ဘဝ/အချစ်/ကဗျာ/ပုံပြင်/စာတိုများ
3.01K subscribers
161 photos
5 videos
10 links
စာတိုများကိုဝင်ရောက်ဖတ်ရှုနိုင်ပါကြောင်း
Download Telegram
လွမ်းရင်ငိုလိုက်တယ်ပြီးရင်
မျက်နှာသစ်ပြီး လူအများရဲ့ရှေ့မှာ
ပျော်သလိုဟန်ဆောင်တယ်...

မင်းပြန်မလာတာ ကိုယ့်သိနေပြီးမို့
ဆက်မျှော်လင့်ဖို့ အားအင်မရှိတော့ပါဘူး။

#𝐏𝐚𝐧
~ပန်
😢37💔10❤6👍4
"ဟေမာန်ဆောင်းနဲ့ ပြန်လာပါတော့လား ငွေနှင်းမှုန်လေးရယ်...."

မင်းနဲ့‌ဝေးခဲ့ရတဲ့
နေ့ရက်တိုင်းဟာ....ကိုယ့်အတွက်တော့ ရေမရှိတဲ့ သဲကန္တာရထဲ ဖြတ်သန်းနေရသလိုပါပဲ....။"

လွမ်းလိုက်တာအချစ်ရယ်...


#𝓐𝓹𝓻𝓲𝓵𝓚𝓸
❤‍🔥15😢11👍2❤1
ကိုယ့်ဘဝက မပြည့်စုံပါဘူးအချစ်ရယ်
လိုအပ်ချက်တွေအများကြီးနဲ့
အရိုင်းဆန်နေတဲ့ကောင်ပါ။
ကံကြမ္မာက သက်ညှာခွင့်ပေးလို့
ဆုတောင်းတစ်ခုပြည့်ဖို့ အကြောင်းဖန်လာခဲ့ရင်
မင်းနဲ့ အတူရှိချင်တယ်
အရာအာလုံးကို ငြင်းပယ်ပြီး
မင်းကို ရွေးမယ်
မင်းက ကိုယ့်ရဲ့ နတ်ဘုရားပဲ။

# black boy
❤44👍6🍓3👏1
Forwarded from အလွမ်းဖြင့်သီသောကဗျာပန်းခင်း (ကိုကို လွမ်းသူ(မကွေး))
အချစ်ကိုမမနဲ့စခဲ့တာလို့

မောင်မညာပါဘူး

ဒါပေမဲ့ဘဝကိုတော့

မမနဲ့အဆုံးသတ်ချင်တယ်

ဆိုတာတော့မောင့်ရဲ့

သစ္စာပါမမ


#လွမ်းသူ
❤42👍18🤣5🥱4❤‍🔥3😱1
Forwarded from Movie Blog by PHOO
အမျိူးသမီးတစ်ယောက်ကို
ပျော်ရွှင်အောင်ထားဖို့

ယောက်ျားလေးဟာ
ပြီးပြည့်စုံနေစရာ မလိုပါဘူး။

သူ့ကို စချစ်ခဲ့တုန်းကလိုပဲ ဆက်ချစ်နေပေးဖို့သာ လိုတာပါ...။


#𝙼𝚘𝚘𝚗𝚕𝚒𝚐𝚑𝚝
#𝐂𝐑𝐃
#Fw Only
#Qᵤₒₜₑₛ

တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုခြင်းမတူတာမို့ ကွဲလွဲတာရှိရင် မန့်ပါဦး
❤76👍14💔8🍓3😢2
ကျွန်တော် လမ်းမခွဲချင်လည်း
လမ်းခွဲပေးလိုက်ရတဲ့.....နေ့ရက်လေး မနက်ခင်းလေးက....။

တချို့လူတွေအတွက်တော့...
အရမ်းသာယာတဲ့ မနက်ခင်းလေးပေါ့...

