သွင်းကုန်လုပ်ငန်းရှင်များအတွက် နိုင်ငံခြားငွေကြိုတင်ပေးချေခြင်း (Advance Payment) စနစ်ကို ဗဟိုဘဏ် ခွင့်ပြု

နေပြည်တော်၊ နိုဝင်ဘာ ၅

ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းသည့် သွင်းကုန်လုပ်ငန်းရှင်များအတွက် လိုအပ်သော နိုင်ငံခြားငွေကို အချိန်မီရရှိစေရန်နှင့် ငွေလဲလှယ်နှုန်း တည်ငြိမ်စေရန် ရည်ရွယ်၍ ကုန်ပစ္စည်းဖိုး ကြိုတင်ငွေပေးချေခြင်း (Advance Payment) ကို ခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေးထုတ်ပြန်လိုက်သည်။

ယင်းစနစ်အရ သွင်းကုန်လိုင်စင် ခွင့်ပြုချက်ရရှိပါက ပထမအရစ်အဖြစ် လိုင်စင်ပါတန်ဖိုး၏ ၃၀ ရာခိုင်နှုန်း၊ သင်္ဘောတင် စာရွက်စာတမ်း အထောက်အထား (B/L) တင်ပြချိန်တွင် ဒုတိယအရစ်အဖြစ် လိုင်စင်ပါတန်ဖိုး၏ ၄၀ ရာခိုင်နှုန်းနှင့် သွင်းကုန် ကြေညာလွှာ (ID) တင်ပြချိန်တွင် တတိယအရစ်အဖြစ် ကျန်ရှိသည့် လိုင်စင်ပါတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းတို့ကို နိုင်ငံတော်မှလိုအပ်သော သွင်းကုန်ပစ္စည်းများအတွက် ဗဟိုဘဏ်မှ စိစစ်၍ နိုင်ငံခြားငွေ ရောင်းချပေးသွားမည်ဖြစ်သည်။

အဆိုပါ ကြိုတင်ငွေပေးချေခွင့် ပြုလိုက်ခြင်းကြောင့် ပြည်ပ Supplier များထံ ငွေပေးချေမှု နောက်ကျခြင်းကို လျှော့ချနိုင်မည်ဖြစ်ပြီး အရေးကြီးကုန်ပစ္စည်းများနှင့် ကုန်ကြမ်းများကို အချိန်မီမှာယူနိုင်ခြင်း၊ တစ်ကြိမ်တည်း ငွေချေရသည့် ဝန်ထုပ်ဝန်ပိုး လျော့နည်းသွားခြင်းနှင့် နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ယုံကြည်မှု တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
❤9👍4👏1
တောင်ကိုရီးယားရောက် မြန်မာလုပ်သားများ လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံရှိ မိသားစုဝင်များထံ တရားဝင်လမ်းကြောင်းများမှတစ်ဆင့် ငွေလွှဲပို့ရန် သံရုံးအသိပေး

ဆိုးလ်၊ နိုဝင်ဘာ ၅ ရက်

တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့ရရှိသည့် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံရှိ မိသားစုဝင်များထံသို့ တရားဝင်ငွေလွှဲလမ်းကြောင်းများမှတစ်ဆင့် လွှဲပို့ကြရန် မြန်မာသံရုံး၊ ဆိုးလ်မြို့က အသိပေးကြေညာထားသည်။

ငွေလွှဲပို့ရာတွင် ကိုရီးယားသမ္မတနိုင်ငံရှိ ဘဏ်များမှတစ်ဆင့် လွှဲပို့ခြင်းနှင့် ကိုရီးယားနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံတကာငွေလွှဲဝန်ဆောင်မှု Fintech လုပ်ငန်းများကို အသုံးပြုခြင်းတို့ဖြင့် ဆောင်ရွက်နိုင်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ငွေလွှဲသူများအနေဖြင့် မိမိတို့၏ အထောက်အထားများ မှတ်ပုံတင်ခြင်း၊ ငွေလက်ခံမည့်သူ၏ အချက်အလက်များ မှန်ကန်စွာဖြည့်သွင်းခြင်းနှင့် သက်ဆိုင်ရာငွေလွှဲလုပ်ငန်းများ၏ စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။

