ရန်ကုန်တိုင်းအတွင်း သိမ်းဆည်းခံ လယ်ယာမြေနှင့် အခြားမြေယာအမှုတွဲ ၅၀ ကို တိုင်းအစိုးရအဆင့် ပြန်လည်စိစစ်မည်
ရန်ကုန်တိုင်းဒေသကြီးအတွင်း သိမ်းဆည်းခံထားရသည့် လယ်ယာမြေနှင့် အခြားမြေယာပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုအမှုတွဲ ၅၀ ကို တိုင်းဒေသကြီးအဆင့် ပြန်လည်စိစစ်ပြီး မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၆) ကို နိုဝင်ဘာ ၃ ရက် နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးတွင် အမှုတွဲ ၅၀ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
အစည်းအဝေးကို ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူက ဦးဆောင်ကျင်းပခဲ့ပြီး တွဲဖက်အတွင်းရေးမှူး ဦးကျော်ငြိမ်းက အမှုတွဲများနှင့်ပတ်သက်၍ PowerPoint ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။
ယင်းအမှုတွဲ ၅၀ တွင် မြောက်ဥက္ကလာပမြို့နယ်မှ ၂ မှု၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှ ၇ မှု၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်မှ ၃ မှု၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်မှ ၂ မှု၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှ ၄ မှု၊ ဒလမြို့နယ်မှ ၁ မှု၊ သန်လျင်မြို့နယ်မှ ၃ မှု၊ လှည်းကူးမြို့နယ်မှ ၇ မှု၊ လှိုင်သာယာမြို့နယ်မှ ၈ မှု၊ မင်္ဂလာဒုံမြို့နယ်မှ ၅ မှု၊ ရွှေပြည်သာမြို့နယ်မှ ၆ မှုနှင့် တိုက်ကြီးမြို့နယ်မှ ၁ မှု စသည်တို့ ပါဝင်သည်။
ထို့ပြင် ခရိုင်ပေါင်းစုံမှ အမှုတွဲ ၂၂ တွဲကိုလည်း အမှုတွဲတစ်ခုအဖြစ် သတ်မှတ်၍ စုစုပေါင်း အမှုတွဲ ၅၀ အဖြစ် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် တက်ရောက်လာသည့် ကော်မတီဝင်များက ရန်ကုန်တိုင်းအတွင်းရှိ လယ်ယာမြေနှင့် အခြားမြေယာကိစ္စရပ်များအပေါ် ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပြီး အမှုတွဲများကို တက်ရောက်လာသူအားလုံး၏ သဘောတူညီချက်ဖြင့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြသည်။
ရန်ကုန်တိုင်းအတွင်း သိမ်းဆည်းခံမြေယာများနှင့်ပတ်သက်၍ ဖြေရှင်းရန်ကျန်ရှိနေသည့် အမှုများကို တိုင်းအစိုးရအဆင့် ပြန်လည်စိစစ်မည့် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ယခုအစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

👍5❤2👏1
၂၂ နှစ်နီးပါး လည်ပတ်ခဲ့သည့် Swift အာကာသလေ့လာရေးယာဉ် ကမ္ဘာ့လေထုအတွင်း ပြန်ဝင်
လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၄
နာဆာ၏ Neil Gehrels Swift အာကာသလေ့လာရေးယာဉ်သည် လွှတ်တင်ပြီး ၂၂ နှစ်နီးပါးအကြာ နိုဝင်ဘာ ၄ ရက်တွင် ကမ္ဘာ့လေထုအတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြောင်း နာဆာက အတည်ပြုသည်။
