𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏
324 subscribers
375 photos
4 videos
27 files
5 links
United States/European History
အမေရိကန်/ဥရောပသမိုင်းများ
Download Telegram
ပြဿနာရဲ့အစ ၁၉၅၇ခုနှစ်မှာ အာကင်ဆောပြည်နယ်ရဲ့Little Rockမြို့မှာစတင်ခဲ့တာဖြစ်တယ်။ အာကင်ဆောပြည်နယ် ပညာရေးဘုတ်အဖွဲ့ဟာ ဖက်ဒရယ်အစိုးရက ချမှတ်တဲ့ ကျောင်းများအားလုံးပေါင်းစည်းရေး မူဝါဒကို ကျင့်သုံးရန် ဆုံဖြတ်လိုက်ပြီး ပြည်နယ်ထဲမှာရှိတဲ့ အတော်ဆုံးလူမည်းကျောင်းသား ၉ဦးကို ကနဦးရွေးချယ်ကာ လူဖြူတွေသာ သီးသန့်တက်ခွင့်ရှိတဲ့Central High Schoolကို ပညာတော်သင်အဖြစ် စေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် ထိုကျောင်းသား၉ယောက် ကျောင်းစတတ်တဲ့ ပထမဆုံးနေ့မှာဘဲ ပြဿနာဟာ အကြီကျယ်စတင်လာတာပါဘဲ။ ဘာလို့လဲဆိုရင် အာကင်ဆောပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးOrval Faubusဟာ လူမျိုးရေးခွဲခြားတတ်သူတစ်ဦးဖြစ်နေလို့ပါဘဲ။ သူဟာ ပြည်နယ်ပညာရေးဘုတ်အဖွဲ့က စေလွှတ်တဲ့ လူမည်းကျောင်းသား၉ကို ကျောင်းထဲမဝင်နိုင်အောင် ပြည်နယ်အမျိုးသားအစောင့်တပ်ကိုအမိန့်ပေးထားပါတယ်။ ဒီဖြစ်ရပ်မှာအဆိုးဆုံးအဖြစ်အပျက်ကတော့ လူမည်းကျောင်းသား၉ဦးအနက် Elizabeth Eckfordဆိုတဲ့ ကျောင်းသူတစ်ဦးရဲ့အဖြစ်အပျက်ပါဘဲ သူမဟာ ကျောင်းတက်ဖော်လူမည်းကျောင်းသား၈ဦးနဲ့ အတူတူအတန်းတက်ရန် ချိန်းထားခဲ့ပေမယ့် သူမမှာ ကိုယ်ပိုင်ဖုန်းမရှိတော့ သူတို့နဲ့ဆက်သွယ်ဖို့အချိန်အတိကျမသိဘဲ ကျောင်းကိုတသ်ယောက်ထဲ ရောက်သွာူပါတယ်။ ထိုအခါ လူဖြူကျောင်းသားတွေဟာ သူမကို ဝိုင်းဆဲပြီး သတ်ပစ်မယ် လို့ခြိမ်းခြောက်ကြတယ်။ တချို့လူဖြူတွေကသူမကို ဓါတ်ပုံတွေဝိုင်းရိုက်ပြီးလှောင်ကြတယ်။ ဒါပေမယ့် အဲဒီဓါတ်ပုံဟာ သမ္မတအိမ်တော်ထိပေါက်သွားခဲ့တယ်။

