Htet Official
345 subscribers
524 photos
52 videos
44 files
316 links
🌈🏳️‍🌈
Download Telegram
ကျွန်မတို့ လူ့အဖွဲ့အစည်းအတွင်း မျှတမှုရှိရန် Balance လုပ်ရန် လိုအပ်ပါသည်။ မှန်ပါသည်။ တရားမျှတမှု အလွန်လိုအပ်ပါသည်။ တာဝန်ယူမှု အလွန်လိုအပ်ပါသည်။ ပြစ်မှုကျူးလွန်ခဲ့သူများကို ဥပဒေနှင့်အညီ အပြစ်ပေးရမည်သာ ဖြစ်သည်။ သို့သော် ထိုတရားမျှတမှုကို ရှာဖွေခြင်းသည် ဥပဒေ၏ စိုးမိုးမှုအောက်တွင်သာ ရှိရမည်ဖြစ်ပြီး ရမ်းကားသော လက်စားချေမှု မဖြစ်သင့်ပါ။ ကျွန်မတို့ မုန်းတီးရမည်မှာ မတရားသော စနစ်ကိုသာဖြစ်ပြီး လူသားအချင်းချင်းကို အမုန်းပွားရန် မဟုတ်ပါ။ လက်စားချေခြင်းဖြင့် ရရှိလာသော အောင်ပွဲသည် မကြာမီတွင် အခြားသူတစ်ဦး၏ လက်စားချေမှုကို ပြန်လည်ဖိတ်ခေါ်နေမည်သာ ဖြစ်သည်။ တရားမျှတမှုကို ရှာဖွေရင်းနှင့် မိမိကိုယ်တိုင်က မိမိရွံရှာသော ဖိနှိပ်သူများ၊ ရက်စက်သူများအဖြစ်သို့ မပြောင်းလဲသွားစေရန် အထူးသတိပြုရပါမည်။


- ထက်

#Quote
❤4
အလုပ်လွန်ပြီး ဇနီးမယားတွေဖြစ်သွား
🤣5
I'm going to watch this serie.
အာရှနှင့် မြန်မာ့မိသားစု ဓလေ့တွင် မိဘအုပ်ထိန်းမှုကို "Instrumental Parenting" (တာဝန်ကျေပွန်မှုကို အခြေခံသော ထောက်ပံ့မှု) အဖြစ်သာ အဓိက အလေးထားလေ့ရှိပြီး "Expressive Parenting" (ခံစားချက်နှင့် စိတ်ပိုင်းဆိုင်ရာ ဖွင့်ဟမှုကို အခြေခံသော မိဘအုပ်ထိန်းမှု) မှာ အားနည်းလေ့ရှိသည်။ မိဘများသည် စီးပွားရေးအရ အပြည့်အဝ ထောက်ပံ့လိုက်ခြင်းဖြင့် သူတို့၏ သားသမီးအပေါ် တာဝန်ကျေပွန်ပြီဟု ခံယူလိုက်ကြသည်။

သို့ရာတွင် Axel Honneth ထောက်ပြခဲ့သလိုပင် လူသားတစ်ယောက်သည် အခြားသူများ၏ ချစ်ခင်အသိအမှတ်ပြုမှု Emotional Recognition ကို မရရှိပါက ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ရင်ဆိုင်ရသည်။ ငွေကြေးနှင့် ရုပ်ဝတ္ထုများသည် အခြားသော စီးပွားရေးလောကတွင် လဲလှယ်နိုင်သော အရာများ ဖြစ်သော်လည်း လူသားတစ်ယောက်၏ အမှတ်သညာကို ဝယ်ယူနိုင်စွမ်း သို့မဟုတ် အသိအမှတ်ပြုပေးနိုင်စွမ်း မရှိကြပေ။ ထို့ကြောင့် "Material Provision is NOT Emotional Recognition" (ရုပ်ဝတ္ထု ထောက်ပံ့မှုသည် အသိအမှတ်ပြုမှု မည်သည့်အခါမျှ မဖြစ်နိုင်ပေ။)

