခဲ့ဘူး၊ သူ့ဆီက ကျန်ရစ်တဲ့ စွမ်းအား အကျန်လေးတောင် ငါ့ကို မရွေးချယ်ဘူး၊ ဘာလို့လဲ...”
 
“... အခု ငါက သုံးလောကမှာ တဦးတည်းသော နတ်ဘုရားပဲ၊ စာအုပ်ကြီးသမားဖြစ်တဲ့ အလင်းနတ်ဘုရားပဲဖြစ်ဖြစ်, ဘယ်သူပဲ ဖြစ်ဖြစ်, သူတို့အားလုံး ထာဝရ ပျောက်ကွယ်သွားခဲ့ပြီ၊ ဟင်းလင်းပြင်ကို ချိုးဖျက်မဲ့ လူက ငါတယောက်တည်းပဲ အခု ရှိတော့တယ်”
 
ထိုခဏမှာ ဖျက်ဆီးခြင်း နတ်ဘုရား၏ ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲခြင်းက တွန့်ကြေပျက်စီးသွားသည်။ သူ့စိတ်ထဲ နှစ်ပေါင်းများစွာ ဖိနှိပ်ထားသော မလိုလားမှုက ခုနေချိန်မှာ အကုန် အန်ထွက်လာသည်။
 
သူက သူ့ကိုယ်သူ နတ်ဘုရားအားလုံးထက် တော်သူဟူ၍ လုံးဝ မတွေးခဲ့။ သူတို့ကို ဖိနှိပ်နိုင်သော မဟာနတ်ဘုရား ရှိနေကြောင်းကို သူ သိသွားချိန်မှာ, သူ့နှလုံးသားက အထင်သေးခြင်းဖြင့် ပြည့်နှက်သွားခဲ့သည်။ သို့သော် စွမ်းအားကြီးသော ထိုမဟာနတ်ဘုရားကို သူကိုယ်တိုင် တွေ့လိုက်ချိန်မှာ, ထိုစွမ်းအားကို သူ လိုလားတောင့်တလာခဲ့သည်။
 
သုံးလောကသို့ မဟာနတ်ဘုရား လာရသည့် အကြောင်းကို သူ သိသည်။ သူတို့ထဲမှ အတော်ဆုံး နတ်ဘုရားကို ‌ရွေးချယ်ရန် ဖြစ်သည်။ သူ ရွေးချယ်ခံရမည်ဟူ၍ အမြဲတမ်း တွေးထင်ခဲ့သည်။ ရွေးချယ်ခံရသူက သူ ဖြစ်ရမည်....
 
သို့သော်ငြား သူ့ဆုံးဖြတ်ချက်က တဖြည်းဖြည်း ဟာသသက်သက်သာ ဖြစ်သွားခဲ့သည်။
 
ထိုမဟာနတ်ဘုရားက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထွက်သွားခဲ့သည်။ သူက ဖျက်ဆီးခြင်း နတ်ဘုရားကို ကြည့်ပင် မကြည့်ခဲ့။
 
ထိုခဏမှာ ဖျက်ဆီးခြင်း နတ်ဘုရား၏ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းက ပျက်စီးသွားခဲ့သည်။ လျစ်လျူရှူခံရသဖြင့် ရှက်ခြင်းနှင့် မလိုလားခြင်းက မီးလျှံနှယ် သူ့နှလုံးသားကို လောင်ကျွမ်းလိုက်လာ၏။
 
သူ ကျိန်ဆိုခဲ့သည်, တနေ့ကျ သူလည်း ထိုမဟာနတ်ဘုရားလို စွမ်းအား ကြီးစေရမည်။ သူ့အား အခွင့်အရေး မပေးခဲ့သော ထိုမဟာနတ်ဘုရားအား သူ့အင်အားကို သက်သေပြမည်။ သူ ကိုယ့်ကိုယ်ကို အနိုင်ယူနိုင်ရမည်ဟူ၍။
 
သူ ဟင်းလင်းပြင်ကို ချိုးဖျက်ချိန်မှာ, သူက ထိုမဟာနတ်ဘုရားကို ရှာဖွေမည်။ သူ့ဆုံးဖြတ် မည်မျှ မှားယွင်းကြောင်း သူ သက်သေပြမည်။
 
ဖန်မင်းက ရူးသွပ်သွားသော ဖျက်ဆီးခြင်း နတ်ဘုရားကို ကြည့်၍ တည်ငြိမ်စွာ ပြောသည် “ကျုပ်က စတေးခံ, သန်မာသူသာ အကောင်းဆုံး, သူတို့မှာ ပေါင်းစပ်စွမ်းအားတွေ ရှိကြတယ်, အရှင်ကြီးရဲ့ အစီအစဉ်က အကျိုးကျေးဇူး ဖြစ်လာပါလိမ့်မယ်”
 
ဖန်မင်း၏ စကားများက ဖျက်ဆီးခြင်း နတ်ဘုရားကို ချက်ချင်းပင် တည်ငြိမ်သွားစေသည်။ သူက ဂျန်ဝုယောင်းနှင့် ဂျန်ဝုရှီကို မက်မောစွာ ကြည့်သည်။ သူ့မျက်နှာမှာ မိစ္ဆာဆန်သော အပြုံးက နောက်တဖန် ပေါ်လာသည်။ “မင်းက ငါ့ရဲ့ စတေးခံ, မင်းက သန်မာသူ, သန်မာသူက သွေးစတေးမှုအတွက် အကျိုးသက်ရောက်မှု ပိုပြင်းတယ်, ဟားဟား... ဟားဟား... ဟားဟားဟား...”
 
“မင်း လုပ်ချင်သလို လုပ်လို့ ရမယ်လို့များ ထင်နေတာလား” ဂျန်ဝုယောင်းက နှာခေါင်းရှုံ့သည်။ ထိုအသံက ဖျက်ဆီးခြင်း နတ်ဘုရား၏ ပက်ပက်စက်စက် ရယ်မောနေခြင်းကို ကြားဖြတ်ပစ်သည်။
 
ဂျန်ဝုယောင်း၏ လက်ဝါးမှာ အမှောင်စွမ်းအားများ တဟုန်ထိုး ပေါ်ထွက်လာသည်။ ၎င်းက တဖြည်းဖြည်း ခန်းမအတွင်းမှာ ဖိနှိပ်အင်အားအဖြစ်သို့ ဖွဲ့စည်းသွား၏။ ဖရိုဖရဲ စွမ်းအားနှင့် သူ၏ အမှောင်ဝိညာဉ်စွမ်းအားက အံ့အားသင့်ဖွယ်ရာ အမြင့်ဆုံးထိ ပေါင်းစည်းသွား၏။ ၎င်းက ဂျန်ဝုရှီ၏ ခန္ဓာကိုယ်မှာ နတ်ဘုရားစွမ်းအား ပေါင်းစည်းထားတာထက်ပင် ပိုပြီး မြင့်သည်။
❤7
၃၀၈၀။ အရာရာကို ရယူခြင်း (၁)
 
ဖျက်ဆီးခြင်း နတ်ဘုရား၏ ရယ်မောသံက တိတ်ကျသွားသည်။ သူက မျက်လုံးများ မှေးစင်း၍ ဂျန်ဝုယောင်းနှင့် ဂျန်ဝုရှီကို ကြည့်သည်။ ထို့နောက် သူ ရုတ်တရက် ထပ်ရယ်ပြန်၏။ သည်တကြိမ် သူ ရယ်တာက အင်မတန် ထူးဆန်းသည်။
 
“ဘယ်... ဘယ်လို လုပ်ပြီး ငါက ဒီလောက် နမော်နမဲ့ နိုင်ရမှာတဲ့လဲ”
 
ဖျက်ဆီးခြင်း နတ်ဘုရားက ပလ္လင်၏ လက်ကိုင်ကို ဖိလိုက်သည်။ ပလ္လင်၏ ဟိုဘက်ဒီဘက် ကြမ်းပြင်ကား ရုတ်တရက် ပွင့်လာ၏။ ပွင့်လာသည့် အဟကြားမှ ရွှေရောင် ထုလုံးပုံ တိုင်လေးလုံး မြင့်တက်လာသည်။ မြင့်တက်လာသော ရွှေရောင်တိုင်လုံးမှာ မတူကွဲပြားသော အလင်းလုံး လေးခုက ဝိုင်းပတ်လျက် ရှိသည်။
 
ထိုအလင်းလုံးများက အုလုံးလောက်သာ ရှိသည်။ ၎င်းတို့က ဖျော့တော့သာ ရောက်ခြည်စက်ဝန်းကို ထုတ်လွှတ်လျက် တိုင်အထက်မှာ မြောလွင့်နေကြသည်။
 
ဖျက်ဆီးခြင်း နတ်ဘုရားက သူနှင့် အနီးဆုံးမှာ ရှိသည့် အနီရောင် အလင်းလုံးကို ယူလိုက်သည်။ ထိုအလင်းလုံးက မီးလျှံလို နီရဲနေ၏။
 
“ဒီတခုက ချီယန်၊ သူက အရင်ဆုံး ဖျက်ဆီးခြင်း သူရဲကောင်းအဖြစ် ရွေးချယ်ခံရသူ၊ ငါ အနှစ်သက်ဆုံး အလုပ်သမား၊ သူက အထက်ဘုံရဲ့ ဘုရင်တဆူ ဖြစ်ခဲ့ဖူးတယ်၊ အစစ်အမှန် ဘုရင်ပေါ့၊ ငါနဲ့ အလင်းနတ်ဘုရား ပူးပေါင်းပြီး ဖန်တီးထားတဲ့ အသန်မာဆုံး လူ၊ သူက စည်းကမ်းတင်းကျပ်ပြီး စေတနာထက်သန်တဲ့ ရှင်ဘုရင်ပဲပေါ့၊ ဒါပေမဲ့ သနားစရာကောင်းတာက, အထက်ဘုံက သူ့ကို ဘုရင်လို့ သတ်မှတ်စရာ မလိုတော့တာပဲ၊ အစစ်အမှန် ဘုရင်တဦးတည်းပဲ ရှိတယ်၊ အဲဒါ ငါပဲပေါ့၊ ဒါ့ကြောင့် စေတနာရှင်ကြီးကို ဖမ်းပြီး မှတ်ဉာဏ်တွေကို ဖျက်သိမ်းပစ်လိုက်တာ, ပြီးတော့ ငါ့ရဲ့ အယုံကြည်ရဆုံး ခွေးတကောင် ဖြစ်လာသတည်းပေါ့”
 
“ကြည့်စမ်း, သူက သူ့ပြည်သူတွေကို အရမ်း ချစ်မြတ်နိုးခဲ့တာ၊ ဒါပေမဲ့ အဆုံးသတ်တော့, သူ့နှလုံးသားထဲက အချစ်ကပဲ သူ့ကို ဖမ်းဆီးသွားတာ၊ ငါ သူ့ကို အမိန့်ပေးသရွေ့, သူက လုံးဝ မတွန့်ဆုတ်ဘဲ ကွပ်မျက်ဖို့ လုပ်တော့တာပဲ၊ သူ တချိန်က ချစ်ခဲ့တဲ့ သူ့ လူတွေကိုတောင် သတ်ပစ်ခဲ့တယ်၊ သူ့မိန်းမနဲ့ သူ့ကလေးတွေကို မီးထဲ တွန်းချခဲ့တယ်၊ သူ နည်းနည်းလေးတောင် မတွန့်ဆုတ်ခဲ့ဘူး...” ဖျက်ဆီးခြင်း နတ်ဘုရား၏ မျက်လုံးများက အနီရောင် အလင်းလုံးထံ ကျရောက်သွားသည်။ အနီရောင် အလင်းက သူ့မျက်လုံးထဲ ရောင်ပြန်ဟပ်လျက် ရှိသည်။ ထိုအရာက သူ့အား ပိုလို့ပင် ယုတ်မာပုံ ပေါက်စေသည်။
 
ဖျက်ဆီးခြင်း နတ်ဘုရား၏ စကားများက ဂျန်ဝုရှီအား နှလုံးခုန်စေသည်။ သူ့မိခင် ယခင်က ပြောခဲ့တာကို သူ မမေ့။ အရှင်ကြီးက ဂျန်ဂု၏ ဝိညာဉ်ကို ဖျက်ဆီးခြင်း သူရဲကောင်းအဖြစ် မကျင့်ကြံစေခင် ယူဆောင်ထားကြောင်း ဟန်ကျီဖေး ပြောပြဖူးသည်။
 
ထိုနောက်ကွယ်မှ အကြောင်းပြချက်ကို ဂျန်ဝုရှီ ရှင်းလင်းစွာ မသိခဲ့။ ခုတော့ ဖျက်ဆီးခြင်းနတ်ဘုရား၏ စကားများက သူ့ခေါင်းထဲမှ သံသယကို မကြာခင် ဖြေရှင်းလိမ့်မည်ဟူ၍ ဂျန်ဝုရှီ ထင်မြင်ချက် ရှိလာသည်။
 
“ချီယန်ကို ငါ အမြဲတမ်း အထင်ကြီးခဲ့တာ နှမြောစရာပဲ၊ တကယ်တော့ သူက ငါ့အပေါ် အရမ်း သစ္စာရှိခဲ့တာ” ဖျက်ဆီးခြင်း နတ်ဘုရားက ထိုသို့ပင် ပြောနေသော်ငြား သူ့မျက်လုံးများမှာတော့ ဝမ်းနည်းသော အရိပ်အယောင် နည်းနည်းလေးပင် မရှိ။
 
