PRF - People Revolution Supply Family
1.14K subscribers
877 photos
160 videos
487 links
ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF
Download Telegram
• ဒီဇင်ဘာလအတွင်း ထောက်ပို့တာဝန်ထမ်းဆောင်ခြင်း အနှစ်ချုပ် •

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF အနေနဲ့ ဒီဇင်ဘာလအတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့
- ထောက်ပို့တပ်သားဦးရေ
- ထောက်ပို့ငွေပမာဏ တို့ကို အများပြည်သူလူထုအားလုံး ပွင့်လင်းစွာ သိရှိစေဖို့ တင်ပြလိုက်ပါတယ်။

ဒီဇင်ဘာလအတွင်း တာဝန်ထမ်းဆောင်မှုကို PDF တပ်ရင်း/စစ်ကြောင်းများရဲ့ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အတွက် ပို့ဆောင်ရာမှာ အသုံးပြုသွားမှာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားများဆီ လက်ဝယ်ရောက်ရှိတဲ့အခါမှာလည်း PRF စာမျက်နာများမှတဆင့် ပြန်လည်တင်ပြသွားပါမယ်ခင်ဗျာ။

ပြည်သူ့ကာကွယ်ရေးတပ်သားတွေနဲ့အတူတူ ဒီတိုက်ပွဲမှာ ပါဝင်တော်လှန်နေကြတဲ့ ထောက်ပို့တပ်သားရဲဘော်အားလုံးကို လေးစားဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ။

လာပါ... ငါတို့ အတူတူရုန်းမယ်။

ဇန်နဝါရီလအတွက် တာဝန်ထမ်းဆောင်လို့ ရပါပြီ။

ထောက်ပို့တပ်သားအဖြစ် ဝင်ရောက်ရန် -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု
#PeoplesRevolutionSupplyFamily
#ထောက်ပို့PRF
❤57
PRF - People Revolution Supply Family
Video
''တာဝတိံသာ နတ်ရွာလော နတ်ရွာလော ''

ပင်းယခေတ်၊ ငါးစီးရှင်ကျော်စွာ ရေးသားထားတဲ့ ''မြင်စိုင်းရွှေပြည်'' ကာချင်းနဲ့အတူ သမိုင်းဝင် အထင်ကရ မြင်စိုင်းရွှေပြည် တည်ရှိရာဒေသဖြစ်တဲ့ ဆင်သမိုင်း နဲ့ကျော်ကြားတဲ့မြို့ကို ပြည်တော်ဝင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကျောက်ဆည်ခရိုင်၊ တပ်ရင်း (၃) ဟာ ဆင်တပ်၊ ဗိုလ်ပါအခြံအရံပေါင်းများစွာနဲ့ တောတောင်အထပ်ထပ်၊ မြစ်ချောင်းအသွယ်သွယ်၊ အခက်အခဲပေါင်းများစွာ ဖြတ်ကျော်ပြီး ချီတက်လို့လာနေပါပြီ။

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကျောက်ဆည်ခရိုင်တပ်ရင်း - ၃ ရဲ့ ခွန်အားတက်စရာ စစ်ချီရုပ်သံကို ပြည်သူ့တော်လှန်ရေးထောက််ပို့တပ်သားများ ကြည့်ရှုနိုင်စေဖို့ ပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်။

လာပါ…ငါတို့ အတူတူရုန်းမယ်။

PRF for PDF

ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အခုဆို Credit Card, Debit Card တွေ အသုံးပြုပြီးလည်း လစဉ် အလွယ်တကူ တာဝန်ထမ်းဆောင်လို့ရပါပြီ။

It’s not an option. It’s “Duty”
Report your duty !