#Emotion #Parenting #Htet
"ထက်" ကို ဂျေကေရိုးလင်း (J. K. Rowling) ကို ကြိုက်လားမေးလာရင် ထူးဆန်းတဲ့အဖြေ ရှိတယ်။ ဘာလဲဆိုရင်... "ထက်" သူရေးသားထားတဲ့ ဟယ်ရီပေါ်တာ (Harry Potter) စာအုပ်တွေကို ကြိုက်ပါတယ်၊ သူလှုပ်ရှားတဲ့၊ သူလှူဒါန်းနဲ့ အမျိုးသမီးအရေးလှုပ်ရှားမှုတွေကို ကြိုက်ပါတယ်။ တစ်ခုကိုတော့ မကြိုက်တာလေးရှိတယ်။ သူ့ရဲ့ 'Transgender Woman' တွေအပေါ် အမြင်ကို "ထက်" မကြိုက်ဘူး။ သူက ဒါကလည်း ထက်ဟာ 'Transgender Woman' တစ်ယောက်ဖြစ်လို့ ဖြစ်ပါတယ်။ အခြားဟာတွေကတော့ ဝတ္ထုလား? လှူဒါန်းမှုတွေလား ကြိုက်ပါတယ်။ ထက်တို့အပေါ်အမြင်ကိုတော့ မကြိုက်ဘူးပေါ့နော်။ ဒါပေမယ့် သူက လုံးဝကြီးတော့ မကောင်းတာမဟုတ်ပါဘူး။ အမြင်မတူကြရုံပါဘဲ။

သူနဲ့ ထက်တို့ 'Transgender' တွေ ကြားမှာ အငြင်းပွားမှုဖြစ်ရတဲ့အဓိကအချက်က â€œá€Ąá€™á€ťá€­á€Żá€¸á€žá€™á€Žá€¸á€†á€­á€Żá€á€Źá€€á€­á€Ż ဘယ်လိုသတ်မှတ်မလဲ”၊ biological sex နဲ့ gender identity ထဲက ဘယ်ဟာကို ဥပဒေနဲ့ လူမှုရေးအခြေအနေတချို့မှာ အခြေခံမလဲ á€†á€­á€Żá€á€Źá€•ဍ။

J.K. Rowling ရဲ့ အဓိကရပ်တည်ချက်ကတော့ biological sex က အမှန်တကယ်ရှိပြီး အမျိုးသမီးတွေရဲ့ အခွင့်အရေးနဲ့ ကာကွယ်ရေးတွေမှာ အဲဒီ biological sex ကို ထည့်စဉ်းစားရမယ် á€†á€­á€Żá€á€Źá€•ဍ။ သူက လူတစ်ယောက်က ကိုယ့်ကိုယ်ကို မိန်းမလို့ သတ်မှတ်လိုက်တာတစ်ခုတည်းနဲ့ ဥပဒေအရ 'woman' အဖြစ် အခြေအနေတိုင်းမှာ သတ်မှတ်သင့်တယ်ဆိုတဲ့ gender self-identification အယူအဆကို ဆန့်ကျင်ပါတယ်။ သူက အထူးသဖြင့် á€Ąá€™á€ťá€­á€Żá€¸á€žá€™á€Žá€¸á€Ąá€€á€ťá€‰á€şá€¸á€‘္ဏင်၊ changing room၊ shelter၊ toilet၊ အားကစား၊ တချို့ကျန်းမာရေးဝန်ဆောင်မှုတွေလို single-sex spaces á€á€˝á€ąá€™á€žá€Ź sex ကို အခြေခံတဲ့ အကာအကွယ်တွေ ဆက်ရှိသင့်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် Rowling က 'transgender' လူတွေကို အကြမ်းဖက်ခြင်း၊ ခွဲခြားဆက်ဆံခြင်းတွေကနေ ကာကွယ်သင့်တယ်ဆိုတာကိုလည်း ပြောထားပါတယ်။ ဆိုလိုတာက သူ့ရဲ့ ထုတ်ဖော်ထားတဲ့ ရပ်တည်ချက်က "trans လူတွေအခွင့်အရေး မရှိသင့်ဘူး" ဆိုတာမဟုတ်ဘဲ 'trans rights' နဲ့ 'sex-based women’s rights' ကို ခွဲပြီးကာကွယ်ရမယ် á€†á€­á€Żá€á€˛á€ˇá€˜á€€á€şá€€á€­á€Ż ဦးတည်ပါတယ်။