ဒီဖြစ်ရပ်အတွက် အမေရိကန်အစိုးရဟာ စုံစမ်းမှုပြုလုပ်တဲ့အခါ ပြည်နယ်အုပ်ချုပ်ရေးမှူးက ဖက်ဒရယ်အစိုးရရဲ့အမိန့်ကို ဆန့်ကျင်နေတာကြောင့် သမ္မတDwight D. Eisenhower ကဒေါသထွက်သွားခဲ့တယ်။ ထိုကြောင့် သမ္မတEisenhower ကအာကင်ဆောပြည်နယ်အုပ်ချုပ်ရေးမှူကို ဆင့်ခေါ်ကာ ဆွေးနွေးပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒီလိုနဲ့ဆွေးနွေးမှု မအောင်မြင်တဲ့အဆုံး သမ္မတEisenhowerဟာ ၁၉၅၇ စက်တင်ဘာလ၂၄ရက်မှာ အမိန့်တစ်ခုထုတ်ပြန်ခဲ့ပါတယ်၊ သမ္မတရဲ့အမိန့်အရ အာကင်ဆောပြည်နယ်အမျိုးသားအစောင့်တပ်ကို အမေရိကန်တပ်မတော်က ရက်အကန့်သတ်မရှိသိမ်းယူလိုက်ရမည်ဖြစ်ပြီး အဓိကပြဿနာဖြစ်နေတဲ့ Little Rockမြို့ကိုထိန်းသိမ်းရန် အမေရိကန်စစ်တပ်၏ နာမည်ကျော်101st Airborne Division လေထီးတပ်ရင်း စေလွှတ်လိုက်တယ်။ အမေရိကန်စစ်သား၁၀၀၀ကျော်ဟာ ကျောင်းသား၉ယောက်ကို ဝန်းရံပြီး လူဖြူလူအုပ်ကြီးရန်ကနေ အကာကွယ်ပေးပြီး ကျောင်းထဲသို့ ပို့ဆောင်ပေးခဲ့တယ်။ စစ်သားတွေဟာ တစ်နှစ်ပတ်လုံး ကျောင်းသားတစ်ယောက်ချင်းစီကို ဘေးကနေ လိုက်စောင့်ပေးရတဲ့အထိ လူမည်းတွေရဲ့လုံခြုံရေးဟာပြင်ထန်လာခဲ့တယ်။ ဒါပေမယ်ဒီလူမည်းကျောင်းသား၉ဦးရဲ့ လုံခြုံရေးဟာကျောင်းအတွင်းအဝင်ထိသာကာကွယ်မှုရပြီး စာသင်ခန်းထဲ၌ လူဖြူကျောင်းသားတွေက သူတို့ကို ရိုက်တာ၊ဆဲတာ၊စာအုပ်တွေ စားစရာတွေနဲ့ ပစ်ပေါက်တဲ့အပြင် သူတို့ရဲ့ စာအုပ်တွေကို ဖျက်ဆီးပစ်တာမျိုး နေ့တိုင်းလိုလို အလုပ်ခံရပါတယ်။ လူဖြူတွေရဲ့ အနိုင်ကျင့်တဲ့အထဲမှာMinnijean Brownဆိုတဲ့ကျောင်းသူမလေးဟာ တခြားသူငယ်ချင်း၈ဦးထက် အမြဲလိုလို နှိပ်စက်ခံရပါတယ်။ ဒါကိုသူမကပြန်တုံပြန်မိတဲ့အခါ ကျောင်ကနေအထုတ်ခံလိုက်ရပြီ ကျန်ရှိနေတဲ့ လူမည်း၈ယောက်သာ နှိပ်စက်မှုဒဏ်ကိုတောင့်ခံခဲ့ကြပါတယ်။ ၁၉၅၈ ခုနှစ် မေလမှာ ဤလူမည်းကျောင်းသား၈ဦးဟာ Little Rock Central High School ကနေ ပထမဆုံး ဘွဲ့ရတဲ့ လူမည်းကျောင်းသား ဖြစ်လာခဲ့တယ်။ သူတို့ရဲ့ ဘွဲ့နှင်းသဘင်ကို Martin Luther King Jr. တောင် တက်ရောက်ခဲ့ပါတယ်။ ဒါကို ပြည်နယ်အုပ်ချုပ်ရေးမှူးက အလျှော့မပေးဘဲ ဆက်ပြီးဆန်ကျင်တဲ့အနေနဲ့ ဒီဖြစ်ရပ်အပြီး၁နှစ်မှာ Little Rockမြို့မှာရှိတဲ့ အထက်တန်းကျောင်း၄ကျောင်းကို လုံးဝ ပိတ်ပစ်လိုက်တယ်။ ဒီကာလကို The Lost Yearလို့ အမေရိကန်သမိုင်းမှာ ခေါ်ဆိုကြတဲ့အထိဖြစ်ခဲ့တယ်။ ၁၉၅၉ခုနှစ်မှာ ဖက်ဒရယ်တရားရုံးချုပ်ဟာ ကျောင်းများအားလုံး ပြန်ဖွင့်ရမယ်လို့အမိန့်ချလိုက်တဲ့အခါ ဒီလူမျိုးရေးခွဲခြားမှုစနစ်ကြီးဟာလည်း လုံးဝပျက်သုဉ်းသွားရပါတော့တယ်။

ဒီပြဿနာရဲ့အတိုချုံသုံးသပ်ရလျှင် ဖက်ဒရယ်အစိုးရသည် ပြည်နယ်အစိုးရ၏ အာဏာကျော်လွန်လာတဲ့အခါ ဖက်ဒရယ်အစိုးရအနေနဲ့ ပြည်ထောင်စုဆိုင်ရာဥပဒေစိုးမိုးဖို့အတွက် အင်အားသုံး ဖြေရှင်းရမယ်ဆိုတဲ့ သာဓကတစ်ခုပါဘဲ။ နောက်ဆုံး၌ သမ္မတ Eisenhowerရဲ့ပြတ်သာမှုဟာ ထိုလူမည်းကျောင်းသား၉ဦးအပါဝင် ပြည်ထောင်စုတစ်ခုလုံး၌ လူမည်းလူဖြူအားလုံးဟာ အမေရိကန်ရဲ့ ဥပဒေထဲက လူသားတိုင်းအတူ ဘက်လိုက်မှုမရှိဘဲ အားလုံးဟာအတူတူဘဲဆိုတာ သက်သေပြခဲ့တဲ့ဖြစ်ရပ်တစ်ခုဖြစ်ပါတော့သည်။

-RAIDEN KT
Historian

#Little_Rock_Nine #RAIDEN_KT #Kyawthet #history
❤8
Fame is a mask that eats into the face.
ကျော်ကြားမှုဆိုတာ မျက်နှာကို တဖြည်းဖြည်းချင်း တိုက်စားသွားတတ်တဲ့ မျက်နှာဖုံးတစ်ခုပဲ။

-John Updike


#RAIDEN_KT #Kyawthet #John_Updike #history
❤4🏆2
Most people think I'm very selfish,🫩but I believe my heart is as strong as a rock.But in reality, I'm a person with feelings, and hiding my feelings from others isn't as easy as I thought.I always smile when others criticize me. They think I'm emotionless, but you know, my wounds are gnawing at me inside.