ငွေလွှဲရာတွင် ကိုရီးယားနိုင်ငံ၌ တရားဝင်မှတ်ပုံတင်ထားသည့် ဘဏ်နှင့် ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများကိုသာ အသုံးပြုရန်၊ မြန်မာနိုင်ငံဘက်မှ ငွေလက်ခံမည့်ဘဏ် သို့မဟုတ် ငွေလွှဲကုမ္ပဏီသည် သက်ဆိုင်ရာလိုင်စင်ရရှိထားခြင်း ရှိ၊ မရှိ စစ်ဆေးရန်နှင့် ငွေလွှဲပြေစာများ၊ ငွေလွှဲမှတ်တမ်းများကိုလည်း သိမ်းဆည်းထားရန် သံရုံးက တိုက်တွန်းထားသည်။

အလားတူ ကိုရီးယားသမ္မတနိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်မှုအက်ဥပဒေအရ တရားမဝင် ဟွန်ဒီငွေလွှဲလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ပါက ငွေလွှဲပို့သူ၊ ချိတ်ဆက်သူနှင့် ဆောင်ရွက်သူများအနေဖြင့် အများဆုံး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်သည့်အပြင် တရားမဝင်ငွေလွှဲပမာဏအပေါ်မူတည်၍ ကိုရီးယားဝမ် သန်း ၃၀၀ အထိ ငွေဒဏ်ချမှတ်ခံရနိုင်ကြောင်း သိရသည်။

ထို့အပြင် ဘဏ်အကောင့်များ ပိတ်သိမ်းခံရခြင်းနှင့် ပြည်နှင်ဒဏ်ချမှတ်ခံရခြင်းများလည်း ဖြစ်ပေါ်နိုင်သဖြင့် တရားမဝင်ငွေလွှဲလမ်းကြောင်းများကို ရှောင်ရှားပြီး တရားဝင်ငွေလွှဲဝန်ဆောင်မှုများကိုသာ အသုံးပြုကြရန် မြန်မာသံရုံး၊ ဆိုးလ်မြို့က အသိပေးထားသည်။
❤11💯3👍2👏1💔1
🌏 5.11.2026 သတင်းအပြည့်အစုံ 🌏

👉မြန်မာ-လာအိုနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ဒေသတွင်းကုန်သွယ်မှုများအထိတိုးမြှင့်ဆောင်ရွက်ရန်ဆွေးနွေး

👉မြဝတီအသင်း ၃ သင်းအတွက် လာမည့်ပွဲစဉ် ၃ ပွဲအတွင်း ဆုကြေးနှင့် ဒဏ်ကြေးစနစ် ယာယီ ဆိုင်းငံ့ထားမည်ဟု  ထုတ်ပြန်

👉ရီပတ်ဘလစ်ကန်တို့ ရှုံးနိမ့်မှုအပေါ် အီရန် လှောင်ပြောင်၊ အီရန်အပေါ် တိုက်ခိုက်မှုများ ရပ်တန့်ရန် ထရမ့်ကို တိုက်တွန်း

👉ပဲခူးမြို့၌ ဘက်စုံစိုက်ပျိုးမွေးမြူရေးစံပြစခန်း(ရွှေတန်)စတင်အကောင်အထည်ဖော်​နေပြီဖြစ်

👉ကလေးတွေရေးဆွဲလိုက်တဲ့ စိတ်ကူးစိတ်သန်း‌လေး‌တွေ အာကာသပေါ်ရောက်ဖို့ မျှော်လင့်ပါတယ် - ကျောင်းအုပ်ကြီး ဒေါ်သက်သက်သင်း