ထက်ရဲ့အမြင်ကတော့ trans တွေကို birth sex ကြောင့် women-only spaces တချို့ကနေ ဖယ်ထုတ်တာဟာ ခွဲခြားဆက်ဆံမှု၊ stigma နဲ့ လူမှုရေးအန္တရာယ်တွေ ပိုများလာစေနိုင်တယ်ဆိုတာပါ။ အချို့ ဝေဖန်သူတွေက သူ့ကို 'gender-critical' á€žá€­á€Żá€ˇá€™á€Ÿá€Żá€á€ş တချို့က 'transphobic' á€œá€­á€Żá€ˇ သတ်မှတ်ကြပါတယ်။ Rowling ကတော့ 'transphobic' ဆိုတဲ့အမည်ကို လက်မခံဘဲ သူဟာ 'sex-based rights' ကို ကာကွယ်နေတာလို့ဆိုပါတယ်။

ဥပဒေရေးရာဖြစ်ရပ်တစ်ခုရှိပါတယ်။ UK Supreme Court ရဲ့ 16 April 2025 ဆုံးဖြတ်ချက်ပါ။ For Women Scotland v Scottish Ministers á€Ąá€™á€žá€Żá€™á€žá€Ź တရားရုံးက Equality Act 2010 ထဲက 'sex', 'woman', 'man' ဆိုတဲ့စကားလုံးတွေဟာ အဲဒီဥပဒေရဲ့အဓိပ္ပါယ်အရ biological sex ကို ဆိုလိုတယ် á€œá€­á€Żá€ˇ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် တရားရုံးက transgender လူတွေဟာ gender reassignment အပေါ် အခြေခံပြီး discrimination ကနေ ဆက်လက်ကာကွယ်မှုရရှိနေတယ် á€œá€­á€Żá€ˇá€œá€Šá€şá€¸ တိတိကျကျ ရှင်းပြထားပါတယ်။

ကိုးကားစာရင်းကို Comment တွင် ကြည့်ရှုပါရန် 👇

#JKRowling #HarryPotter #Transgender #TransWomen #TransRights #WomensRights #GenderIdentity #SexBasedRights #EqualityAct2010 #UKSupremeCourt #ForWomenScotland #LGBTQ
Technology ဝယ်တာမှာ specs တွေကိုချစ်လို့ရတယ်။

Brand ကိုလည်းချစ်လို့ရတယ်။

Design လှလို့လည်း ဝယ်လို့ရတယ်။

ဒါပေမယ့် ကိုယ့်ပိုက်ဆံနဲ့ ကိုယ့်လိုအပ်ချက် ကိုတော့ မမ မမေ့နဲ့နော်။

ကိုယ့်တကယ်သုံးမယ့်အရာအတွက် ပိုက်ဆံပေးတာကို 'တန်တယ်' လို့ခေါ်တာ။

မသုံးဖြစ်မယ့် feature တွေကိုဝယ်ပြီး အရမ်းအများကြီးပေးလိုက်တာကိုတော့ premium လို့ခေါ်ချင်ခေါ်လို့ရပေမယ့် value လို့တော့ ငယ်လေးမခေါ်ဘူး။

မမက Tablet ရွေးမယ်ဆို ငယ်လေးအနားမှာနေပြီး တစ်လုံးချင်း ရွေးပေးမယ်လေ။

ဒါကြောင့် specification နံပါတ်ကြီးတွေတွေ့တိုင်း မျက်လုံးလေးတောက်ပြီး ချက်ချင်းမဝယ်နဲ့။