ကျွန်တော့်အတွက်တော့ ဒီမနက်ခင်းကိုမုန်းမိတယ်.....
ဒီနေ့ဒီလို မနက်ခင်းလေးရောက်မလာရင်ကောင်းမယ်....ဟူး.....။

#𝓐𝓹𝓻𝓲𝓵𝓚𝓸
😢17👍9❤6🔥3
"ကိုယ်ကတော့ ဟေမာန်ဆောင်းရဲ့လေပြေကျူးတဲ့ တေးသံကြားတိုင်း...
မင်းပြန်လာမယ်အထင်...။"

"ငွေနှင်းရဲ့ နှလုံးခုန်နှုန်းနဲ့အတူ
အရင်လို နီးနီးကပ်
ရင်ခုန်ချင်လိုက်တာ....။"

#𝓐𝓹𝓻𝓲𝓵𝓚𝓸
❤13💔4
Forwarded from စာတို
မြူခိုးလေးတွေနဲ့အတူ
လွင့်ပြယ်လိုက်ပါသွားတဲ့
မင်းရဲ့ချစ်ခြင်းတွေက
မြင်ရသူအဖို့
သိပ်ကိုရင်နာစရာကောင်းပါတယ်
မင်းလည်းပျော်ရာအရပ်မှာနေ
ငါလည်းတော်ရာအရပ်မှာနေမယ်




-V
❤43👍10
မသက်ဆိုင်တော့ရင် လှည့်ထွက်ခဲ့ရတာ

လောကဓမ္မတာပဲ ကိုလွမ်းဝေ..။

- လင်းသန့်
❤21❤‍🔥20💔3🍓1
အနာဟောင်းကြီးပါ
လူနာကလဲ အဟောင်းကြီးပါ
အနာကို‌ဆွနေတာကသာလူသစ်တွေ
ထပ်မသစ်ဖို့ဆုတောင်းတယ်
ထပ်အသစ်မှာအသက်ပါသွားဖို့ဆုတောင်းတယ်
နောင်ဘဝလူပဲပြန်ဖြစ်ပါစေ
သို့သော် လူသားဆန်ဆန်လေးဖြစ်ပါရစေ ။

-မြူလင်းမိုရ်
❤33👍8
Forwarded from ကဗျာပြတိုက်နဲ့အလွမ်းကမ္ဘာ (ကိုကို လွမ်းသူ(မကွေး))
မမခိုင်သို့(1)

မြင့်တက်နေတဲ့
ဂုဏ်ဒြပ်တွေကြားမှာ
ကျွန်တော်နှလုံးသားက
မမခိုင်နင်းသွားဖို့
လှေကားသာသာပါပဲ
မမခိုင်....

အချစ်ဟာနှလုံးသားရဲ့
အဟာရလို့သတ်မှတ်ထားတဲ့
ကျွန်တော်နဲ့
အချစ်ကိုအရောင်းချပစ္စည်း
လို့ထင်နေတဲ့မမခိုင်ကြား
လမ်းခွဲဖို့စကား
ကျွန်တော်ကပဲပြောပရစေ
မမခိုင်...

#လွမ်းသူ
👍18❤11🔥2
Forwarded from စာတို
လောကမှာ
သနားစရာအကောင်းဆုံး လူနှစ်ဦးပဲရှိတယ်
သံယောဇဉ် ကြီးတဲ့သူရယ်/အချစ် ကြီးတဲ့သူရယ်ပဲ

သူတို့နှစ်ဦးက အရှုံ:ဖက်မှာအမြဲရှိတယ်။

#May
#crd
❤77😭27👍16🥰4
"အချစ်ဦးဆိုတာ"

ပထမဆုံး တွဲဖူးတဲ့သူကို ရည်းစားဦးလို့ခေါ်တယ်။

ဘဝမှာ ဘယ်သူ့ကိုမှ မချစ်ဖူးတဲ့ အချစ်မျိုးနဲ့ ချစ်မိသူကို အချစ်ဦးလို့ ခေါ်တယ်

#crd
#Fly
❤111😢18👍10🔥8🍓4😭1
ပိုင်ဆိုင်ခွင့်ရသူတွေ

တလေးတစား ချစ်ကြစေချင်တယ်

မင်းတို့ အလွယ်တကူ ရထားတာက

တစ်ချို့ မျက်ရည်တွေနဲ့ စွန့်လွတ်ထားခဲ့ရတာ....

- စောနန္ဒာခိုင်

https://t.me/LoveEmotions2311
😢78❤35👍18❤‍🔥10🔥6
Forwarded from tgtg255 twtw425 No1131 Mhmone7 (Sai)
လိမ္မာလိုက်တာငါ့သားရယ်
🤣212😁18❤11🗿10👍2😐2🌚1
ကိုယ့်ရဲ့ ဆိုင်သူလေးရေ ...