👉လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ဆယ်စုနှစ်သစ် ဖော်ဆောင်ရန် တရုတ်တိုက်တွန်း

👉မြန်မာ့သနပ်ခါးဓလေ့ကို ယူနက်စကို အမွေအနှစ်စာရင်းဝင်ရန် စိစစ်ရေးအဖွဲ့ ထောက်ခံ

👉အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာမည်

👉တရုတ်သွင်းကုန်ပြပွဲတွင် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ၃၀၀ ကျော် ပါဝင်မည်

👉ဆိုင်ခန်းပေါင်း ၄၀၆၇ ခန်းပါဝင်သော အသစ်ပြန်လည်တည်ဆောက်ထားသည့်မင်္ဂလာဈေးကြီး ဖွင့်လှစ်၊

မြေညီထပ်မှ စတုတ္ထထပ်အထိ ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချလျက်ရှိ

👉၇ ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေး ပေကျင်း၌ ကျင်းပမည်

AI ခေတ် မီဒီယာကဏ္ဍအရေး နိုင်ငံနှင့်ဒေသ ၁၁၂ ခုမှ ကိုယ်စားလှယ် ၅၀၀ နီးပါး ဆွေးနွေးမည်

👉မြန်မာနှင့် အိုမန် နှစ်နိုင်ငံအကြား လေကြောင်းဝန်ဆောင်မှု သဘောတူညီချက် လက်မှတ်ရေးထိုး

👉AI လက်တွေ့အသုံးချမှုတွင် တရုတ် ဦးဆောင်နိုင်ဟု ရင်းနှီးမြှုပ်နှံမှုကျွမ်းကျင်သူများ သုံးသပ်

👉ထိုင်း၌အရေးပေါ်ရှင်သန်ရေးအိတ်များကိုပြည်သူများကြိုပြင်

👉ထိုင်းလေကြောင်းလိုင်းလေယာဉ် ရှန်ဟိုင်းသို့ အရေးပေါ်ပြန်ဆင်း

👉အာကာသဆိုင်ရာကာတွန်းကို မြန်မာအငွေ့အသက်တွေနဲ့ရောယှက်ဖန်တီးရေးဆွဲသွားမယ့် နေပြည်တော် အထက(၃) မှ ကျောင်းသူလေး မရတီမိုးသိမ့်

👉ဖုန်းခိုးနားထောင်မှု စုံစမ်းနေချိန် ဂျကာတာ၌ စစ်သည် ၂၀,၀၀၀ ကျော် တပ်ဖြန့်ချထား

👉အမေရိကန်ကာကွယ်ရေးဝန်ကြီးကို စွပ်စွဲပြစ်တင်ရန် လာမည့်သီတင်းပတ်တွင် မဲခွဲဖွယ်ရှိ

👉ကျွမ်းကျင်ပညာရှင်များနဲ့ ဒီဇိုင်းရေးဆွဲပြီး အဆင့်မြှင့်တင်ထားတဲ့ မင်္ဂလာဈေးသစ်ကြီး

👉တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အိုမန်ဆူလတန်တို့ ပူးပေါင်းဆောင်ရွက်ရေး၊ အရှေ့အလယ်ပိုင်းအရေး ဆွေးနွေး

👉၂၂ နှစ်နီးပါး လည်ပတ်ခဲ့သည့် Swift အာကာသလေ့လာရေးယာဉ် ကမ္ဘာ့လေထုအတွင်း ပြန်ဝင်

👉ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းမှုဖြင့် ဆောင်ရွက်မည်ဟု UWSP ဒုတိယဥက္ကဋ္ဌ ပြော

👉အယ်လ်နီညိုဒ-ဏ် လျော့ပါးရေး စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် ကြိုတင်ပြင်ဆင်

👉ရေရှားပါးနိုင်သည့် ကျေးရွာများ စာရင်းကောက်ကာ သောက်သုံးရေဖြန့်ဝေရေး ကြိုတင်ပြင်ဆင်ရန် ဝန်ကြီးပြော

