𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏
323 subscribers
375 photos
4 videos
27 files
5 links
United States/European History
အမေရိကန်/ဥရောပသမိုင်းများ
Download Telegram
အကယ်လို့ ပြည်သူများက ကျွန်တော်ရဲ့ ပြုပြင်ပြောင်းလဲ‌ရေးအတွက် စီးပွားရေးက်ို လက်ရှိကာလထက်မတိုးတက်ဘူးလို့ထင်မြင်ခဲ့ရင် ကျွန်တော်ရဲ့အုတ်ဂူပေါ်ကို တံတွေးလာထွေးကြလည်း ရတယ်။ ဒါပေမဲ့ကျွန်တော်ရဲ့နိုင်ငံကိုတော့ ဆင်းရဲမွဲတေမှုကနေ ဘယ်လိုနည်းနဲ့မဆို ကယ်တင်သွားမှာဖြစ်တယ်။

-Park Chung-hee
၃ဦးမြောက်ကိုရီးယားသမ္မတ


#RAIDEN_KT #History #Kyawthet
❤6
New Project 3 [A1B670E].png
1.6 MB
New presentation next time
❤4
KKKသာ အမေရိကန်ကို စိုးမိုးသွားရင် ရှယ်........
❤4
ကျွန်တော်တို့တွေက လူမည်းတွေနဲ့ပတ်သက်ရင်Marvelထဲက Black Pantherကိုပဲ အကြိုက်ဆုံးနဲ့ အမိုက်ဆုံးဆိုပြီးထင်နေကြမှာပါဘဲ။ တကယ်တော့အဲဒါတွေကစိတ်ကူးယဉ်ပုံဖော်မှုတစ်ခုသက်သက်ပါပဲ ဒါပေမယ့် တကယ့်Real Worldမှာ‌တော့ကမ္ဘာကြီးကို ကယ်တင်ခဲ့တဲ့သူတွေကရုပ်ရှင်ထဲကCharacterတွေလို့ powerလုံးဝမရှိပါဘူး။ လက်တွေ့ကမ္ဘာကReal heroတွေကတော့ ဉာဏ်ပညာနဲ့ သတ္တိကိုဘဲပိုပြီးအသုံးချတယ် ဒါကသူတို့ရဲ့ powerဆိုရင်လုံးဝမမှားဘူး။ ဒါကြောင့် လက်တွေ့ကမ္ဘာမှာ သူရဲ‌ကောင်းဆန်ဆန်ထူးခြားတဲ့ လူမည်းတစ်ယောက်အကြောင်းပြောရရင် ၁၈ရာစုက အမေရိကန်တော်လှန်းရေးကို ကူညီခဲ့တဲ့ လူမည်းစပိုင်ကြီးJames Armisteadဆိုတဲ့ နှစ်ဖက်ချွန်သူလျှိူကြီးရှိခဲ့ဖူးတယ် သူကရုပ်လက္ခဏာသွင်ပြင်နဲ့မတူအောင်အရမ်းကိုသူလျှိုပီသတဲ့အပြင် လူမည်းတွေက်ိုမုန်းတီးပြီးရန်သူလို့သဘောထားတတ်တဲ့ လူဖြူခေါင်းဆောင်ကိုပါလှည့်စားတာကျွမ်းတဲ့ တကယ့်Masterclassကြီးတစ်ဦးပါပဲ။
❤5
𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏
ကျွန်တော်တို့တွေက လူမည်းတွေနဲ့ပတ်သက်ရင်Marvelထဲက Black Pantherကိုပဲ အကြိုက်ဆုံးနဲ့ အမိုက်ဆုံးဆိုပြီးထင်နေကြမှာပါဘဲ။ တကယ်တော့အဲဒါတွေကစိတ်ကူးယဉ်ပုံဖော်မှုတစ်ခုသက်သက်ပါပဲ ဒါပေမယ့် တကယ့်Real Worldမှာ‌တော့ကမ္ဘာကြီးကို ကယ်တင်ခဲ့တဲ့သူတွေကရုပ်ရှင်ထဲကCharacterတွေလို့…