အမေရိကန်အာကာသတပ်ဖွဲ့၏ အတည်ပြုချက်အရ Swift သည် ဂရင်းနစ်စံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၃၉ မိနစ်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းမြောက်ပိုင်းအထက်ရှိ လေထုအတွင်း ပြန်လည်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ယာဉ်၏ အစိတ်အပိုင်းအများစု လေ-ာင်ကျွမ်းသွားမည်ဟု မျှော်လင့်ထားသော်လည်း အချို့မှာ ကျန်ရှိနိုင်ကြောင်း နာဆာက ဆိုသည်။
၂၀၀၄ ခုနှစ်တွင် လွှတ်တင်ခဲ့သည့် Swift ကို စကြဝဠာအတွင်း အားအပြင်းဆုံးပေ-ါက်ကွဲမှုများတွင် ပါဝင်သည့် ဂမ်မာရောင်ခြည်ပေါက်ကွဲမှုများ လေ့လာရန် တည်ဆောက်ခဲ့သည်။ မူလမစ်ရှင်သက်တမ်းကို နှစ်နှစ်သာ လျာထားခဲ့သော်လည်း ဆယ်စုနှစ်နှစ်ခုကျော်ကြာ လည်ပတ်ကာ စကြဝဠာဆိုင်ရာ ဖြစ်စဉ်အမျိုးမျိုးကို လေ့လာနိုင်ခဲ့သည်။
ယင်းယာဉ်သည် ရုတ်တရက်ပေါ်ပေါက်သည့် အာကာသဖြစ်စဉ်များကို လျင်မြန်စွာ ချိန်ရွယ်လေ့လာနိုင်ပြီး နောက်ဆက်တွဲလေ့လာမှုများ ပြုလုပ်နိုင်ရန် အခြားလေ့လာရေးစခန်းများထံ သတိပေးချက်များ ပေးပို့ခဲ့သည်။
နာဆာက Swift ၏ သက်တမ်းတိုးမြှင့်ရန် Katalyst Space Technologies ၏ LINK စက်ရုပ်အာကာသယာဉ်ကို ဇူလိုင်လတွင် လွှတ်တင်ခဲ့သည်။ LINK သည် Swift ကို ဖမ်းယူကာ ပိုမိုမြင့်မားသည့် ကမ္ဘာပတ်လမ်းကြောင်းသို့ တွန်းပို့ရန် ရည်ရွယ်ထားသော်လည်း ယာဉ်၏ အနေအထားထိန်းချုပ်မှုဆိုင်ရာ ပြဿနာများကြောင့် စီစဉ်ထားသည့်လုပ်ငန်းကို မဆောင်ရွက်နိုင်ခဲ့ပေ။
ထို့နောက် LINK မစ်ရှင်ကို နည်းပညာစမ်းသပ်ပြသမှုအဖြစ် ပြောင်းလဲခဲ့ပြီး စက်တင်ဘာ ၂၅ ရက်တွင် ကမ္ဘာ့လေထုအတွင်း ပြန်လည်ဝင်ရောက်ခဲ့သည်။ Swift ၏ ပတ်လမ်းအမြင့် ဆက်လက်ကျဆင်းလာသဖြင့် သိပ္ပံလေ့လာရေးမစ်ရှင် ပြီးဆုံးကြောင်း နာဆာက အောက်တိုဘာ ၂၃ ရက်တွင် ကြေညာခဲ့သည်။
Ref: ဆင်ဟွာ

👍8❤3👏2😢1
မွန်ပြည်နယ်အတွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆုအဆိုပြုလျှောက်ထားသည့် အခြေခံပညာကျောင်း ၃၃ ကျောင်းရှိ
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် မွန်ပြည်နယ်အ တွင်း သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်းဆုအဆို ပြုလျှောက်ထားသည့် အခြေခံပညာကျောင်း ၃၃ ကျောင်းရှိကြောင်း သိရသည်။
အဆိုပါ ကျောင်းများအတွက် အထောက်အပံ့ပစ္စည်းများဖြစ်သော အခြေခံပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ်ဆရာများလက်စွဲစာအုပ် (Level-I, II, III, IV, V, Summary)နှင့် အမှိုက်ပုံးများကို ယနေ့ နိုဝင်ဘာ ၅ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဝင်းသန်းနှင့် တာ ဝန်ရှိသူများကချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းပတ်ဝန်းကျင်သန့် ရှင်းသပ်ရပ်မှုနှင့် စိမ်းလန်းစိုပြည်မှုသည် ကျောင်း သား/သူများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ ဖြိုးတိုးတက်မှုအတွက်အထောက်အကူပြု၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်သည့် အလေ့အ ကျင့်ကောင်းများကို ကျောင်းအရွယ်ကပင်လေ့ကျင့်ပျိုးထောင်ပေးရန်လိုသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းမှုဖြင့် ဆောင်ရွက်မည်ဟု UWSP ဒုတိယဥက္ကဋ္ဌ ပြော