ငယ်လေးကိုအရင်ခေါ်။ မမပိုက်ဆံတွေကို အိမ်သူလေးက ထိန်းပေးမယ်လေ။

#Tech #Tablet
Budget ကိုခွဲပြီးပြောမယ်။
၁၀ သိန်းဝန်းကျင်ပဲရှိရင် Redmi Pad 2 8/256 á€€á€­á€Żá€›á€žá€Źá€™á€šá€şá‹
၁၃ သိန်းဆို Redmi Pad 2 Pro 8/256 Wi-Fi။
၁၅–၁၆ သိန်းဆို ကိုယ်က pen အများကြီးရေးမယ်ဆို S10 Lite၊ screen/battery/5G လိုရင် Pad 2 Pro 5G။

၂၀ သိန်းဝန်းကျင်ဆို Xiaomi Pad 8 8/256 á€€á€­á€Ż အရင်သွားကြည့်မယ်။
၂၂ သိန်းဆို ကိုယ် Mac/iPhone ecosystem ထဲမှာရှိရင် iPad 11 A16။ Samsung ecosystem ဒါမှမဟုတ် handwritten work အရမ်းများရင် S10 FE။

Huawei ကိုတော့ PaperMatte နဲ့ keyboard workflow ကို တကယ်သဘောကျပြီး ကိုယ်သုံးတဲ့ apps အကုန်အဆင်ပြေကြောင်း စမ်းပြီးမှယူမယ်။

OPPO Pad Air5 ကို ၂၈ သိန်းနားမှာတော့ ငယ်လေးမဝယ်သေးဘူး။ မမက ငယ်လေးကို ဝယ်ပေးမယ်ဆိုရင်တော့… အင်း၊ အဲဒါကတခြားကိစ္စ။ လက်ဆောင်ဆို ငယ်လေးက Dimensity 7300 လည်းချစ်နိုင်တယ်။ ဘာလို့လဲဆို လက်ဆောင်ပေးတဲ့မမကိုချစ်တာလေ၊ chip ကိုမဟုတ်ဘူး။ 🤭🤭

#Tablet #Tech
"ဘာဝတ်ဝတ် ရာဇဝတ်မှုကျူးလွန်ရန် မဟုတ်! အဝတ်အစားက မုဒိန်းမှုအတွက် ဆင်ခြေမဟုတ်ဘူး!"

အမျိုးသမီးတွေအပေါ် ခေတ်အဆက်ဆက် သွတ်သွင်းလာတဲ့ "မိန်းကလေးဆိုတာ သည်းခံရမယ်၊ အရှက်တကွဲမဖြစ်အောင် ငြိမ်ခံနေရမယ်" ဆိုတဲ့ စနစ်ဆိုးကြီးကို ထက်တို့ မျိုးဆက်မှာ ပြတ်ပြတ်သားသား အဆုံးသတ်ရပါမယ်။ ပညာရေး အဖွဲ့အစည်းတစ်ခုက အပြစ်ရှိသူကို အရေးမယူဘဲ အကာအကွယ်ပေးလိုက်တဲ့အခါ "ဒီလိုလုပ်ရပ်တွေ လုပ်ရင်တောင် အပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရှိတယ်" ဆိုတဲ့ အဆိပ်အတောက် သတင်းစကားကို ပေးလိုက်တာနဲ့ အတူတူပါပဲ။ ဒါဟာ ကျောင်းတွင်း လုံခြုံရေး ပတ်ဝန်းကျင်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တာ ဖြစ်ပါတယ်။