#prf4pdf
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
❤46🥰4🔥1
PRF - People Revolution Supply Family
Photo
၂၀၂၄ ခုနစ် ဒီဇင်ဘာလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှ ရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့များ

ပြည်သူ့ကာကွယ်ရေးတပ်သားတွေကို ထောက်ပို့နိုင်ဖို့အတွက် အဆင့်ဆင့် ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်များထဲမှာ ပြည်တွင်းပြည်ပ Fundraiser များရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလှပါတယ်။ ဒီတာဝန်ကို ပါဝင်ထမ်းဆောင်ပေးကြတဲ့ Fundraiser များ အားလုံးကို လေးစားဂုဏ်ပြုအပ်ပါတယ်။

၂၀၂၄ ခုနစ် ဒီဇင်ဘာလအတွင်း အင်တိုက်အားတိုက်တာဝန်ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့ (၂၀) ကို ဖော်ပြလိုက်ပါတယ်ခင်ဗျာ။

ပြည်တွင်းကဖြစ်စေ၊ ပြည်ပကဖြစ်စေ ပြည်သူ့ကာကွယ်ရေးတပ်သား PDF တွေနဲ့ ကျောချင်းကပ် ခွန်အားဖြည့်ရင်း ဒီတော်လှန်ရေးမှာ ထောက်ပို့တပ်သားအနေနဲ့ ပါဝင်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

It’s not an option.It is "Duty”
Report your duty !

လာပါ... ငါတို့ အတူတူရုန်းမယ်။

ဇန်နဝါရီလအတွက် တာဝန်ထမ်းဆောင်နိုင်ပါပြီ။

ထောက်ပို့တပ်သားအဖြစ် ဝင်ရောက်ရန် -
🇫 fb.me/prf4pdf
💬 m.me/prf4pdf
Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အရေးတော်ပုံ အောင်ရမည်။

#prf4pdf
#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု
#PeoplesRevolutionSupplyFamily
#ထောက်ပို့PRF
❤46
PRF - People Revolution Supply Family
Photo
"ကျုံးမြို့ရိုးက လာပါ ငါတို့အတူတူ ရုန်းမယ်"

မန္တလေးကျုံးပတ်လည်မှာ ဖော်ဆောင်ခဲ့တဲ့ အာဏာရှင် ဆန့်ကျင်ရေး လူထုတိုက်ပွဲအတွင်း ပါဝင်ခဲ့တဲ့ PRF ရဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုမှာ ပြည်သူတွေကို နှိုးဆော်ပေးရုံသာမက စစ်ကောင်စီရဲ့ လက်ပါးစေများကိုပါ သတိပေးတဲ့ စာရွက်များကို ကပ်ထားခဲ့ပြီး စစ်ကောင်စီ ထောက်လှမ်းရေးတွေ၊ "စ"သုံးလုံးတွေ နေရာယူလေ့ရှိတဲ့ နေရာအနီးနားတွေမှာလည်း အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေကို တပြိုင်တည်း ဖော်ဆောင်ခဲ့ကြပါသေးတယ်။ ဒီသပိတ်ရဲဘော်တွေဟာ PRF တပ်သားများလည်း ဖြစ်ကြတယ်လို့ သိရပါတယ်။

ရဲရင့်ကြတဲ့ ရဲဘော်တို့ကို အထူးပဲ ဂုဏ်ယူလေးစားပါတယ်။ တနိုင်ငံလုံး လွတ်မြောက်ဖို့ ကျနော်တို့ ပြည်သူအားလုံးမှာ တာဝန်ရှိကြပါတယ်။ ဒါဟာ ရွေးချယ်ခွင့်မဟုတ်ဘူး… တာဝန်ပါ။

လာပါ ငါတို့အတူတူရုန်းမယ်။

အရေးတော်ပုံ အောင်ရမည်။

PRF4PDF
❤49👍7
PRF - People Revolution Supply Family
Photo
နိုင်ငံအလိုက် ထောက်ပို့အင်အား အနှစ်ချုပ်

တနိုင်ငံလုံး PDF ၊ တကမ္ဘာလုံး PRF ဆိုတဲ့အတိုင်းပဲ ကမ္ဘာ့နေရာအနှံ့အပြားမှာ PRF ထောက်ပို့တပ်သားတွေ ရှိကြပါတယ်။ ဒီလိုတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ထဲက ဒီဇင်ဘာလအတွင်း နိုင်ငံအလိုက်
- ထောက်ပို့တပ်သားဦးရေ
- ထောက်ပို့ငွေပမာဏ အင်အား အများဆုံး နိုင်ငံတွေကို ဖော်ပြလိုက်ပါတယ်။

