PRF - People Revolution Supply Family
1.14K subscribers
877 photos
160 videos
487 links
ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF
Download Telegram
PRF - People Revolution Supply Family
Photo
July 15 ရက်နေ့ထိ ပျက်ကွက်မှုမရှိ ထောက်ပို့တပ်သား အင်အား

PRF စတင်ချိန်ကတည်းက ခုထိ ၃နှစ်ခွဲကျော်ကာလမှာ ထောက်ပို့တာဝန်ကို လုံးဝပျက်ကွက်မှုမရှိ လတိုင်း ပါဝင်ထမ်းဆောင်နေတဲ့ တပ်သား ၉၄၁ ယောက်ရှိပါတယ်။ ဒါဟာ July လ ၁၅ ရက်နေ့အထိ စာရင်းဖြစ်လို့ ထပ်ပြီးလည်း ရှိနိုင်ပါသေးတယ်။ အလားတူ (၂) နှစ်ဆက်တိုက် ပျက်ကွက်မှုမရှိ၊ (၁) နှစ်ဆက်တိုက် ပျက်ကွက်မှုမရှိ တပ်သားတွေရဲ့ စာရင်းကိုလည်း ဖော်ပြလိုက်ပါတယ်။

ဒီလို ပျက်ကွက်မှုမရှိ တဲ့ ထောက်ပို့တပ်သားတွေကို ဂုဏ်ပြုချီးမြှင့်ပေးမယ့် ဂုဏ်ပြုလက်ဆောင်တွေကိုလည်း အသေးစိတ် ပူးတွဲဖော်ပြထားပါတယ်။

PRF တပ်သားတွေထဲမှာ တကိုယ်ရေစာ အဆင်ပြေကြသူတွေရှိသလို အဆင်မပြေကြသူတွေ အများကြီးပါ။ ဒီလိုကနေ ပျက်ကွက်မှုမရှိ ပါဝင်ဖို့ဆိုတာ စိတ်ဆုံးဖြတ်ချက် အင်မတန်ကို ခိုင်မာမှ ရနိုင်တာမျိုးပါ။ ဒါ့ကြောင့်လည်း “ငုံ့မခံဘူး၊ နောက်မဆုတ်ဘူး ၊ ပျက်ကွက်မှုမရှိဘူး။” ဆိုတဲ့ စိတ်ပြတ်သားမှုကို တခုတ်တရ ဂုဏ်ပြုပေးလိုတာကြောင့် ဒီကမ်ပိန်းကို ပြုလုပ်ရခြင်းပဲ ဖြစ်ပါတယ်။

လာပါ… ငါတို့ အတူတူ ရုန်းမယ်။

သင့်ရဲ့ ထောက်ပို့ တာဝန် ပျက်ကွက်မှုမရှိစေနဲ့ ။
PDF ရှိရင် PRF ရှိမယ်။

ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

It’s not an option. It’s “Duty”
Report your duty !

တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။
အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#ပျက်ကွက်မှုမရှိ
#ငုံ့မခံဘူး၊နောက်မဆုတ်ဘူး၊ပျက်ကွက်မှုမရှိဘူး။
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#PeoplesRevolutionSupplyFamily
#ထောက်ပို့PRF
❤27
PRF - People Revolution Supply Family
Photo
"တနိုင်ငံလုံး PDF ၊ တကမ္ဘာလုံး PRF"

နည်းပညာခေတ် တော်လှန်ရေးရဲ့ အားသာချက်ကတော့ ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာပဲ ရှိနေနေ အာဏာရှင်ကို ဆန့်ကျင်တဲ့နေရာမှာ အကျိုးရှိရှိ ပါဝင်နေနိုင်တာပါပဲ။ တော်လှန်စိတ်တခုရှိဖို့ပဲ အရေးကြီးပါတယ်။

ဘယ်နိုင်ငံက ထောက်ပို့တပ်သားတွေက ပျက်ကွက်မှုမရှိ တာဝန်ထမ်းဆောင်နေကြလဲ ကြည့်ရှုလို့ရပါပြီ။

July 15 ရက်နေ့ထိ နိုင်ငံအလိုက် ပျက်ကွက်မှုမရှိ ထောက်ပို့အင်အားအနှစ်ချုပ်ကို ဖော်ပြပေးလိုက်ပါတယ်။

ပျက်ကွက်မှုမရှိ ထောက်ပို့တာဝန်ထမ်းဆောင်ဖို့ ကမ်ပိန်းကာလ ဒီနေ့နဲ့ မနက်ဖြန် ၂ ရက်ပဲ ကျန်ရှိပါတော့တယ်နော်။

လာပါ… ငါတို့ အတူတူ ရုန်းမယ်။

သင့်ရဲ့ ထောက်ပို့ တာဝန် ပျက်ကွက်မှုမရှိစေနဲ့ ။
PDF ရှိရင် PRF ရှိမယ်။

ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

It’s not an option. It’s “Duty”
Report your duty !

တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။
အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#ပျက်ကွက်မှုမရှိ
#ငုံ့မခံဘူး၊နောက်မဆုတ်ဘူး၊ပျက်ကွက်မှုမရှိဘူး။
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#PeoplesRevolutionSupplyFamily
#ထောက်ပို့PRF
👍19❤12
PRF - People Revolution Supply Family
Photo
"နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်သော NUG တာဝန်ရှိသူများ၏ မြေပြင်ခရီးစဥ်ဆိုင်ရာ သတင်းထုတ်ပြန်ချက်”

၂၀၂၅ ဇူလိုင် ၃၀

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ တာဝန်ရှိသူများဟာ NUG ထိန်းချုပ်နယ်မြေများသို့ သွားရောက်ကာ ဒေသခံ ပြည်သူလူထုအပါအဝင် တော်လှန်ရေးရဲဘော်များနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်းကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

ဒီခရီးစဉ်ဟာ
- အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေများရဲ့ လုံခြုံရေး၊ အုပ်ချုပ်ရေး၊
- အခွန်ကောက်ခံရေး ယန္တရားများနဲ့ အနီးကပ်ထိတွေ့ပြီး တော်လှန်ရေး အောင်မြင်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရန်၊
- မြေပြင်မှာ ဦးဆောင်နေတဲ့ တာဝန်ခံများ၊ တော်လှန်ရေး ရဲဘော်ရဲဘက်များ နဲ့ ထိတွေ့၍ ယုံကြည်မှု၊ ခေါင်းဆောင်မှု၊ စနစ်ကျသည့် စီမံခန့်ခွဲမှုများ တည်ဆောက်သွားနိုင်ရန်
ရည်ရွယ်ချက်များဖြင့် သွားရောက်ခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ထိန်းချုပ်နယ်မြေအတွင်းမှာ ဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုများ၊ အခက်အခဲ ပြဿနာများကို သိရှိပြီး အဖြေ ရှာနိုင်ရန်၊ မြေပြင်မှာ တော်လှန်ရေးတာဝန် ထမ်းဆောင်နေကြတဲ့ တော်လှန်ရေး ရဲဘော်ရဲဘက်များနှင့် တွေ့ဆုံကာ တော်လှန်ရေးခွန်အားနှင့် တော်လှန်စိတ် စွမ်းရည်ကို မြှင့်တင်ပေးနိုင် ရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတအပါအဝင် အမျိုးသားညီညွတ်ရေး အစိုးရ တာဝန်ရှိသူများသည် မြေပြင်ပြည်သူလူထုနှင့် တသားတည်းရှိနေသည်ကို ပြည်သူလူထုထံ သတင်းစကားပါး၍ တော်လှန်ရေး စိတ်ခွန်အား ပိုမိုမြှင့်တင်နိုင်စေရန်လည်း ရည်ရွယ်ပါတယ်။

ထိန်းချုပ်နယ်မြေများသို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ဒေသခံလူထုအပါအဝင် မြို့နယ်/ခရိုင် အလိုက် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံများ၊ မြို့နယ်/ခရိုင်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံများ၊ ခရိုင်အလိုက် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်းမှူးများ၊ စစ်ဒေသရုံးမှ စစ်ဒေသမှူးနှင့် ရုံးအဖွဲ့များ၊ မြို့နေ ရပ်မိရပ်ဖများ၊ သံဃာတော်များနှင့် တွေ့ဆုံခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလသည် ခရီးစဉ်အတွင်း စစ်ဘေးရှောင် ပြည်သူလူထုနှင့် တွေ့ဆုံ၍ ပြည်သူလူထု ကြုံတွေ့ခံစားနေရသည့် အခက်အခဲများကို အလေး အနက်ထား နားထောင်ခဲ့ပြီး စိတ်ဓာတ်ခွန်အား ဝေမျှခြင်းနှင့် စစ်ဘေးရှောင် ပြည်သူလူထုအတွက် ကူညီလှူဒါန်းမှုများ လုပ်ဆောင်ခဲ့ပါတယ်။

ခရီးစဥ်တွင် နိုင်ငံတော် ယာယီသမ္မတနှင့်အတူ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပညာရေးနှင့် ကျန်းမာ ရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ ကျန်းမာရေး ဒုတိယဝန်ကြီး ဒေါက်တာခင်မောင်လွင်၊ နိုင်ငံတော်သမ္မတရုံး အတွင်းဝန် ဦးဘရန်း၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးကွမ်မင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အတွင်းဝန် ဒေါ်နော်ထီးခူနှင့် ရုံးအဖွဲ့သား များ ပါဝင်ခဲ့ပါတယ်။

ခရီးစဥ်တလျှောက် အစိုးရအဖွဲ့ဝင်များနှင့်အတူ အမှတ် (၁) စစ်ဒေသမှူးလည်း ပါဝင်ခဲ့ပြီး အစိုးရ တာဝန် ရှိသူများ၏ လုံခြုံရေးကို အမှတ် (၁) စစ်ဒေသမှ အထူး တာဝန်ယူ ကြီးကြပ်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရှိရပါတယ်။

ဒီထုတ်ပြန်ချက်ဟာ "လာပါ... ငါတို့ အတူတူရုန်းမယ်" ဆိုတဲ့ PRF ရဲ့ ဆောင်ပုဒ်အတိုင်း... အစိုးရတရပ်ရဲ့ လုပ်ဆောင်ချက်တွေကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

ဆက်ပြီး ရုန်းကြပါစို့။

အရေးတော်ပုံအောင်ရမည်။

#PRF4PDF
❤26