𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏
324 subscribers
375 photos
4 videos
27 files
5 links
United States/European History
အမေရိကန်/ဥရောပသမိုင်းများ
Download Telegram
ကျွန်တော်တို့ လူသားတွေဟာ တစ်ဦးတစ်ယောက်ထဲ အသက်ရှင်ရတာမဟုတ်ဘဲ...ကျွန်တော်တို့မှာချစ်ရတဲ့ မိတ်ဆွေ၊ ချစ်သူ၊ မိသာစုတွေရှိကြမှာပါ အဲဒီဆက်ဆံရေး ၃ခုလုံးကို အမေရိကန်ကဗျာလောကရဲ့ အတောက်ပဆုံး ကြယ်နှစ်ပွင့်ဖြစ်ခဲ့ကြတဲ့ Elizabeth Bishop နဲ့ Robert Lowell တို့ဟာ မိတ်‌ဆွေ ဆက်ဆံ‌ရေးမက အချစ်ထက်ပိုမို နက်ရှိုင်းတဲ့ဆက်ဆံမျိုးချိတ်ဆက်မိလာတဲ့ အခါမှာတော့ သူတို့နှစ်ဦးကြားက တိတ်ဆိတ်မှုတွေနဲ့ ဘယ်လိုကြေကွဲစရားတွေ ကြုံရမလည်းဆိုတာ ကျွန်တော်ပြောပြပါ့မယ်....

Elizabeth Bishopနဲ့Robert Lowellတို့ နှစ်ဦးက ချစ်သူတွေလား၊ သူငယ်ချင်းတွေလား ဒါမှမဟုတ် စိတ်ပိုင်ဆိုင်ရာမှာ သူတို့နှစ်ဦးကအချင်းချင်း နားလည်ပြီး ချိတ်ဆက်နေတဲ့ သူတွေလား မေးရင်?
"ဟုတ်ပါတယ် အဖြေအားလုံးက တချိန်တည်းမှာဘဲ မှန်နေခဲ့ပါတယ်" Elizabeth Bishopဆိုတဲ့ အမျိုးသမီးဟာ သူရေးတဲ့ကဗျာတွေအားလုံးဟာ အင်မတန်မှ တိကျပြီး သူမရဲ့စိတ်ဟာအေးအေးဆေးနဲ့ ပုံရိပ်တစ်ခုကို ဝေးဝေးကနေကြည့်သလို့ ရေးတတ်သူဖြစ်သည်။ သူမရဲ့စိတ်ခံစားချက်တွေကို ဘယ်တော့မှထုတ်မပြတတ်ပါဘဲ အရာဝတ္တုလေးတွေနဲ့ မြင်ကွင်းတွေကနေတဆင့် ပုံဖော်ခံစားနေတတ်သူဖြစ်သည်။ လူတွေက သူမကို "cold"လို့ ထင်ကြပေမယ့် အမှန်တကယ်တော့ သူမဟာ အရမ်းကို နက်နက်ရှိုင်းရှိုင်း ခံစားတတ်ပြီး အဲဒီခံစားမှုကို သူမ မထိန်းချုပ်နိုင်မှာ ကြောက်နေသူပါ။
❤4
အဲဒီလိုနဲ့ ၁၉၄၇ ခုနှစ် နွေဦးရဲ့ည‌ဦးပိုင်းတစ်ခုမှာ.....နယူးယောက်မြို့ရဲ့ ပါတီပွဲ‌လေး တစ်ခုမှာ သူတို့နှစ်ယောက် စတင်ဆုံတွေ့ ခဲ့ကြတာ‌ပေါ့။ အဲဒီအချိန်မှာ Elizabeth Bishopက အသက် ၃၆ နှစ်နဲ့ Robert Lowellကတော့ ၃၀ပဲရှိပါသေးတယ်။ ပါတီပွဲရဲ့ ထောင့်အစွန်းဆုံး‌ဘေးမှာ Elizabeth Bishopဟာ လူအုပ်ကြားထဲတွင် မသိမသာဘဲ ထောင့်လေးရဲ့ခုံမှာ တစ်ယောက်ထဲအေးအေးဆေးဆေး ထိုင်နေလေရဲ့။ Robert Lowellကတော့ အရပ်ရှည်ရှည် အသံကဩဩနဲ့ အဲဒီဆွဲဆောင်မှု ရှိ‌နေတဲ့စရိုက်ကြောင့်ပဲ လူတိုင်းက သူကို အာရုံစိုက်‌နေကြတယ်။ Robert Lowellဟာ Elizabeth Bishop၏ ဘေးနားမှ ခုံကိုဆွဲထိုင်ကာ စတင်မိတ်ဆက်ကာ စကားပြောလိုက်တဲ့အခါ ထူးဆန်တဲ့ အချက်တစ်ခုကို သူတို့နှစ်ဦးသာ စတင်သတိပြုမိ လိုက်ရတယ်။ အဲဒါကတော့ သူတို့ နှစ်ဦးကြားထဲက "တိတ်ဆိတ်မှု"ပါပဲ၊ သူတို့နှစ်ဦးဟာ ပါတီပွဲရဲ့ ဆူညံသံတွေ ကြားမှ သူတို့‌ ရေးဖူးတဲ့ ကဗျာတွေအကြောင်း၊ ဘဝအကြောင်းတွေကို နက်နက်ရှိုင်းရှိုင်း ပြောဆိုမိခဲ့ကြပြန်တယ်။ အဲဒီအမှတ်တရကို Robert Lowell ကနောက်ပိုင်းမှာ သူပြန်ပြောပြတာကတော့ "အဲဒီညကElizabeth Bishop ကို တွေ့လိုက်ရတာဟာ ကျွန်တော်ဘဝအတွက် အဖိုးတန်ဆုံး ဆုလာဘ်တစ်ခုပဲ" လို့သူကဆိုတယ်။

သူတို့နှစ်ဦးရဲ့အချစ်ဇာတ်လမ်းလေးဟာ အဲဒီပါတီညစာ စားပွဲခုံလေးကနေ စတင်ခဲ့ရာကနေ ပါတီပြီဆုံးသည်အချိန်ထိ သူတို့ဇာတ်လမ်းလေးက လုံးဝလုံးဝပြီးဆုံးသွားခြင်းမရှိခဲ့ပေ။ ဒီတွေ့စုံမှု‌လေးဟာ ပြီးဆုံးသွားသည့်နောက် သူတို့ဟာတစ်ဦးနဲ့ တစ်ဦး နှစ်ပေါင်း၃၀ ကြာအောင် စာတွေနဲ့ အပြန်အလှန်ရေးပြီး အဆက်သွယ်ခဲ့ကြတယ်။(နောက်ပိုင်းနှစ်များမှာ ၎င်းတို့ဟာ သူတို့ရဲ့ ပေးစာတွေအားလုံးကို စုစည်းပြီး Words in Air ဆိုတဲ့ စာအုပ်အဖြစ်တောင် ထုတ်ဝေထားပါ‌သေးတယ်)။ သူတို့နှစ်ယောက် ရေးပို့တဲ့ စာတွေဟာတခါတလေ တစ်ပတ်ကို စာအိတ်ပေါင်း ၂၀လောက်ထိ ရောက်ဖူးတယ်လို့ ဆိုကြတယ်။ ဒါဟာသူတို့နှစ်ဦးထဲက ဘယ်လောက်ထိ စိတ်ချင်း ချိတ်ဆက်နေမလည်းကျွန်တော်တွေးကြည့်တာနဲ့တင် သိသာစေတယ်။ လူတွေကပြောကြတယ် သူတို့စာတွေထဲမှာ ပါတဲ့ စကားလုံးတချို့ဟာ အရမ်းလှတယ်ပေါ့၊ သေချာတွေးကြည့်ရင် ဒါဟာ သူတို့နှစ်ဦးအတွက်တော့ တကယ်နာကျင်စရား ကောင်းတဲ့ ဖြစ်ရပ်လေးတစ်ခု ဖြစ်ခဲ့တယ်။ ဘာဖြစ်လို့ နာကျင်စရားကောင်းရသလဲဆိုရင် Lowellက Bishopကို တခါတုန်းက ဒီလိုရေးခဲ့တယ်....
“You are the one person I can always count on to be yourself with me.”
"မင်းက‌လေး တကယ်ပါပဲကိုယ့်ရဲ့အရှေ့မှာ ကိုယ့်စိတ်တိုင်းကျလေး အမြဲရှိနေပေးတတ်လို့ မင်းဟာ ကိုအတွက် တကယ်ကိုမှအားကိုးရတဲ့ လူတစ်ယောက်ပါပဲ။"🫠