သူက အနီရောင် အလင်းလုံးကို သူ့ခြေထောက်အောက်သို့ အသာ ပစ်ချလိုက်သည်။ အလင်းလုံး မြေပြင်ပေါ် ကျသည်နှင့် ရွှေရောင် နတ်ဘုရား စွမ်းအားက သူ့လက်ချောင်းများမှ ပျံ့နှံ့ထွက်ကာ ထိုအနီရောင်အလင်းလုံးကို ချက်ချင်း ဖျက်ဆီးသွားသည်။
 
ထိုအနီရောင် အလင်းလုံးကား မြေပြင်သို့ ပြန့်ကျဲကာ ကျရောက်သွားပြီး အတန်ငယ် လင်းလက်သွားသည်။ သို့သော် နောက်တခဏမှာ အကုန်အစင် ပျောက်ကွယ်သွားလေ၏။
 
“ဒါပေမဲ့ သူ သေသွားပြီ၊ ဒါကို သိမ်းထားလို့လည်း ငါ့အတွက် အသုံးမဝင်တော့ဘူး” ဖျက်ဆီးခြင်း နတ်ဘုရားက ဝမ်းနည်းခြင်း တစိုးတစိပင် မရှိဘဲ ခပ်ကြမ်းကြမ်း ဆိုသည်။ ထို့နောက် သူက ငွေဖြူရောင် အလင်းလုံးသို့ လက်လှမ်းလိုက်၏။ ထိုအလင်းလုံးသို့ သူ ကြည့်လျှင်‌‌ ငေးမောတွေဝေသွားသည်။ သို့သော် ခဏအကြာမှာ သူ ပြန်တည်ငြိမ်လာလေ၏။
 
“ဒီတခုက ရင့်ဟာ၊ လှပေမဲ့ တုံးအတဲ့ ရင်၊ သူက အရမ်း လှတာ၊ လှလို့ပဲ အလင်းနတ်ဘုရားကို ဆွဲဆောင်သွားတာ၊ ဒါ့ကြောင့်ပဲ ငါ အခွင့်အရေး ရခဲ့တာ၊ အဲအတွက် ငါ သူ့ကို ကျေးဇူးတင်ရမှာကို မုန်းမိတယ်...”
 
“... အလင်းနတ်ဘုရားရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ပြီးတာတောင် ငါ ရင့်ကို မသတ်ခဲ့ဘူး၊ သူ့မှတ်ဉာဏ်တွေကို ငါ ပိတ်ပင်ထားခဲ့တယ်၊ အလင်းနတ်ဘုရားရဲ့ ဝိညာဉ်ကို ဆွဲဆောင်နိုင်တဲ့ မျက်နှာကို ပြောင်းပစ်ခဲ့တယ်၊ သူ့ကို ထွတ်မြတ်မြို့တော်မှာပဲ ဆက်နေထိုင်ခိုင်းခဲ့တယ်၊ သူ ငါ့ကို ကျေးဇူးတင်သင့်တယ်... တကယ်တော့... ငါဟာ ပထမဆုံးအကြိမ် အနေနဲ့ စေတနာထက်သန်ဖူးခဲ့တာပဲ...” ဖျက်ဆီးခြင်း နတ်ဘုရားက လူယုတ်မာတယောက်လို တဟီးဟီး ရယ်လေ၏။
❤7
၃၀၈၁။ အရာရာကို ရယူခြင်း (၂)
 
ဂျန်ဝုရှီကား လုံးလုံး မှင်တက်သွားလေ၏။ အလင်းနတ်ဘုရား လုံးဝ ပျောက်ကွယ်ခါနီး အချိန် တီးတိုး ရေရွတ်သံကို သူ မှတ်မိနေဆဲပင်။
 
(ရင်)
 
အလင်းနတ်ဘုရား ပျောက်ကွက်မသွားခင်, နောက်ဆုံးအနေဖြင့် သူ သက်ပြင်းချခဲ့သည်။ နူးညံ့၍ ကူကယ်ရာမဲ့သော သက်ပြင်းပင်။ သူ့အတွေးထဲမှာ မည်မျှ ဝမ်းနည်းနေမည်နည်း။
 
သူ့အချစ်ကြောင့် နတ်ဘုရားကုန်းမြေ တခုလုံး ဖျက်ဆီးခံခဲ့ရသည်။ အိပ်မက် ၇ခုလောကမှာ သူ ပိတ်မိနေခဲ့သည်။ သူ့ကိုယ်သူ အပြစ်တင်ရင်း အဆုံးမရှိသော နောင်တများဖြင့် ပြည့်နှက်နေခဲ့သည်။ သူ တချိန်တုန်းက စွဲလမ်းနှစ်ခြိုက်ခဲ့သော မိန်းမကို စဉ်းစားနေတုန်းဆိုတာ သိလျှင် အံ့အားသင့်စရာပင်။
 
သူ တခါ ပြောပြဖူးသည်, သူ(မ)က လောကမှာ အကြင်နာတတ်ဆုံး, နှလုံးသား အနူးညံ့ဆုံး, နှလုံးသား အသန့်စင်ဆုံး အမျိုးသမီးဟူ၍။
 
အလင်းနတ်ဘုရား ပြောပြသော အမျိုးသမီးကို စုလွေ့ရင်ဟူ၍ ဂျန်ဝုရှီ ချိတ်ဆက်ကာ မစဉ်းစားမိခဲ့။
 
စုလွေ့ရင်က ဝိညာဉ်များကို ထိန်းချုပ်သည့် ကြမ်းကြုတ်ရက်စက်သူ ဖြစ်သည်။ ဝိညာဉ်များကို မညှာမတာ ဖျက်ဆီးသူ, စိတ်ကူးပေါက်သလို ဝိညာဉ်ကို ထိန်းချုပ်ကိုင်တွယ်သူ, ထိုအမျိုးသမီးက အလင်းနတ်ဘုရား သတိရ လွမ်းဆွတ်ခဲ့သော အမျိုးသမီးကား တကယ်ပင် ဖြစ်နေသည်။ ထိုအရာက တကယ် မယုံကြည်နိုင်စရာပင်။
 
ဖျက်ဆီးခြင်း နတ်ဘုရားလက်ထဲမှ ငွေဖြူရောင် အလင်းလုံးကို ကြည့်ရင်း ဂျန်ဝုရှီက ဖျက်ဆီးခြင်း နတ်ဘုရား၏ ကြမ်းကြုတ်ရက်စက်ချက်ကို တကယ် နားလည်သဘောပေါက်သွား၏။
 
ချီယန်က အကျိုးဆောင် ဘုရင်တပါး ဖြစ်ခဲ့သည်။ သို့သော် ဖျက်ဆီးခြင်း နတ်ဘုရားက သူ၏ ကြင်နာမှုကို ဖယ်ထုတ်ပစ်ခဲ့သည်။ သူ့ကို သူ့စကားကိုသာ နားထောင်သည့် လူသတ်စက် လုပ်ပစ်ခဲ့သည်။ သူ့ကို ကာကွယ်ဖို့ ချီယန်က လူသတ်ဖို့ ဝန်မလေးသူ ဖြစ်လာခဲ့သည်။ တချိန်တုန်းက ကြင်နာတတ်သူများကား ဖျက်ဆီးခြင်းနတ်ဘုရား၏ လက်‌အောက်သို့ ကျရောက်သွားချိန်မှာ နှလုံးသားများ အေးစက်သွားကြသည်။
 
တချိန်တုန်းက နှလုံးသား ဖြူစင်သော အလှပိုင်ရှင် စုလွေ့ရင်က နတ်ဘုရားများကိုပင် စိတ်လှုပ်ရှားစေခဲ့သည်။ သို့သော်... ဖျက်ဆီးခြင်း နတ်ဘုရား သူ၏ တချိန်တုန်းက အရာရာတိုင်းကို ခွာထုတ်ပစ်ခဲ့သည်။ သူ့ကို ရုပ်ဆိုးသော ရက်စက်သော မွန်းစတား ဖြစ်အောင် လုပ်ခဲ့သည်။
 
ဖျက်ဆီးခြင်း နတ်ဘုရားက သူတို့၏ ကံကြမ္မာကို တမင်သက်သက် ကြိုးကိုင်ခြယ်လှယ်ခဲ့သည်။ သူတို့၏ တန်ဖိုးရှိသော ကောင်းမြတ်ခြင်းများကို နှိုက်ထုတ်၍ သူတို့နှင့် မသက်ဆိုင်သော ယုတ်မာခြင်းမှာ သူတို့ကို မြှုပ်နှံပစ်ခဲ့သည်။
 
အလွန်ပင် စော်ကားမှု တရပ်ဖြစ်ပြီး အင်မတန်ပင် ရွဲ့စောင်းသော လုပ်ရပ် ဖြစ်သည်။
 
ဂျန်ဝုရှီ၏ မျက်လုံးများက အလိုလိုပင် တခြား အလင်းလုံးနှစ်ခုသို့ ရောက်ရှိသွားသည်။ ထိုနှစ်ခုတွင် တခုက သူ့ဖခင်နှင့် သက်ဆိုင်သည်ဆိုတာ ဂျန်ဝုရှီ သိသည်။
 
တကယ်လို့...
 
ဝိညာဉ်လောကမှာ သူ့ဖခင်နှင့် သူ မတွေ့ခဲ့လျှင်, ၎င်းက ဂျန်ဂုအား ဖျက်ဆီးခြင်းနတ်ဘုရား၏ ထိန်းချုပ်မှုအောက်တွင် နှလုံးသားအေးစက်သော လူသတ်သမား ဖြစ်လာစေနိုင်သည်။
 
သူက အတိတ်မှ အရာရာတိုင်းကို မေ့ပျောက်သွားလိမ့်မည်။ ဂုဏ်သိက္ခာနှင့် ကြင်နာခြင်း မှန်သမျှ မေ့ပျောက်သွားလိမ့်မည်။
 
ဒုန်းးးးး
 
ဖျက်ဆီးခြင်း နတ်ဘုရားက ငွေဖြူရောင် အလင်းလုံးကို ပစ်ပေါက်လိုက်သည်။
 
ဖျော့တော့သော ငွေရောင် အလင်းက မြေပြင်မှာ ပျံ့နှံ့၍ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ဂျန်ဝုရှီက ငြိမ်သက်စွာ ရှိနေတုန်းပင်။
 
ချီယန်နှင့် စုလွေ့ရင်အတွက် သေဆုံးခြင်းက သူတို့၏ အစစ်အမှန် စိတ်သက်သာခြင်း ဖြစ်နိုင်လောက်သည်။ သူတို့ကိုယ် သူတို့ ပြန်ရှာနိုင်ခဲ့၍ သူတို့ ပြီးခဲ့သော နှစ်များမှာ လုပ်ခဲ့သမျှ အရာတိုင်းကို မှတ်မိသွားကြလျှင်, သူတို့ ကိုယ့်ကိုယ်ကို အပြစ်တင်၍ နေထိုင်သွားကြရလိမ့်မည်။ ထာဝရ နောင်တဖြင့် ဘယ်တော့မှ ကယ်တင်လို့ မရသူများ ဖြစ်သွားကြလိမ့်မည်။
 
“ဒါ လုံယောင်ပဲ, သူက... သူ့ကို အစတုန်းက ငါ သဘောမကျခဲ့ဘူး၊ တကယ်တော့, သူ လူကောင်း တယောက်ပါပဲလေ၊ လူတိုင်းအပေါ် အတ္တကင်းခဲ့တယ်၊ အရာရာတိုင်းကို မခွဲခြားခဲ့ဘူး၊ သူ့စွမ်းအားက အတော်လေး ကောင်းခဲ့တယ်” ဖျက်ဆီးခြင်း နတ်ဘုရားက အပြာရောင် အလင်းလုံးကို ယူ၍ ပျင်းရိဟန်ဖြင့် နှုတ်ခမ်းစူကာ ကြည့်သည်။ သူ ဘာမှ ပြောချင်ပုံ မရ။ သို့သော် သူက လက်မြှောက်၍ ထိုအလင်းလုံးကို ပေါက်ခွဲလိုက်သည်။
 
ဂျန်ဝုရှီ မျက်မှောင်ကြီး ကုတ်လာ၏။ သူ့မျက်လုံးများက ထိုခဏမှာ လက်ကျန် အစိမ်းရောင် အလင်းလုံးသို့ ကျရောက်သွားသည်။
 
ဂျန်ဝုရှီ၏ အသက်ရှူနှုန်း ပြောင်းလဲသွားတာကို ဂျန်ဝုယောင်း ခပ်ပါးပါး သတိပြုမိသည်။ သူက သူ၏ အနက်ရောင် ဝိညာဉ်စွမ်းအားကို အသုံးပြု၍ မည်သည့် မတော်တဆမှုမျှ မဖြစ်ရလေအောင် ပတ်ဝန်းကျင်ကို ကာကွယ်ပေးထားသည်။
 
ဖျက်ဆီးခြင်း နတ်ဘုရားက ထိုအလင်းလုံးကို အလျင်စလို မယူ။ သူက ဂျန်ဝုရှီကိုသာ လှည့်ကြည့်၍ ထူးထူးဆန်းဆန်းဟန်ဖြင့် ပြုံးပြလာလေ၏။
❤6
၃၀၈၂။ အရာရာကို ရယူခြင်း (၃)
 