👉နေပြည်တော် တပ်မတော်ဆေးရုံကြီး၌ ကျောက်ကပ်အစားထိုးခွဲစိတ်မှု အတွဲ ၃၀၀ ပြည့်

👉နယ်စပ်တို-က်ပွဲများ ထိုင်းဘက် မသက်ရောက်စေရန် သတိပေး

👉အစိုးရစက်မှုလက်မှုသိပ္ပံ ၃၂ ကျောင်းအတွက် ပထမနှစ်ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူ

နိုဝင်ဘာ ၂၁ ရက်အထိ လျှောက်ထားနိုင်ပြီး အင်္ဂလိပ်စာနှင့် သင်္ချာရမှတ်ဖြင့် ရွေးချယ်မည်

👉အွန်လိုင်းငွေလိမ်လုပ်ငန်း နှိမ်နင်းရေးအပါအဝင် ကဏ္ဍ ၄ ခု UWSA နှင့် NSPNC ဆွေးနွေး

👉ရန်ကုန်တိုင်းအတွင်း သိမ်းဆည်းခံ လယ်ယာမြေနှင့် အခြားမြေယာအမှုတွဲ ၅၀ ကို တိုင်းအစိုးရအဆင့် ပြန်လည်စိစစ်မည်
❤13👍5🥰1
🙏12❤9👍3
မြန်မာ-တရုတ် နှစ်နိုင်ငံကြား တရားဝင်ကုန်စည်စီးဆင်းမှုပိုမိုချောမွေ့မြန်ဆန်ရေးဆွေးနွေး

မြန်မာ-တရုတ် နှစ်နိုင်ငံကြား တရားဝင်ကုန်စည်စီးဆင်းမှုပိုမိုချောမွေ့မြန်ဆန်ရေးအတွက် ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ဦးဇေယျာမျိုးမြင့်နှင့် ယူနန်ပြည်နယ်၊ ကူမင်းအခြေစိုက် အကောက်ခွန်ဌာန၊ ညွှန် ကြားရေးမှူးချုပ် မစ္စတာရှီကျန်းကျင်း တို့ဆွေးနွေးခဲ့ကြသည်။

၎င်းတို့နှစ်ဦးသည် နိုဝင်ဘာ ၄ ရက်က ကူမင်းမြို့ရှိယူနန်ပြည်နယ်အကောက်ခွန်ဌာနရုံး၌တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။  

တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံကြား တရားဝင်ကုန် စည်စီးဆင်းမှုပိုမိုချောမွေ့မြန်ဆန်ရေး၊ မြန်မာ့လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး၊ အကောက်ခွန်ဆိုင်ရာ လုပ် ထုံးလုပ်နည်းမျာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန် သွယ်မှုကဏ္ဍတိုးမြှင့်ရေးအတွက် သက်ဆိုင်ရာဌာနများကြားပိုမိုထိတွေ့ဆက်ဆံနိုင်ရေးတို့ကိုဆွေးနွေးခဲ့ကြသည်။
❤11😁3👍2👏2
ယူကရိန်းပဋိပက္ခနဲ့ ဥရောပလုံခြုံရေးကိစ္စတွေမှာ အမေရိကန်နဲ့ ရုရှား သဘောတူညီချက်တွေရဖို့ နီးစပ်နေပြီလို့ ထရမ့် ပြောကြား

ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးနဲ့ ဥရောပလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ အမေရိကန်နဲ့ ရုရှားတို့ဟာ သဘောတူညီချက်တွေရဖို့ နီးစပ်နေပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပါတယ်။

အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ထရမ့်က အခုလို ပြောကြားခဲ့တာပါ။