-RAIDEN KT
Historian
#RAIDEN_KT #Kyawthet #history
❤4❤‍🔥1🎉1
အားလုံးပဲ မင်္ဂလာရှိတဲ့ သင်္ကြန်နှစ်သစ်ကူးအခါသမယ အချိန်အခါကောင်းဖြစ်ပါစေကြောင်း ကျွန်တော်Raiden kt မှဦးစွာ ဆုမွန်ကောင်းတောင်းကာ မေတ္တာပို့သအပ်ပါတယ်ခဗျာ....

-RAIDEN KT
❤3💋3
𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏
အားလုံးပဲ မင်္ဂလာရှိတဲ့ သင်္ကြန်နှစ်သစ်ကူးအခါသမယ အချိန်အခါကောင်းဖြစ်ပါစေကြောင်း ကျွန်တော်Raiden kt မှဦးစွာ ဆုမွန်ကောင်းတောင်းကာ မေတ္တာပို့သအပ်ပါတယ်ခဗျာ.... -RAIDEN KT
ကျွန်တော်တို့ မြန်မာလူငယ်တွေဟာ မိမိတို့ယဉ်ကျေးမှု သမိုင်းကြောင်းကို ပြန်ကြည့်တဲ့အခါ သင်္ကြန်ဆိုတာဟာ ပျော်ပွဲရွှင်ပွဲတစ်ခုထက်မကအလွန်အရေးပါကာ သမိုင်းဝင် ယဉ်ကျေးမှုနေ့ထူးနေ့မြတ်မဟာဖြစ်ပါတယ်။ သင်္ကြန်ဟာ မြန်မာလူမျိုးတွေအတွက် နှစ်သစ်တစ်ခုထက်မက ကျွန်တော်တို့ရဲ့ နှစ်ဟောင်းကအညစ်အကြေးတွေကို ဆေးကြောဖို့ တစ်ဦးနဲ့တစ်ဦး မေတ္တာရေစင်ပက်ဖျန့်သည်အလေ့ထဟာလည်း မြန်မာလူမျိုးတို့အဖို့ အင်မတန်မှချစ်စဖွယ်ကောင်းလှပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာသမိုင်းစာမျက်နှာကို ပြန်လှန်ဝေဖန်သုံးသပ်သည့်အခါ အမေရိကန်တော်လှန်ရေးတုံကလို့ အမေရိကန်တွေ့ဟာသူတို့ရဲ့ လွတ်လပ်မှု၊ လွတ်လပ်ခွင့်ကို တန်ဖိုးထားခဲ့ကြသလို ကျွန်တော်တို့ဟာသမိုင်းကြောင်းအရ ဤဂုဏ်ယူစရားဖြစ်တဲ့ မိမိတို့၏မြန်မာ့သင်္ကြန်ပွဲတော်လေးကို တန်ဖိုးထားတတ်ကြပါလိမ့်မယ်။ ဥရောပ၌ ဂယက်ထခဲ့တဲ့ ဉာဏ်အလင်းခေတ်ကလို့ တီထွင်ဖန်တီးမှုတွေနဲ့ ကမ္ဘာကြီးကိုပြောင်းလဲခဲ့သလို ကျွန်တော်တို့ဟာ ဒီနှစ်သစ်မှာ မိမိ၏လက်ရှိဘဝထက် ပိုမိုတောက်ပလာအောင် တီထွင်ဆန်သစ်ကြရမည်ဖြစ်ပါတယ်။

မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်ဖြစ်တဲ့ဒီနှစ်သစ်အခါသမယမှာ မြန်မာနိုင်ငံသားမိဘပြည်သူ အားလုံးတို့ဟာလည်း မိမိတို့၏စိတ်ဓါတ်ခွန်အားများစွာ ပိုမိုခိုင်မာပြီး အခက်အခဲအားလုံးကျော်ဖြတ်နိုင်ပါစေ၊ အတိတ်ကအမှားတွေနဲ့ နောက်နှစ်ကကြုံခဲ့ကြတဲ့ဒုက္ခအပေါင်းမှလည်း ရုန်းထွက်နိုင်ကြပြီး မိမိတို့၏ ကိုယ်ပိုင်ဆုံးဖြတ်တွေနဲ့ ဒီနှစ်သစ်မှာ တည်ဆောက်နိုင်ကြပါစေ၊ ကျွန်တော်တို့ဟာ မာတင်လူသာကင်းပြောခဲ့သလို အမှောင်ထုထဲမှာ ကြယ်တွေကိုမြင်အောင်ကြည့် နိုင်တဲ့ သတ္တိစိတ်ဓါတ်မျိုးနဲ့ အခက်အခဲအားလုံးကို ဒီနှစ်သစ်လေးမှာကျော်‌ဖြတ်နိုင်ပါစေ၊ စက်မှုတော်လှန်ရေးတုန်းကလို့မျိုး ကမ္ဘာကြီးက တဟုန်ထိုးပြောင်းလဲသွားသလို ကျွန်တော်တို့လူငယ်တွေရဲ့ ဘဝဟာလည်း ဒီနှစ်သစ်မှာ ဗဟုသုတအသစ်များ အတွေကြုံအသစ်များနဲ့ စိန်ခေါ်မှုများစွာကို ကျော်ဖြတ်ပြီး နိုင်ငံတကားလူငယ်တွေထက် အမြဲဆိုသလိုအရှေ့ဆုံးကနေ အမြဲရောက်‌ဦးဆောင်နိုင်ပါစေကြောင်းဆုတောင်းမေတ္တာပို့သ အပ်ပါတယ်ခဗျာ....။