သို့သော် ထိုခပ်သေးသေး လှုပ်ရှားမှုသည်ပင် ဂျန်ဝုရှီ၏ နှလုံးသားကို တလက်မချင်း ဖျစ်ညှစ်သလို ခံစားရစေသည်။ ဂျန်ဝုရှီ၏ အကြည့်က ထိုအလင်းလုံးသို့ လိုက်ပါသွားသည်။
 
“ဒါက သေးငယ်တုန်း၊ အပြည့်အဝ ပုံစံ မဖွဲ့တည်သေးဘူး၊ ဒါပေမဲ့ ဒီတခုက ငါ အနှစ်သက်ဆုံးပဲ၊ လင်းလက်တယ်, နွေးထွေးတယ်၊ ပျော်ရွှင်မှုနဲ့ ဂုဏ်ရောင်ဂုဏ်ဝါလည်း အပြည့်ပဲ၊ ဒါကို ပိုင်ရှင်ရဲ့ ဝိညာဉ်ကနေ ငါ ဆွဲထုတ်ယူခါစတုန်းက, ငါ သိချင်မိခဲ့တယ်, အချိန်က ကျစ်လျစ်တယ်, ဒါပေမဲ့ နွေးထွေးတဲ့ စွမ်းအား ပါဝင်တယ်၊ သူ့မှတ်ဉာဏ်ထဲမှာ စိတ်ဝင်စားစရာ အတော်များများ ငါ တွေ့ခဲ့တယ်၊ မင်း သိချင်လား” ဖျက်ဆီးခြင်း နတ်ဘုရားက နှုတ်ခမ်းများကို အသာ ကော့တင်သည်။ သူ့မျက်လုံးများကတော့ ဂျန်ဝုရှီကို ကြည့်မနေ။
 
ဂျန်ဝုရှီကား အလိုလို ရှေ့တက်လုလု ဖြစ်သွားသည်။ သို့သော် ကံကောင်းထောက်မသဖြင့် ဂျန်ဝုယောင်းက အချိန်မီ လက်ကောက်ဝတ်ကို ဆွဲကိုင်ထားမိ၏။
 
ဂျန်ဝုရှီ၏ အနည်းငယ်သော သာမန်မဟုတ်မှုက ဖျက်ဆီးခြင်း နတ်ဘုရား၏ မျက်လုံးများမှ မလွတ်မြောက်နိုင်။ သူ့မျက်လုံးများမှ ပြုံးနေခြင်းက ပိုပြီး သိပ်သည်းပြင်းထန်လာ၏။
 
“ဒီအမှတ်တရတွေက အရမ်း လှပတာ၊ ပျော်ရွှင်တဲ့ မိသားစု, ချစ်ခင်ကြင်နာကြတဲ့ ညီအကိုတွေ, ထင်ပေါ်ကျော်ကြားမှုနဲ့ တိုင်းပြည်, အစောင့်တွေကို စွဲမြဲစွာ ဆုပ်ကိုင်ပေးထားတဲ့ အချစ်ဆုံး အမျိုးသမီး, မွေးဖွားလာခါစ ကလေး... တကယ်ပဲ... အရမ်း ပျော်စရာကောင်းတယ်... ပြီးတော့ သိသိသာသာ သေဆုံးသွားခဲ့တယ်၊ ဒါကတော့ ဝမ်းနည်းစရာပဲပေါ့၊ ဒါပေမဲ့ သေသွားပြီးတာတောင် မကျေနပ်ချက် တစက်ကလေးတောင် မရှိ၊ နွေးထွေးမှုပဲ ရှိတယ်၊ ဝမ်းနည်း ခံစားရတာပဲ ရှိတယ်...” ဖျက်ဆီးခြင်း နတ်ဘုရားက တချက် ဝေ့ကြည့်သည်။
 
“ကံမကောင်းတာက, သူ အသက်ရှင်တဲ့ အချိန်က အရမ်း တိုတောင်းတာပဲ, သူ့မှတ်ဉာဏ်လည်း အရမ်း တိုတယ်၊ ငါ အများကြီး မတွေ့မြင်ခဲ့ရဘူး၊ သူ့မှတ်ဉာဏ်ထဲက အမျိုးသမီးက... ထွက်ပြေးသွားသူနဲ့ တထပ်တည်းဆိုတာ... အဲကျမှ ငါ သိရတယ်... ငါ့ကို ပိုပြီး စိတ်ဝင်စားစေတာက, ဖျက်ဆီးခြင်းနတ်ဘုရား ဖြစ်ပြီး နှစ်အတော်ကြာတော့, အထက်ဘုံကို ရန်စရဲတဲ့ လူတယောက် တကယ် ရှိလာခဲ့တာပဲ... အမျိုးသမီး တယောက်... သူ့ရဲ့ မွေးဖွားပြီးခါစ သမီးနဲ့ နာမည် အတူတူပဲ... ဂျန်ဝုရှီတဲ့... နာမည်က... မင်း အဲဒီ နာမည်နဲ့ ရင်းနှီးလား” ဖျက်ဆီးခြင်း နတ်ဘုရားက အတန်ငယ် ပြုံးလိုက်သည်။ ထိုအပြုံးက သူ့မျက်လုံးမှ ယုတ်မာရက်စက်ခြင်းကို မဖုံးကာနိုင်။
 
“မင်းက နတ်ဘုရားတပါးပဲ၊ မင်း ဒါတွေ အားလုံးကို မြင်နိုင်တာပဲလေ” ဂျန်ဝုယောင်းက ဂျန်ဝုရှီ၏ လက်ကို ကိုင်၍ ထိုခဏမှာ ဂျန်ဝုရှီ၏ တင်းမာနေခြင်းကို ခံစားရသည်။ ဂျန်ဝုရှီက သူ့မိသားစုကို အရာရာတိုင်းထက် အဆပေါင်းများစွာ ဂရုစိုက်သည်။ သူ ဂရုစိုက်ရသူများအတွက်ဆိုလျှင် ဂျန်ဝုရှီအဖို့ အကြွင်းမဲ့ တည်ငြိမ်အောင် လုပ်ဖို့ ခက်ခဲသည်။
 
ဖျက်ဆီးခြင်း နတ်ဘုရားက ခေါင်းယမ်းသည်။
 
“ငါက နတ်ဘုရားပဲ၊ ဒါပေမဲ့ အောက်ဘုံက သေးသေးဖွဲဖွဲ ကိစ္စတွေနဲ့ ငါ့စွမ်းအင်ကို ဖြုန်းတီးမှာ မဟုတ်ဘူး၊ ပြီးတော့... နတ်ဘုရားဆိုတာ အနန္တတန်ခိုးရှင် မဟုတ်ဘူး၊ အဲသလိုမှ မဟုတ်ရင်, ဟင်းလင်းပြင်ကို ဘာလို့ ငါ ချိုးဖောက်နေအုံးမှာလဲ, တယောက်ယောက် လာမယ်ဆိုတာ ငါ သိထားခဲ့တယ်, ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် တွေ့သွားရုံလေးပဲ၊ အဲတယောက်က ငါ့ဘက် ရောက်လာတဲ့ ငါ့သူရဲကောင်းတွေထဲက တယောက်ရဲ့ သမီး ဖြစ်နေတာကိုး, အဲဒါ ငါ့ကို တကယ် အံ့အားသင့်စေတယ်”
 
“ငါ့ဖေဖေဆီကနေ ရှင် ဘာကို ယူထားတာလဲ” ဂျန်ဝုရှီက အေးစက်စွာ ပြောသည်။ သူ့လေသံက နောက်တခဏမှာ ရေခဲချပ်ကြီး ဖြစ်သွားစေမတတ် အေးစက်သည်။
 
ဖျက်ဆီးခြင်း နတ်ဘုရားက ခပ်သဲ့သဲ့ ရယ်သည် “သူ့မှတ်ဉာဏ်... အင်း... သူ့ရဲ့ အကျန်လေးပါပဲ၊ ဒါပေမဲ့ ကံမကောင်းတာက, ဟန်ကျီဖေး ပြန်လာပြီး သူ့ကို မရမက လက်ထပ်တော့, ဟန်ကျီဖေး သတိပြုမိသွားပြီဆိုတာ ငါ သိလိုက်တယ်၊ ဒါပေမဲ့ ငါ ဂရုမစိုက်ပါဘူး၊ ဘာလို့လဲဆိုတော့, သူတို့ ရှိနေတာက မင်းကို မြန်မြန် ပေါ်လာစေနိုင်လို့ပဲလေ, အခုတော့ ငါးစာ ကောင်းကောင်း ချထားတာ မှန်သွားပုံပဲ”
 
“ငါ့ဖေဖေ အသက်ရှင်နေတုန်းပဲ၊ ရှင် ဒီလို အရာလေးနဲ့ သူ့ကို မချုပ်ကိုင်နိုင်ပါဘူး” ဂျန်ဝုရှီက သက်ပြင်း နက်နက် ရှိုက်၍ သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားသည်။
 
“အိုး, တကယ်လား” ဖျက်ဆီးခြင်း နတ်ဘုရားက ခပ်သဲ့သဲ့ ရယ်သည်။ သူက ရုတ်တရက် လက်ခုပ်တီးလိုက်သည်။
 
ဘုရားကျောင်း၏ နောက်ဘက် တံခါးက ရုတ်တရက် ပွင့်လာ၏။ စစ်သားတအုပ်စုက ဘုရားကျောင်းထဲ ခြေလှမ်းကျဲကျဲ လှမ်း၍ ဝင်လာ၏။ စစ်သားများ အလယ်တွင် သံကြိုးများ တုပ်ထားသော လူနှစ်ယောက်ကို သူတို့ ဆွဲခေါ်လာကြသည်။
 
ဂျန်ဝုရှီက ထိုလူနှစ်ယောက်ကို မြင်လျှင်, လူသတ်လိုသော စိတ်က ချက်ချင်းပင် အရေးပေါ်အဆင့်သို့ ထိုးတက်သွားလေ၏။
❤7
၃၀၈၃။ အရာရာကို ရယူခြင်း (၄)
 
ဂျန်ဂုနှင့် ဟန်ကျီဖေးကို ဝိညာဉ်ချုပ်နှောင် ကြိုးဖြင့် အတူတူ ချည်တုပ်ထားသည်။ ကြိုးကြီးများကို သူတို့နှစ်ယောက်ကြား ချိတ်ဆက်ထားသည်။ သူတို့ကို ဝိုင်းထားသည့် စစ်သားများက အေးစက်စက် မျက်လုံးများဖြင့် တင်းတင်းမာမာ ကြည့်နေကြ၏။ လှမ်းကြည့်လိုက်လျှင်, ဖြူရော်နေသော မျက်နှာများနှင့် သွေးစွန်းနေသော အဝတ်များက သည်မတိုင်ခင် သူတို့ အများကြီး နှိပ်စက်ခံထားရမှန်း ဖော်ပြသည်။
 
သို့သော်ငြား သူတို့ ဂျန်ဝုရှီကို မြင်လျှင် သူတို့မျက်နှာများမှာ နူးညံ့သော အပြုံး တပြိုင်နက် ‌ပေါ်လာကြ၏။ ထိုအပြုံးက သူတို့ အဆင်ပြေကြောင်း ဂျန်ဝုရှီအား ပြောပြနေပုံပင်။
 
သို့သော် ဂျန်ဝုရှီ၏ နှလုံးသားမှ ဒေါသမီးကား ချက်ချင်း လောင်မြိုက်လာသည်။
 
“မင်းတို့ ထင်လား, ငါ ဘာမှ မလုပ်ဘဲနဲ့ မင်းတို့ကို ဒီလာခွင့် ပေးမယ်လို့ ထင်နေကြတာလား၊ ရိုးအလွန်းတယ်” ဖျက်ဆီးခြင်း နတ်ဘုရားက သရော်စကား ဆိုသည် “ဒါပေမဲ့, ငါ တကယ် အံ့အားသင့်ရတာက, တခြားကမ္ဘာက စိတ်ဝိညာဉ်က သုံးလောက လူတွေရဲ့ ရှင်ခြင်း သေခြင်းကို ဂရုမစိုက်လောက်ဘူးလို့ ထင်ခဲ့တာ၊ မင်းကတော့ ချစ်ရသူတွေ မိတ်ဆွေတွေကို ဂရုစိုက်တယ်, ဒါကိုတော့ ငါ ထင်မထားမိဘူး”
 
ဖျက်ဆီးခြင်း နတ်ဘုရားက ဂျန်ဝုရှီကို ကြည့်၍ အကြီးအကျယ် ရယ်မောသည်။
 
လုံယောင်အား ဂျန်ဝုရှီကို ရန်စဖို့, ဂျန်ဝုရှီ၏ စိတ်နေစိတ်ထားကို စမ်းသပ်ဖို့ ဖျက်ဆီးခြင်း နတ်ဘုရား စေခိုင်းလိုက်တာက ထိုအကြောင်းပင်။ ဂျန်ဝုရှီက စိတ်မပျက်စေ။ သူက မညှာမတာ ရက်စက်သော နည်းလမ်းများဖြင့် လုံယောင်ကို လက်စားချေခဲ့သည်။ ဘာ့ကြောင့်နည်း, လုံယောင်က ဂျန်ဝုရှီအနားမှ အပေါင်းအသင်းများကို သတ်ချင်ခဲ့သောကြောင့်ပင်။
 