ဒီလိုနာကျင်စရားတွေကြားမှာဘဲ Robert Lowellဟာ ၁၉၇၇ခုနှစ် သူအသက်၆၀မှာ ကွယ်လွန်ခဲ့တယ်။ သူဟာ အင်္ဂလန်ကနေ နယူးယောက်ကို သို့အပြန် ‌တက္ကစီပေါ်မှာ နှလုံးရပ်ပြီး ဆုံးပါးသွားခဲ့တာဖြစ်တယ်။သူဆုံးသွားတဲ့အချိန်မှာတော့ သူ့လက်ထဲမှာ သူချစ်မြတ်နိုးခဲ့ရတဲ့ အမျိုးသမီး Bishopရဲ့ ပုံတူ ပန်းချီကားတစ်ချပ်ကို ပိုက်ထားခဲ့တယ်လို့ ဆိုကြပါတယ်။
Bishopဟာ ၏စိတ်ဝေဒနာဟာ ပြောပြမရအောင်ခံစားခဲ့ရကာ သူမရဲ့နောက်ဆုံးနှစ်များတွင် "One art" အမည်ရှိ ကဗျာတ်ပုဒ်ကို ရေးခဲ့ပါတယ်...ထိုကဗျာရဲ့အစမှာ “The art of losing isn’t hard to master” လို့ လူသိများပြီး ကဗျာရဲ့ အဆုံးမှာ သူအရမ်းချစ်ခဲ့ရတဲ့ လူတစ်ယောက်ဖြစ်တဲ့ "Lowellလို့‌‌တော့ထင်တာပဲ" သူကို ဆုံးရှုံးလိုက်ရတာကိုတောင်
“Write it!” ဆိုပြီး အတင်းအဓမ္မ ကိုယ့်ကိုယ်ကို အမိန့်ပေးခဲ့ပါသေးတယ်။ မကြာမီအချိန်၌ Elizabeth Bishopတစ်ယောက် Lowell သေဆုံးပြီး ၂ နှစ်အကြာ ၁၉၇၉ ခုနှစ် အသက် ၆၈ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တယ်။ Bishopရဲ့သေဆုံးမှု သူမဘဝတစ်လျှောက်လုံး အထီးကျန်မှုကနေလွတ်‌မြောက်လာပြီး သူမချစ်တဲ့Lowell အတူ ခွဲရတဲ့ဝဋ်ကနေ လွတ်မြောက်ခဲ့တယ်လို့ လူတိုင်းကမှတ်ယူကြသည်။

ယနေ့ခေတ် စာပေလောကမှာ Elizabeth Bishop နဲ့ Robert Lowell ဆိုတဲ့ နာမည်နှစ်ခုကို တွဲပြီး ဖော်ပြလာတဲ့အခါ သူတို့နှစ်ဦးရဲ့ ချစ်ခြင်းထက် ပိုပြီး နက်ရှိုင်းတဲ့ ဆက်ဆံရေး တစ်ခု၏ ခိုင်မာတဲ့ အရာတစ်ခုကို လူတော်တော်များများက ခံစားမိကြ‌စေတယ်။

တကယ်လို့ ကဗျာဆိုတာ စကားလုံးတွေနဲ့ လူတစ်ယောက်ရဲ့ အသက်ကို ထိ‌ တွေ့နိုင်တဲ့ အနုပညာဆိုရင် သူတို့နှစ်ယောက်ဟာလည်း အဲဒီအနုပညာကို တစ်ယောက်နဲ့ တစ်ယောက် အချင်းချင်း အပြည့်အဝ ပေးဆပ်ခဲ့ကြသူတွေပါပဲ။ ။

RAIDEN_KT
Historian

#Elizabeth_Bishop&Robert_Lowell #history #Kyawthet #RAIDEN_KT
❤5🎉1🗿1
Photo Edit အလကားသင်ပေးမယ်ဆိုရင်ယုံမလား...ကျွန်တော် TikTok မှာတင်တဲ့ photo Graphicနီးပါးအပျော်တမ်းတတ်ချင်ရင် @SenatorMarco1 ကိုလာရောက်ဆက်သွယ်မေးနိုင်ပါတယ်....freeနော့်.....
❤4🙏1💋1🗿1
လစ်ဘရယ် & ကွန်ဆာဗေးတစ် တို့စကားအချေအတင်းများ

ကျွန်တော်တို့ လူသား‌တွေဟာ လှောင်အိမ်ထဲမှာ မွေးဖွားလာတဲ့ သူတွေမဟုတ်ကြသလို၊ တခြားသူရဲ့ အရိပ်အာဝါးသအောက်မှာ ရှင်သန်ရမယ့် အပင်ငယ်လေးတွေလည်း မဟုတ်ပါ။ ကျွန်‌တော်တို့ဟာ ကိုယ်ပိုင်အလင်းနဲ့ ကိုယ်တိုင်တောက်ပခွင့်ရှိတဲ့ လူငယ်တွေပါ။ ဒါ‌ကြောင့် ကျွန်တော်တို့ ဖန်တီးမယ့် အနာဂတ်အသစ်မှာ ကျွန်တော်တို့အတွက် 'လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနဲ့ သည်းခံခွင့်လွှတ်ခြင်း' ဆိုတဲ့ လစ်ဘရယ်ရဲ့ အနှစ်သာရတွေကို တန်ဖိုးထား၍ ဆန်ကျင်ဘက် ရှေးရိုးစွဲ အစဉ်အလာတွေကို ခေတ်သစ်လွတ်လပ်ခွင့်တွေနဲ့ ထိပ်တိုက်တွေ့ဆုံတဲ့အခါ 'ငါတို့ကဘာလို့အနိုင်ယူမလဲ' ဆိုတဲ့ စကားစုကို 'ဘာဖြစ်လို့အနိုင်ရမလဲ' ဆိုတဲ့ မေးခွန်းနဲ့ စိန်ခေါ်လိုက်တဲ့အခါ... လစ်ဘရယ်ဝါဒရဲ့ မဟာတန်ဖိုးဟာ စတင်ထွက်ပေါ်လာခဲ့ပါတယ်။ ဒီလိုတန်ဖိုးကိုပိုပြီးနားလည်လွယ်အောင် လစ်ဘရယ်လူငယ်တစ်ဦးနဲ့ ကွန်ဆာဗေးတစ်လူကြီးတစ်ဦး စကားအချေအတင်းဖြစ်နေသလို အောက်ပါအတိုင်းရေးသားဖန်တီးလိုက်သည်။