ဒီနှစ်သင်္ကြန်ရဲ့ရေအေးအေးလေက ကျွန်တော်တ့်ုအားလုံးရဲ့ နှလုံးသားထဲမှာရှိတဲ့ အပူသောကတွေကို ဆေးကြောပေးပြီး ကျွန်တော်တို့အားလုံးဟာ တန်ဖိုးရှိတဲ့ လူတစ်ဦးအဖြစ်နှစ်သစ်မှာ အသစ်တဖန်‌ မွေးဖွားပြီး တိုးတက်မှုတွေနဲ့ ပြည့်ဝတဲ့နှစ်သစ်အချိန်အခါလေးတစ်ခုကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်တော် Raiden ktကထပ်ပြီး ဆုတောင်းပေးလိုက်ပါတယ်ခဗျာ......။

RAIDEN KT
Historian

#RAIDEN_KT #Thingyan #Kyawthet #Kyawthet
❤7
ပြုပြင်ပြောင်းလဲရေးတိုင်းမှာ ကြမ်းတမ်းတဲ့အခက်အခဲဆိုတာရှိပါတယ်....ကျွန်တော်တို့အတွက် စိန်ခေါ်မှုတိုင်းဟာ အချိန်ကာလတစ်ခုထိတည်ဆောက်လို့လွယ်ကူတဲ့အရာမဟုတ်ပေမယ့်...စနစ်ဟောင်းထဲကနေရုန်းထွက်နိုင်တာဟာ အရင်ကထက်စားရင် ပိုမိုလူပီသတဲ့ စစ်မှန်တဲ့လူသားဝါဒီတွေဖြစ်လာနိုင်မှာပါ။ စနစ်ကပြုပြင်‌ပြောင်းလဲမှုကို"It's very difficult"လို့ပြောရင်..." yeah, it is very difficult.But we are not for the system, the system is for us"ဆိုပြီး ထအော်နိုင်ရပါလိမ့်မယ်။
စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာ ခန္ဓာကိုယ်အပေါ်ကခြုံထားတဲ့ အရေခွံသက်သက်မဟုတ်ဘဲ....ခန္ဓာကိုယ်ထဲကအရိုးစုတွေကို ပွင့်ထွက်လာတဲ့ထိ ဟောင်းနွမ်းပျက်စီးနေတဲ့ အရိုးအဟောင်းတွေကို နာကျင်စွာ ရိုက်ခွဲပစ်ရတာမျိုးပါပဲ။

-RAIDEN KT

#RAIDEN_KT #Kyawthet #history
❤7❤‍🔥1
𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏
အပိုင်း(၁) Alexander Hamiltonလို့ပြောရင် အမေရိကန်ပြည်ထောင်စုရဲ့တည်ထောင်ဖခင် ဘဏ္ဌာရေးစနစ်တစ်ခုလုံးကို အသက်သွင်းခဲ့တဲ့ သူရဲကောင်းကြီးလို့ ကျွန်တော်အားလုံးကပြေးမြင်ကြပါလိမ့်မယ်။ သူဘဝဟာ အောင်မြင်မှုတွေနဲ့ ပြည့်နှက်နေသလောက် သူရဲ့နောက်ကွယ်ဇာတ်ကြောင်းဟာ အရမ်းကိ…
အပိုင်း၂

