PRF - People Revolution Supply Family
1.14K subscribers
876 photos
160 videos
486 links
ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF
Download Telegram
PRF - People Revolution Supply Family
Photo
"နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်သော NUG တာဝန်ရှိသူများ၏ မြေပြင်ခရီးစဥ်ဆိုင်ရာ သတင်းထုတ်ပြန်ချက်”

၂၀၂၅ ဇူလိုင် ၃၀

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်တဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ တာဝန်ရှိသူများဟာ NUG ထိန်းချုပ်နယ်မြေများသို့ သွားရောက်ကာ ဒေသခံ ပြည်သူလူထုအပါအဝင် တော်လှန်ရေးရဲဘော်များနဲ့ တွေ့ဆုံခဲ့တဲ့အကြောင်းကို ပြန်လည် ဖော်ပြလိုက်ပါတယ်။

ဒီခရီးစဉ်ဟာ
- အမျိုးသားညီညွတ်ရေးအစိုးရ ထိန်းချုပ်နယ်မြေများရဲ့ လုံခြုံရေး၊ အုပ်ချုပ်ရေး၊
- အခွန်ကောက်ခံရေး ယန္တရားများနဲ့ အနီးကပ်ထိတွေ့ပြီး တော်လှန်ရေး အောင်မြင်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရန်၊
- မြေပြင်မှာ ဦးဆောင်နေတဲ့ တာဝန်ခံများ၊ တော်လှန်ရေး ရဲဘော်ရဲဘက်များ နဲ့ ထိတွေ့၍ ယုံကြည်မှု၊ ခေါင်းဆောင်မှု၊ စနစ်ကျသည့် စီမံခန့်ခွဲမှုများ တည်ဆောက်သွားနိုင်ရန်
ရည်ရွယ်ချက်များဖြင့် သွားရောက်ခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ထိန်းချုပ်နယ်မြေအတွင်းမှာ ဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုများ၊ အခက်အခဲ ပြဿနာများကို သိရှိပြီး အဖြေ ရှာနိုင်ရန်၊ မြေပြင်မှာ တော်လှန်ရေးတာဝန် ထမ်းဆောင်နေကြတဲ့ တော်လှန်ရေး ရဲဘော်ရဲဘက်များနှင့် တွေ့ဆုံကာ တော်လှန်ရေးခွန်အားနှင့် တော်လှန်စိတ် စွမ်းရည်ကို မြှင့်တင်ပေးနိုင် ရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတအပါအဝင် အမျိုးသားညီညွတ်ရေး အစိုးရ တာဝန်ရှိသူများသည် မြေပြင်ပြည်သူလူထုနှင့် တသားတည်းရှိနေသည်ကို ပြည်သူလူထုထံ သတင်းစကားပါး၍ တော်လှန်ရေး စိတ်ခွန်အား ပိုမိုမြှင့်တင်နိုင်စေရန်လည်း ရည်ရွယ်ပါတယ်။

ထိန်းချုပ်နယ်မြေများသို့ သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ဒေသခံလူထုအပါအဝင် မြို့နယ်/ခရိုင် အလိုက် ပြည်သူ့အုပ်ချုပ်ရေး တာဝန်ခံများ၊ မြို့နယ်/ခရိုင်အလိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံများ၊ ခရိုင်အလိုက် ပြည်သူ့ ကာကွယ်ရေးတပ်မတော် တပ်ရင်းမှူးများ၊ စစ်ဒေသရုံးမှ စစ်ဒေသမှူးနှင့် ရုံးအဖွဲ့များ၊ မြို့နေ ရပ်မိရပ်ဖများ၊ သံဃာတော်များနှင့် တွေ့ဆုံခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလသည် ခရီးစဉ်အတွင်း စစ်ဘေးရှောင် ပြည်သူလူထုနှင့် တွေ့ဆုံ၍ ပြည်သူလူထု ကြုံတွေ့ခံစားနေရသည့် အခက်အခဲများကို အလေး အနက်ထား နားထောင်ခဲ့ပြီး စိတ်ဓာတ်ခွန်အား ဝေမျှခြင်းနှင့် စစ်ဘေးရှောင် ပြည်သူလူထုအတွက် ကူညီလှူဒါန်းမှုများ လုပ်ဆောင်ခဲ့ပါတယ်။