ဦးမင်း(ကွန်ဆာဗေးတစ်)
"မင်းတို့လူငယ်တွေကတော့ 'လွတ်လပ်ခွင့်' ဆိုတဲ့ စကားလုံးကို အလွဲသုံးစားလုပ်နေကြတာပဲ။ အရာရာမှာ စည်းကမ်းရှိရတယ်၊ အစဉ်အလာဆိုတာရှိတယ်။ လူတိုင်း ကိုယ်ထင်ရာကိုယ်လုပ်နေရင် ဒီလူ့အဖွဲ့အစည်းကြီး ပျက်စီးသွားမှာမဟုတ်ဘူးလား။"

မောင်ကျော်(လစ်ဘရယ်)
မောင်ကျော်ဟာအေးအေးဆေးဆေး ပြုံးလျက်နဲ့ပြောလိုက်တာကတော့ "ဦးလေးတို့ ပြော‌ပြောနေတဲ့ စည်းကမ်းဆိုတာက ဘယ်သူ့အတွက်ပါလဲခင်ဗျ။ ကျွန်တော့်အတွက် လစ်ဘရယ်ဝါဒဆိုတာ 'ကိုယ်ထင်ရာလုပ်တာ' မဟုတ်ပါဘူး။ 'ကိုယ့်ရဲ့ လွတ်လပ်မှုက တခြားသူရဲ့ လွတ်လပ်မှုကို မထိခိုက်စေရဘူး' ဆိုတဲ့ တစ်ခုတည်းသော စည်းကမ်းကို လိုက်နာတာပါ။"

ဦးမင်း
"ဒါပေမဲ့ မင်းတို့ရဲ့ ဝတ်ပုံစားပုံတွေ၊ ပြောဆိုပုံတွေက ငါတို့မြန်မာလူမျိုး‌တွေရဲ့ ဓ‌လေ့ ရိုးရာနဲ့ လွဲနေတယ်လေမဟုတ်ဘူးလား။ ဒါက အမျိုးဘာသာ သာသနာကိုလည်း ဖျက်ဆီးနေတာ မဟုတ်ဘူးလား?"

မောင်ကျော်
"ဦးလေး... လိပ်ပြာတစ်ကောင်ရဲ့ တန်ဖိုးဟာ သူ့ရဲ့ လှပတဲ့ အတောင်ပံတွေမှာ ရှိသလို၊ လူတစ်ယောက်ရဲ့ တန်ဖိုးဟာလည်း သူ့ရဲ့ ရွေးချယ်ခွင့်မှာ ရှိပါတယ်။ ကျွန်တော်ဘာသာ ဘာဝတ်တယ်၊ ဘာကို ယုံကြည်တယ်ဆိုတာက ဦးလေးရဲ့ အခွင့်အရေးကို ဆုံးရှုံးစေတာမှ မဟုတ်တာဗျ။ ကျွန်တော်တို့ဟာ တစ်ပုံစံတည်းထွက်လာတဲ့ စက်ရုပ်တွေမဟုတ်ဘူးလေ။"

ဦးမင်း
"ဒါဆို မင်းက အစိုးရတို့၊ အာဏာပိုင်တို့ရဲ့ ညွှန်ကြားချက်တွေကိုလည်း ဂရုမစိုက်တော့ဘူးပေါ့?"

မောင်ကျော်
"ညွှန်ကြားချက်ထက် 'သဘောတူညီချက်' (Consent) ကို ပိုတန်ဖိုးထားပါတယ်။ အုပ်ချုပ်သူဆိုတာ ပြည်သူ့အပေါ် သခင်လုပ်ဖို့ မဟုတ်ဘဲ၊ ကျွန်တော်တို့ရဲ့ မွေးရာပါ လွတ်လပ်ခွင့်တွေကို ကာကွယ်ပေးဖို့အတွက်ပဲ ဖြစ်ရမယ်။ လစ်ဘရယ်တစ်ယောက်အတွက် အစိုးရဆိုတာ ကောင်းကင်ယံက နေမင်းကြီးလိုပဲ၊ ကျွန်တော်တို့ကို နွေးထွေးမှုပေးရမယ်၊ လောင်ကျွမ်းစေဖို့ မဟုတ်ဘူး။"

ဦးမင်း
သက်ပြင်းချရင်းနဲ့"ဟူး....မင်းတို့ရဲ့ အတွေးအခေါ်တွေက အရမ်းကို ဆန်းသစ်လွန်းနေပြီငါတူ။"

မောင်ကျော်
"ဒါဟာ ဆန်းသစ်တာ မဟုတ်ပါဘူး ဦးလေးရယ်။ ကျွန်တော်တို့ လူသားတိုင်းဟာ ကိုယ့်ဘဝရဲ့ ပိုင်ရှင်ဖြစ်တယ်ဆိုတာကို ပြန်သတိရစေတာပါ။ မတူကွဲပြားမှုဆိုတာ အန္တရာယ်မဟုတ်ဘဲ၊ လူ့အဖွဲ့အစည်းကို ပိုခိုင်မာစေတဲ့ သံကူကွန်ကရစ်ထဲက သံချောင်းတွေလိုပါပဲ။"

RAIDEN_KT
Historian

#Kyawthet #RAIDEN_KT #history #Historian
❤4
မကြာခဏဆိုသလို ကျွန်တော်တို့ရဲ့ နိုင်ငံရေးလောကကြီးဟာ အလိမ်အညာ စကားလုံးတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ လူထုရဲ့ ယုံကြည်မှုရဖို့အတွက် မဖြစ်နိုင်တာတွေကို ပုံကြီးချဲ့ပြောတတ်ကြတဲ့ နိုင်ငံရေးသမားတွေကြောင့် နိုင်ငံရေးစင်မြင့်ထက်မှာ လက်တွေ့လောကထက် ပိုဆန်းကြယ်တဲ့ Character တွေကို မြင်တွေ့နေရတာပါ။ ဒါကြောင့် အခုပုံထဲက Cheese (အဝါ) လိုမျိုး "အကုန်သိ၊ အကုန်တတ်" ဆိုတဲ့ ခေါင်းဆောင်ကြီးတွေဟာ နိုင်ငံရေးကစားပွဲမှာ လူတိုင်းထက် ရပ်ကျော်ရွာကျော် ပွဲတိုင်းကျော်တွေပါ။ သူပါးစပ်က‌ ပြောသမျှအရာ‌တွေကလည်း "အလကားပေးမယ်"မဖြစ်နိုင်တာမရှိဘူးပေါ့ "ငါကိုယုံလိုက်စမ်းပါ" ဆိုတဲ့ စကားကို စက်သေနတ်ပစ်သလို တရစပ် မနားတမ်းပြောတဲ့ လူမျိုးပေါ့၊လူ‌တွေက သူပြောတာနားထောင်ရင် မနက်ဖြန်ကျရင် အိမ်ရှေ့က ရေမြောင်းထဲမှာ ရွှေငါးတွေ လာကူးတော့မလိုလို၊ ကောင်းကင်ကနေဘဲ မုန့်ဟင်းခါးမိုးတွေ ရွာတော့မလိုလိုပဲ။ သူတို့က "Trust me!" လို့ ပြောတိုင်း ကျွန်တော်တို့ကတော့ "လေသမား" တွေကို စိတ်ပျက်လွန်းလို့ "Trust me, I'm scared!" လို့ပဲ ပြန်ပြောချင်ပါတော့တယ်။