ဂျန်ဝုရှီ၏ လက်စားချေခြင်းနှင့် ချောင်းချူစသည့် အပေါင်းအသင်းများကို အလေးထားခြင်းက ဖျက်ဆီးခြင်း နတ်ဘုရားအား သူ့လက်ထဲ ဟန်ချက်ထိန်း အလေးတုံးဆိုသော ဝှက်ဖဲကို ကိုင်ထားရန် သတိပြုမိစေခဲ့သည်။ ထို့ကြောင့်ပင် ဂျန်ဝုရှီကို အိပ်မက် ၇ခုလောကသို့ တိုက်ရိုက်ပင် ဝင်သွားခွင့် ပေးလိုက်ခြင်း ဖြစ်သည်။
 
ဘာ့ကြောင့်နည်း, သူ့လက်ထဲမှ ဝှက်ဖဲက ဂျန်ဝုရှီကို ထိန်းချုပ်ဟန့်တားရန် လုံလောက်နေသောကြောင့်ပင်။
 
“နင် သေသင့်တယ်” ဂျန်ဝုရှီက မျက်လုံးများ မှေးစင်း၍ ဖျက်ဆီးခြင်း နတ်ဘုရားကို သတ်ဖြတ်လိုစိတ်ဖြင့် ကြည့်သည်။
 
ဖျက်ဆီးခြင်း နတ်ဘုရားက ဟက်ဟက်ပက်ပက် ရယ်လေ၏။
 
“ငါ သေဖို့ ထိုက်တန်သတဲ့လား”
 
“ဟားဟားဟား, ဒါဆို မင်း အခု လာပြီး ကြိုးစားကြည့်လေ, ငါ့ကို သတ်လေ, မင်းနဲ့ ယဲ့ဂျိုး, မင်းတို့ရဲ့ ပေါင်းစပ်အင်အားနဲ့ ငါ့ကို လာသတ်လေ၊ ဒါဆို,  မင်းမျက်လုံးနဲ့ပဲ, မင်းမိဘတွေ မင်းရှေ့မှာ သေသွားတာ မြင်ရမှာပေါ့, ဟား ဟား ဟား”
 
ဖျက်ဆီးခြင်း နတ်ဘုရား၏ သောင်းကျန်းသော ရယ်မောသံက ခန်းမထဲ ပဲ့တင်ထပ်သွား၏။ ထိုရယ်သံက အင်မတန် စူးရှ၏။ ဟန်ကျီဖေးနှင့် ဂျန်ဂုမျက်နှာများမှ အပြုံးများ ပျောက်ကွယ်လုလု ဖြစ်သွားကြသည်။
 
“ဝုရှီလေး, မင်း နားထောင်စမ်း” ဟန်ကျီဖေးက ရုတ်တရက် အော်လိုက်သည်။
 
ဂျန်ဝုရှီက ခေါင်းမော့၍ သူ့မိခင်ကို ကြည့်သည်။ သူ့မိခင်က သူနှင့် အချိန်ဖြုန်းဖို့ အချိန် မရှိတော့။
 
“မင်း သူ့အစီအစဉ်ကို အောင်မြင်ခွင့် မပေးနဲ့၊ အဲသလိုမှ မဟုတ်ရင်, ငါနဲ့ မင့်ဖေဖေတင် မကဘူး, သုံးလောကက လူတိုင်း ပျက်စီးသွားလိမ့်မယ်၊ မင်း အခု အလျှော့ပေးလိုက်ရင်တောင်, သူ ရပ်တန့်မှာ မဟုတ်ဘူး၊ အခု ကိစ္စက အရမ်း အရေးကြီးတယ်, အဲသလိုမှ မဟုတ်ရင် နောက်ကျသွားလိမ့်မယ်၊ မင့်ဖေဖေနဲ့ မေမေ့အသက်နဲ့ သူ့အသက်ကို အလဲအလှယ် လုပ်ရတာ ထိုက်တန်တယ်” ဟန်ကျီဖေးက ထိုခဏမှာ အင်မတန် တည်ကြည်ငြိမ်သက်သွားသည်။ ဟန်ကျီဖေးက ဖျက်ဆီးခြင်း နတ်ဘုရားနှင့် အနီးကပ် ဆက်ဆံခဲ့ဖူးသဖြင့် သူ၏ ကြမ်းကြုတ်ရက်စက်ပုံကို နားလည်၏။
 
ဂျန်ဝုရှီ လက်လျှော့လျှင်ပင် သူနှင့် ဂျန်ဂုက လွတ်မြောက်နိုင်မည် မဟုတ်။
 
“ကျီဖေး, နှစ်အများကြီး ကြာသွားတာတောင် မင်းက နည်းနည်းလေးတောင် မပြောင်းလဲဘူးကိုး၊ မင်းက တကယ်ပဲ ရွံစရာကောင်းချက်” ဖျက်ဆီးခြင်း နတ်ဘုရားက မျက်မှောင်ကြုတ်ကာ ဟန်ကျီဖေးကို ကြည့်သည်။ သို့သော် သူက ဟန်ကျီဖေးအား ထိုသို့ စကားပြောဖို့ ဤနေရာသို့ လာခိုင်းတာ မဟုတ်။
 
ဟန်ကျီဖေးက သဘောမတူဟန်ဖြင့် မျက်ခုံးများ ပင့်၍ ဖျက်ဆီးခြင်း နတ်ဘုရားကို ကြည့်သည် “တကယ် ဝမ်းနည်းတယ်, ငါ့ရဲ့ လူသားဗီဇက ဒီဘဝမှာ ပြောင်းလဲသွားမှာ မဟုတ်ဘူး၊ ငါက ရှင့်ကို ရွံအောင် လုပ်နိုင်တယ်ဆိုရင်, ဒါ တကယ်ပဲ ငါ့အတွက် ဂုဏ်ယူစရာ ဖြစ်သွားပြီ”
 
ဖျက်ဆီးခြင်း နတ်ဘုရားက အေးစက်စွာ နှာခေါင်းရှုံ့သည်။ ဟန်ကျီဖေးနှင့် အရည်မရ အဖတ်မရ မပြောချင်တော့။ သူက ဂျန်ဝုရှီကို တိုက်ရိုက်ကြည့်၍ ပြောသည် “မင်း ဘယ်လို ရွေးချယ်မလဲ မင်းအပေါ်မှာ မူတည်သွားပြီ၊ ပြီးတော့, မင်းကို နည်းနည်း ထပ်ပြောချင်သေးတယ်၊ မင်းတို့ စွမ်းအားချင်း‌ ပေါင်းစပ်ပြီး ငါ့ကို တိုက်ရင်တောင်, မင်းတို့က ငါ့ရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး၊ ဖန်မင်း တွန်းလာတဲ့ လူက, ယဲ့ဂျိုးရဲ့ အစစ်အမှန် ခန္ဓာကိုယ်က လွဲလို့ တခြားလူ မဟုတ်ဘူးဆိုတာပါ ငါ သတိပေးလိုက်မယ်”
❤5
၃၀၈၄။ ပြတ်သားခြင်း (၁)
 
အစစ်အမှန် ခန္ဓာကိုယ်လား။
 
ဖျက်ဆီးခြင်း နတ်ဘုရား၏ စကားလုံးများက ဂျန်ဝုရှီ၏ နှလုံးသားကို တခုခု ဖြစ်တော့မည်ဆိုသော ထင်ကြေးကို ရုတ်တရက် ပေးလာသည်။ ဖန်မင်း တွန်းလာသော လူသို့ သူ့အကြည့် ကျရောက်သွားသည်။
 
ဝိညာဉ်သစ်ပင် ပြသသော ပုံရိပ်ယောင်ထဲမှာ ဂျန်ဝုရှီက ယခင်ဘဝမှ ဂျန်ဝုယောင်းကို မြင်ခဲ့ဖူးသည်။ ထိုစဉ်တုန်းက သူ့မျက်လုံးများက ပိုပြီး မောက်မာကာ အထင်အမြင်သေးဟန်လည်း ပို ကြီးကျယ်သည်။ သူက ကမ္ဘာပေါ်ရှိ အရာရာတိုင်းကို ဖျက်ဆီးပစ်ချင်နေသလိုပင်။ ထိုအကြည့်မျိုးကို ဂျန်ဝုယောင်း သူ့ကို ချီမ၍ ချောက်နက် ဂူထဲမှ ထွက်လာတုန်းက တခါ မြင်ခဲ့ဖူးသည်။ သို့သော် ဂျန်ဝုယောင်းနှင့် အချိန်အတော်ကြာ နေခဲ့ပြီးနောက်, သူ့မျက်လုံးများမှ ထိုအကြည့်က တဖြည်းဖြည်း ပြောင်းလဲသွားခဲ့သည်။ သူ့မျက်လုံးများမှာ နူးညံ့ခြင်း များလာပြီး မုန်းတီးစက်ဆုပ်ဟန်က နည်းပါးသထက် နည်းပါးလိုက်လာ၏။
 
ဖျက်ဆီးခြင်း နတ်ဘုရား၏ စကားကို ဂျန်ဝုရှီက ယုံကြည်ရန် အင်တင်တင် ဖြစ်မိသည်။ သို့သော် အမှန်တရားက သူ့ကို ယုံကြည်စေ၏။ ဂျန်ဝုယောင်း၏ အမူအရာကို သူ ဝေ့ခတ်ကြည့်သည်။ သူ့မျက်နှာမှ သိမ်မွေ့သော အပြောင်းအလဲကြောင့် ဖျက်ဆီးခြင်း နတ်ဘုရားပြောတာ အမှန်ဟူ၍ ဂျန်ဝုရှီ သိလိုက်သည်။ အမှန်တရားက ယုံကြည်စိတ်ချရကြောင်းကို ဂျန်ဝုယောင်းထက် ပိုပြီး မည်သူမျှ ကောင်းကောင်း သိနိုင်မည် မဟုတ်။
 
သို့သော် ဂျန်ဝုရှီ ဘာလုပ်သင့်သနည်း။
 
လက်ရှိ အခက်အခဲကို မည်သို့ ဂရုတစိုက် ဖြေရှင်းရမလဲဟူ၍ ဂျန်ဝုရှီ တုံ့ဆိုင်းနေစဉ်မှာ, ဂျန်ဝုယောင်းက ရုတ်ချည်း လှုပ်ရှားလိုက်သည်။ သူက ရုတ်ချည်း လက်ကို မြှောက်၍ အနက်ရောင် ဝိညာဉ်စွမ်းအားကို ဘီးတပ်ကုလားထိုင်မှာ ထိုင်နေသည့် သူ့ကိုယ်အစစ်သို့ တွန်းထုတ်လိုက်သည်။
 
အလျင်က မြန်လွန်းသဖြင့် ဂျန်ဝုရှီမှာ စကားပြောဖို့ပင် အခွင့်အရေး မရလိုက်။
 
အနက်ရောင်ဝိညာဉ်စွမ်းအားက ဘီးတပ်ကုလားထိုင်ပေါ်မှ “တခြား ဂျန်ဝုယောင်း”ထံ ပြေးဝင်လာတာကို မြင်လျှင် ဖန်မင်းက ချက်ချင်းပင် ဘီးတပ်ကုလားထိုင်ရှေ့မှာ ရပ်၍ သူ့အစွမ်းဖြင့် ထိုအနက်ရောင်ဝိညာဉ်စွမ်းအားကို တန်ပြန်တိုက်ခိုက်သည်။ သို့ပင် ဖြစ်သော်ငြား ဖန်မင်း၏ ခန္ဓာကိုယ်က ချက်ချင်း လွင့်ထွက်၍ ခန်းမထောင့်စွန်းသို့ ပြေးဆောင့်ကာ ကြမ်းပြင်ပေါ် ပြုတ်ကျသွားကာ ပါးစပ်အပြည့် သွေးအန်ရလေ၏။
 
ဂျန်ဝုယောင်း၏ လှုပ်ရှားမှုက ခန်းမထဲမှ လူတိုင်းအား ဆွံ့အသွားစေသည်။
 
နတ်ဘုရားများကို ခစားခဲ့သော ကျေးကျွန်တယောက် ဖြစ်သဖြင့် ဖန်မင်းက နှစ်ပေါင်း ထောင်ချီ၍ နတ်ဘုရားစွမ်းအားများ၏ သက်ရောက်မှုကို ခံထားရသည်။ သူကား အစစ်အမှန် နတ်ဘုရား မဟုတ်သော်ငြား, သူ့စွမ်းအားက ချီယန်အောက် မနိမ့်ကျချေ။
 
သို့တိုင်, ဖန်မင်းက ဂျန်ဝုယောင်းမှ တချက်ထိမှန်ပြီးနောက် မထနိုင်တော့။
 
ဂျန်ဝုယောင်း၏ စွမ်းအားက ပြင်းထန်မှန်း သိသာသည်။ အနားမှာ ကာပေးမည့် ဖန်မင်း မရှိတော့သဖြင့် သူက ဂျန်ဝုယောင်း၏ အစစ်အမှန် ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် ထိမှန်စေသည်။ ခန္ဓာအစစ်ကား လုံးလုံး ဖျက်ဆီးခံလိုက်မှာ စိုးရိမ်ဖွယ်ရာပင်။
 
