PRF - People Revolution Supply Family
1.14K subscribers
882 photos
160 videos
488 links
ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF
Download Telegram
PRF - People Revolution Supply Family
Photo
"ကယ်ဆယ်သူအဆင့်မှ ကြိုတင်ကာကွယ်သူအဆင့်သို့”

နိုင်ငံတဝှမ်းရေဘေးနဲ့ ကြုံတွေ့ရတဲ့အချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်သားတွေဟာ ရေဘေးကူညီကယ်ဆယ်ရေးတွေကို နေရာအနှံ့အပြားမှာ လုပ်ဆောင်နေကြတာ အားလုံးတွေ့မြင်ပြီး ဖြစ်ပါတယ်။

တကယ်လို့သာ စစ်တပ်အာဏာသိမ်းဖို့ မကြိုးပမ်းခဲ့ဘူးဆိုရင် ဒီရဲဘော်တွေဟာ မိမိရပ်ရွာမှာ ရေဘေးကယ်ဆယ်ရေးကို စွမ်းစွမ်းတမံ ကူနေကြမယ့် အရပ်သားတွေလည်း ဖြစ်နေမှာ အမှန်ပါပဲ။

အခုတော့ စစ်တပ် အာဏာရူးတဲ့အချိန် နဲ့ သဘာဝဘေးအန္တရာယ်ကြုံရတဲ့အချိန်ဟာ တိုက်ဆိုင်လာတော့ နိုင်ငံ့ရင်သွေးတွေဟာ သေနတ်တွေလွယ်လို့ ရေဘေးကယ်ဆယ်ရပါတော့တယ်။ နောင်တချိန်မှာ ဒီရဲဘော်တွေဟာ "သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်သူအဆင့်ကနေ ကြိုတင်ကာကွယ်နိုင်သူတွေအဆင့်ထိ” နိုင်ငံ့အရေးမှာ ပါဝင်လာကြမယ်လို့ ယုံကြည်ပါတယ်။

ဒီလိုကိုယ်ကျိုးစွန့်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေအတွက် နောက်တန်းကနေ တာဝန်ထမ်းဆောင်ရတဲ့ PRF ထောက်ပို့တပ်သားတွေအနေနဲ့လည်း အမြဲဂုဏ်ယူနေရမှာဖြစ်ကြောင်း အသိပေးရင်း တပ်ရင်းတပ်ဖွဲ့အသီးသီးအလိုက် ရေဘေးကူညီနေတဲ့ ပုံရိပ်အချို့ကို ဖော်ပြလိုက်ပါတယ်။

လာပါ…ငါတို့ အတူတူရုန်းမယ်

It’s not an option.It is "Duty”
Report your duty !
လာပါ... ငါတို့ အတူတူရုန်းမယ်။

ထောက်ပို့တပ်သားအဖြစ် ဝင်ရောက်ရန် -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု
#PeoplesRevolutionSupplyFamily
#ထောက်ပို့PRF
❤34
PRF - People Revolution Supply Family
Video
• ခင်ဗျားမှာ PRF ထောက်ပို့တပ်ဖွဲ့ဝင် ကိုယ်ပိုင်အမှတ်ရှိလား? •

PDF ရဲဘော်တွေရဲ့ မေးခွန်းကို ငါတို့တွေ ဂုဏ်ယူဝင့်ကြွားစွာနဲ့ "ရှိတယ်” လို့ ပြန်ဖြေနိုင်ဖို့ ကြိုးစားလိုက်ကြရအောင်

ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တရားဝင် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF မှာ ထောက်ပို့တပ်သား တယောက်အနေနဲ့ တာ၀န်ထမ်းဆောင်ရင်း တော်လှန်ရေးမှာ သင်ကိုယ်တိုင် ပါ၀င် တာ၀န်ယူနိုင်ပါပြီ။

ပြည်သူ့ကာကွယ်‌ရေးတပ်သား PDF တွေရဲ့ နောက်ကျောဘက်မှာ အတူတွဲပြီး လစဉ် ထောက်ပို့တာဝန်ယူမယ့်သူ ဘယ်နှယောက်ရှိမလဲ?

လာပါ... ငါတို့ အတူတူရုန်းမယ်။
ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အခုဆို Credit Card, Debit Card တွေ အသုံးပြုပြီးလည်း လစဉ် အလွယ်တကူ တာဝန်ထမ်းဆောင်လို့ရပါပြီ။

It’s not an option. It’s “Duty”
Report your duty !

တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။
အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု
#PeoplesRevolutionSupplyFamily
#ထောက်ပို့PRF
👍28❤14
PRF - People Revolution Supply Family
Photo
"ဒီကာလအတွက် အကိုက်ညီဆုံး သီချင်းတပုဒ်"

တော်လှန်ရေးဆိုတာ ချစ်ခြင်းမေတ္တာပေါ် အခြေခံတယ်ဆိုတဲ့ စကားက ဒီကာလမှာ ပိုပြီး အသက်ဝင်ပါတယ်။

အခက်ခဲဆုံးအချိန်မှာ တယောက်နဲ့တယောက် ဖေးမကူညီနေတယ်ဆိုတာ ကိုယ်တိုင်မှာ အဆင်ပြေ ပြည့်စုံနေလို့ မဟုတ်ပါဘူး။

ဒါပေမယ့် မင်းအတွက် ငါရှိတယ်။ ငါ့အတွက်လည်း မင်းရှိတယ်။ ငါတို့ နိုင်ငံအတွက် ငါတို့ရှိတယ်။ ဆိုတဲ့ စိတ်ဓာတ်နဲ့ လက်ချင်းတွဲထားကြတာ ဖြစ်ပါတယ်။

ဒီလိုအဓိပ္ပါယ်တွေနဲ့ "လာပါ အတူတူရုန်းမယ်" ဆိုတဲ့ PRF ရဲ့ သီချင်းတပုဒ်ကို မနက်ဖြန် တနင်္ဂနွေနေ့ 22 September 2024 မှာ ထုတ်လွှင့်သွားပါမယ်။

ဒီသီချင်းကို
🔺 တေးရေး - Mon Aung
🔺 တေး‌ဆို - Sanay Kyaw, Oscar , Deborah , Christopher, Bo Bo တို့က ဖန်တီး ထုတ်လုပ်ထားပါတယ်။

လာပါ... အတူတူရုန်းမယ်

Stay Tuned !

#PRF4PDF
#လာပါအတူတူရုန်းမယ်
❤37👏3👍1