ခရီးစဥ်တွင် နိုင်ငံတော် ယာယီသမ္မတနှင့်အတူ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပညာရေးနှင့် ကျန်းမာ ရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်၊ ကျန်းမာရေး ဒုတိယဝန်ကြီး ဒေါက်တာခင်မောင်လွင်၊ နိုင်ငံတော်သမ္မတရုံး အတွင်းဝန် ဦးဘရန်း၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးကွမ်မင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အတွင်းဝန် ဒေါ်နော်ထီးခူနှင့် ရုံးအဖွဲ့သား များ ပါဝင်ခဲ့ပါတယ်။

ခရီးစဥ်တလျှောက် အစိုးရအဖွဲ့ဝင်များနှင့်အတူ အမှတ် (၁) စစ်ဒေသမှူးလည်း ပါဝင်ခဲ့ပြီး အစိုးရ တာဝန် ရှိသူများ၏ လုံခြုံရေးကို အမှတ် (၁) စစ်ဒေသမှ အထူး တာဝန်ယူ ကြီးကြပ်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရှိရပါတယ်။

ဒီထုတ်ပြန်ချက်ဟာ "လာပါ... ငါတို့ အတူတူရုန်းမယ်" ဆိုတဲ့ PRF ရဲ့ ဆောင်ပုဒ်အတိုင်း... အစိုးရတရပ်ရဲ့ လုပ်ဆောင်ချက်တွေကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

ဆက်ပြီး ရုန်းကြပါစို့။

အရေးတော်ပုံအောင်ရမည်။

#PRF4PDF
❤26
PRF - People Revolution Supply Family
Photo
“ July 15 ရက်နေ့အထိ ပျက်ကွက်မှုမရှိ တပ်သားအများဆုံး စုဆောင်းထားကြသော Top 20 Fundraiser များ "

ထောက်ပို့တပ်သားတွေ ပျက်ကွက်မှုမရှိတာဝန်ထမ်းဆောင်နိုင်ဖို့ ထောက်ပို့တပ်သားစုဆောင်းရေးမှူး Fundraiser များရဲ့ ကြိုးစားအားထုတ်မှုတွေဟာလည်း ချီးကျုးဂုဏ်ပြုဖွယ်ပဲ ဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်သားတွေကို ထောက်ပို့နိုင်ဖို့အတွက် အဆင့်ဆင့် ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်များထဲမှာ ပြည်တွင်းပြည်ပ Fundraiser များရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလှပါတယ်။ ဒီတာဝန်ကို ပါဝင်ထမ်းဆောင်ပေးကြတဲ့ Fundraiser များ အားလုံးကို လေးစားဂုဏ်ပြုအပ်ပါတယ်။

July 15 ရက်နေ့အထိ ပျက်ကွက်မှုမရှိ တပ်သားအများဆုံး စုဆောင်းပေးခဲ့ကြသော Top 20 Fundraiser များ ကို ဖော်ပြလိုက်ပါတယ်ခင်ဗျာ။

ပြည်တွင်းကဖြစ်စေ၊ ပြည်ပကဖြစ်စေ ပြည်သူ့ကာကွယ်ရေးတပ်သား PDF တွေနဲ့ ကျောချင်းကပ် ခွန်အားဖြည့်ရင်း ဒီတော်လှန်ရေးမှာ ထောက်ပို့တပ်သားအနေနဲ့ ပါဝင်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

It’s not an option.It is "Duty”
Report your duty !