နောက်ပိုင်းAlexander Hamiltonသည် စာပေဝါသနာပါမှုနှင့် စာရေးခြင်းအသက်မွေးဝမ်းကြောင်းများကြောင့် သူဘဝဟာတစ်ဆစ်ချိုး ပြောင်းလဲသွားတယ်။ တနေ့ သူနေထိုင်တဲ့ ကာရစ်ဘီယံကျွန်း‌လေးကို ဟာရီကိန်းမုန်တိုင်းတိုက်ခတ်ပြီး ကျွန်းလေးပျက်စီးသွားတဲ့ အကြောင်းစာတစ်စောင်ရေးသားခဲ့ပါတယ်။ သူရေးတဲ့အဲဒီစာလေးက ဘယ်လောက်ထိကောင်းသလဲဆိုရင် ဒေသခံတွေကပါ သူလို့မိဘမဲ့တစ်ဦးရဲ့ စာရေးနိုင်စွမ်းကို အလွန်အံ့ဩပြီး ချီးကျူရမနေနိုင်အောင် တဖြေးဖြေးထောက်ခံလာခဲ့ပြီး သူအတွက်နယူးယောက်ခ်မြို့ကြီးမှာ ပညာသင်ကြားနိုင်ဖို့ အားလုံးကရန်ပုံငွေတွေရှာပြီး ပညာတော်သင်အဖြစ်ကူညီခဲ့ကြပါတယ်။ထို့နောက်Hamiltonဟာ န‌ယူးယောက်ခ်မြို့ရှိ king college ၌သင်ကြားနေစဉ် ဗြိတိသျှတို့၏ ဖိနှိပ်မှုကိုစတင်ကြုံတွေ့ခဲ့ရပါတယ်။ သူဟာ ဗြိတိသျှတို့၏ နိုင်ထက်စီးနင်းမှုကို ခေါင်းငုံမခံဘဲ ဗြိတိသျှများကို ဆန့်ကျင်သည့် ဟောပြောများ လက်ကမ်းစာစောင်များ ရေးသားကာ နယူးယောက်ခ်မြို့၌ ကျော်ကြီးလာခဲ့သူဖြစ်ခဲ့ပါတယ်။

RAIDEN KT
Historian
#Kyawthet #RAIDEN_KT #Alexander_Hamilton
❤3
☝️😀By the way.....if someone asks you what history is, how would you answer? haha....it's too easy. In fact, history can be considered as a guide to prepare the future for the objects of the past. I is aware of the mistake you made yesterday and is encouraging you not to make the same mistake again. That is history...So history is warning us of tomorrow. History is something that is always alive. It is always watching people. You have to be careful about that. 👊👽yoyo....I believe that one day I will be in history too.

-RAIDEN KT
Historian
#RAIDEN_KT #Kyawthet #history #historian #RAIDEN_KT
❤7
How important is the truth, how much is it hidden, how much is it worth fearing?....Share your learning with us..🗣️🤛👽
❤4
𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏
How important is the truth, how much is it hidden, how much is it worth fearing?....Share your learning with us..🗣️🤛👽
လူတွေအတွက် အမှန်တရားဆိုတာဟာ တခါတလေအရမ်းကိုရုပ်ဆိုးပြီးအကျဉ်တန်းစေတယ်။ လူတွေအတွက်အမှန်တရားဆိုတာ အရမ်းခါးသီးတဲ့ အရာပါပဲ ဒါကို The ultimate horror of truthလို့သတ်မှတ်လို့ရပါတယ်။ လောကကြီးကကိုယ်ထင်ထားသလို့မျိုး ကောင်းတဲ့အလှတရားတွေထက် တစ်ဦးနဲ့တစ်ဦးစိတ်သောကရောက်စေတဲ့ ဝိရောဓိတွေနဲ့ တည်ဆောက်ထားတာ ဖြစ်တယ် ဒါကို မေ့ထားလို့မရပါဘူး။ လူတချို့ဟာ အမှန်တရားကိုလက်ခံပါလို့ ထအော်နေပေမယ့် သူတို့ဆိုလိုတဲ့အမှန်တရားဆိုတာက ပန်းခင်းလမ်းလည်မဟုတ်ဘူး ဆူးခင်ထားတဲ့ လမ်းတွေကြီးပါပဲ။ အမှန်တရားကိုထအော်နေတဲ့သူကိုယ်တိုင်းကလည်း မိမိယုံကြည့်ရာကို စွဲပြောနေကြတယ်လို့ တစ်ဖက်ကထင်မြင်နိုင်သလိုပါပဲ။ လူတွေဟာ အမှန်တရားကို ဘယ်တုံကမှ ရင်မဆိုင်ရဲခဲ့ကြဘူး သူတို့ဟာမုသာဝါဒတွေရဲ့အနောက်မှာ ပုန်းအောင်းနေတတ်ကြတယ်။ ဒါကိုဝိရောဓိကျကျစဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်အခုမြင်တွေ့နေရတဲ့လောကကြီးက တည်ငြိမ်မှုတွေနဲ့ အလှတရားတွေနဲ့ပြည့်နှက်နေတယ်ဆိုပါစို့ အဲ့ဒီတည်ငြိမ်မှုတွေအတွက် ရှင်သန်ရပ်တည်နိုင်အောင် ရက်စက်တဲ့ အမှန်တရားတစ်ခုက နောက်ကွယ်မှာ အမြဲရှိနေတယ်။ ဥပမာပြောရရင် လူသဘာဝကြီးဟာ တရားမျှတတယ် လူအဆင့်အတန်းမြင့်မားတယ်လို့ ထင်ရပေမယ့် တစ်ဖက်မှာ အင်အားကြီးတဲ့သူက အင်အားနည်းသူကို ဘယ်လိုဝါးမျိုးသွားသလဲဆိုတဲ့ Survival of the Fittest လိုမျိုးသွေးစွန်းနေတဲ့ အမှန်တရားတစ်ခုပေါ်မှာ ရပ်တည်နေတယ်။ ပြောရရင် တရားမျှတမှု၊ လူအဆင့်အတန်းဆိုတာဟာ အင်အားကြီးသူတွေ့တည်ဆောက်ထားတဲ့ တံတိုင်းတစ်ခုဘဲ တရားမျှတမှုဆိုတာကတော့ လူတန်းစားအားလုံးကို တခါတရံမျက်ရည်သုတ်ပေးရုံးသက်သက်ပါပဲ။ လူတွေကဒီလိုအမှန်တရားတွေကို ဘယ်တွေမှာရှာဖွေ့ချင်မှာ မဟုတ်ဘူး ဘာလိုဆို ကျွန်တော်လေ့လာဖူးတဲ့ ​အတွေးအခေါ်ပညာရှင် Arthur Schopenhauer ကပြောသလိုပေါ့ လူတစ်ယောက်က အမှန်တရားကို ပိုသိလေလေ သူအတွက်ပိုပြီး စိတ်သောကရောက်လေလေပါဘဲတဲ့။ ဆိုလိုတာက အမှန်တရားကို ငါတို့သိမြင်သွားတဲ့အခါ လောကကြီးရဲ့ အနှစ်မဲ့မျက်နှာလိုက်မှုတွေနဲ့ ဝိရောဓိတွေကို မြင်လာရလိုပါပဲ။ ဒါကိုစောစောကပြောတဲ့ Ultimate Horror လို့ လည်းခေါ်ဆိုနိုင်တယ်။ လူတစ်ဦးကမသိဘဲ ပျော်နေရတာက ပိုလွယ်ပေမဲ့၊ သိလျက်နဲ့ ရင်ဆိုင်ရတာဟာ ရုပ်ဆိုးလှတဲ့ စိတ်သောကကို ဖြစ်စေပါတယ်။