ပန်ဆန်း၊ နိုဝင်ဘာ ၅
ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာကာ ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းမှုမူဘောင်အတွင်းမှ ဆောင်ရွက်သွားမည်ဟု “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက ပြောကြားခဲ့သည်။
နိုဝင်ဘာ ၃ ရက်က ရှမ်းပြည်နယ်၊ ပန်ဆန်းမြို့၌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကလည်း “ဝ” ဒေသ၏ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းပေးမည်ဖြစ်ပြီး အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။ အစိုးရနှင့် နှစ်ပေါင်း ၃၀ ကျော် ငြိမ်းချမ်းရေးတည်ဆောက်ထားမှုကို အခြေခံ၍ အပြန်အလှန်ယုံကြည်မှု ပိုမိုခိုင်မာစေရန် ဆက်လက်ဆောင်ရွက်မည်ဟုလည်း ဆိုသည်။
တွေ့ဆုံပွဲတွင် နှစ်ဖက်တာဝန်ရှိသူများက အွန်လိုင်းလောင်းကစားနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

👏4❤3👍2🤔1
ဒေးစွန်ပါဘုရားတွင် ဓာတ်လှေကားတပ်ဆင်နိုင်ရန် အလှူငွေကျပ်သိန်း ၃ ထောင်ကို တိုင်းဝန်ကြီးချုပ်ထံပေး အပ်လှူဒါန်း
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာအုပ်စုရှိ ဒေးစွန်ပါဘုရားတွင် ဓာတ်လှေကားတပ်ဆင်နိုင်ရန်အတွက် အလှူငွေကျပ်သိန်း ၃ ထောင်ကို တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းထံ အလှူရှင်မိသားစုက ယနေ့ နိုဝင်ဘာ ၅ ရက်နံနက်ပိုင်းတွင်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အလှူရှင်ဖြစ်သည့် ရန်ကုန်တိုင်း အောင်သပြေခိုင်ကုမ္ပဏီ၊ (ဦးဌေးခိုင်)+ဒေါ်ခင်မာထွေး၊ သား ဦးထွန်းထွန်းခိုင်၊ ဦးအောင်ထူးခိုင် မိသားစုက ပေးအပ်လှူဒါန်းရာ တိုင်းဝန်ကြီးချုပ်ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဒေးစွန်ပါဘုရားတွင် ဓာတ်လှေခါးတပ်ဆင်နိုင်ရန် ပဲခူး တိုင်းအစိုးရအဖွဲ့မှဦးဆောင်၍ တောင်ပတ်လမ်းကိုဖောက်လုပ်ပြီးစီးခဲ့ရာ လက်ရှိအချိန်တွင် ဓာတ်လှေခါးတပ်ဆင်ခြင်းလုပ်ငန်းများကိုစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

👍8❤2👏2🙏2
အယ်လ်နီညိုဒ-ဏ် လျော့ပါးရေး စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် ကြိုတင်ပြင်ဆင်
နေပြည်တော်၊ နိုဝင်ဘာ ၅
အယ်လ်နီညို (El Niño) ရာသီဥတုဖြစ်စဉ်ကြောင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ထိခိုက်မှုလျော့ပါးစေရန် မျိုးစေ့၊ မျိုးပွားပစ္စည်းနှင့် ရေအရင်းအမြစ်များ ကြိုတင်စီမံထားရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပြင်ဆင်ဆောင်ရွက်နေကြောင်း သိရသည်။