“သဘောတူညီချက်တစ်ခု ရရှိလာတော့မှာပါ။ ဒါဟာ ကြီးမားတဲ့ သဘောတူညီချက်တစ်ခု ဖြစ်လာမှာဖြစ်ပြီး ယူကရိန်းကိစ္စတစ်ခုတည်းနဲ့ပဲ သက်ဆိုင်မှာ မဟုတ်ပါဘူး။ အတော်လေး ကြီးမားတဲ့ သဘောတူညီချက်တစ်ခု ဖြစ်လာမှာပါ။ ဥရောပတစ်တိုက်လုံးနဲ့တောင် သက်ဆိုင်လာနိုင်တယ်လို့ ကျွန်တော် ပြောနိုင်ပါတယ်” လို့ သူက ဆိုပါတယ်။

ဆက်လက်ပြီး ထရမ့်က “ဒါဟာ ကြီးမားပြီး အလွန်ကောင်းမွန်တဲ့ သဘောတူညီချက်တစ်ခု ဖြစ်လာမှာပါ။ အားလုံးလည်း ကျေနပ်ပျော်ရွှင်ကြမှာပါ” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
❤9👏5👍1
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဗီယင်ကျန်းမြို့ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကိုလေ့လာ

နှစ်နိုင်ငံကြား စစ်ဘက်ပညာရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်အလားအလာများကိုဆွေးနွေး

လာအိုနိုင်ငံ၌ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် ယနေ့ နိုဝင်ဘာ ၅ ရက်နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကိုလေ့လာခဲ့သည်။

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် နိုင်ငံရေးဌာနအကြီးအကဲ Major General Phanseng Bounphan နှင့်တာဝန်ရှိသူများက ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုနှုတ်ဆက်ပြီး ဧည့်ခန်းမတွင် တက္ကသိုလ်၏ သမိုင်းကြောင်းများ၊ သင်ရိုးညွှန်းတမ်းများ၊ သင်တန်းသားများအား လေ့ကျင့်သင်ကြားရေးဆိုင်ရာများ၊ ပညာရေးဆိုင်ရာ တိုး တက်ပြောင်းလဲမှုများ၊ အာဆီယံနိုင်ငံအချို့နှင့် လေ့ကျင့်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို ရှင်း လင်းတင်ပြခဲ့သည်။

ထို့နောက် မြန်မာ-လာအို နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ စစ်ဘက်ဆိုင်ရာ သင်တန်းကျောင်းများကြား သင်ကြားရေးပညာရပ်များ၊ အတွေ့အကြုံများနှင့် နည်းပညာများ အပြန်အလှန်ဖလှယ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

စစ်ဘက်ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာအတွေ့အကြုံများ အပြန်အလှန်ဖလှယ်ရေး၊ အရာရှိများ၏ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုစွမ်းရည်များမြှင့်တင်ရေး၊ သုတေသနနှင့် ပညာရပ်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံကြား စစ်ဘက်ပညာရေးကဏ္ဍပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် အနာဂတ်တွင် ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကျောင်းသမိုင်းပြတိုက်ရှိ တက္ကသိုလ်၏ သမိုင်းကြောင်း၊ တည်ထောင်ခဲ့သည့် နောက်ခံအကြောင်းအရာများနှင့် ဖွံ့ဖြိုးတိုးတက်လာမှုအဆင့်ဆင့်ကို မှတ်တမ်းတင်ပြသထားသည့် ဓာတ်ပုံများ၊ သမိုင်းဝင်မှတ်တမ်းများနှင့် ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့်ပစ္စည်းများကို ကြည့်ရှုလေ့လာခဲ့သည်။

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာစာအုပ်၊ စာတမ်းများစုဆောင်းထိန်းသိမ်းထားရှိမှု၊ သင်ကြားသင်ယူရေးလုပ်ငန်းများတွင် အသုံးချဆောင်ရွက်နေမှုများကိုလည်း ကြည့်ရှုလေ့လာခဲ့သည်။
❤10👍3👏2
မြန်မာနိုင်ငံ၏ စွမ်းအင်၊ ဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍများတွင်ရင်းနှီးမြှုပ်နှံနိုင်မည့် အလားအလာများကို ဆွေးနွေး