လူတွေက ငြိမ်းချမ်းရေးကိုတော့အမြဲလိုလိုတောင်းဆို လိုချင်ကြတယ် ဒါပေမယ် လက်နက်တွေထုတ်လုပ်တာတော့မရပ်ဘူးပေါ့၊ ဒါကြောင့် ချစ်ခြင်းမေတ္တာအကြောင်းအပါ်ယံအကာကွယ်ရင်းနဲ့ အမုန်းတရား အာဃာတတွေကို မသိမသာမျိုးစေ့ချနေကြတယ်၊ ဒီလိုနဲ့ လူတွေက သူတို့ပြောတာနဲ့ လုပ်တာတွေက တခြားစီဖြစ်နေတဲ့ ဝိရောဓိတွေနဲ့ လောကကြီးကို တည်ဆောက်နေကြတယ်။
"အမှန်တရားဟာ ကျွန်တော်တို့ကို လွတ်မြောက်မှုတွေပေးလိမ့်မယ်၊ ဒါပေမယ့် အဲလို မလွတ်မြောက်ခင် ကျွန်တော်တို့ဟာ စိတ်ဒုက္ခတွေနဲ့ ကြုံရပါလိမ့်မယ်။"

-RAIDEN KT

#Kyawthet #RAIDEN_KT #history
❤5👍1
We must create a new environment with reform.The paintings I make must always have new layers of paint. A painting without changes is worthless, but changes and mistakes make the painting more complete.

#RAIDEN_KT #Kyawthet
❤‍🔥4❤2
သမိုင်းဆိုတာဟာ...ကျွန်တော်တို့ ရေးဖို့၊ မှတ်ဖို့၊ မှတ်တမ်းတင်ဖို့ တစ်ခုထဲအတွက်...မဟုတ်ပါဘူး။ ၎င်းဟာ လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ‌တွေကို ပြန်လည်ရယူဖို့ သူတို့ရဲ့ စတေးခဲ့ရတဲ့ သွေးနဲ့ မျက်ရည်တွေရဲ့ အဖြေထုတ်ချက်ပဲ ဖြစ်တယ်။ မျက်မှောက်ခေတ်ရဲ တိုးတက်မှုစံနှုန်းဟာ အတိတ်က‌Paperမှာသွေးနဲ့ရေးခဲ့ကြတာငြင်းမရပါ။