လာပါ... ငါတို့ အတူတူရုန်းမယ်။

ပျက်ကွက်မှုမရှိကမ်ပိန်းအတွက် တာဝန်ထမ်းဆောင်ဖို့ ဒီနေ့နဲ့ မနက်ဖြန်ပဲ အချိန်ရှိတော့တာကြောင့် တာဝန်ထမ်းဆောင်နိုင်ဖို့ သတိပေးပါရစေခင်ဗျာ။

ထောက်ပို့တပ်သားအဖြစ် ဝင်ရောက်ရန် -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု
#PeoplesRevolutionSupplyFamily
#ထောက်ပို့PRF
❤27
PRF - People Revolution Supply Family
Photo
💱 Currency Exchange Rates August 2025 💱

၂၀၂၅ ခုနှစ် ဩဂုတ်လအတွက် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ အတည်ပြုထားတဲ့ နိုင်ငံအလိုက်ငွေလဲနှုန်းထားများကို ဖော်ပြလိုက်ပါတယ်။ ပြည်သူ့တော်လှန်ရေး ထောက်ပို့တပ်သားများအနေနဲ့ မိမိတို့ ထည့်ဝင်လိုသည့်ပမာဏကို ထိုငွေလဲနှုန်းထားများအတိုင်း မိမိတို့၏ Fundraiser ထံသို့ ဆက်သွယ်တာဝန်ထမ်းဆောင်နိုင်ပါတယ်။

ထောက်ပို့တပ်သား မဖြစ်သေးပါက မိမိတို့ ရောက်ရှိရာဒေသမှ နီးစပ်ရာ Fundraiser များနဲ့ ဆက်သွယ်ပြီး ပါဝင်အားဖြည့်နိုင်ပါတယ်။

ပြည်သူ့တော်လှန်‌ရေး မုချ အောင်ရမည်။

It’s not an option. It’s “Duty”
Report your duty !

တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။

အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု
#PeoplesRevolutionSupplyFamily
#ထောက်ပို့PRF
❤29
“ ပျက်ကွက်မှုမရှိ ထောက်ပို့တပ်သားအင်အား “

ဇွန်လ ၂၁ ရက်နေ့ကနေ ဇူလိုင်လ ၃၁ ရက်နေ့ထိ ပြုလုပ်ခဲ့တဲ့ "ပျက်ကွက်မှုမရှိ" အစီအစဉ်ကတော့ ပြီးဆုံးခဲ့ပါပြီ။

ပြည်သူ့ကာကွယ်ရေးတပ်သားတွေရဲ့ နောက်မှာ မားမားမတ်မတ်ရပ်တည်ရင်း တစိုက်မတ်မတ် ပါဝင်‌နေကြတဲ့ ထောက်ပို့တပ်သား တဉီးတယောက်ချင်းစီကို ဂုဏ်ပြုဦးညွတ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးထောက်ပို့တပ် - PRF စတင်ချိန်ကတည်းကနေ (၄၃) လတာ ကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ "ပျက်ကွက်မှုမရှိ" ထောက်ပို့တပ်သားအင်အားကတော့

🔺 လုံးဝပျက်ကွက်မှုမရှိ တပ်သား - ၁,၁၈၁ ဦး

🔺 (၂)နှစ် ဆက်တိုက် ပျက်ကွက်မှုမရှိ တပ်သား - ၄,၁၆၈ ဦး

🔺 (၁)နှစ် ဆက်တိုက် ပျက်ကွက်မှုမရှိ တပ်သား - ၁၂,၀၄၇ ဦး တို့ အသီးသီးဖြစ်ပါတယ်။

သိပ်မကြာခင်မှာပဲ ဒီထောက်ပို့တပ်သားတွေကို ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခြင်း အစီအစဉ်လည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