“ယဲ့ဂျိုး, မင်း ရူးသွားပြီလား၊ မင်းရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကိုတောင် မင်း ဖျက်ဆီးချင်တာလား” ဖျက်ဆီးခြင်း နတ်ဘုရားက ရုတ်တရက် မျက်လုံးပြူးသွား၏။ ဂျန်ဝုယောင်းက ခုလောက်ထိ လုပ်လိမ့်မည်ဟူ၍ သူ လုံးဝ မတွေးထား။
 
“မင်း သေချင်နေတာလား၊ မင်းကို အမှန် ပြောလိုက်မယ်၊ မင်း သုံးလောကကို ရောက်လာတဲ့ အစောပိုင်းတုန်းက, မင်းကို ငါ သတိပြုမိပြီးသား၊ အဲတုန်းက မင်းက မင်းရဲ့ အစစ်အမှန် ခန္ဓာကိုယ်နဲ့ မခွဲရသေးဘူး၊ မင်းရဲ့ ခန္ဓာကိုယ်ကနေ မင်းရဲ့ စိတ်ဝိညာဉ်ကို ခွဲထုတ်ဖို့ နတ်ဘုရားစွမ်းအားကို အသုံးပြုပြီး မင်းကို ခန္ဓာအသစ် ပေးခဲ့တာ ငါ၊ မင်းရဲ့ ခန္ဓာအစစ်ကို မင်း တကယ် ဖျက်ဆီးရင်, မင်းရဲ့ စိတ်ဝိညာဉ်က ခန္ဓာအစစ်နဲ့ အတူတူ ပျောက်ကွယ်သွားလိမ့်မယ်၊ မင်း အဲဒါကို စဉ်းစားမိရဲ့လား”
 
ဖျက်ဆီးခြင်း နတ်ဘုရားက ဂျန်ဝုယောင်းကို ပြင်းပြင်းထန်ထန် ကြည့်သည်။ သူ ရူးသွပ်တာကို သူ မြင်ခဲ့ဖူးသည်။ သို့သော် အခုလို အရာရာတိုင်းကို စွန့်လွှတ်မည်ဟူ၍တော့ သူ ထင်မှတ်မထား။
 
ထိုနှစ် ဂျန်ဝုယောင်း သုံးလောကသို့ ရောက်လာချိန်မှာ, သူက သူ၏ အစစ်အမှန် ခန္ဓာကိုယ်ကို အသုံးမပြုခဲ့။ ထိုစဉ်တုန်းက ဂျန်ဝုယောင်းက အင်မတန် အစွမ်းထက်သည်။ သူ ရှိနေတာက လူတိုင်းအား တုန်လှုပ်ချောက်ချားစေ၏။ ဂျန်ဝုယောင်း သည်အတိုင်း ဆက်ရှိနေလျှင်, သူ့ကို ဖိနှိပ်ဖို့ မဖြစ်နိုင်မှန်း ဖျက်ဆီးခြင်း နတ်ဘုရား သိသည်။
 
ထို့ကြောင့် ဖျက်ဆီးခြင်း နတ်ဘုရားက သုံးလောက၏ နတ်ဘုရားတပါးအနေဖြင့် အယုံသွင်း လက်ခံစေကာ ဂျန်ဝုယောင်း၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို ခွဲထုတ်ဖို့ နည်းပေါင်းစုံ စဉ်းစားခဲ့သည်။
❤6
၃၀၈၅။ ပြတ်သားခြင်း (၂)
 
ဂျန်ဝုယောင်း၏ မှတ်ဉာဏ်များကို သူ ဖျက်ဆီးနိုင်ခဲ့သည်။ ဂျန်ဝုယောင်း၏ ခန္ဓာအသစ် ဖွဲ့စည်းမိချိန်မှာမှ ဖျက်ဆီးခြင်း နတ်ဘုရားက သူ့ဝိညာဉ်ကို ခန္ဓာအသစ်ထဲ ထည့်သွင်းပေးခဲ့သည်။ ထိုအခါကျမှ ဂျန်ဝုယောင်းမှာ “ယဲ့ဂျိုး”ဆိုသော မှတ်ဉာဏ်အသစ်ကို ရရှိသွားခဲ့သည်။
 
ဖြစ်နိုင်လျှင် ဖျက်ဆီးခြင်း နတ်ဘုရားက ထိုသို့ ပြုလုပ်ရန် အင်အား အများအပြား စိုက်ထုတ်မနေချင်။ သူက ဂျန်ဝုယောင်းကို ပိုပြီး လိုအပ်၏။ သူ့မှာ ရွေးချယ်စရာ မရှိသဖြင့် ဂျန်ဝုရှီ ပေါ်လာအောင် ဖြားယောင်းဖို့ ဂျန်ဝုယောင်းကို လွှတ်ပေးခဲ့ရသည်။
 
သို့သော် မတော်တဆမှုကို တားဆီးဖို့, ဖျက်ဆီးခြင်း နတ်ဘုရားက ဂျန်ဝုယောင်း၏ အစစ်အမှန် ခန္ဓာကိုယ်ကို တမင်သက်သက် သိမ်းဆည်းထားခဲ့သည်။ အရေးပေါ် အချိန်မှာ ဂျန်ဝုယောင်းကို ခြိမ်းခြောက်နိုင်ရန် ဖြစ်သည်။
 
သို့သော် သူ ဂျန်ဝုယောင်းကို ခြိမ်းခြောက်ရန် လုပ်နေစဉ်မှာပင် ဂျန်ဝုယောင်းက စကားတခွန်းပင် မပြောဘဲ သူ့ကိုယ်သူ အခွင့်အရေး ယူကာ ဖျက်ဆီးပစ်မည်ဟူ၍ ဖျက်ဆီးခြင်း နတ်ဘုရား လုံးဝ ထည့်မတွက်ထား။
 
၎င်းက ကိုယ့်ကိုယ်ကို သေကြောင်းကြံခြင်းဆိုတာ ရိုးစင်းသည်။
 
ဂျန်ဝုယောင်းက မျက်လုံးများ မှေးစင်း၍ ရှုံ့တွနေသည့် ဖျက်ဆီးခြင်း နတ်ဘုရားကို အမူအရာမပျက် ကြည့်သည်။ သူက တည်ငြိမ်စွာ ပြော၏ “ဘယ်သူ့အတွက်မှ ငါ့ကို ဈေးညှိစရာ အဖြစ် မခံနိုင်ဘူး၊ သူ တည်ရှိနေတာက ခြိမ်းခြောက်မှု တခုဆိုရင်, ငါ တုံ့ဆိုင်းမနေဘဲ ဖျက်ဆီးပစ်မှာပဲ”
 
ဂျန်ဝုယောင်းက သူ၏ အစစ်အမှန် ခန္ဓာကိုယ်ကို အလောင်းတလောင်းလို ထူးမခြားနားဟန်ဖြင့် ကြည့်သည်။
 
“မင်း အသက်မရှင်ချင်တော့ဘူးလား၊ မင်းရဲ့ အစစ်အမှန် ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ရင်, မင်း သေသွားလိမ့်မယ်” ဖျက်ဆီးခြင်း နတ်ဘုရားက အော်ဟစ်ကြိမ်းမောင်းသည်။
 
ဂျန်ဝုယောင်းက ခပ်ထေ့ထေ့ ပြုံး၍ ဖျက်ဆီးခြင်း နတ်ဘုရားကို လျစ်လျူရှူလိုက်၏။ သူက စိုးရိမ်ပူပန်နေသည့် ဂျန်ဝုရှီကို လှည့်ကြည့်သည်။ သူ လက်ကို ဆန့်တန်း၍ ဂျန်ဝုရှီ၏ ခေါင်းလေးကို ပွတ်သပ်လိုက်၏။
 
“ငါ ဒီမှာ ရှိနေသရွေ့, မင်းကို ဘယ်သူမှ မနာကျင်စေရဘူးလို့ ငါ ပြောခဲ့တယ်၊ မင်းကို ငါကိုယ်တိုင်တောင် ထိခိုက်နာကျင်အောင် လုပ်ခွင့် မပေးနိုင်ဘူး”
 
ဂျန်ဝုရှီကား ငုတ်တုပ်ကြီး ဖြစ်သွား၏။ ခဏအတွင်းမှာ ဂျန်ဝုယောင်း၏ ရည်ရွယ်ချက်ကို သူ နားလည်လိုက်သည်။
 
ဂျန်ဝုရှီက ဂျန်ဝုယောင်း၏ ဘေးကင်းရေးကို လျစ်လျူရှူ၍ ဖျက်ဆီးခြင်း နတ်ဘုရားကို အားကုန် တိုက်ခိုက်လျှင်ပင်, ဂျန်ဝုယောင်းက ထိုသို့ ဖြစ်ခွင့် ပေးမည် မဟုတ်။ သူ ဖျက်ဆီးခြင်း နတ်ဘုရားအား ထိုလို အခွင့်အရေးမျိုးကို မပေးလို။ သူ ကိုယ့်ကိုယ်ကို စွန့်လွှတ်ရလျှင်ပင် ဂျန်ဝုရှီကို အဆုံးအထိ သူ့လက်များဖြင့်သာ ကာကွယ်ပေးချင်သည်။
 
ဂျန်ဝုရှီက တခုခုကို ပြောချင်သည်။ သို့သော် ဂျန်ဝုယောင်းက ခေါင်းခါလိုက်၏။
 
“မင်း အခုထိ အများကြီး လျှောက်လှမ်းခဲ့ပြီးပြီပဲ၊ ဒါကို ငါကိုယ်တိုင် မြင်တွေ့ခဲ့ပြီးပြီ၊ ငါက မင်းရဲ့ ဝန်ထုပ်ဝန်ပိုး ဘယ်လိုလုပ် အဖြစ်ခံနိုင်မှာတဲ့လဲ”
 
နှစ်များစွာ ကြာခဲ့ပြီ, ဂျန်ဝုယောင်း ကိုယ့်ကိုယ်ကိုပင် မမှတ်မိတော့။ မျက်နှာသေနှင့် ကောင်မလေး တဖြည်းဖြည်း ကြီးပြင်းလာတာကို သူ ကြည့်ခဲ့သည်။ တိတ်တဆိတ်ဖြင့် သူ့ပခုံးပေါ်သို့ သုံးလောက၏ ကံကြမ္မာကို ထမ်းဆောင်လာရတာကို သူ ကြည့်ခဲ့သည်။ သည်လို ပိန်ပါး၍ အားနည်းသော ခန္ဓာကိုယ်မှာ ထိုအရာအားလုံးကို ထမ်းဆောင်ထားရ၏။
 
သူ မည်သို့ သည်းခံနိုင်မည်နည်း။ သူ့အင်အားကို မည်သို့ အဆုံးရှုံး ခံနိုင်မည်နည်း။
 
“ဖျက်ဆီးခြင်း နတ်ဘုရား, မင်းက ငါ့ရဲ့ အစစ်အမှန် ခန္ဓာကိုယ်နဲ့ ငါ့ကို ခြိမ်းခြောက်ချင်ခဲ့တယ်၊ ဒါဆို မင်း မှားသွားပြီ၊ မင်း ဒါကို မဖျက်ဆီးရင်တောင်, ငါကိုယ်တိုင် ဖျက်ဆီးပစ်မှာပဲ” ဂျန်ဝုယောင်းက ခေါင်းမော့ကြည့်၏။ သူ့မျက်လုံးများမှ အဆုံးသတ် နူးညံ့သိမ်မွေ့မှု ပျောက်ကွယ်သွားသည်။ ဖျက်ဆီးခြင်း နတ်ဘုရားအား သူ မည်သည့် အခွင့်အရေးမျှ မပေးနိုင်။
 
“မင်း ဒီလို လုပ်ရဲမယ်လို့ ယုံတောင် မယုံနိုင်ဘူး” ဖျက်ဆီးခြင်း နတ်ဘုရားက အံကြိတ်၍ ဂျန်ဝုယောင်းကို ကြည့်သည်။ ဤလောကမှာ ကိုယ့်ကိုယ်ကို စွန့်လွှတ်အနစ်နာခံသော အရူးများ ရှိအုံးမည်ဟူ၍ သူ မယုံကြည်နိုင် ဖြစ်ရသည်။ အထူးသဖြင့် ဂျန်ဝုယောင်းလို စွမ်းအားကြီးသူပင်။
 
ဂျန်ဝုယောင်းက နှာရှုံ့သည်။
 
ဂျန်ဝုရှီ၏ နှလုံးသားမှာ တခုခု မကောင်းတာ ဖြစ်တော့မည်ဟူ၍ ခံစားချက် ပေါ်လာသဖြင့် ရုတ်ချည်း လက်ဆန့်တန်းကာ ဂျန်ဝုယောင်းကို ကိုင်လိုက်၏။ သို့သော် သူ့လက်က ဗလာနေရာသို့သာ ကျရောက်သွားသည်။
 
မည်သူမျှ မတုံ့ပြန်နိုင်ခင်မှာပင်, ဂျန်ဝုယောင်းက ပုံရိပ်ယောင် ဖြစ်သွားကာ သူ၏ အစစ်အမှန် ခန္ဓာကိုယ်သို့ ပြေးဝင်သွားလေ၏။ ၎င်းက သူတည်ရှိရခြင်း၏ သရုပ်သကန် ဖြစ်သည်။
 