တချိန်တုန်းကတော့
ကိုယ်က ပိုင်ခဲ့ရတဲ့ သက်ရှိလေးပေါ့

ဒါပေမယ့်
ဒီကာလတွေမှာ
ငေးရင်းငေးရင်း
တဖြေးဖြေး ဝေးသွားခဲ့ကြတယ်နော်...

ဘာနဲ့ အလားသဏ္ဍန်တူသလဲဆိုရင်
မင်းက လေတံခွန်လေးလိုပဲ

မင်းနဲ့ ငါ့ရဲ့ကြားမှာ ဆွဲထားတဲ့
ကြိုးလေးတစ်ချောင်းကလွဲရင်
ဘာမှ ရှိမနေတော့ဘူး ။

ကိုယ်တို့ကြားကဆက်ဆံရေးက
အဲ့ဒီအပ်ချည်မျှင်လောက်တောင်
မခိုင်တော့ဘူးလေ ။

ဒီအချိန်မှာ ...တစ်စုံတစ်ခုက
ဒါမှမဟုတ် တစ်စုံတစ်ယောက်က
ခလုတ်တိုက်ခဲ့မယ်ဆိုရင်

မင်းက
ကိုယ်နဲ့ တကယ် အဝေးကြီးကို
ထွက်ပြေးသွားတော့မှာ မဟုတ်လား ...

ကိုယ်ပိုင်ခဲ့ဖူးတာလေးက
တဖြေးဖြေးနဲ့ ကိုယ်မပိုင်တော့သလိုမျိုး
တစ်နေ့တစ်ခြားဝေးဝေးလာလိုက်တာ..

ဆိုင်ပါတယ်ဆိုတာတောင်
ကိုယ့်တစ်ဖက်သတ်ရဲ့
သတ်မှတ်ချက်မျိုးပါ ...

ဒါပေမယ့်..
ကိုယ်ဆွဲထားနိုင်သလောက်ထိတော့
မြဲဖို့ ကြိုးစားပါတယ် ။

ကျေးကို

https://t.me/LoveEmotions2311
❤63👍45😢22😭5
မျက်မှန်လေးအောက်က မင်းအကြည့်တစ်ချက်မှာ ကျရှုံးခဲ့တဲ့နေ့ကစပြီး...

ဒီလူသား ဒီနေ့ထိ မပြောင်းလဲနိုင်ဘဲ ချစ်နေတုန်းပါဘဲ..။

မျက်မှန် နဲ့ ကောင်မလေးရယ်..
မင်းရဲ့ မျက်မှန်လေးကဘဲ  ဒီလူရဲ့အချစ်တွေကို မမြင်နိုင်အောင် မင်းမျက်စိရှေ့ကနေ ဟန့်တားနေခဲ့တာများလား။

- Leonism
🥰42❤29💘14👍12🥴9😨6🌚5
ရာသီဥတုက ခင်လိုပဲ
နေပူရင်နဲ့လည်း မိုးထရွှာတတ်တာပဲ
ဘာဖစ်ဖစ်ပါ ခင်ရေ
လေးကိုင်းပုံစံ သက်တန့်လေးတွေမြင်ရင်
ခင် ခေါင်းမှာပန်ပေးချင်တယ် ။

မင်းဧကရာဇ်
❤76👍19🌚7✍4🥰4😁4😍1
Forwarded from စာတို
ဆိုးချင်တိုင်း မဆိုးခဲ့ရတာကလွဲရင်
ကျမအနှစ်သက်ဆုံးက ရှင့်ရင်ခွင်ပဲ
ပိုပြီးလိုအပ်တယ်လို့ ခံစားမိတိုင်း
ထပ်ပြီးနာကျင်ရအူးမှာလားလို့
တွေးမိတယ် ...။
ဝန်ခံပါတယ် ကျမဒီရက်ထဲ
ရှင့်ကို အရမ်းသတိရနေတယ်။

#meepoe
❤185👍29💯21❤‍🔥12😢7✍2⚡2
ဒီမှာ ချစ်မိရုံမျှဖြင့် နီးရာဓားဆွဲ
သေဖို့က တစ်လမ်းတည်း

ဘ၀နှင့်မမျှ ဘ၀တမျှ အသည်းကွဲ

လူတစ်ယောက်တည်းက ဖြစ်လာတာတွေမှ ဟုတ်ရဲ့လား

မိုးသားထဲ ကြိုးကြာတစ်ထောင်...

- စိုင်း၀င်းမြင့်
❤139👍44💔41🥰5🥴3🔥2🤯1🍓1