ယင်းအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၄ ရက်က နေပြည်တော်ရှိ ရုံးအမှတ် (၁၅) ၌ ကျင်းပခဲ့ပြီး သက်ဆိုင်ရာဌာနများနှင့် ဒေသအစိုးရအဖွဲ့များ ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က စားနပ်ရိက္ခာထုတ်လုပ်မှုအပေါ် ထိခိုက်မှုလျော့နည်းစေရန် ယခင်အတွေ့အကြုံများကို အခြေခံ၍ အဆိုးဆုံးအခြေအနေအထိ ထည့်သွင်းတွက်ချက်ကာ ကြိုတင်ပြင်ဆင်ထားရန် ပြောကြားခဲ့သည်။
အထူးသဖြင့် စိုက်ပျိုးရေနှင့် သောက်သုံးရေ ဖူလုံစေရန်၊ ရေအရင်းအမြစ်များကို ထိရောက်စွာ ခွဲဝေသုံးစွဲနိုင်ရန် ဒေသအလိုက် စီမံထားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ လိုအပ်သည့် ညွှန်ကြားချက်များကို မြေပြင်လုပ်ငန်းဆောင်ရွက်သူများထံ ရောက်ရှိစေရန်နှင့် ရာသီဥတုသတိပေးချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များကို မီဒီယာနည်းလမ်းအမျိုးမျိုးဖြင့် တောင်သူများထံ ဖြန့်ဝေပေးရန်လည်း တိုက်တွန်းခဲ့သည်။
သက်ဆိုင်ရာဦးစီးဌာနများနှင့် တက္ကသိုလ်များမှ တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်ထားမှုများကို တင်ပြခဲ့ကြပြီး အရေးပေါ်အခြေအနေများတွင် အချိန်မီတုံ့ပြန်နိုင်ရေး ကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။

❤5👍3👏2
ရေရှားပါးနိုင်သည့် ကျေးရွာများ စာရင်းကောက်ကာ သောက်သုံးရေဖြန့်ဝေရေး ကြိုတင်ပြင်ဆင်ရန် ဝန်ကြီးပြော
နေပြည်တော်၊ နိုဝင်ဘာ ၅
ရေရှားပါးပြတ်လပ်နိုင်ခြေရှိသည့် ကျေးရွာများကို ကြိုတင်စာရင်းကောက်ယူပြီး ရေသယ်ယာဉ်များဖြင့် သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရန် လိုအပ်ချက်နှင့် ကုန်ကျစရိတ်များ တွက်ချက်ထားကြရန် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းက ပြောကြားခဲ့သည်။
နေပြည်တော်ရှိ ရုံးအမှတ် (၃၆-ခ)၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် အယ်လ်နီညိုဖြစ်စဉ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး ညှိနှိုင်းအစည်းအဝေးတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ကျေးရွာလူဦးရေနှင့် ရေလိုအပ်ချက်၊ ရေအရင်းအမြစ်နှင့် အကွာအဝေး၊ ဖြန့်ဝေရမည့် ရေပမာဏ၊ ကြာမြင့်ချိန်နှင့် စက်သုံးဆီကုန်ကျစရိတ်တို့ကို ခိုင်မာသည့် အချက်အလက်များအပေါ် အခြေခံ၍ ကြိုတင်တွက်ချက်ထားရန် ၎င်းက မှာကြားခဲ့သည်။
အစည်းအဝေးတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အယ်လ်နီညိုကာလအတွင်း သောက်သုံးရေပြတ်လပ်မှု မရှိစေရန် ကြိုတင်ပြင်ဆင်ထားမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

❤6👍2👏1
နေပြည်တော် တပ်မတော်ဆေးရုံကြီး၌ ကျောက်ကပ်အစားထိုးခွဲစိတ်မှု အတွဲ ၃၀၀ ပြည့်
နေပြည်တော်၊ နိုဝင်ဘာ ၅
နေပြည်တော်ရှိ အမှတ် (၂) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) တွင် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက ၁၅၀ ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့ပြီး စုစုပေါင်း အတွဲ ၃၀၀ ပြည့်မြောက်ခဲ့ကြောင်း သိရသည်။