ဘန်းခနဲဟူ၍ ကျယ်လောင်စွာ မြည်ဟိန်းသွားသည်။ ခန်းမကြီးအတွင်း ပေါက်ကွဲသံက လူတိုင်း၏ နားစည်ထဲ ထိုးဖောက်ဝင်ရောက်သွား၏။ ထိုခဏမှာ တထပ်တည်းတူညီသော ပုံရိပ်နှစ်ခုက ထပ်သွားသည်။ ထိုအရေးကြီး အခြေအနေမှာ ပေါက်ကွဲသံ ထွက်ပေါ်လာခြင်းပင်။
❤6
၃၀၈၆။ ပြတ်သားခြင်း (၃)
 
နားကွဲလုလု အသံက နားစည်မှ တဆင့် နှလုံးသို့တိုင် ဖြတ်ကျော်ဝင်‌ရောက်သွားသည်။
 
ဂျန်ဝုရှီက မှင်တက်ငေးမောကာ သူ့ရှေ့ ခန်းမထဲ ပြန့်ကျဲသွားသော အလင်းပွင့်များကို ကြည့်သည်။ ထိုအလင်းပွင့်များက ကြမ်းပြင်ပေါ် ပြန့်ကျဲကာ ကျသွား၏။ ၎င်းက ကြမ်းပြင်ပေါ် ကျသွားချိန်မှာ ဘာမှ မရှိခြင်းသို့ ပြောင်းသွားသည်။ ထိုမြင်ကွင်းက ဂျန်ဝုရှီ၏ မျက်လုံးနှင့် နှလုံးသားမှာ နက်နက်ရှိုင်းရှိုင်း ရေးထွင်းသွား၏။
 
မမြင်ရသော, သန်မာ၍ ကြီးမားသော အင်အားတရပ်က ဂျန်ဝုရှီ၏ ဝိညာဉ်ထဲ တိတ်တဆိတ် ဝင်ရောက်သွားသည်။
 
ပေါက်ကွဲမှုကြောင့် ခန်းမတခုလုံး တုန်ခါသွားသည်။ မူလတုန်းက သွေးနီရောင် မြူခိုးများဖြင့် ပေါင်းစည်းနေသည့် ခန်းမကား တုန်လှုပ်ဖွယ် ထိုပေါက်ကွဲမှုကြောင့် တိတ်တဆိတ် ပျောက်ကွယ်သွား၏။
 
ဖျက်ဆီးခြင်း နတ်ဘုရားကား လက်မခံနိုင်စွာ မျက်လုံးပြူး၍ ဘာမှ မရှိတော့သော ဘီးတပ်ကုလားထိုင်ကို ငေးစိုက်ကြည့်သည်။ ခန်းမကြီးမှာ သူက မျက်လုံး ကျယ်ကျယ်ဖွင့်၍ တခုခုကို ပတ်ရှာသည်။ သို့သော် ရလဒ်အနေဖြင့် ပေါက်ကွဲသံသာ သူ့ဦးနှောက်ထဲ ပဲ့တင်ထပ်နေသည်။
 
သုံးလောက၏ သွေးစတေးမှုကို လုပ်ပြီး ဟင်းလင်းပြင်ကို ချိုးဖောက်ချင်လျှင်, တခုက တခြားကမ္ဘာမှ ဝိညာဉ်နှစ်ခု၏ စွမ်းအားကို မှီခိုဖို့ လိုအပ်သည်။ သို့သော်...
 
ကစားပွဲကို သူ နိုင်တော့မည့်အချိန်မှာမှ ဂျန်ဝုယောင်းက ပြတ်သားစွာ ကိုယ့်ကိုယ်ကို ဖောက်ခွဲဖျက်ဆီးပစ်မည်ဟူ၍ သူ လုံးဝ တွေးထင်မထားမိ။
 
၎င်းက ဝိညာဉ်နှင့် အစစ်အမှန် ခန္ဓာကိုယ် နှစ်ခုစလုံးကို ဖျက်ဆီးပစ်ခြင်း ဖြစ်သည်။
 
ရလဒ်အနေဖြင့်... ဖျက်ဆီးခြင်း နတ်ဘုရား၏ အစီအစဉ်က လုံးလုံး ကျရှုံးသွားခြင်းပင်။
 
တခြားကမ္ဘာမှ ဝိညာဉ် တည်ရှိမနေလျှင်, သူ၏ သွေးစတေးမှု အခင်းအကျင်းက မည်သို့ ဆက်လက် ဆောင်ရွက်နိုင်တော့မည်နည်း။
 
ပျက်စီးသွားပြီ, အရာရာတိုင်း ပျက်စီးသွားပြီ...
 
ဖျက်ဆီးခြင်း နတ်ဘုရားက ပလ္လင်ပေါ်မှ စိတ်ပျက်လက်ပျက် ထိုင်ချလိုက်သည်။ သူက အရာရာတိုင်းကို တွက်ချက်၍ လုပ်ဆောင်ခဲ့သည်။ သို့သော် ဂျန်ဝု‌ယောင်းက ဂျန်ဝုရှီအတွက် ကိုယ့်ကိုယ်ကို စွန့်လွှတ်ဖို့ ရွေးချယ်သွားမည်ဟူ၍ သူ မျှော်လင့်မထားမိခဲ့။
 
သူ နည်းနည်းလေးပင် မချန်ရစ်ခဲ့...
 
ဂျန်ဝုယောင်း၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ခြင်းက လူတိုင်းအား တုန်လှုပ်ချောက်ချားစေသည်။ ဟန်ကျီဖေးနှင့် ဂျန်ဂုက မျက်လုံးပြူးကာ ကြည့်ကြသည်။ သူတို့ မြင်ရတာကိုပင် သူတို့ မယုံကြည်နိုင်ကြ။
 
စွမ်းအားကောင်းသော ထိုလူက... သည်လိုမျိုး... ပျောက်ကွယ်သွားပြီလော...သည်လိုမျိုးလေ...
 
တချိန်တည်းမှာပင် ဟန်ကျီဖေးနှင့် ဂျန်ဂုက စိုးရိမ်ပူပန်စွာ ဂျန်ဝုရှီကို ချက်ချင်း လှည့်ကြည့်ကြသည်။ သူတို့နှလုံးသားမှာ တခါမှ မခံစားဖူးသော စိုးထိတ်ခြင်းကို သူတို့ ခံစားလိုက်ကြရသည်။
 
ဂျန်ဝုယောင်းက သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ဖျက်ဆီးခဲ့သည်။ သို့ဆိုပါက သူတို့ ရှီလေး...
 
ဂျန်ဝုရှီက ခန်းမထဲမှာ ငေးကြောင်၍ ငြိမ်သက်စွာ ရပ်နေ၏။ သူ့မျက်လုံးများမှာ ပြင်းထန်သော ခံစားချက်ကြောင့် ပြာဝေသွားသည်။ သူ့အင်္ကျီစများနှင့် ဆံနွယ်များက လေမတိုက်ဘဲနှင့် တလူလူ လွင့်နေ၏။
 
“ရှီ... ရှီလေး...” ဟန်ကျီဖေးက ခံစားချက်ကင်းမဲ့လျက် ရပ်နေသော ဂျန်ဝုရှီကို ကြည့်သည်။ သူ့နှလုံးသားက မတည်ငြိမ်နိုင်တော့။ သူ ပိုပိုပြီး စိတ်ပူပန်လာ၏။
 
သူ့သမီးအကြောင်း သူ ကောင်းကောင်း သိသည်။ သူ့သမီးက အပြင်ဘက်မှာ မည်သို့ပင် တည်ငြိမ်နေပါစေ, သူ့နှလုံးသားက အပြင်ဘက်နှင့် လုံးဝ ကွဲပြားခြားနား၏။ ဟန်ကျီဖေးက ဂျန်ဝုယောင်းထံမှ အရာရာတိုင်းကို သိခဲ့သည်။ သူတို့ တွေ့ဆုံကြပုံ, သူတို့၏ အမျိုးမျိုးသော အန္တရာယ်များ ရင်ဆိုင်ရပုံ, သူတို့ ချစ်ခင်မြတ်နိုးလာပုံများကို ဂျန်ဝုယောင်း ပြောပြသဖြင့် ဟန်ကျီဖေး သိထားသည်။
 
ဂျန်ဝုရှီက တခါမှ မပြောဖူးသော်လည်း, ဂျန်ဝုယောင်းက သူ့ဘေးနားမှာ ရှိနေသရွေ့ ဂျန်ဝုရှီက အရာရာတိုင်းကို ရင်ဆိုင်ဖို့ သတ္တိရှိတာကို အခု ဟန်ကျီဖေး နားလည်သွားသည်။
 
သို့သော် အခု ဂျန်ဝုရှီက ဂျန်ဝုယောင်း ကိုယ့်ကိုယ်ကို စွန့်လွှတ်ဖို့ ‌ရွေးချယ်သွားတာကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ သည်ကိစ္စက ဂျန်ဝုရှီအား မည်မျှအထိ အကျိုးသက်ရောက်မည်မှန်း ဟန်ကျီဖေး မစဉ်းစားနိုင်။
 
ခန်းမကြီးမှာ တည်ငြိမ်စွာ ကျန်နေသူဆိုလို့ ဂုယင်၏ ဝိညာဉ်တခုတည်းသာ။ သူက သူ၏ ဝိညာဉ်ပုံစံမှာ တည်ရှိသည်။ သူ ခံစားရတာက တခြားသူများထက် အင်မတန် နည်းပါး၏။ သူ့အမြင်အရ, ဂျန်ဝုယောင်း၏ ရွေးချယ်မှုက မှန်ကန်သည်။ သူက မျက်နှာ တွန့်လိမ်နေသည့် ဖျက်ဆီးခြင်း နတ်ဘုရားကို ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းများမှာ လှောင်ပြောင်ရိပ် ဖြစ်ပေါ်လာလေ၏။
 
ဖျက်ဆီးခြင်း နတ်ဘုရားက သူ၏ မောက်မာဝင့်ကြွားမှုကြောင့် တဖြည်းဖြည်း ပေးဆပ်ရတော့မည်။
 
ဂျန်ဝုယောင်း၏ ဝိညာဉ်ကို ဆုံးရှုံးရသဖြင့် ဟင်းလင်းပြင်ကို သူ မည်သို့ ချိုးဖျက်တော့မည်နည်း။ ထို့ပြင် တစုံတယောက် လက်စားချေတော့မည်ကို သူ မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း။
❤6
၃၀၈၇။ ဒါ လက်စားချေတာ (၁)
 
ဖျက်ဆီးခြင်း နတ်ဘုရားကား ဆောက်တည်ရာ မရ ဖြစ်သွားသည်။ သူ ဂရုတစိုက်ဖြင့် နှစ်ပေါင်းများစွာ အကွက်ချ ကြံစည်ခဲ့ရသည်။ သို့သော် အဆုံးသတ်မှာတော့ လက်မခံနိုင်သော ရလဒ်ဖြင့် အဆုံးသတ်သွားရသည်။
 
တခြားကမ္ဘာမှ ဝိညာဉ်ကို ဆုံးရှုံးသွားသည်။ သုံးလောက၏ သွေးစတေး အခင်းအကျင်းကို သူ အသက်မသွင်းနိုင်တော့။
 
“သောက်ကောင်, သောက်ကောင် ယဲ့ဂျိုး, မင်းကွာ သောက်ခွေးကောင်” ဖျက်ဆီးခြင်း နတ်ဘုရားက ရူးသွပ်စွာ အော်ဟစ်၍ ပလ္လင်မှ ဆင်းလာသည်။ သူ၏ ရွှေရောင်မျက်လုံးများကား သွေးနီရောင် လွှမ်းနေလေပြီ။ သူ ဂျန်ဝုယောင်း၏ ဝိညာဉ်ကို ပြန်ရှာ၍ သူ့ကို အမှုန့်ချေပစ်ချင်မိသည်။ သို့မဟုတ် သူ အသက်ရှင်သရွေ့ နှစ်ပေါင်း သိန်းသောင်းချီ၍ အကျဉ်းချပစ်ချင်သည်။
 
သို့သော်ငြား သူ၏ အမျက်ဒေါသနှင့် မုန်းတီးခြင်း အားလုံးကား ပျောက်ကွယ်သွားလေ၏။
 
ဂျန်ဝုယောင်းက သူ့အသက်ကို အဆုံးသတ်ဖို့ ပြတ်ပြတ်သားသား ရွေးချယ်သွားခဲ့သည်။
 
၎င်းက အစစ်အမှန် ခန္ဓာကိုယ် ဖြစ်စေ, ဝိညာဉ် ဖြစ်စေ, ဤကမ္ဘာမှ တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မည်။
 
၎င်းက ဖျက်ဆီးခြင်း နတ်ဘုရားအား လုံးလုံး တန်ပြန်တိုက်ခိုက်ခြင်းပင်။ ဖျက်ဆီးခြင်း နတ်ဘုရား မပြောင်းလဲနိုင်တော့သော အစွမ်းအထက်ဆုံး ပြောင်းလဲခြင်းပင်။
 