ဒါပေမယ့် ​ဒီခေါင်းဆောင်မှာလည်း ရန်သူဆိုတာ ရှိပါတယ်။ အဲဒါကတော့ အတိုက်အခံအုပ်စု‌တွေရဲ့ "ဆရာ ဆရာကြီး" တွေပေါ့။ သူကတော့ လွှတ်တော်ခုံဘေးကနေ မျက်နှာပုပ်သိုးသိုးနဲ့ လက်ပိုက်ကြည့်ရင်း တိုးတက်မှု (Progress) တိုင်းကို ကန့်ကွက်နေသူ‌ တွေပေါ။ သူတို့က ခေတ်ဟောင်းစနစ်ကို ဖက်တွယ်ထားပြီး ဘယ်သူ‌တွေဘာလုပ်လုပ် အပြစ်ပြောဖို့ပဲ သိကြတယ်။ သူ့ပါးစပ်ဖျားမှာ "ငါတို့တုန်းက ဒီထက်ပိုဆိုးတာ" ဆိုတဲ့ ဓာတ်ပြားဟောင်းကြီးက မပြီးနိုင်မချင်း လည်နေတုန်းပါပဲ။

ဒီအုပ်စုနှစ်ခုရဲ့ "အာဏာလုပွဲ" ကြားမှာ သနားစရာအကောင်းဆုံးကတော့ လူထုပါပဲ။ လူထုဟာနိုင်ငံရေးသမားတွေရဲ့ မူဝါဒကြောင့် ခဏခဏ ခေါင်းကိုက်နေရသူတွေပါ။ အစိုးရက "စီးပွားရေးဇယားတွေ တက်နေပြီ" လို့ စိတ်ကူးယဉ်အိမ်မက် (Thought Bubbles) တွေ ပေးနေပေမဲ့၊ တကယ်တမ်း ပြည်သူတွေရဲ့ အိမ်ထဲက ဝက်စုဘူး‌လေးထဲမှာတော့ ဝက်ကတောင် အငတ်ဘေးဆိုက်နေပြီ ဒါကိုအစိုးရက "စီးပွားရေး တိုးတက်နေပြီ" လို့ ပြောလိုက်တိုင်း ကိုယ့်အိတ်ကပ်ထဲက ပိုက်ဆံတွေက ခြေထောက်ပေါက်ပြီး ထွက်ပြေးသွားသလား မှတ်ယူရပါတယ်။ဒါ‌ကြောင့် ဒီဝေဖန်ချက်ရဲ့ နောက်ကွယ်က အမှန်တရားကတော့ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ နိုင်ငံရေးသမားတွေဟာ သူတို့ကိုယ်သူတို့ "ကယ်တင်ရှင်" လို့ ထင်နေကြတာပါပဲ။ သူတို့ပေးတဲ့ ကတိတွေက Poster ထဲက Cheese ကိုင်ထားတဲ့ ပန်းရောင်မြင်းရုပ်ကလေး လိုပါပဲ။ ကြည့်ရတာတော့ လှပါရဲ့၊ ဒါပေမဲ့ တကယ်တမ်းကျတော့ စီးလို့မှမရတာ။ ။

နိုင်ငံရေးသမားတစ်ယောက်က "ငါကိုယုံကြည်လိုက်ပါ" လို့ ပြောလာရင် မင်းရဲ့ အိတ်ကပ်ကို အရင်စမ်းပါ။ အိတ်ကပ်ထဲက ပိုက်ဆံ ရှိသေးရဲ့လားဆိုတာ...
-RAIDEN_KT


RAIDEN_KT
Historian
#Kyawthet #RAIDEN_KT #history #Historian
❤3
"သမဂ္ဂအဆောက်အဦကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖြိုလို့ မရပါဘူး။”

ဆရာကြီး သခင်ကိုယ်တော်မှိုင်း


#history #Kyawthet #Historian #RAIDEN_KT
❤9⚡1
ရော့ကဖယ်လာရဲ့ အောင်မြင်မှုလျှို့ဝှက်ချက် (၃) ချက်

1.Meticulous Record-Keeping
ရော့ကဖယ်လာဟာ "ဂဏန်းအချက်အလက်တွေက ဘယ်တော့မှ မညာဘူး" လို့ သူကယုံကြည်ပါတယ်။ သူ့မှာ"Ledger A"လို့ခေါ်တဲ့ ငွေစာရင်းမှတ်တမ်းစာအုပ်လေး တစ်အုပ်ကတော့ အမြဲတမ်းရှိပါတယ်။ သူ့ဟာ ငယ်ငယ်ကထဲကနေ သူ့ရဲ့ ငွေဝင်/ငွေထွက်၊ အမြတ်နဲ့ အရှုံး၊ ပရဟိတလှူဒါန်းမှု တွေကိုတစ်ပြားတစ်ချပ်မကျန်ကို အသေးစိတ် မှတ်တမ်းတင်ထားတတ်သူပါ။ ဒီစနစ်နဲ့သူဟာ ကိုယ့်ရဲ့ စီးပွားရေး ဒါမှမဟုတ် ကိုယ်ပိုင်ဘဏ္ဍာရေး အခြေအနေကို အတိအကျ မသိဘဲနဲ့ အောင်မြင်အောင် မလုပ်နိုင်ဘူးဆိုတာကို သူက သက်သေပြခဲ့ပါတယ်။

2.Frugality and Efficiency
သူဟာ ကမ္ဘာ့အချမ်းသာဆုံး သူဌေကြီး ဖြစ်နေချိန်မှာတောင် အပိုအလျှံ အသုံးစရိတ်ကို အလွန်မုန်းတီးနေတဲ့ သူပါ။ သူ့ရဲ့ Standard Oil ကုမ္ပဏီမှာ ဆီစည်ခွံတွေကို ဂဟေဆော်တဲ့အခါ "ခဲ" (၄၀) စက်သုံးနေရာကနေ (၃၉) စက်နဲ့ လုံအောင်ပိတ်နိုင်ဖို့ စမ်းသပ်ခိုင်းခဲ့ဖူးပါတယ်။ အဲဒီ (၁) စက်လေး လျှော့ချလိုက်တာကနေ တစ်နှစ်ကို ဒေါ်လာ ထောင်ပေါင်းများစွာ သက်သာစေခဲ့ပါတယ်။ ဒါကြောင့်လည်း ကြီးကျယ်တဲ့ အောင်မြင်မှုဆိုတာ သေးငယ်တဲ့ စုဆောင်းမှုတွေနဲ့ အလေအလွင့် မရှိအောင် ထိန်းချုပ်မှုတွေကနေ စတင်တာ ဖြစ်တယ်ဆိုတာသူက သက်သေပြခဲ့ပါတယ်။

3.Persistence and Opportunism
ရော့ကဖယ်လာက ကမ္ဘာစီးပွားရေးပျက်ကပ်မှာတောင် တခြားစီးပွားရေးသမားတွေကအကျပ်အတည်းနဲ့ရင်ဆိုင်နေရချိန် သူကတည်တည်ငြိမ်ငြိမ်နဲ့ အခွင့်အရေးကို ရှာလေ့ရှိပါတယ်။ ၁၈၇၃ခုနှစ် စီးပွားရေးပျက်ကပ်မှာ အမေရိကန်လုပ်ငန်းရှင်တွေဟာ သူတို့ရဲ့အမြတ်‌တွေရှုံးမှာ စိုးရိမ်းတာကြောင့် သူတို့ရဲ့ လုပ်ငန်းတွေရောင်းချနေချိန်မှာ ရော့ကဖယ်လာကတော့ ပြိုင်ဘက်ကုမ္မဏီတွေကို တစ်ခုပြီး တစ်ခုဝယ်ယူကာ သူရဲ့ အင်ပါယာကြီးကို ချဲ့ထွင်ခဲ့ပါတယ်။ ဒီအောင်မြင်မှုရဲ့အဓိက သော့ချက်က အခက်အခဲဆိုတာ လူညံ့တွေအတွက် အတားအဆီးဖြစ်တယ်၊ လူတော်တွေအတွက်တော့ အခက်အခဲဆိုတာ ရွှေခေတ်ဖြစ်ကြောင်း သူကထပ်မံ့သက်သေပြခဲ့တယ်။