ဒီဇင်ဘာလအတွင်း တာဝန်ထမ်းဆောင်မှုကို PDF တပ်ရင်း/စစ်ကြောင်းများရဲ့ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အတွက် ပို့ဆောင်ရာမှာ အသုံးပြုသွားမှာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားများဆီ လက်ဝယ်ရောက်ရှိတဲ့အခါမှာလည်း PRF စာမျက်နာများမှတဆင့် ပြန်လည်တင်ပြသွားပါမယ်ခင်ဗျာ။

ပြည်သူ့ကာကွယ်ရေးတပ်သားတွေနဲ့အတူတူ ဒီတိုက်ပွဲမှာ ပါဝင်တော်လှန်နေကြတဲ့ ထောက်ပို့တပ်သားရဲဘော်အားလုံးနဲ့ နိုင်ငံတကာအသီးသီးက Fundraiser များကို လေးစားဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ။

အခုဆို Credit Card, Debit Card တွေ အသုံးပြုပြီးလည်း လစဉ် အလွယ်တကူ တာဝန်ထမ်းဆောင်လို့ရပါပြီ။

လာပါ... ငါတို့ အတူတူရုန်းမယ်။

ဇန်နဝါရီလအတွက် တာဝန်ထမ်းဆောင်လို့ ရပါပြီ။

ထောက်ပို့တပ်သားအဖြစ် ဝင်ရောက်ရန် -
🇫 fb.me/prf4pdf
💬 m.me/prf4pdf

Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot

အရေးတော်ပုံ အောင်ရမည်။

#prf4pdf

#လာပါငါတို့အတူတူရုန်းမယ်

#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF

#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF

#ထောက်ပို့လစဥ်အောင်ပွဲဝင်

#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု

#PeoplesRevolutionSupplyFamily

#ထောက်ပို့PRF
👍30❤21
PRF - People Revolution Supply Family
Photo
၂၀၂၄ နဲ့ PDF စစ်ရေးစွမ်းရည်
……………………………………………..
၂၀၂၄ ခုနစ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပကဖ တွေရဲ့ စစ်ရေး စွမ်းရည် ဘယ်လောက်ထိ တိုးတက်လာသလဲ။ တော်လှန်ရေးအလားအလာက ဘယ်လိုရှိလဲ။ စစ်အာဏာရှင်စနစ် ဘယ်လို ပြိုလဲသွားမလဲ။ ဒါတွေကို နှစ်ကုန်သုံးသပ်ချက်အနေနဲ့ PDF Insight က တွက်ဆထားတဲ့ဆောင်းပါးကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်သားများ ဖတ်ရှုနိုင်စေဖို့ ကူးယူဖော်ပြလိုက်ပါတယ်။

သေချာတာကတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ ရဲ့ စစ်ရေး စွမ်းရည်ကို လေ့လာအကဲခတ်သူ အတော်များများက တော်လှန်ရေးအစ ၂၀၂၁၊ ၂၀၂၂ လို သုံးသပ်တော့မှာ မဟုတ်ပါဘူး။ တဘက်မှာလဲ ပြည်သူတွေက စစ်အုပ်စု ပြုတ်ကျရေးကို အလျင်အမြန်လိုချင်နေတဲ့အတွက် လက်ရှိ အခြေအနေကို အားမလို အားမရ ဖြစ်နေတာမျိုးတွေရှိနေနိုင်ပါတယ်။