ဖျက်ဆီးခြင်း နတ်ဘုရား၏ ပါးစပ်မှ ကျယ်လောင် စူးရှသော အော်ဟစ်သံ ပေါက်ကွဲထွက်လာသည်။ သူ အလွန် ကြာမြင့်စွာ ဖော်ဆောင်လာခဲ့သော အကြံအစည်ကို ဂျန်ဝုယောင်း ဖျက်ဆီးသွားတာကို သူ သည်းမခံနိုင်။ သူက သွေးနီရောင် ပေါက်နေသည့် မျက်လုံးများဖြင့် ငြိမ်သက်နေသည့် ဂျန်ဝုရှီကို ကြည့်လာ၏။
 
အရာရာတိုင်း သွားပြီ, သူ ဟင်းလင်းပြင်ကို မချိုးဖောက်နိုင်တော့, သူ သည်တဘဝလုံး ရှာဖွေခဲ့သော ဘုံသို့ သူ ခြေမချနိုင်တော့။
 
“ယဲ့ဂျိုး, မင်း သေသွားတာနဲ့ အရာရာ ပြီးဆုံးသွားပြီလို့ မင်း ထင်တာလား၊ ငါ ဖျက်ဆီးပစ်မယ်... မင်း ကာကွယ်ချင်တဲ့ အရာရာတိုင်းကို ဖျက်ဆီးပစ်မယ်” ဖျက်ဆီးခြင်း နတ်ဘုရားက ကြမ်းကြုတ်ရက်စက်သော အပြုံးဖြင့် ဂျန်ဝုရှီသို့ တလှမ်းချင်း ကပ်လာသည်။ သူ့မျက်လုံးများမှာ အန္တရာယ်အလင်းဖြင့် တလက်လက် ဖြစ်နေသည်။
 
“ယဲ့ဂျိုးက ဒါကို မင်းအတွက် လုပ်ခဲ့တာလား၊ သူက မင်းအတွက် ကိုယ့်ကိုယ်ကို စွန့်လွှတ်ဖို့ ရွေးချယ်ခဲ့တယ်၊ ဟားဟားဟား.... ဒါ တကယ့်ကို ခံစားရစေတယ်... ဂျန်ဝုရှီ, ဒါ အရမ်း ခံစားရတယ် မဟုတ်ဘူးလား၊ ဟမ်.... မင်းကို ချစ်ခဲ့တဲ့ လူ, မင်းကို အမြဲတမ်း ကာကွယ်ပေးချင်တဲ့ လူ, သူက ပြတ်ပြတ်သားသားနဲ့ သူ့အသက်ကို စွန့်လွှတ်သွားပြီ, အဆုံးသတ်ကို သွားတွေ့ပြီ... ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်သလဲ... ဒါတွေ အကုန်လုံး မင်းကြောင့်ပဲ,, သူ သေဖို့ ရွေးချယ်သွားတာ မင်းကြောင့်ပဲ...”
 
ဖျက်ဆီးခြင်း နတ်ဘုရား၏ စကားလုံးများက စိတ်ညှို့မန္တာန်အလား ဂျန်ဝုယောင်း၏ သေဆုံးခြင်းကို ဂျန်ဝုရှီအပေါ်သို့ တွန်းပို့သည်။ သူက သွေးနီရောင် မျက်လုံးများဖြင့် ဂျန်ဝုရှီကို အာဃာတအဆိပ်ပြင်းပြင်းဖြင့် ကြည့်သည်။ မြွေဟောက်တကောင်လိုပင်။
 
“အဓိပ္ပါယ်မရှိလိုက်တာ, ဝုယောင်း...” ဟန်ကျီဖေးက ဖျက်ဆီးခြင်း နတ်ဘုရား၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားသည်။ သူက ဂျန်ဝုရှီ၏ နှလုံးသားထဲ အပြစ်ကြီးကြီး ခံစားစေချင်တာ ရှင်းသည်။ သို့မှသာ ဂျန်ဝုရှီ၏ အသိစိတ်ကို ဖျက်ဆီးပစ်နိုင်မည် ဖြစ်သည်။
 
သို့သော် ဟန်ကျီဖေးက စကားပြောရုံသာ ရှိသေးသည်, ဖျက်ဆီးခြင်း နတ်ဘုရားက အေးစက်စက် မျက်လုံးများဖြင့် သိမ်းကြုံးကြည့်လာ၏။ ဟန်ကျီဖေးကို စောင့်ကြပ်နေကြသည့် အစောင့်များက ဟန်ကျီဖေးနှင့် ဂျန်ဂု၏ ပါးစပ်ကို ပိတ်ဆို့လိုက်ကြ၏။ သူတို့အား နောက်ထပ် စကားပြောခွင့် မပေးကြတော့။
 
တိတ်ဆိတ်ငြိမ်သက်သွားသော ခန်းမကြီးမှာ လူတိုင်း၏ နှလုံးသားသို့ သေမင်းအသက်ရှူသံ လွှမ်းခြုံလာသည်။ ဖျက်ဆီးခြင်း နတ်ဘုရားက ခန်းမထဲ လျှောက်လှမ်းလာသည်။ သူ့ခြေလှမ်းတိုင်း မကောင်းဆိုးဝါးအော်ရာဖြင့်သာ ပေါင်းစည်းလိုက်လာ၏။
 
“မင်း သူ့ကို အရမ်း ချစ်တာလား၊ မင်းကို သူ ချစ်သလောက် မင်း ချစ်သလား၊ သူက မင်းအတွက် အသက်ကိုတောင် စွန့်လွှတ်ဖို့ ဝန်မလေးခဲ့ဘူး၊ မင်းကျတော့ရော၊ သူ စွန့်လွှတ်အနစ်နာခံတာနဲ့ မင်းက ဆက်ပြီး အသက်ရှင်ချင်နေတာလား၊ သူ့ရဲ့ ဝိညာဉ်အပိုင်းအစလေးနဲ့ ဒီနေရာကနေ လွတ်မြောက်သွားချင်တာလား” ဖျက်ဆီးခြင်း နတ်ဘုရားက ဂျန်ဝုရှီသို့ တလှမ်းချင်း ချည်းကပ်လာသည်။ လှုပ်ရှားခြင်း ကင်းမဲ့လျက် ရပ်နေသည့် ဂျန်ဝုရှီကို ကြည့်ရင်း သူ့မျက်လုံးများမှာ ရက်စက်ယုတ်မာသော အလင်းများ တဖျတ်ဖျတ် လင်းလက်လာသည်။
 
သူ၏ တသက်တာ မက်ခဲ့သော အိပ်မက်ကို ဂျန်ဝုယောင်းက ဖျက်ဆီးသွားခဲ့သည်။ သူ သေသွားသည့်တိုင်, သူ့နှလုံးသားမှ မုန်းတီးမှုကို သူ မဖယ်ရှားနိုင်။
 
သူက ဂျန်ဝုယောင်း၏ အချစ်ကလေးကို ဖျက်ဆီးပစ်ချင်သည်။ သူ့အသက်ကိုပင် စွန့်လွှတ်၍ ချစ်ခဲ့ရသူကို သူ ဖျက်ဆီးပစ်ချင်သည်။ သူက အရက်စက်ဆုံးသော ဝင်္ကပါကို အသုံးပြု၍ ဂျန်ဝုရှီကို ဘယ်တော့မှ အနားမရသော နှိပ်စက်ခြင်းမျိုးဖြင့် ထာဝရ နှိပ်စက်ချင်သည်။
 
ထိုသို့ လုပ်တာက ဂျန်ဝုယောင်းအား သူ လက်စားချေခြင်း ဖြစ်လိမ့်မည်။ ဂျန်ဝုယောင်း၏ ဝိညာဉ် ပျောက်ကွယ်သွားပင် ဖြစ်သော်ငြား သူ ထိုသို့ လက်စားချေချင်မိသည်။
❤6
၃၀၈၈။ ဒါ လက်စားချေတာ (၂ )
 
ဟန်ကျီဖေးနှင့် ဂျန်ဂုကား သူတို့ နှလုံးသားများ လည်ချောင်းသို့ပင် တက်ဆို့လာကြသည်။ ဖျက်ဆီးခြင်း နတ်ဘုရား၏ အကြံအစည်ကို ရပ်တန့်ဖို့ သူတို့ ဂျန်ဝုရှီထံ ချက်ချင်း ပြေးသွားချင်ကြသည်။
 
ဖျက်ဆီးခြင်း နတ်ဘုရား၏ အန္တရာယ်ပေးလိုသော သဘောက အရမ်း ထင်ရှား၏။ သူ၏ ရှုံ့မဲ့နေသော အမူအရာကို မြင်ရသဖြင့် သူတို့ အင်မတန် စိုးရိမ်ပူပန်ကြရသည်။
 
တဖက်မှာ ရပ်နေသည့် ဂုယင်ကား ဂျန်ဝုရှီထံ ခြေတလှမ်းချင်း နီးကပ်သွားသော ဖျက်ဆီးခြင်း နတ်ဘုရားကို ကြည့်ရင်း မျက်မှောင်ကြုတ်သွား၏။ သို့သော်ငြား ဂျန်ဝုရှီက မတုံ့ပြန်။ ထိုအခြေအနေက အတော်လေး ထူးဆန်းသလို ဂုယင်အား ခံစားချက်ဝင်စေသည်။
 
ဘာလို့ ဒီလိုမျိုး ဖြစ်နေရတာလဲ။
 
ဂျန်ဝုယောင်း၏ သေဆုံးခြင်းကြောင်း ဂျန်ဝုရှီက တကယ်ပင် ခံစားချက် အတက်အကျ ဖြစ်သွားတာ အမှန်ပင်လော။
 
အန္တရာယ်က နီးကပ်လာသည်။ သူက တကယ်ပင် ခုခံကာကွယ်မနေတော့ဘဲ အရှုံးပေးတော့မှာလော။
 
ဂုယင်၏ စိတ်ထဲ သံသယများစွာ ဆက်တိုက် ဝင်ရောက်လာသည်။ သို့သော် အဆုံးမှာတော့ သူ့သံသယများကို အလိုလိုပင် သူ ငြင်းဆိုမိသည်။
 
မဟုတ်, ဂျန်ဝုရှီက သည်လို လွယ်လွယ်ဖြင့် အရှုံးပေးတတ်သူ မဟုတ်။
 
ဂျန်ဝုရှီနှင့် အကြိမ်ပေါင်းများစွာ ကစားခဲ့ပြီးနောက်, ခန္ဓာကိုယ် သေးသွယ်သော ထိုအမျိုးသမီးက မည်မျှလောက် စွမ်းအားပြင်းသလဲဆိုတာ ဂုယင် ကောင်းကောင်း သိခဲ့သည်။
 
သို့ဆိုပါက, သူ ဘာကို စောင့်နေတာနည်း။
 
ဂုယင်က စဉ်းစားနှိုင်းချိန်နေစဉ်မှာပင်, ဖျက်ဆီးခြင်း နတ်ဘုရားက ဂျန်ဝုရှီအနားသို့ ရောက်လာသည်။ သူက ဂျန်ဝုရှီနှင့် ခြေသုံးလှမ်းသာ ကွာတော့သည်။
 
ဖျက်ဆီးခြင်း နတ်ဘုရား၏ မျက်လုံးများမှ ကောက်ကျစ်အေးစက်သော အလင်း ထွက်လာသည်။ သူက ဖြည်းဖြည်းချင်း သူ့လက်ကို မြှောက်၍ ဂျန်ဝုရှီ၏ လည်ပင်းသို့ ဆန့်ထုတ်သည်။
 
ထိုခဏမှာပင် ခန်းမကြီး၏ ဝင်ပေါက်မှ အလင်းတချို့ ရုတ်တရက် ပြေးဝင်လာ၏။ မျက်စိတမှိတ်အတွင်းမှာပင် ထိုအလင်းများက ဖျက်ဆီးခြင်း နတ်ဘုရားသို့ ပြေးဝင်သွားကြသည်။
 
ဖျက်ဆီးခြင်း နတ်ဘုရားက တချိန်တည်းမှာပင် နောက်သို့ ခြေလှမ်းတချို့ ဆုတ်လိုက်သည်။ ထိုအလင်းများ ထိမှန်လာမှာကို သူ ရှောင်ရှား၏။
 
ထိုအလင်းတန်းများက ဂျန်ဝုရှီ ရှေ့မှာ ပေါ်လာကြသည်။ အလင်းများ ပျောက်ကွယ်သွားသည်နှင့် အရပ်မြင့်မြင့် လူလေးယောက်က ဂျန်ဝုရှီရှေ့မှာ ကာကွယ်သည့် အနေဖြင့် ရုတ်တရက် ရပ်လိုက်ကြသည်။
 
“ရှီလေးကို ထိချင်လား, ငါတို့ကို အရင်ဆုံး နှိမ်နင်းအုံး” ချောင်းချူက ဂျန်ဝုရှီရှေ့မှာ ဒေါသတကြီး ရပ်သည်။ သူ့ပတ်လည်မှာ လှုံ့ဆော်ထားသော အနီရောင် အော်ရာက တရှိန်ရှိန်လောင်ကျွမ်းနေသည့် မီးလျှံနှင့် တူသည်။ သူ့ဘယ်ဘက်လက်မှာ တလက်လက် ဖြစ်နေသည့်အလင်းတခုက ဝိညာဉ်ကွင်းအနေဖြင့် တောက်ပစွာ ပေါ်လာသည်။ ဖေးယန်, ဟွာယောင်းနှင့် ဖန်ဇိုက ချောင်းချူနှင့် တတန်းတည်း ရပ်လိုက်ကြသည်။ ထိုလေးယောက်ကား ကျော်ဖြတ်မရသော တံတိုင်းမြင့်ကြီးနှယ် ဂျန်ဝုရှီရှေ့မှာ ရပ်တည်ကြသည်။  ဖျက်ဆီးခြင်း နတ်ဘုရား တိုက်ခိုက်မလာရန် သူတို့ ပိတ်ဆို့ထားကြ၏။
 