RAIDEN_KT
Historian

#John_D_Rockefeller #Kyawthet #Historian #RAIDEN_KT #history
❤5
"မြန်မာ့လွတ်လပ်ရေးအတွက် သက်ကို စွန့်လွှတ် ကြိုးပမ်းခဲ့သော ကျွန်ုပ်တို့ရဲ့ အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၁၁၁) နှစ်ပြည့် မွေးနေ့မှာ ဗိုလ်ချုပ်ကို အစဉ်ထာဝရ အမှတ်ရလျက် ဂုဏ်ပြုဦးညွှတ်အပ်ပါတယ်။ ဗိုလ်ချုပ်ဖြစ်စေချင်တဲ့ စည်းလုံးညီညွတ်ပြီး သာယာဝပြောတဲ့ နိုင်ငံတော်သစ်ဆီသို့ လျှောက်လှမ်းနိုင်ကြပါစေ။"
❤11
❤4
အင်ဒီးယန်းတို့၏နတ်ဆိုး(ခေါ်)ဂျော့ဝါရှန်တန်

အမေရိကန်ပြည်ထောင်စုရဲ့ ဖခင်ကြီးလို့ တင်စားကြတဲ့ ဂျော့ဝါရှန်တန် (George Washington) ကို ကျွန်တော်တို့က လွတ်လပ်ရေးသူရဲကောင်းအဖြစ်ပဲ သိထားကြတာပါ။ ဒါပေမဲ့ အမေရိကန်ဌာနေတိုင်းရင်းသား (Native Americans) တွေအတွက်တော့ သူဟာ ကြောက်မက်ဖွယ်ရာ "နတ်ဆိုး" တစ်ပါး ဖြစ်ခဲ့ဖူးတယ်ဆိုတာ သင်သိပါသလား?

အမေရိကန်သမိုင်းမှာ ဝါရှန်တန်လို့ ပြောရင် အဲဒီနိုင်ငံရဲ့ လွတ်လပ်ရေးသူရဲကောင်းကြီး လွတ်လပ်ရေးဖခင်ကြီးအဖြစ် ဖော်ပြလေ့ရှိကြပါတယ်။ ဒါပေမယ့် မူလဌာနေလူမျိုးစုတွေဖြစ်တဲ့ Iroquois (Haudenosaunee) တို့လို့ မျိုးနွယ်စုတွေကတော့ သူ့ကို "Conotocaurius" လို့ ခေါ်ဆိုခဲ့ကြတယ်။ အဓိပ္ပာယ်ကတော့ "မြို့ဖျက်ဆီးသူ" (Town Destroyer) လို့ခေါ်တယ် ဒါကလည်း အင်ဒီးယန်းမြို့ပြနိုင်ငံတွေက သူကြောင့်ပြိုကွဲရတယ်လို့လည်း လူမျိုးစုတွေက စွပ်စွဲကြတုန်းဖြစ်တယ်။

"Conotocaurius"နာမည်ဟာ အကြောင်းမဲ့ သက်သက်နဲ့ ပေါ်ပေါက်လာခဲ့တာ မဟုတ်ပါဘူး။ ၁၇၇၉ ခုနှစ် အမေရိကန်တော်လှန်ရေးစစ်ပွဲအတွင်းမှာ ဝါရှန်တန်က General John Sullivan ကို အမိန့်တစ်ခု ပေးခဲ့ပါတယ်။ အဲဒီအမိန့်ကတော့ ဗြိတိသျှဘက်တော်သားတွေ့ဖြစ်တဲ့ Iroquois လူမျိုးစု‌တွေရဲ့ ရွာတွေကို လုံးဝ အမြစ်ပြတ်အောင် ဖျက်ဆီးပစ်ဖို့ သူဗိုလ်ချုပ်‌တွေကို အမိန့်ပေးခဲ့လို့ ဒီနာမည် ရခဲ့ခြင်းဖြစ်တယ်။ ဝါရှန်တန်ရဲ့ အမိန့်ကြောင့် ဗိုလ်ချုပ် Sullivan ဦးဆောင်တဲ့ တပ်ဖွဲ့တွေဟာ အင်ဒီးယန်းဌာနေတိုင်းရင်သားတွေရဲ့ ရွာပေါင်း ၄၀ ကျော် ကို မြေလှန်ကာမီးရှို့ဖျက်ဆီး ခဲ့တယ်။ ဒါတင်မကဘဲ တိုင်းရင်သားတို့ရဲ့ အဓိက အသက်သွေးကြောဖြစ်တဲ့ သီးနှံစိုက်ခင်းနဲ့ အစားအစာတွေကိုပါ အကုန်ဖျက်ဆီးပစ်ခဲ့တယ်။ ဒီလုပ်ရပ်‌တွေကြောင့် ထောင်ပေါင်းများစွာသော အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အအေးဒဏ်နဲ့ ငတ်မွတ်ဘေးကြောင့် သေဆုံးခဲ့ရပါတယ်။

ဝါရှန်တန်ဟာ တကယ်တမ်းကြတော့ ဌာနေတိုင်းရင်းသားလူမျိုးတွေကို လူသား‌တွေလို့ လုံးဝမမြင်ပဲ နိုင်ငံတော်ချဲ့ထွင်မှုမှာ အနှောင့်အယှက်ပေးတဲ့ "ဝံပုလွေတွေ" လို့ အမြဲတမ်းတင်စားပြောဆိုခဲ့ပါတယ်။ "ဝံပုလွေတွေရော၊ အင်ဒီးယန်းတွေရောဟာ သားကောင်ရှာတဲ့ သတ္တဝါတွေဖြစ်လို့ ဖယ်ရှားပစ်ရမယ်" ဆိုတဲ့ သူ့ရဲ့ အယူအဆ‌တွေဟာ နောင်တစ်ချိန်မှာ တိုင်းရင်းသားတွေ မြေယာသိမ်းဆည်းခံရမှု (Indian Removal) အတွက် အခြေခံဖြစ်လာခဲ့တယ်။ ဘယ်လိုဘဲအင်ဒီးယန်းလူမျိုးတွေအတွက်နတ်ဆိုးဖြစ်နေပါစေ သူဟာအမေရိကန်ပြည်သူများအတွက်တော့ သူက နိုင်ငံသစ်ကို တည်ထောင်သူ၊ နယ်မြေချဲ့ထွင်ပြီး တည်ငြိမ်အောင် လုပ်ဆောင်သူ နိုင်ငံ့ခေါင်းဆောင်ကြီး အဖြစ်လေးစားဂုဏ်ပြုရတာအမှန်ပါပဲ။ တစ်ဖက်တိုင်းရင်သားတွေဘက်ကကြည့်ရင်လည်း သူတို့ရဲ့ ဘိုးဘွားပိုင်မြေတွေကို သိမ်းယူတယ်၊ မျိုးနွယ်စုတွေကို သတ်ဖြတ်တယ်၊ ရွာတွေကို မီးရှို့ခဲ့တဲ့အတွက် "နတ်ဆိုး" ဒါမှမဟုတ် "ကျူးကျော်သူ" အဖြစ်သာ မြင်ကြတယ်။ သာဓကတစ်ခုအနေနဲ့ ၁၇၉၀ ခုနှစ်‌လောက်မှာ Seneca ခေါင်းဆောင် Cornplanter က ဝါရှန်တန်ကို "မင်းရဲ့နာမည်ကို ကြားလိုက်ရုံနဲ့ ငါတို့ရဲ့ အမျိုးသမီးတွေဟာ ကြောက်လန့်တုန်လှုပ်ပြီး ငါတို့ရဲ့ကလေးငယ်တွေဟာလည်း သူတို့မိခင်ရဲ့ ရင်ခွင်ထဲမှာ ပုန်းအောင်းနေကြရတယ်" လို့ ပြောကြားခဲ့ဖူးပါတယ်။ ဒါကနိုင်ငံဖခင်ကြီး၊ တည်ထောင်သူဖခင်ကြီး၊ လွတ်လပ်ရေးဖခင်ကြီး၊ အကြီးမြတ်ဆုံးပုဂ္ဂိုလ်‌ကြီးရဲ့ ဆန့်ကျင်ဘက် အမှောင်ဘက်ခြမ်းက ကြောက်မက်ဖွယ်ရာ ချနင်းခံရတဲ့ တိုင်းရင်းသားတွေ ဘဝအတွက်တော့ သူဟာ နတ်ဆိုးတစ်ဦး ဖြစ်ခဲ့တယ်ဆိုတာ ထင်းရှားစေတဲ့ ဖြစ်ရပ်တစ်ခုပါ။