မြန်မာနိုင်ငံ၏ စွမ်းအင်၊ ဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍများတွင်ရင်းနှီးမြှုပ်နှံနိုင်မည့် အလား အလာများကို ယူအေအီးနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်ကျော်မင်းကဆွေးနွေးပြောကြားခဲ့သည်။

မြန်မာသံအမတ်ကြီး၊ စီးပွားရေးသံမှူးနှင့်အတူ နိုဝင်ဘာ ၂ ရက်နံနက်ပိုင်းတွင်ကျင်းပသည့် (၄၂)ကြိမ်မြောက် အဘူဒါဘီ အပြည်ပြည်ဆိုင်ရာ ရေနံပြပွဲနှင့် ညီ လာခံ(ADIPEC ၂၀၂၆)၌ ခင်းကျင်းပြသထားသော ပြခန်းများကိုကြည့်ရှုလေ့လာခဲ့သည်။

ထိုသို့ ကြည့်ရှုလေ့လာပြီးနောက် အဘူဒါဘီကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ AD Ports Group၊  Shandong Kerui Petroleum & Gas Equipment Co., Ltd နှင့် Selnovix Co., Ltd တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ၊ ဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံနိုင်မည့်အလားအလာများကို ဆွေးနွေးပြောကြားခဲ့သည်။
❤9👏2👍1
ပေါင်မြို့နယ်တွင် ၂၀၂၆ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီအတွက် တောင်သူများကို ချေးငွေများထုတ်ချေးပေးမည်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှ တောင်သူများအား ၂၀၂၆ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီအတွက် ချေးငွေများထုတ်ချေးပေးသွားမည်ဖြစ်ရာ မြို့နယ်ချေးငွေအကြံပေးအဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၅ ရက်ကပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် ချေးငွေထုတ်ချေးမှုလုပ်ငန်းများမှန်ကန်စနစ်တကျဖြစ်စေရေးနှင့် အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်သည့်တောင်သူများ ချေးငွေရရှိစေရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အတူ မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း ချေးငွေထုတ်ချေးရာတွင် မှန်ကန်သည့် ပုံစံ(၇)ရှိသူများကိုသာထုတ်ချေးပေးရန်၊ ပုံစံ(၇)အတုများကို စိစစ်တွေ့ရှိပါက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း၍ပယ်ဖျက်ခြင်းနှင့် အရေးယူခြင်းလုပ်ငန်းများဆောင်ရွက်ရန်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် လယ်ယာမြေပေါ်တွင် နှစ်နှစ်ဆက်တိုက်စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိသည့် လယ်မြေများကို ပြန်လည်သိမ်းယူပြီး အမှန်တကယ်စိုက်ပျိုးလုပ်ကိုင်မည့် တောင်သူများအား ပုံစံ(၇)ပြန်လည်ထုတ်ပေးရန်၊ ချေးငွေများထုတ်ချေးပေးရာတွင် သက်ဆိုင်ရာမြေယာအထောက်အထားများကို သေချာစွာစိစစ်ပြီးမှသာထုတ်ချေးပေးရန်လည်း ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
❤6👍2👏1
ပေါ်တူဂီလက်ရွေးစင်အသင်းမှ ရော်နယ်ဒို အပြီးတိုင်အနားယူ

ပေါ်တူဂီအသင်း၏ ဂန္ထဝင်တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒို (Cristiano Ronaldo) သည် ၎င်း၏ သမိုင်းဝင် နိုင်ငံတကာ ကစားသမားဘဝကို အဆုံးသတ်ပြီး နိုင်ငံအသင်းမှ အပြီးတိုင် အနားယူပြီဖြစ်ကြောင်း ယမန်နေ့ (နိုဝင်ဘာ ၅ ရက်) က  Instagram ကနေ တရားဝင် ကြေညာချက်အရ သိရသည်။

အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်သည့် ရော်နယ်ဒိုသည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဗီဒီယိုသဝဏ်လွှာတစ်ခုကို တင်ရှိကာ နိုင်ငံအသင်း ပရိသတ်များကို နှုတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

“အမျိုးသားအသင်းရဲ့ ဂျာစီကို ပြန်လည်ပေးအပ်ရမယ့်နေ့ ရောက်လာပါပြီ။ ကာလပတ်လုံး ကမ္ဘာတစ်ဝန်းက ကွင်းတွေထဲမှာ မိခင်နိုင်ငံရဲ့ ဂျာစီကို ဝတ်ဆင်ခွင့်၊ ကာကွယ်ခွင့်ရခဲ့တာဟာ ကျွန်တော့်အတွက် ဂုဏ်ယူစရာ အကောင်းဆုံး တာဝန်တစ်ခု ဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အနာဂတ်မျိုးဆက်သစ်တွေဆီ လွှဲပြောင်းပေးရမယ့် အချိန်ရောက်ပါပြီ” ဟု လည်း ရော်နယ်ဒို က ပြောကြားထားသည်။

ပေါ်တူဂီအတွက် နောက်ဆုံးပွဲစဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်က ဝေလအသင်းကို ၁-ဝ ဖြင့် နိုင်ခဲ့သည့် နေးရှင်းလိဂ်ပွဲစဉ် ဖြစ်ခဲ့သည်။

ရော်နယ်ဒိုသည် ၂၀၀၃ ခုနှစ်မှစတင်ကာ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၂၃၄ ပွဲ ကစားကာ ၁၄၆ ဂိုး သွင်းယူပေးခဲ့ပြီး အမျိုးသားဘောလုံးလောကတွင် ကမ္ဘာ့ပွဲထွက်အများဆုံးနှင့် သွင်းဂိုးအများဆုံး စံချိန်ရှင်အဖြစ် သမိုင်းစိုက်ထူနိုင်ခဲ့သည်။

ပေါ်တူဂီအသင်းကို ယူရို ၂၀၁၆ ချန်ပီယံဆုနှင့် ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ဖလားများ ရရှိအောင် အသင်းခေါင်းဆောင်အဖြစ် ဦးဆောင်ပေးခဲ့သူ ဖြစ်သည်။

နိုင်ငံတကာ ကစားသမားဘဝ (နိုင်ငံအသင်း) မှသာ အနားယူခဲ့သော်လည်း ရော်နယ်ဒိုသည် ကလပ်အသင်းအဆင့်တွင်မူ ကစားသမားဘဝ သွင်းဂိုး ၁,၀၀၀ ပြည့်မြောက်ရန်အတွက် ဆော်ဒီကလပ် အယ်လ်နာဆာ (Al-Nassr) အသင်း၌ ဆက်လက်ကစားသွားမည် ဖြစ်သည်။ ၎င်းသည် လက်ရှိတွင် ကစားသမားဘဝ သွင်းဂိုး ၉၈၅ ဂိုးအထိ သွင်းယူထားနိုင်ပြီ ဖြစ်သည်။
❤19👏4👍3
Media is too big
VIEW IN TELEGRAM
အာကာသဆိုင်ရာပြိုင်ပွဲကို ကလေးတွေအပြင် မိဘနဲ့ ဆရာ/မတွေပါ စိတ်ဝင်စားပြီး အင်တိုက်အားတိုက်ပါဝင်ကြတယ် - ကျောင်းအုပ်ကြီး ဒေါ်အေးအေးငြိမ်း

“ကျွန်မတို့‌ကျောင်းမှာ ကျောင်းတွင်းအဆင့်အ‌နေနဲ့ အ‌ယောက် ၁၂၀ ပါဝင်ယှဉ်ပြိုင်ကြပါတယ်။ ဖိုင်နယ်မှာတော့ မူလတန်းနဲ့အလယ်တန်းမှာ ၅ ဦးစီဖြစ်ပြီး အထက်တန်းမှာ ၁၁ ဦးနဲ့ အားလုံး‌‌ပေါင်း ၂၁ ဦး ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။