ခွဲစိတ်ကုသမှုကို ဆီးနှင့်ကျောက်ကပ်ဆိုင်ရာ၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုသရေး၊ မေ့ဆေးနှင့် အထူးကြပ်မတ်ကုသရေး ပါရဂူများနှင့် ကျွမ်းကျင်သူနာပြုများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ခွဲစိတ်မှုအပြီး လူနာနှင့် ကျောက်ကပ်အလှူရှင်များ၏ ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်လျက်ရှိပြီး လိုအပ်သည့် ဆေးဝါးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဆေးရုံတွင် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ၂၀၁၆ ခုနှစ် ဩဂုတ် ၈ ရက်၌ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
တပ်မတော်ဆေးရုံများအနေဖြင့် နေပြည်တော်၊ ရန်ကုန်၊ ပြင်ဦးလွင်နှင့် အောင်ပန်းမြို့တို့တွင် တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအတွက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

❤8👍2👏2
နယ်စပ်တို-က်ပွဲများ ထိုင်းဘက် မသက်ရောက်စေရန် သတိပေး
ဘန်ကောက်၊ နိုဝင်ဘာ ၅
မြန်မာနိုင်ငံဘက်ရှိ နယ်စပ်အနီး စစ်ရေးလှုပ်ရှားမှုများကြောင့် ထိုင်းပိုင်နက်အတွင်း နေထိုင်သည့် ထိုင်းနိုင်ငံသားများ ထိခိုက်မှုမရှိစေရန် မြန်မာစစ်ဘက်အာဏာပိုင်များကို သတိပေးထားကြောင်း ထိုင်းကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး အူကရစ် ဘွန်းတာနွန်ဒါက ယနေ့ နိုဝင်ဘာ ၅ ရက်တွင် ပြောကြားသည်။
ဘန်ကောက်မြို့ရှိ မြန်မာစစ်သံမှူးနှင့် တွေ့ဆုံပြီးနောက် နိုင်ငံတော်ကာကွယ်ရေးကောလိပ် (NDC) ၌ သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းတွေ့ဆုံမှုသည် နယ်စပ်တစ်လျှောက် တို-က်ရို-က်ဆက်သွယ်မှု ရှင်းလင်းစေရန်နှင့် မှားယွင်းတွက်ချက်မှုများ မဖြစ်ပေါ်စေရန် ရည်ရွယ်ကြောင်း ၎င်းက ဆိုသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသည့် နယ်စပ်စခန်းများကို မြန်မာတပ်မတော်က ပြန်လည်သိမ်းယူရန် ကြိုးပမ်းနေသည်ဆိုသော သတင်းများနှင့်ပတ်သက်၍ မြန်မာဘက်က ထိုင်းနိုင်ငံ၏ လုံခြုံရေးဆိုင်ရာ လိုအပ်ချက်များကို လေးစားလိုက်နာရမည်ဟု ဗိုလ်ချုပ်ကြီး အူကရစ်က ပြောကြားခဲ့သည်။
“သူတို့နယ်မြေထဲမှာ သူတို့ဘာလုပ်လုပ် ဒါက သူတို့ကိစ္စပါ။ ဒါပေမဲ့ ထိုင်းနိုင်ငံပိုင်နက်အတွင်းမှာရှိတဲ့ ထိုင်းနိုင်ငံသားတွေကိုတော့ ထိခိုက်မှုမရှိစေရပါဘူး။ ဒါက ကျွန်တော်တို့ တောင်းဆိုတဲ့ တစ်ခုတည်းသောအချက်ပါ” ဟု ၎င်းက ပြောသည်။
တွေ့ဆုံစဉ် မြန်မာစစ်သံမှူးဘက်က အပြုသဘောဆောင်သည့် တုံ့ပြန်မှုများရှိခဲ့သော်လည်း လိုက်နာမှုရှိမရှိကို နောက်ဆက်တွဲ မြေပြင်စစ်ရေးလှုပ်ရှားမှုများကသာ သက်သေပြမည်ဟု ၎င်းက ဆိုသည်။ မြန်မာအာဏာပိုင်များအနေဖြင့် ထိုင်းနိုင်ငံ၏ ရပ်တည်ချက်ကို နားလည်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။
Ref: ထိုင်းပီဘီအက်စ်ဝေါလ် (Thai PBS World)

😁9❤2👏1🤬1🕊1