ကျွန်တော်ရဲ့အမြင်အရပြောရမယ်ဆိုရင်‌တော့ ခဗျာတို့ ကျုပ်တို့သိတဲ့သမိုင်းသင်ခန်းစာဆိုတာ ဖုံးကွယ်မှု‌ တွေနဲ့ပြည့်နှက်‌ နေတယ်ဆိုတာမျိုး‌ပေါ့ တကယ်တမ်းကြရင်သမိုင်းဆိုတာ အနိုင်ရသူတွေအတွက် ကောင်းကွက်တွေရေးခဲ့တာဖြစ်လို့ ဂျော့ဝါရှန်တန်ရဲ့ ပုံရိပ်ဟာ နှစ်ပေါင်းများစွာ ဝင်းလက်နေခဲ့ရတာလည်းဖြစ်တယ်။ ဒါပေမယ့် ကျွန်‌တော်တို့ရဲ့ လက်ရှိသမိုင်း‌တွေဟာ အမြဲတမ်း အဖြူအမည်း သဲသဲကွဲကွဲ ရှိမနေတတ်ပါဘူး။ ဘာလိုလဲဆိုရင် တစ်ဖက်အတွက် သူရဲကောင်းဟာ အခြားတစ်ဖက်အတွက်တော့ နတ်ဆိုးဖြစ်နေနိုင်ပါတယ်။ ဒါကြောင့်ဝါရှန်တန်ဟာလည်း အမေရိကန်နိုင်ငံကို တည်ထောင်ခဲ့သူဖြစ်ပေမဲ့၊ တစ်ဖက်မှာလည်း ဌာနေတိုင်းရင်းသားတွေရဲ့ ဘဝတွေကို စတေးခဲ့ရတဲ့ အမှောင်ဘက်ခြမ်းက "နတ်ဆိုး"တစ်ဦးဖြစ်‌နေလိုပါပဲ။

RAIDEN_KT
Historian

#Kyawthet #Historian #RAIDEN_KT #Washington #Indian #history #RAIDEN_KT
❤6
This media is not supported in your browser
VIEW IN TELEGRAM
I'll tell you one of my favorite speeches of my life. It's very simple and a great inspiration to love my country. "မင်းတိုင်းပြည်ကမင်းကိုဘာလုပ်‌ပေးနိုင်လဲ မမေးနဲ့ မင်းတိုင်းပြည်အတွက် မင်းဘာလုပ်နိုင်လဲမေးပါ" I like President Kennedy's speeches, they give me feelings. A young Myanmar like me;) having the opportunity to study the speeches of the great President Kennedy, could become a future liberal star😋.
❤7🎉1
ခန္ဓာကိုယ်တစ်ခု၊ စိတ်နှစ်ခွ - ရီပါဘလိကန်နဲ့ ဒီမိုကရက်တစ်
❤5
ခန္ဓာကိုယ်တစ်ခု၊ စိတ်နှစ်ခွ - ရီပါဘလိကန်နဲ့ ဒီမိုကရက်တစ်

ကျွန်တော်တို့သည် နိုင်ငံရေးအကြောင်းကို ဆွေးနွေးပြောဆိုကြတော့မည်ဆိုလျှင် ကျွန်တော်တို့ဟာ တစ်ဦးနဲ့တစ်ဦး "လက်ဝဲလား၊ လက်ယာလား"ဆိုပြီးအချင်းချင်း အပြန်အလှန် အမေးများလေ့ရှိသည်။လူသား‌တွေ့ဟာ တကယ်တမ်းကြတော့ ဝါဒတွေရဲ့ အယူအဆတွေ နောက်ကိုသာ လိုက်ရင် လက်ဝဲလား လက်ယာလားမသိရ‌လောက်အောင် ယိမ်းယိုင်ခဲ့မိသည်။ ဒါပေမယ့် လက်ဝဲအယူအဆရော လက်ယာအယူအဆရော ပါဝင်တဲ့ ခန္ဓာကိုယ်ကြီး တစ်ခုရှိပါတယ်။ အဲဒါဟာ ရီပါဘလိကန်(Republican)နဲ့ ဒီမိုကရက်တစ်(Democratic) ဆိုတဲ့ ခန္ဓာကိုယ်ကြီးကို ဖွဲ့စည်းထားတဲ့ စိတ်နှစ်ခွကိုဆိုလိုသည်။ စိတ်ဆိုတာအမြဲတမ်းတစ်သတ်မတ်ထဲ အတည်တကျမရှိနိုင်ပါဘူး ဒီမိုကရက်တစ်ခံယူတဲ့စိတ်က ပြည်သူ‌တွေရဲ့အခြေခံအဆောက်အအုံးကိုဦးစား‌ပေးတတ်သလို ရီပါဘလိကန်ဝါဒအရလည်း နိုင်ငံသားတစ်ဦးရဲ့ရှင်သန်လှုပ်ရှားမှု အခြေခံအခွင့်အရေး တစ်ခုအပေါ် မူတည်ကာ ကျင့်သုံးကြသည်။ ဒီမိုကရက်တစ်သည် လက်ဝဲဆန်သော လစ်ဘရယ်တန်ဖိုးနှင့် ဒီမိုကရေစီတန်ဖိုးတွေကို ပေါင်းကူးသဖွယ် အဓိက လုပ်ထားသည်မှာ ၎င်းတို့၏ပင်မအသက်‌ဖြစ်‌ပေသည်။ တစ်ဖက်တွင် ရီပါဘလိကန်အယူအဆအရ လက်ယာဆန်ဆန် အစိုးရရဲ့ အခန်းကဏ္ဌတွေကို လျှော့ချချင်နေတဲ့ Small Government ဆိုတဲ့ ရှေးရိုးစွဲသမား‌တွေရဲ့အငွေ့အသက်တွေနဲ့ ဖော်ဆောင်ထားသည်။ ဒါပေမယ့်သေချာပြန်တွေးကြည့်လျှင် သူတို့နှစ်ခုဟာ တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်မဟုတ်ဘဲ တစ်ခုရဲ့ဆန္ဒကိုတစ်ခုက ဖြည့်ဆီးရမည် အကောင်းဆုံးပြိုင်ဘက် မဟာမိတ်ဖြစ်သည်။