"ငုံ့မခံဘူး၊နောက်မဆုတ်ဘူး၊ပျက်ကွက်မှုမရှိဘူး။" ဆိုတဲ့ စိတ်ဓာတ်နဲ့ တော်လှန်ပြည်သူတွေကို ဂုဏ်ပြုလေးစားပါတယ်။ ဒီလိုပြည်သူတွေကြောင့်ပဲ တော်လှန်ရေးအရွေ့ဟာ ခုလိုအခြေအနေထိ ရောက်လာခဲ့တာ ဖြစ်ပါတယ်။ မဆုတ်မနစ်တဲ့ဇွဲနဲ့ ဆက်လက်တိုက်ပွဲဝင်ကြပါစို့။

လာပါ… ငါတို့ အတူတူ ရုန်းမယ်။

သင့်ရဲ့ ထောက်ပို့ တာဝန် ပျက်ကွက်မှုမရှိစေနဲ့ ။

PDF ရှိရင် PRF ရှိမယ်။

ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -
🇫 fb.me/prf4pdf
💬 m.me/prf4pdf

Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

It’s not an option. It’s “Duty”
Report your duty !

တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။

အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#ပျက်ကွက်မှုမရှိ
#ငုံ့မခံဘူး၊နောက်မဆုတ်ဘူး၊ပျက်ကွက်မှုမရှိဘူး။
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#PeoplesRevolutionSupplyFamily
#ထောက်ပို့PRF
❤46👍8
PRF - People Revolution Supply Family
Video
အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်မှ PRF ထောက်ပို့တပ်သားများထံသို့ ဂုဏ်ပြုစကား

ဘယ်အလုပ်မှာပဲဖြစ်ဖြစ် အလုပ်တခုပြီးမြောက်အောင်မြင်ဖို့အတွက် အရေးအကြီးဆုံးအချက်က စွဲမြဲမှု၊ တစိုက်မတ်မတ်ရှိမှု ဖြစ်ပါလိမ့်မယ်။ ဒီလိုတာဝန်တွေကို ကျေပွန်ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြတဲ့ တော်လှန်ပြည်သူတွေဟာ အမြဲဂုဏ်ပြုလေးစားရမယ့် ရဲဘော်ရဲဘက်တွေ ဖြစ်ပါတယ်။

တော်လှန်ပြည်သူ‌တွေဟာ‌ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုတွေအောက်မှာ ငုံ့မခံခဲ့ကြဘူး ၊ တော်လှန်ရေးခရီးကြမ်းမှာ စိန်ခေါ်မှုတွေရှိလည်း နောက်မဆုတ်ခဲ့ကြဘူး ။ တော်လှန်ရေးအတွက် ကျရာကဏ္ဍတွေကနေ တာဝန်ထမ်းဆောင်မှုတွေမှာလည်း ပျက်ကွက်မှုမရှိ ခဲ့ကြပါဘူး။ ဒါဟာ တော်လှန်ရေးသမိုင်းဝင်အခြေအနေဖြစ်ပါတယ်။

ဒီလို "ငုံ့မခံဘူး၊နောက်မဆုတ်ဘူး၊ပျက်ကွက်မှုမရှိဘူး။" ဆိုတဲ့ စိတ်ဓာတ်နဲ့ တော်လှန်ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်မှ ဂုဏ်ပြုစကားပြောထားတဲ့ ရုပ်သံဖိုင်ကို ဖော်ပြပေးလိုက်ပါတယ်။

လာပါ… ငါတို့ အတူတူ ရုန်းမယ်။

သင့်ရဲ့ ထောက်ပို့ တာဝန် ပျက်ကွက်မှုမရှိစေနဲ့ ။

PDF ရှိရင် PRF ရှိမယ်။

ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

It’s not an option. It’s “Duty”
Report your duty !

တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။
အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#ပျက်ကွက်မှုမရှိ
#ငုံ့မခံဘူး၊နောက်မဆုတ်ဘူး၊ပျက်ကွက်မှုမရှိဘူး။
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#PeoplesRevolutionSupplyFamily
#ထောက်ပို့PRF
❤42🥰4