PRF - People Revolution Supply Family
1.14K subscribers
882 photos
160 videos
488 links
ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF
Download Telegram
PRF - People Revolution Supply Family
Photo
ကျွန်တော်တို့ လူငယ်တွေ တည်ဆောက်ပေးချင်ခဲ့တဲ့ နိုင်ငံတော်ဟာ အေးချမ်းသာယာတဲ့ နိုင်ငံတခုပါ။

အခုလို သဘာဝဘေးအန္တရာယ်တွေ နဖူးတွေ့ဒူးတွေ့ ကြုံလာမယ့် အချိန်မှာ
- အထိခိုက်အနည်းဆုံး ဖြစ်အောင် ကြိုတင်ပြင်ဆင်မှုရှိတဲ့ နိုင်ငံ
- အဆောက်အဦး Infrastructure တွေကို စိတ်ချရတဲ့ နိုင်ငံ
- သဘာဝဘေးအန္တရာယ်ကြုံရတဲ့အချိန် အရေးပေါ်ကူညီကယ်ဆယ်ရေးတွေ ပြည့်စုံတဲ့ နိုင်ငံ

အခုတော့ ဒီလိုနိုင်ငံကို တူတူတည်ဆောက်ပေးချင်ခဲ့တဲ့၊ အရင်ကဆို ဒီအချိန်ရှေ့ဆုံးမှာ မားမားမတ်မတ်ရှိနေကြမယ့် လူငယ်ထုဟာ နိုင်ငံအတွင်း နေထိုင်ခွင့် မရကြတော့ဘူး။

တချို့က တောထဲမှာ၊ တချို့က ထောင်ထဲမှာ၊ တချို့က မြေကြီးအောက်မှာ၊ တချို့က ပြည်ပမှာ ၊ စစ်မှုထမ်းဥပ‌‌ဒေကြောင့် ရှောင်ရ ပြေးရနဲ့ တောင်မင်းကို မြောက်မင်း မကယ်နိုင်တဲ့ အမှောင်ထုကို ဖြတ်သန်းနေရတဲ့ ကာလပါပဲ။

အားလုံး သတိရှိစွာ၊ ကြံ့ခိုင်စွာနဲ့ သဘာဝဘေးကို ကြိုးစားဖြတ်ကျော်ရင်း ဘေးအန္တရာယ်ကင်းစေဖို့ လေးလေးနက်နက် ဆုတောင်းပါတယ်။

လာပါ... ငါတို့ အတူတူရုန်းမယ်။

#staystrong
#prf4pdf
#earthquakemyanmar
#Earthquake
🫡24❤15👍7
PRF - People Revolution Supply Family
Photo
* သစ္စာအဓိဌာန်နဲ့ ညီတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် *

လူတွေက ပြောကြတယ်… ရန်သူဟာ ရန်သူ ပီသတယ်တဲ့… မှန်ပါတယ် ကျွန်တော်တို့ဟာလည်း ကျွန်တော်တို့ ပီသရပါမယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲ့ သစ္စာအဓိဌာန် (၄) ချက်မှာ "ငါတို့သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါမည်။” ဆိုတဲ့အချက် ပါဝင်ပါတယ်။

အခုလို ဆိုးဝါးလှတဲ့ ငလျင်ဘေးဒဏ်ကို ကြုံတွေ့နေရတဲ့ မိဘပြည်သူတွေကို ကူညီကယ်ဆယ်နိုင်ဖို့၊ ကာကွယ်စောင့်ရှောက်နိုင်ဖို့ဟာ PDF တပ်မတော်အတွက် အရေးကြီးတဲ့အချက် ဦးစားပေးရတဲ့ အချက်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် PDF တပ်မတော်တွေ ပကဖတွေဆိုတာဟာ ပြည်သူကို ကာကွယ်ဖို့ ပြည်သူထဲကပဲ မွေးဖွားလာတာ ဖြစ်လို့ပါ။

ဒါကြောင့်လည်း လက်ရှိမှာ ဒေသအလိုက် ကူညီကယ်ဆယ်ရေးတွေမှာ တက်နိုင်တဲ့နေရာကနေ ချက်ချင်းပါဝင်နေကြပြီ ဖြစ်ပါတယ်။ ထပ်ပြီးလည်း အစွမ်းကုန်တက်နိုင်သမျှ အရေးပေါ်ကူညီကယ်ဆယ်ဖို့ နည်းလမ်းအစုံနဲ့ ကြိုးစားသွားကြဦးမှာ ဖြစ်ပါတယ်။

လာပါ ငါတို့အတူတူရုန်းမယ်

#Earthquake
#Myanmarearthquake
#PRF4PDF
❤36🫡6👍3
PRF - People Revolution Supply Family
Photo
💱 Currency Exchange Rates April 2025 💱

၂၀၂၅ ခုနှစ် ဧပြီလအတွက် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ အတည်ပြုထားတဲ့ နိုင်ငံအလိုက်ငွေလဲနှုန်းထားများကို ဖော်ပြလိုက်ပါတယ်။ ပြည်သူ့တော်လှန်ရေး ထောက်ပို့တပ်သားများအနေနဲ့ မိမိတို့ ထည့်ဝင်လိုသည့်ပမာဏကို ထိုငွေလဲနှုန်းထားများအတိုင်း မိမိတို့၏ Fundraiser ထံသို့ ဆက်သွယ်တာဝန်ထမ်းဆောင်နိုင်ပါတယ်။

ထောက်ပို့တပ်သား မဖြစ်သေးပါက မိမိတို့ ရောက်ရှိရာဒေသမှ နီးစပ်ရာ Fundraiser များနဲ့ ဆက်သွယ်ပြီး ပါဝင်အားဖြည့်နိုင်ပါတယ်။

ပြည်သူ့တော်လှန်‌ရေး မုချ အောင်ရမည်။

It’s not an option. It’s “Duty”
Report your duty !

တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။

အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု
#PeoplesRevolutionSupplyFamily
#ထောက်ပို့PRF
❤33👍3