ပထမဆုံးအနေနဲ့ ရီပါဘလိကန်ဝါဒဟာ ဘာနဲ့အလားသဏ္ဌာန်တူသလဲဆိုရင် သူက ခန္ဓာကိုယ်တစ်ခုရဲ့မရှိမဖြစ်တဲ့ "အရိုးအဆစ်"တွေနဲ့တူတယ်။ နောက်ပြီး သူကဥပဒေစိုးမိုးရေးတွေ၊ အာဏာကိုဘယ်သူကထိန်ချုပ်မလဲဆိုတဲ့ ဟန်ချက်ထိန်းညှိရေးတွေနဲ့ လူနည်းစုအခွင့်အရေးတွေအပေါ် လူများစုကအနိုင်မကျင့်နိုင်အောင် ကာကွယ်ပေးတဲ့ အိမ်ကြီးတစ်လုံးလို့လည်းယူဆနိုင်ပါတယ်။ ဒီဝါဒမှာ ဘယ်သူတွေက ဘာအတွက်နဲ့ အာဏာကိုဘယ်လိုပဲရရ၊ အားလုံးက ဥပဒေဘောင်ထဲမှာနေရမယ် ဆိုတဲ့စည်းကမ်းမျိုးထုတ်ထားတာဟာ ရီပါဘလိကန်ရဲ့ အဓိကအသက်ပါပဲ။ ဒီမိုကရက်တစ်တွေကတော့ အဲလိုစည်းကမ်းထုတ်ထားတဲ့အိမ်ထဲမှာ နေထိုင်ကြတဲ့ ပြည်သူတွေရဲ့အသံတွေပါပဲ။ ဒီမိုကရက်တစ် ခေါ်တဲ့ ဒီမိုကရေစီစနစ်မှာ ပြည်သူတွေဟာ မိမိရဲ့ဆန္ဒ၊ အများစုရဲ့ ဆုံဖြတ်ချက်နဲ့ လူတိုင်းတန်တူညီမျှပါဝင်နိုင်မယ်ဆိုတဲ့ ခန္ဓာကိုယ်ကြီးထဲက သွေးကြောတွေနဲ့ တူပါတယ်။ လူထုက ဘာဖြစ်ချင်သလဲ၊ သူတို့က ဘာကိုပြောင်းလဲချင်သလဲ၊ ဘာအတွက်နဲ့ ပြောင်းလဲချင်သလဲဆိုတဲ့ မေးခွန်တွေနဲ့ မေးခွင့်ရှိတဲ့ စွမ်းအင်တွေနဲ့တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်ကြီး ဒါမှမဟုတ် အိမ်ကြီးတစ်အိမ်ဖြစ်နိုင်သည်။

ရီပါဘလိကန်နဲ့ ဒီမိုကရက်တစ်ဟာ ဘာကြောင့်ခွဲလို့မရတာလည်း စဉ်းစားကြည့်ရင် စိတ်မရှိတဲ့ ခန္ဓာကိုယ်ဟာ အလောင်းကောင်နဲ့မခြားနား ဖြစ်သွားသလိုပါပဲ၊ ဒါကြောင့် ရီပါဘလိကန်လမ်းစဉ်ဆိုတဲ့ ဥပဒေဘောင်ကြီး မရှိတဲ့ ဒီမိုကရေစီဟာလည်း လူစုလူဝေး အနိုင်ကျင့်မှု‌ ခေါ်တဲ့ Mob Rule ဖြစ်သွားနိုင်ပါတယ်။ အပြန်အလှန်သဘောတရားအားဖြင့် ဒီမိုကရေစီ ဆိုတဲ့ ပြည်သူ့အသံမရှိတဲ့ ရီပါဘလိကန်စနစ်ဟာလည်း ခြောက်ကပ်ပြီး အသက်မဲ့နေတဲ့ အာဏာရှင်ဆန်ဆန် ဗျူရိုကရေစီ ယန္တရားကြီး ဖြစ်သွားနိုင်တယ်ဆိုတာ မေ့ထားလို့မရနိုင်ပါ။

နိဂုံးချုပ်ရရင် ကျွန်တော်တို့ လိုချင်တာက လှပတဲ့ ခန္ဓာကိုယ် ကိုကိုယ်စားပြုတဲ့ ခိုင်မာတဲ့ အခြေခံဥပဒေနဲ့ ကျန်းမာတဲ့ စိတ်ဝိညာဉ်တွေကို ကိုယ်စားပြုတဲ့ ပြည်သူ့အသံ၊ ပြည်သူ့အခွင့်အရေးပါပဲ။ ဒီအုပ်စုနှစ်ခုဟာ ပြိုင်ဘက်တွေ မဟုတ်ဘဲ တစ်ဦးကိုတစ်ဦး ထိန်းကျောင်းပေးရမယ့် ညီနောင် အယူအဆတွေသာ ဖြစ်ပါတယ်။ ကျွန်တာ်တို့ဟာ နိုင်ငံရေးကို အဖြူအမည်း သီးသန့်ခွဲကြည့်မယ့်အစား ဒီနှစ်ခုကြားက "ဟန်ချက်"ညီမှုကို ရှာဖွေနိုင်မှသာ ကျွန်တော်တို့ လိုချင်‌‌တောင်းတ‌သော ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းကို ရောက်နိုင်မှာမလွဲပေ။ ။

RAIDEN_KT
Historian

#RAIDEN_KT #history #Democratic #Republican #Historian #Kyawthet #RAIDEN_KT
❤5🕊1🍾1
၁၈၆၀ ပြည့်နှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အမေရိကန်ပြည်တွင်းစစ်ရဲ့ စစ်မြေပြင်ဆိုတာဟာ ယောက်ျာအရင့်မာကြီးတွေတောင်မှ ကြောက်ဒူတုံးရလောက်တဲ့ထိ တုန်လှုပ်ရတဲ့ ငရဲခန်းတစ်ခုဆိုရင်မမှားပါဘူး။ ဒါပေမဲ့ ဒီ‌ကြောက်မက်ဖွယ်ရာ စစ်ပွဲကြီူရဲ့ သေနတ်သံတွေ၊ အမြောက်သံတွေကြားထဲမှာ စကတ်တစ်ထည်၊ ဂျာကင်အပြာလေးတစ်ထည်နဲ့ ရဲရဲဝံ့ဝံ့ လျှောက်သွားနေတဲ့ အမျိုးသမီးတစ်ယောက် ရှိခဲ့ဖူးတယ်ဆိုရင်အခုစာဖတ်‌နေတဲ့ခဗျာတို့ယုံနိုင်မလား??? သူမ နာမည်ကတော့ Marie Tepe (ခေါ်) စစ်သားတွေကသူကို ချစ်စနိုးနဲ့ခေါ်ကြတဲ့ "French Mary" ဆိုတဲ့အမည်နဲ့ကျော်ကြားတဲ့အမျိုးသမီးကြီးတစ်ဦးဖြစ်ပါတယ်။

Marieဟာ ပြင်သစ်အမျိုးသမီးတစ်ဦးပီပီ သတ္တိရှိသလို ခေါင်းလည်အရမ်းမာတဲ့အမျိုးသမီးတစ်ဦးပေါ့၊ သူမဟာ စစ်တပ်မှာVivandière ဆိုတဲ့ရိက္ခာနဲ့ ဆေးဝါး‌တွေကို ကူညီ‌‌ပေးတဲ့သူအဖြစ် တာဝန်ယူရပါတယ်။ အမေရိကန်ပြည်တွင်းစစ်ကျရောက်ချိန်၌ စစ်ပွဲအတွင်းစစ်သားများရေငတ်ချိန်၊ ဒဏ်ရာရကာ လဲကျချိန်တို့တွင် Marieဟာ ကျည်ဆန်တွေကြားထဲ၌ မိမိ၏အသက်ကိုပဓါနမထားဘဲ အကူညီလိုအပ်နေတဲ့စစ်သားများဆီကို အလျင်စလိုပြေးသွားတတ်သည်။ နောက်ပြီးသူမရဲ့ခါးမှာ အမြဲတမ်းလိုလို ဝိုင်ပုလင်းသေးသေးလေးတွေကို ချိတ်ထားလေ့ရှိပြီး ဒဏ်ရာရတဲ့သူတွေကို ၎င်းဝိုင်တိုက်ကာ အားဖြည့်ပေးလေ့ရှိသည်။