မိဘတွေကလည်း အင်မတန်စိတ်ဝင်စားကြပါတယ်။ ကလေးတွေပြိုင်ပွဲလာနိုင်အောင်၊ တချို့ကလေးတွေဆို ဆေးပစ္စည်းတွေထပ်ဝယ်ဖို့ မတတ်နိုင်တာမျိုးဆို ကျောင်းကပံ့ပိုးကူညီပေးပြီး ဆရာ/မတွေကလည်း တက်ကြွစွာဆောင်ရွက်ပါတယ်။ ကလေးတွေမှာလည်း အာကာသနဲ့ပတ်သက်တဲ့ အသိပညာ၊ အတွေးအခေါ်နဲ့ ဉာဏ်ပညာပိုင်းဆိုင်ရာတွေတိုးတတ်လာပြီး၊ ကလေးတွေစိတ်ထဲ မျိုးချစ်စိတ်ရှင်သန်လာအောင် ပန်းချီ၊ ကာတွန်း၊ ပိုစတာတွေမှာ ခံစား‌ရေးဆွဲတတ်အောင် ပူးပေါင်းဆောင်ရွက်‌ပေးပါတယ်” ကျောင်းအုပ်ကြီး ဒေါ်အေးအေးငြိမ်း (အမှတ် (၁၈) အခြေခံပညာအထက်တန်းကျောင်း၊ ဒက္ခိဏသီရိမြို့နယ်၊ လယ်ဝေးခရိုင်၊ နေပြည်တော်)
👍5❤3🥰1👏1🎉1
ဓာတ်ဆီဈေး ကျပြီး ဒီဇယ်ဈေး ပြန်တက်

ရန်ကုန်၊ နိုဝင်ဘာ ၆

ရန်ကုန်မြို့တွင် နိုဝင်ဘာ ၆ ရက်နေ့၌ ဓာတ်ဆီဈေးနှုန်းများ အနည်းငယ် ပြန်ကျသွားပြီး ဒီဇယ်ဆီဈေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ရည်ညွှန်းလက်လီဈေးနှုန်းများအရ သိရသည်။

ယနေ့တွင် ရန်ကုန်မြို့၌ ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ကျပ် ၄,၅၃၀၊ 95 Ron တစ်လီတာလျှင် ကျပ် ၄,၅၅၀၊ ဒီဇယ်တစ်လီတာလျှင် ကျပ် ၄,၅၅၅ နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ကျပ် ၅,၅၂၀ ဖြစ်သည်။ အဆိုပါစျေးနှုန်းများသည် နိုဝင်ဘာ ၁၂ ရက်အထိ အကျုံးဝင်မည်ဖြစ်သည်။

ယခင်အပတ်စျေးနှုန်းများဖြင့် နှိုင်းယှဉ်ပါက ဓာတ်ဆီ 92 Ron တစ်လီတာလျှင် ၁၀ ကျပ်၊ 95 Ron တစ်လီတာလျှင် ကျပ် ၄၀ ကျပ် ဈေးကျဆင်းခဲ့သည်။ထို့အတူ ဒီဇယ် (HSD 500 ppm)နှင့် ပရီမီယံဒီဇယ် (HSD 50 ppm/10 ppm) တစ်လီတာလျှင် နှစ်မျိုးစလုံး ၄၀ ကျပ်စီ ဈေးမြင့်တက်ခဲ့သည်။

မန္တလေးမြို့တွင် ဓာတ်ဆီ 92 Ron တစ်လီတာ ကျပ် ၄,၆၈၅၊ 95 Ron ကျပ် ၄,၇၀၅၊ ဒီဇယ် ကျပ် ၄,၇၀၅ နှင့် ပရီမီယံဒီဇယ် ကျပ် ၅,၆၇၅ ဖြင့် ရောင်းချရန် ရည်ညွှန်းဈေး သတ်မှတ်ထားသည်။
❤8👏5😢3👍1