-RAIDEN KT
Historian

#RAIDEN_KT #Kyawthet #history
❤7🥰1🏆1
Woolly mammothဆိုတာဘာလိုသတ္တဝါလဲ? သူကအခုထိရှိသေးသလား???👊🤓
❤3
𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏
Woolly mammothဆိုတာဘာလိုသတ္တဝါလဲ? သူကအခုထိရှိသေးသလား???👊🤓
Woolly mammothဆိုတာဘာလိုသတ္တဝါလဲ? သူကအခုထိရှိသေးသလား???....တကယ်တော့ Woolly mammothဆိုတာကလည်း ဆင်ပါပဲ ဒါပေမယ့်သူက ယနေ့ခေတ်မှာ‌မြင်တွေ့‌ နေရတဲ့ ဆင်တွေရဲ့ ဘိုးဘေးတွေလို့ ပြောလို့ရတယ်။ ဒါဆိုမေးစရားရှိလာပါလိမ့်မယ် သူရဲ့ခန္ဓာကိုယ်ကအမွေးပွတွေလို့ ဘာလိုအခုဆင်တွေကမရှိကြသလဲပေါ့။ ဒါကဆင့်ကဲဖြစ်စဉ်တစ်ခုပါပဲ ဘာလိုဆိုရင် သူတို့က ယနေ့ခေတ်ကဆင်‌တွေလို့ အပူပိုင်းဒေသတွေမှာ မကျက်စားခဲ့ကြလို့ပဲဖြစ်။ ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးက လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက Ice Ageလို့ခေါ်တဲ့ ရေခဲခေတ်ကြီးတစ်ခုမှာ ကမ္ဘာကြီးက ရေခဲတွေ ဖုံးလွှမ်းနေတဲ့ခေတ်ပေါ့ အဲလို့ခေတ်မှာ သူတို့ကနေထိုင်ခဲ့ကြတယ်။ အဲဒီတော့ သူတို့ရဲ့ ခန္ဓာကိုယ်အတွက်အအေးဒဏ်ခံဖို့ သဘာဝတရားကြီးကပေးတဲ့ အနွေးထည်တစ်ခုအဖြစ် အမွေးထူထူကြီးတွေ့နဲ့ ရှေ့ဦးဆင်တွေ့ပေါ့။ အလွယ်ဆုံးနဲ့မြင်အောင်ပြောရရင် ယနေ့ခေတ်ကဆင်အိုကြီးတစ်ကောင်ကိုမှ သူရဲ့ခန္ဓာအပြည့်ကို ဆွယ်တာအထူကြီးတွေနဲ့ ကုတ်အင်္ကျီရှည်ရှည်ကြီးဝတ်ပေးထားသလိုမျိုးပေါ့ဗျာ။ Woolly mammothတွေမှာ ခန္ဓာကိုယ်အပေါ်ကနေ မြေကြီးကိုထိအောင်ရှည်ကျနေတဲ့ အမွေးကြမ်းအထူကြီးတွေရှိနေပေမယ့်လည်း သူတို့ရဲ့အထဲမှာ အအေးဒဏ်ကို အလွှာအလိုက် တောင့်ခံပေးနိုင်မယ့် အမွေးနုနုလေးတွေပါ ရှိနေပါသေးတယ်။ ဒါတင်မက ကျက်စားတဲ့ ဒေသရဲ့ အအေးဒဏ်တွေကို အံတုဖို့ သူတို့ရဲ့ အရည်ပြားအတွင်းအောက်မှာ ၁လက်မလောက်ရှိတဲ့ အဆီပြင်အထူကြီးရှိပါသေးတယ်။

နောက်ပြီး Woolly mammothတွေမှာ အထင်ကရ အမှတ်သားတစ်ခုပြောပါဆိုရင် သူတို့ရဲ့ အစွယ်ကြီးတွေကို‌ပြေးမြင်မိတယ်။ ဘာလိုဆို ယနေ့ခေတ်မှာ ကျွန်တော်တို့ မြင်ဖူးနေကျဖြစ်တဲ့ ဆင်စွယ်တွေလိုမဟုတ်ဘဲ သူတို့ကပိုရှည်ကြတယ် အဲလိုရှည်နေတဲ့ အစွယ်ကြီတွေကလည်း စက်ဝိုင်းပုံစံလိုမျိုး အပေါ်ကိုကွေ့တတ်သွားတယ်။ သူတို့ကအဲဒီအစွယ်ကြီးတွေကို အသုံးပြုပြီး နှင်းတွေကို ယက်ထုတ်တယ် မြေကြီးပေါ်က နွယ်အတက်အခက်မြက်တွေကိုရစ်ပြီး အသက်မွေးဖို့ အတွက် သဘာဝတရားကြီးကဖန်တီးပေးထားတာပေါ့။ Woolly mammothတွေရဲ့ အနာဂတ်ကာလဖြစ်တဲ့ ယနေ့ခေတ်ကမ္ဘာကြီးမှာတော့ သူတို့ဟာဝမ်နည်းစွာဖြင့် လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ကျော်ထဲကဘဲ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးထဲက အပြီးတိုင်း ပျောက်ကွယ်သွားခဲ့ပါတယ် ဒါမယ်သူတို့ရဲ့မျိုးဆက်ဆင်ကြီးတွေကတော့ ရှိနေဆဲပါပဲ။ Woolly mammothတွေရဲ့ မျိုးသုဉ်သွားတဲ့အကြောင်းကတော့ ကမ္ဘာကြီးရဲ့ ရေခဲခေတ်ကြီးကုန်ဆုံးသွားပြီး ပူနွေးလာတဲ့ကမ္ဘာအသစ်ကြီးဟာ သူတို့ရဲ့ ဂေဟစနစ်ကိုပျက်စီးစေခဲ့ပြီး သူတို့အတွက်ရှင်သန်းဖို့ ပတ်ဝန်းကျင်ဟာ တဖြေးဖြေးပျောက်ကွယ်သွားလို့ဖြစ်တယ်။ ဒါမယ်အဓိကမျိုးသုဉ်ရတာက သဘာဝတရားထက် လူတွေရဲ့အမဲလိုက်မှုကြောင့် မျိုးသုဉ်သွားခဲ့တာလို့ မီးမောင်းထိုးပြရပါလိမ့်မယ်။ ဘာလိုဆိုရင် Woolly mammothတွေက လူတွေအတွက် အသားလည်းစားရသလို သူရဲ့အရည်ခွံကို အနွေးထည်လုပ်ပြီး ဝတ်ဆင်လို့ ရလို့ လူတွေကဝိုင်းပြီးအမဲလိုက်ခဲ့ကြတာလည်းပါတယ်။