၂၀၂၄ ခုနစ်မှာ အကြီးမားဆုံး စစ်ရေး ဖြစ်ပေါ်တိုးတက်မှုကို ပြောပါဆိုရင်‌ မြေပြန့်အတွင်းပိုင်းဒေသတွေမှာပါ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ တွေ ထိုးစစ်ဆင်လာနိုင်မှုဖြစ်ပါတယ်။ မြေပြန့်ထိုးစစ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး နဲ့ MoD က ပြောနေတာဟာ အပြောသက်သက်မဟုတ်ဘဲ လက်တွေ့ ဖြစ်ရပ် ဆိုတာကို ၂၀၂၄ ခုနစ်တွင်းမှာ မြင်းခြံ၊ မိတ္ထီလာ၊ နေပြည်တော်၊ မင်းဘူး၊ နတ်မောက်၊ ပဲခူးရိုးမဒေသက စစ်ရေးလှုပ်ရှားမှုတွေက ညွှန်ပြနေပါတယ်။ နောက်ထပ် အရေးကြီး စစ်ရေးဖြစ်ပေါ်တိုးတက်မှုက ရှမ်းမန်းစစ်ဆင်ရေး၊ စစ်တောင်းအလွန်စစ်ဆင်ရေး၊ အညာအောင်မြေ စစ်ဆင်ရေးကဲ့သို့သော တပ်အင်အား ထောင်ချီ ပါဝင်ပြီး စတုရန်းမိုင် ရာပေါင်းများစွာကျယ်ဝန်းတဲ့ နယ်မြေတွေမှာပါ စစ်ရေးလှုပ်ရှားမှု၊ တပ်ရွှေ့ပြောင်းမှု၊ ချေမှုန်းရေး စစ်တိုက်နိုင်မှုတွေကို လုပ်ဆောင်လာနိုင်မှုဖြစ်ပါတယ်။ မဟာဗျူဟာမြောက် ချိတ်ဆက်ညှိနှိုင်း၊ ကွပ်ကဲမှုကောင်းမွန်လာတာ၊ ထောက်ပို့စနစ်ကို စနစ်တကျ ထူထောင်နိုင်လာတာ၊ လက်နက်တပ်ဆင်မှု ကောင်းမွန်လာတာကို အဲဒီ စစ်ဆင်ရေးကြီးတွေက ပြသလျက်ရှိပါတယ်။ ထူးခြား စစ်ရေးလှုပ်ရှားမှုတွေကတော့ နေပြည်တော်စစ်ရုံး နဲ့ စစ်ရေးပစ်မှတ်တွေကို ပုံမှန်တိုက်ခိုက်နိုင်မှု၊ မိတ္ထီလာ တပ်နယ်ထဲက စစ်ရေးပစ်မှတ်တွေကို ထိုးဖောက်တိုက်ခိုက်နိုင်မှု၊ လေတပ် နဲ့ ကပစ လက်နက်စက်ရုံတွေကို ပုံမှန်တိုက်ခိုက်နိုင်မှုတွေ ဖြစ်ပါတယ်။ ရန်ကုန်ဆိပ်ကမ်း နယ်မြေမှာ ရပ်နားထားတဲ့ လေယာဉ်ဆီတင်သင်္ဘော နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့ကိုလည်း ရန်ကုန်တိုင်း ပကဖ က ဗုံးခွဲတိုက်ခိုက်နိုင်ခဲ့ပါတယ်။ ကျေးလက်အခြေခံ မြို့ဝိုင်း မဟာဗျူဟာ ချမှတ်ထားတဲ့ အတိုင်း ကျေးလက်ဒေသ အများစုကို စိုးမိုးလာနိုင်ပြီး မြို့ငယ်လေးတွေ၊ မြို့အလတ်တွေကိုသာမက ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော်လို မြို့ကြီးတွေနားမှာပါ ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပကဖ တွေက တဖြည်းဖြည်း နေရာယူတပ်စွဲလာနိုင်ပြီး မြို့ပြဒေသကို ထိုးဖောက် တိုက်ခိုက်လာပါတယ်။ မြို့ပြဒေသ တိုက်ခိုက်မှုတွေ၊ မြို့ပြဒေသမှာရှိတဲ့ စစ်ရေးပစ်မှတ် ချေမှုန်းမှုတွေကို ကြည့်ရင် ကျေးလက်နယ်မြေကို စိုးမိုးပြီး မြို့ပြဒေသကို ထိုးဖောက်လာနိုင်တာ ပြပါတယ်။ ဒီလားရာဟာ ဆက်သွားနေမယ့် ပုံရှိပြီး မြို့တွေကို မသိမ်းထားရင်တောင်မှ မြို့ကို စီမံအုပ်ချုပ်မှု၊ ထိန်းချုပ်မှုဟာ တော်လှန်ရေး အင်အားစုတွေ လက်ထဲ ရောက်လာမှာ ဖြစ်ပါတယ်။