ချောင်းချူတို့သည် မူလတုန်းက နန်ဂုန်းလေ့ စီမံပေးထားသော အိမ်မှာ ဂျန်ဝုရှီ တောင်းဆိုထားသည့် အတိုင်း ပြန်လည် ကုစားနေခဲ့ကြသည်။ သို့သော် သိပ်မကြာခင်တုန်းက နန်ဂုန်းလေ့ သတင်းစကား ပို့လာသည်, ဂျန်ဝုရှီနှင့် ဂျန်ဝုယောင်း နှစ်ဦးစလုံး ထွတ်မြတ်ခန်းမသို့ ချိုးဖောက် ဝင်ရောက်သွားကြသည်ဟူ၍။ ထိုသို့ ကြားပြီးနောက် သူတို့ ငါးယောက်က ငြိမ်မနေနိုင်ကြတော့။ သူတို့ အချိန်ဆွဲ မနေရဲကြတော့။ သူတို့ ရုပ်သေး ရောင်းရူကို ပိုင်မိုလက်ထဲ အပ်ထားခဲ့၍ ထွတ်မြတ်ခန်းမသို့ အတူတူ အပြေးလာခဲ့ကြသည်။
 
ဘုရားကျောင်းထဲ သူတို့ ဝင်လာချိန်မှာ, သွေးလမ်းက သူတို့ကို စောင့်ကြိုနေသည်။ ပျက်စီးသွားသော အလောင်းများကား တောင်လို ပုံနေကြသည်။ စူးရှပြင်းထန်သော သွေးနံ့က သူတို့ နှာခေါင်းထဲ တန်းဝင်လာသဖြင့် သူတို့ အာရုံကြောများ မတည်ငြိမ်ကြတော့။ သူတို့နှလုံးသားများ အကြောက်ဖြင့် ပြည့်နှက်သွားကြ၏။ သူတို့ အမြန်ဆုံး ပြေးလာကြသည်။ ဂျန်ဝုရှီနှင့် ဂျန်ဝုယောင်း တခုခု ဖြစ်သွားမှာကို သူတို့ စိုးရိမ်ပူပန်ကြသည်။ ခန်းမထဲ သူတို့ ဝင်လာသည်နှင့် ဖျက်ဆီးခြင်း နတ်ဘုရားက ဂျန်ဝုရှီထံ တလှမ်းချင်း လှမ်းလင့်တာကို မြင်လိုက်ကြရသည်။ သူတို့ ခေါင်းများ ပေါက်ကွဲတော့မတတ် ခံစားသွားရပြီး သူတို့အသက်ကိုပင် ဂရုမစိုက်ဘဲ အပြေးဝင်လာကြလေ၏။
 
သူတို့အား ပိုပြီး တုန်လှုပ်စေတာက, ဂျန်ဝုရှီနှင့် ဖျက်ဆီးခြင်း နတ်ဘုရားအပြင်, ဟန်ကျီဖေးနှင့် ဂျန်ဂုလည်း ရှိနေခြင်းပင်။ သူတို့အပြင် တခြား ရင်းနှီးသော လူလည်း ရှိနေ၏။
 
သူတို့အားလုံး ဝိညာဉ်ကမ္ဘာသို့ ရောက်ဖူးကြသည်။ ဝိညာဉ်ခန္ဓာကိုယ်၏ အနေအထားကို သူတို့ သိကြသည်။ တဖက်မှာ ရပ်နေသည့် ဂုယင်က, သူ့ခန္ဓာကိုယ်က အလင်းဖောက်နေသဖြင့်, ဝိညာဉ်ခန္ဓာကိုယ်သာ ရှိတော့ကြောင်း ရှင်းလင်းသိသာ၏။
 
သူတို့ရှေ့မှ အခြေအနေက အင်မတန် ရှုပ်ထွေးသည်။ သူတို့အား အချိန်မီပင် မတုံ့ပြန်စေနိုင်ခဲ့။
❤6
၃၀၈၉။ ဒါ လက်စားချေတာ (၃)
 
“ဟား ဟား ဟား, အိုး, ဒါ တကယ့်ကို စိတ်ထဲ ထိစေတယ်...” ဖျက်ဆီးခြင်း နတ်ဘုရားက သူ့ရှေ့မှာ ရပ်နေကြသော ချောင်းချူတို့ လေးယောက်ကို ကြည့်၍ သွေးနီရောင် မျက်လုံးများနှင့် အတူ ပြုံးလိုက်သည်။ သူက သူတို့ကို ဖြတ်ကျော်၍ သူတို့နောက်မှာ ငြိမ်သက်စွာ ရပ်နေသည့် ဂျန်ဝုရှီကို ရက်စက်လိုဟန်ကို မပိတ်ဖုံးဘဲ ကြည့်သည်။
 
“ဂျန်ဝုရှီ, မင်း အရမ်း စိတ်ထဲ ခံစားသွားရမှာပဲလား၊ ဒီလောက် လူအများကြီးက မင်းအတွက် သေပေးချင်ကြတယ်...” ဖျက်ဆီးခြင်း နတ်ဘုရားက နှုတ်ခမ်းများကို မဲ့ရွဲ့လိုက်သည်။ သူ့နှလုံးသားမှ လက်စားချေလိုသော ရင်ဖိုစိတ်လှုပ်ရှားခြင်းက သန်မာသထက် သန်မာလာသည်။ သူက လက်ကို ဆန့်တန်း၍ ချောင်းချူတို့ကို ညွှန်ပြကာ ပြောသည်...
 
“ချောင်းချူ, ဟွာ‌ယောင်း, ဖန်ဇို... အာ, ဒီရုပ်ဆိုးတဲ့ မွန်းစတားက, ဖေးယန် ဖြစ်ရမယ်, ဟုတ်လား”
 
ဖျက်ဆီးခြင်း နတ်ဘုရား၏ လက်ညှိုးက မျက်နှာကို ပတ်တီးများဖြင့် ပတ်ထားသော ဖေးယန်သို့ ရောက်လျှင် ရုတ်တရက် ရပ်တန့်သွားလေ၏။
 
ဖေးယန်က ဖျက်ဆီးခြင်း နတ်ဘုရားကို စူးရဲစွာ ကြည့်သည်။ သို့သော် ဖျက်ဆီးခြင်း နတ်ဘုရားက ရယ်လိုက်၏။
 
“လူသားပုံစံ မပေါက်တော့ဘဲ သရဲလိုလို ပုံစံမျိုး ဖြစ်သွားတာ တကယ် သနားစရာပဲ၊ ဒါတောင် မင်းက ဂျန်ဝုရှီကို ကယ်တင်ချင်သေးတယ်၊ မင်းမှာ တကယ့်ကို တွဲဖက်တွေ အများသား၊ သူတို့အားလုံး မင်းအတွက် လိုလိုလားလား သေပေးချင်ကြသတဲ့၊ အာ, ယဲ့ဂျိုးလိုပေါ့” ဖျက်ဆီးခြင်း နတ်ဘုရားက အပြုံးမျက်လုံးများဖြင့် ဆိုသည်။
 
သူ့စကားလုံးများက အဏုမြူဗုံး ကျဲချလိုက်သလို ချောင်းချူ၏ နှလုံးသားကို ပေါက်ကွဲသွားစေသည်။
 
ယဲ့ဂျိုးလား။
 
ဒါက အကိုကြီး ဝုယောင်းရဲ့ နာမည် မဟုတ်ဘူးလား။
 
ဒီကောင် ဘယ်လိုလုပ် ဒီစကားမျိုး ပြောနိုင်ရတာလဲ...
 
“ခင်ဗျား ဘယ်လို သောက်ရေးမပါတဲ့ စကားမျိုး ပြောတာလဲ၊ ခင်ဗျားသာ သေမှာ, အကိုကြီး ဝုယောင်း သေမှာ မဟုတ်ဘူး၊ ကျုပ်တို့ကို ဒီမှာ အဆက်ဖြတ်တဲ့ စကားမျိုးနဲ့ ဆွပေးမနေနဲ့” ချောင်းချူက အော်ဟစ်လိုက်သည်။ သူ့နှလုံးသားက မသက်မသာ ဖြစ်လာသည်။ အခု သူ ထိုအကြောင်းကို သတိပြုမိသွားသည်။ ထွတ်မြတ်ခန်းမမှာ ဂျန်ဝုယောင်းကို မတွေ့။ သို့သော် နန်ဂုန်းလေ့၏ သတင်းစကားအရ, ဂျန်ဝုယောင်းက ဂျန်ဝုရှီနှင့် အတူတူ ဘုရားကျောင်းထဲ ဝင်လာသင့်သည်။
 
သို့သော် သူ ဘယ်မှာလဲ။
 
“ဆွပေးတာလား၊ ဟားဟား...” ဖျက်ဆီးခြင်း နတ်ဘုရားက ထေ့ငေါ့၍ လက်မြှောက်လိုက်သည် “သနားစရာပဲ,, ငါ ပြောတယ်ဆိုရင် အဲဒါ အမှန်ပဲ, ဒီတော့...” ဖျက်ဆီးခြင်း နတ်ဘုရားက ချောင်းချူနောက်မှ ဂျန်ဝုရှီကို  ကြည့်လိုက်သည်။
 
“ဂျန်ဝုရှီ, သူက ဘယ်လိုလုပ် ဒီလိုမျိုး စိတ်ဓာတ်ကျသွားတာလဲ”
 
ဖျက်ဆီးခြင်း နတ်ဘုရား၏ အသံက ချောင်းချူတို့အား ကျောထဲ စိမ့်အေးသွားစေသည်။ သူတို့ ပိုလန့်သွားတာက ဖျက်ဆီးခြင်း နတ်ဘုရားမှ ထွက်လာသည့် စကားများသာ။
 
ဂျန်ဝုရှီ၏ အနေအထားက တကယ်ဆို မူမမှန်။ သူတို့ ရောက်ရှိလာချိန်မှ စ၍ ဂျန်ဝုရှီက စကားတခွန်းပင် မဟ။ လက်ကိုပင် မမြှောက်။ ထိုတိတ်ဆိတ်သော တုံ့ပြန်ပုံက ချောင်းချူအား စိုးရိမ်ထိတ်လန့်စေသည်။
 
“ရှီလေး, အကိုကြီး ဝုယောင်း...” ဖန်ဇိုက အတန်ငယ် ခေါင်းလှည့်ကြည့်၍ ဂျန်ဝုရှီကို မေးသည်။
 
သို့သော် ဂျန်ဝုရှီက အသံလည်း မထွက် လှုပ်ရှားခြင်းလည်း မရှိဘဲ ခေါင်းငုံ့လျက်သာ ရပ်နေသည်။ သူ့အသက်ရှူသံက အင်မတန် အားနည်းသည်။ မသိနိုင်လုနီးနီးပင်။
 
မငို, စိတ်မဆိုး, တအီအီလည်း မလုပ်...
 
ဖျော့တော့သော ထိုအသက်ရှူသံသည်သာ ဖိအားများသော ခန်းမမှာ ထွက်ပေါ်လျက် ရှိသည်။ သူ အချိန်မရွေး ပျောက်ကွယ်သွားတော့မလားပင် မှတ်ရသည်။
 
ဂျန်ဝုရှီ၏ တုံ့ပြန်ပုံက ဖျက်ဆီးခြင်း နတ်ဘုရား ပြောသည်နှင့် ထပ်တူညီမျှနီးပါးပင်။ ချောင်းချူ၏ နှလုံးသားက ချက်ချင်းပင် တောင်အောက်ခြေ အနက်ထဲ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။
 
“ခင်ဗျား ဘာပဲ ပြောပြော, ကျုပ်တို့ ဒီမှာ ရှိနေသရွေ့, ရှီလေးကို ခင်ဗျား ထိလို့ မရစေရဘူး” ဟွာယောင်းက သက်ပြင်းနက်နက် ရှိုက်၍ သူ့စိတ်တွင်းမှ ဝမ်းနည်းပူဆွေးမှုကို အားတင်း၍ ဖိနှိပ်သည်။ သူတို့ အခု ရန်သူနှင့် ရင်ဆိုင်နေရသဖြင့် ဝမ်းနည်းနေဖို့ အချိန် မရှိ။ ဂျန်ဝုရှီက ထူးဆန်းသော အနေအထားမှာ ရှိနေသည်။ သူတို့ နာကျင်ခံစားရလျှင်ပင်, ရှီလေးကို ကာကွယ်ဖို့ ဂျန်ဝုယောင်းကို မည်သူက အစားထိုးနိုင်မည်တဲ့နည်း။
 
“အိုး, မင်းတို့က မင်းတို့ရဲ့ ခံစားချက်ကို တကယ်ပဲ ထိန်းသိမ်းထားနိုင်တာပဲ” ဖျက်ဆီးခြင်း နတ်ဘုရားက ခပ်သဲ့သဲ့ ရယ်သည်။ သူ့မျက်လုံးများကား သတ်ဖြတ်လိုစိတ်ဖြင့် ထက်မြိလာသည်။
❤6