၁၈၆၂ခုနှစ် အမေရိကန်ပြည်တွင်းစစ်ကာလရဲ့အပြင်းထန်ဆုံးချိန် Fredericksburg တိုက်ပွဲ၌ Marieဟာသူမ၏ယခင်လုပ်ကြနေအတိုင်း စစ်မြေပြင်ရှိ စစ်သားများကိုကူညီနေစဉ် သူမ၏ခြေထောက်ကို ကျည်ဆန်ထိမှန်ခဲ့ပါတယ်။ ဒါဟာသာမန်လူဆိုရင် နောက်တန်းကို ပြန်ပြေးတော့မှာပဲဟု တွေးကောင်းတွေးမိနိုင်ပေမယ့် Marieကတော့နောက်ပြန်မခေါက်ဘဲ သူမရရှိထားတဲ့ ဒဏ်ရာကို အဝတ်စနဲ့ဖြစ်သလို ခပ်တင်းတင်းချည်နှောင်ပြီး စစ်မြေပြင်ထဲမှာပဲ ဒဏ်ရာရစစ်သားတွေကို ဆက်လက်ကူညီခဲ့ပါတယ်။ သူမရဲ့ ဘဝတစ်လျှောက်လုံးဟာ တိုက်ပွဲပေါင်း(၂၇)ပွဲအထိ ရှေ့တန်းကနေ ပါဝင်ခဲ့တဲ့ တကယ်လေးစားစရားကောင်းတဲ့ "Iron Lady" တစ်ဦးဖြစ်တယ်ဆိုတာ သူမလုပ်ခဲ့တဲ့သမိုင်းကြောင်းတွေကနေ ယနေ့အထိကျွန်တော်တို့ကို သက်သေပြနေပါတယ်၊ ဒီ"Iron Lady"ဆိုတဲ့ အမည်နာမဟာ သူကိုယ်တိုင်းပေးထားခြင်းမဟုတ်ဘဲ စစ်ပွဲမှာသူမဂရုစိုက်ခဲ့တဲ့ စစ်သားတွေကပေးခဲ့ခြင်းဖြစ်ပြီး စစ်သားတွေက သူမကို အမေလို၊ အစ်မလို အားကိုးချစ်ခင်လာခဲ့ပါတယ်။ စစ်ပွဲပြီးနောက်သူမဟာ Kearny Cross ဆိုတဲ့ ဂုဏ်ထူးဆောင်ဆုတံဆိပ်ချီးမြှင့်ခံခဲ့ရပါတယ်၊ ဒါဟာသူမရဲ့ရဲစွမ်းသတ္တိရှိမှုကိုအသိမှတ်ပြုမှု တစ်ခုအနေနဲ့ သူမဘဝမှာ ပထမဆုံးရဖူးသော စစ်ပွဲဆိုင်ရာ ဆုတံဆိပ်ဆိုရင်မမှားပါဘူး။

ဒါပေမယ့် သမိုင်းဆိုတာ အမြဲတမ်းတော့ မလှပနိုင်ခဲ့ပါဘူး။ စစ်ပွဲပြီးနောက်Marieဟာ ဆင်းရဲနွမ်းပါးစွာနဲ့ပဲ ဘဝကို ခါးသီးစွာ ဖြတ်သန်းခဲ့ရပါတယ်။ အဆိုးဆုံးကကတော့ တိုက်ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာတွေကြောင့်ပဲ သူမဘဝဟာ မသေ‌ခဲ့ပေမယ့် သေလောက်တဲ့ထိဝေဒနာကိုခံစားခဲ့ရပါတယ်၊ ဒီဝေဒနာတွေရဲ့ဒဏ်ကိုမခံစားနိုင်တော့တဲ့ Marieဟာ ၁၉၀၁ခုနှစ်မှာ အဆိပ်သောက်ပြီး ကိုကိုယ့်ကို အဆုံးစီရင်သွားခဲ့ပါတယ်။ ဤအဆုံးသတ်ဟာသူမဘဝအတွက် နာကျင်စရာတွေနဲ့အထီးကျန်မှုကို မခံစားနိုင်တော့တဲ့အမျိုးသမီးတစ်ဦးအတွက် သေခြင်းတရားဟာ သူမအတွက်ထာဝရ လွတ်မြောက်ရာလမ်းဖြစ်ခဲ့ပါတယ်။ နောက်ဆုံးအနေနဲ့သူမဘဝတစ်ခုလုံးကို ခြုံငုံသုံးသပ်ရလျှင် Marie Tepeဆိုတဲ့ အမျိုးသမီးကြီးဟာ သမိုင်းစာအုပ်တွေထဲမှာ သိပ်ပြီးနာမည်မကြီးလှပေမဲ့ စစ်မြေပြင်ထဲက စစ်သားတွေအတွက် သူမဟာ ကောင်းကင်ဘုံဗိမာန်ကနေ ဆင်းသက်လာတဲ့ နတ်သမီး တစ်ပါးပါပဲ၊ သူမရဲ့ သတ္တိဟာ သင်ခန်းစာတစ်ခုအနေနဲ့ကြည့်ရင် စစ်ပွဲဆိုတာအမျိုးသားတွေဘဲ ဦးဆောင်နိုင်မည်ဆိုတဲ့စနစ်ကိုချိုးဖျက်ရုံတင်မကပဲ အမျိုးသမီးတစ်ဦးရဲ့ သတ္တိဟာ အမျိုးသားများစွာကို ကယ်တင်နိုင်တဲ့ဆိုတဲ့ ကျား/မ ခွဲခြားမှုမရှိတဲ့ သတ္တိမျိုးကို သူမကသက်သေပြသွားခဲ့ပါတယ်။

RAIDEN_KT
Historian

#Marie_Tepe #Kyawthet #RAIDEN_KT #history #Historian #history #RAIDEN_KT #CivilWar
❤5
"If you can't fly then run, if you can't run then walk, if you can't walk then crawl, but whatever you do you have to keep moving forward."
"မင်း မပျံသန်းနိုင်ရင် ပြေးပါ။ မပြေးနိုင်ရင် လမ်းလျှောက်ပါ။ လမ်းမလျှောက်နိုင်ရင် တွားသွားပါ။ ဘာပဲလုပ်လုပ် မင်းလုပ်ရမှာကတော့ ရှေ့ကိုပဲ ဆက်သွားနေဖို့ပါပဲ။"

-Martin Luther King Jr


#RAIDEN_KT #Historian #Kyawthet
❤5
😳When everyone in the world is making mistakes and pretending to be normal, if someone finds the truth, they will be labeled as crazy.The truth may be a much worse nightmare than the normal state most people accept.That's why, even if you're right, people will avoid you because they think you're crazy, just like Squidward in the picture. Do you understand what I'm saying! There is no real good or evil in the world, only rules set by people.Therefore, since there is no absolute truth in this world, do not believe in anything that is truly true or truly false.A person who knows the truth is not only isolated in a crowd,..but is also branded as a villain and cast out by society.

-RAIDEN_KT

#RAIDEN_KT #Kyawthet #SubscribeNow #history #RAIDEN_KT
Please open Telegram to view this post
VIEW IN TELEGRAM
❤2🗿1
The channel's pfp is changing.The reason is that I don't like it much.
❤4