ထူးခြားစစ်ရေးနယ်မြေတွေအနေနဲ့ မကွေးတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ ပဲခူး ရိုးမ အရှေ့ နဲ့ အနောက်ခြမ်း၊ တနင်္သာရီတိုင်းတို့မှာ ၂၀၂၄ ခုနစ် အတွင်း တိုက်ခိုက်မှုတွေ သိသိသာသာ မြင့်တက်လာပါတယ်။ ဒါဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ တွေ ရဲ့ စိုးမိုးနယ်မြေ ကျယ်ပြန့်လာမှုကို ညွှန်ပြပါတယ်။ ခုခံစစ်အစ ကာလတွေမှာ စစ်ကိုင်း အထက်၊ ချင်း၊ ရှမ်းမြောက် နဲ့ ရခိုင် ဒေသတွေမှာသာ တိုက်ခိုက်မှုတွေ စုပြုံနေတာထက် လက်ရှိကာလမှာ တိုက်ခိုက်မှုနယ်မြေတွေ ကျယ်ပြန့်လာပြီ ဖြစ်ပါတယ်။ ရန်သူ့ဘက်က ကြည့်ရင် စစ်မျက်နှာ ပိုကျယ်လာတာ ဖြစ်ပြီး ခုခံကာကွယ်ရမယ့် နယ်မြေ ပိုများလာတာပါ။ တော်လှန်ရေးဘက်က ကြည့်ရင် လှုပ်ရှားသွားလာလို့ရတဲ့ စစ်နယ် ကျယ်ဝန်းလာပြီး ရန်သူကို နေရာပေါင်းစုံမှာ ထိုးနှက် တိုက်ခိုက်နိုင်လာတာပါ။ နောက်တန်း တပ်မ၊ တပ်ရင်းဌာနချုပ် နယ်မြေတွေဖြစ်တဲ့ ရန်ကုန်-ပြည် ကားလမ်း ဒေသ၊ နေပြည်တော် ဒေသ၊ မကွေးတိုင်း အနောက်ခြမ်း နယ်မြေတွေဟာ ၂၀၂၄ ခုနစ်မှာ ရှေ့တန်းနယ်မြေအဖြစ် ပြောင်းလဲလာပြီ ဖြစ်ပါတယ်။ နယ်မြေ ကျယ်ပြန့်လာမှုကို ပြသတဲ့ နောက်ထပ်လက္ခဏာတခုက ရန်ကုန်-မန္တလေး အမြန်လမ်း အပါအဝင် အရေးကြီး လမ်းပိုင်း အသီးသီးပေါ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖ နဲ့ တော်လှန်ရေး အင်အားစုတွေရဲ့ စိုးမိုးမှု ကြီးမားလာခြင်းဖြစ်ပါတယ်။ လက်ရှိကာလမှာ ရန်သူဟာ နောက်တန်း နေရာတွေ၊ ထောက်ပို့ဌာန တွေကနေ ရှေ့တန်း နယ်မြေတွေကို တပ် နဲ့ စစ်ကူ ထင်သလို ပို့လို့မရတော့ပါဘူး။ လမ်းမတွေမှာ ရန်သူ့ ထောက်ပို့ယာဉ်တန်းတွေကို ပုံမှန် ဖြတ်တောက် တိုက်ခိုက်နေပြီ ဖြစ်ပါတယ်။
❤25👍1