လူသားတွေရဲ့ အမဲလိုက်မှုအန္တရာယ်ကနေ လွတ်မြောက်တဲ့ တချို့Woolly mammothကတော့ သဘာဝရဲ့ အန္တရာယ်နဲ့ စကြုံလာရတော့တာပါပဲ။ ရေခဲခေတ်ကုန်လို့ ကမ္ဘာကြီးပူနွေးလာတဲ့အခါ Woolly mammothတွေရဲ့ အမွေးပွအထူကြီးတွေဟာ သူတြိ့အတွက် သဘာဝကိုခုခံမယ့်အားသာချက်မဟုတ်တော့ဘဲအပူဒဏ်ကဒုက္ခပေးမယ်အရာတွေဖြစ်လာကြတာပေါ့ ဒီလိုနဲ့ သူတို့ဟာဆင့်ကဲဖြစ်စဉ်တွေနဲ့ စကြုံလာခဲ့တယ်။ အပူပိုင်းဒေသဟာတဖြေးဖြေးကျယ်ပြန့်လာတဲ့အခါ Woolly mammothတွေရဲ့ စားကျတ်မြေတွေဟာ ပူပြင်းတဲ့ရာသီဥတုတွေဖြစ်လာတယ် အဲတော့ မျိုးဆက်သစ် Woolly mammothတွေရဲ့ အ‌မွေးတွေက တဖြေးဖြေးပါးလာပြီး ယနေ့မြင်တွေ့ရတဲ့ ဆင်ပြောင်ကြီးတွေ ဖြစ်လာကြတာပေါ့။ ဒီလိုနဲ့ပဲ Woolly mammothတွေက ခဗျာတို့ကျွန်တော်တို့သိတဲ့ ဆင်ကြီးတွေ့ဖြစ်လာကြပြီး အတိတ်က ဘိုးဘေးWoolly mammothတွေရဲ့ အသွင်းသဏ္ဌာန်တွေက လုံးဝပျောက်ကွယ် မျိုးတုံးသွားရှာပါတယ်။

ယနေ့လို တိုးတက်နေတဲ့နည်းပညာခေတ်မှာ သိပ္ပံပညာရှင်တွေက ရေပြင်အောက်တွေမှာ အေးခဲနေတဲ့ Woolly mammothအလောင်းတွေကိုဖော်ထုတ်နိုင်ခဲ့ပြီး သူတို့ဆီးကရတဲ့ DNAကိုယူပြီး အသက်ပြန်သွင်းဖို့ ကြိုးစားနေကြတာ ရှိပါတယ်။ တကယ်လို့များ ဒီစမ်းသပ်မှုက အောင်မြင်တဲ့အခါ ကျွန်တော်တို့မျိုးဆက်သစ်တွေက အမွေးထူထူပွပွကြီးရှိတဲ့ ဆင်ကြီးတွေ တစ်နည်းပြောရရင် Woolly mammothသတ္တဝါကြီးတွေကို ‌မြင်တွေ့ရတဲ့အခါ ရေခဲခေတ်ရဲ့ အငွေအသက်ကို မျက်ဝါးထင်ထင် မြင်မိမှာ ဖြစ်ပါတော့သည်။

RAIDEN KT
Historian
#Woolly_mammoth #RAIDEN_KT #history #Kyawthet #Elephant #Ice_Age #History
❤3🏆1
New Project 466 [CC6200A].png
1.3 MB
Each decision is a sacrifice of time for me.Education doesn't just happen by sitting around. You have to work hard and gain new knowledge.🙌
1❤4❤‍🔥2🏆1
New Project 469 [9980E4D].png
1.8 MB
ဒီနေ့တော့ ဒီလောက်ပါပဲ...👊👽
❤‍🔥3❤2💋2
Killing an enemy alive and being crowned a warlord may seem like a victory, but in reality, showing love for an enemy and allowing them to take refuge is a humane value that not everyone can't do.

ရန်သူတစ်ဦးကို အသက်ရှင်လျက်သတ်ဖြတ်ပြီး စစ်ဘုရင်အဖြစ် ဘိသိက်ခံခြင်းသည် အောင်ပွဲတစ်ခုကဲ့သို့ ထင်ရသော်လည်း...အမှန်တကယ်တွင် ရန်သူအပေါ် မေတ္တာထားခြင်းနှင့် ၎င်းတို့အား ခိုလှုံခွင့်ပေးခြင်းသည် လူတိုင်းမလုပ်ဆောင်နိုင်သော လူသားဆန်သောတန်ဖိုးတစ်ခုဖြစ်သည်။

-RAIDEN KT
လစ်ဘရယ်ဝါဒီ


#Kyawthet #History #RAIDEN_KT #Liberal
❤6🕊3❤‍🔥1