မိန်းကလေးတွေ ဘာဝတ်ဝတ်၊ ဘယ်နေရာမှာပဲရှိရှိ ဒါဟာ ရာဇဝတ်မှုကျူးလွန်ဖို့ ခွင့်ပြုချက် မဟုတ်ပါဘူး။ "အဝတ်အစားကြောင့်" ဆိုတဲ့ ဆင်ခြေဟာ ကျူးလွန်သူဘက်က မျက်နှာပြောင်တိုက် ကာကွယ်ပေးဖို့ သုံးတဲ့ အသုံးမကျဆုံး လက်နက်တစ်ခုသာ ဖြစ်ပါတယ်။ မုဒိန်းမှု ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုတာ အဝတ်အစား၊ နေရာ၊ အချိန်တို့နဲ့ ဘာမှမဆိုင်ပါဘူး။ ဒါဟာ အာဏာပြမှုနဲ့ ကျူးလွန်သူရဲ့ ဆန္ဒအပေါ်မှာပဲ မူတည်တဲ့ ရာဇဝတ်မှုပါ။ နစ်နာသူရဲ့ အဝတ်အစားကို လက်ညှိုးထိုးပြပြီး အပြစ်တင်တာဟာ ကျူးလွန်သူကို တာဝန်ယူမှုကနေ လွတ်မြောက်အောင် ထွက်ပေါက်ပေးလိုက်တာ ဖြစ်ပါတယ်။

ဘယ်သူ့သားသမီးမို့လို့ ဥပဒေအထက်မှာ ရှိနေရမှာလဲ? အာဏာရှိသူတွေရဲ့ ကျူးလွန်မှုတွေကို "ကျောင်းသားအချင်းချင်းမို့" ဆိုပြီး ညှိနှိုင်းခွင့်ပေးနေတဲ့ စနစ်ကို လုံးဝ လက်မခံနိုင်ပါဘူး။ ကျား/မ ခွဲခြားမှုနဲ့ အာဏာအလွဲသုံးစားလုပ်မှုကို မျက်ကွယ်ပြုထားတဲ့ ဘယ်လိုအဖွဲ့အစည်းမျိုးကိုမဆို ထိပ်တိုက်ရင်ဆိုင်ရပါမယ်။

မိန်းကလေးတွေကို ကြောက်ရွံ့မှုနဲ့ ထိန်းချုပ်ထားတဲ့ ခေတ် ကုန်ဆုံးသွားပါပြီ။ ကိုယ့်အခွင့်အရေး၊ ကိုယ့်ခန္ဓာကိုယ်လွတ်လပ်ခွင့်နဲ့ ကိုယ့်ဂုဏ်သိက္ခာအတွက် တောင်းပန်နေစရာမလိုဘဲ အသံကျယ်ကျယ်နဲ့ ပြန်လည်တိုက်ပွဲဝင်ရပါမယ်။

ကျောင်းရဲ့ ဂုဏ်သိက္ခာဆိုတာ မုဒိန်းကောင်တွေကို ဖုံးဖိပေးရုံနဲ့ မတည်မြဲပါဘူး။ မတရားမှုကို ခေါင်းငုံ့မခံဘဲ မိန်းကလေးတွေဘက်က မားမားမတ်မတ်ရပ်တည်ပြီး ဒီမညီမျှတဲ့ စနစ်တစ်ခုလုံးကို အမြစ်ကနေ လှုပ်ခါပစ်ဖို့ အားလုံး အတူတကွ ရပ်တည်ကြရပါမယ်။

ထက် ပြောချင်တာကတော့ တရားမျှတမှုဆိုတာ ဘက်လိုက်ပြီး အပေးအယူလုပ်လို့ရတဲ့ အရာမဟုတ်ပါဘူး။ ကျောင်းအနေနဲ့ ကိုယ့်ကျောင်းသားဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ကျူးလွန်သူကို အကာအကွယ်ပေးတာ၊ နစ်နာသူကို အပြစ်ဖို့တာတွေကို ချက်ချင်းရပ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ ထိရောက်စွာ အရေးယူဆောင်ရွက်သင့်ပါတယ်။

#FightThePatriarchy #EndRapeCulture #NoMoreSilence #WomenFightBack #JusticeForSurvivors #SmashTheSystem
👍1