ဆိုတော့သူရဲ့ဘဝအစပိုင်းကိုတချက်ပြောပြရရင် သူကဗာဂျီးနီးယားပြည်နယ်က လူမည်းကျွန်တစ်ဦးဖြစ်တယ်။ ၁၇၈၁ခုနှစ်မှာအမေရိကန်တော်လှန်ရဲ့အကျပ်အတည်းကာလတစ်ခုဖြစ်ခဲ့တယ်။ အမေရိကန်တွေကဗြိတိသျှတွေကို အလူးအလဲရှုံးနေတဲ့အချိန်ဖြစ်တာကြောင့် စစ်သားသစ်တွေရရှိဖို့ ပြည်နယ်အသီးသီးကကျွန်တွေကို စစ်မှုထမ်းစေခဲ့တယ်။ အဲဒီထဲမှာJames Armisteadလည်ပါဝင်ခဲ့တာပေါ့ အဲလိုနဲ့အမေရိကန်တပ်ဖွဲ့ထဲဝင်ပြီး မကြာခင်မှာ သူကို ပြင်သစ်လူမျိုးဖြစ်တဲ့ ဗိုလ်ချုပ်Marquis de Lafayetteရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်စေခဲ့ပါတယ်။ အဲ့နောက်ဗိုလ်ချုပ်Lafayetteက jamesရဲ့ ဖျက်လတ်တဲ့ဉာဏ်နဲ့ ပါးနပ်တဲ့ လုပ်ရည်ကိုင်ရည်ကိုသဘောကျတာကြောင့် ရန်သူစခန်းထဲကိုသွားပြီး စပိုင်လုပ်ဖို့ လျိုဝှက်Missionပေးလိုက်တယ်။ ဇာတ်လမ်းကဒီမှာစတာပါပဲ ကျွန်တော်တို့ရဲ့ ဇာတ်ကောင်းကြီးjamesက မအူမလဲနဲ့ ဗြိတိသျှစစ်တပ်စခန်းထဲကို ခြေဦးတည်ရာထွက်ပြေးလာတဲ့ ကျွန်တစ်ယောက်ပုံစံနဲ့ အေးအေးဆေးဆေးလေးနဲ့ လမ်းလျှောက်ဝင်သွားခဲ့တယ်။ ဗြိတိသျှတွေက သူကိုတွေ့တဲ့အခါ အထင်သေးတဲ့အမြင်နဲ့ ဟိုမှာစစ်ပြေးကျွန်ဘဲ သူကိုခိုင်းလို့ရတယ်ဆိုပြီးခေါ်ထားလိုက်တယ်။ ပါးနပ်တဲ့jamesကလည်းဟန်မပြတ်ဘဲ အလုပ်ကြမ်းတွေလုပ်ပြတယ် အမေရိကန်ရဲ့ လမ်းတွေကို ပြပေးတာပေါ့ ဒီလိုနဲ့ ဗြိတိသျှ ထိပ်တန်ဗိုလ်ချုပ်ကြီတွေရဲ့ ယုံကြည့်မှုကို သူကရရှိသွားတယ်။ ‌ဗြိတိသျှတွေက သူကို ဘယ်လောက်ထိယုံသွားလဲဆိုရင်(အမေရိကန်ဗိုလ်ချုပ်ဟောင်းဖြစ်သူ)အမေရိကန်သမိုင်းမှာအရမ်းကောက်ကျစ်ပြီး ဗြိတိသျှဘက်ကို ဘက်ပြောင်းသွားတဲ့ သစ္စာဖောက်ဗြိတိသျှဗိုလ်ချုပ်Benedict Arnoldကိုယ်တိုင်းကjamesကိုအရမ်းယုံသွားပြီး မင်းအမေရိကန်စစ်တပ်ဆီသွားပြီး ငါတို့အတွက် သူလျှိုလုပ်ပေးစမ်းလို့တောင် ပြန်ခိုင်းလိုက်တဲ့အထိပါပဲ။(ဗြိတိသျှတွေကjamesကို သူတို့လူထင်နေတဲ့အထိပေါ့😭🤣)

ဒီနေရာမှာ jamesက တကယ်ကိုUltra-Pro Masterဖြစ်တဲ့ သူလျှိုအစွမ်းအစပြသတော့တာပဲ။ သူကနဂိုထဲကအ‌‌မေရိကန်သစ္စာခံဖြစ်တာကြောင့်ဗြိတိသျှ‌တပ်တွေဆီသွားရင် အမေရိကန်တပ်ရဲ့ သတင်းအမှားတွေကို ပေးတယ်။ ဗြိတိသျှတွေကလည်း jamesရဲ့သတင်းတွေကို အဟုတ်မှတ်ကုန်တော့ သူတို့ရဲ့ အစီစဉ်တွေလွဲကုန်တယ်။ တစ်ဖက်သူက အမေရိကန်စစ်တပ်ဖက်ပြန်လာရင် ဗြိတိသျှတွေရဲ့ တကယ်စစ်ရေးလျှိူဝှက်ချက်အမှန်တွေကို ယူလာပေးတာပေါ့။ ဒီလိုနဲ့ အမေရိကန်စစ်တပ်ရဲ့ စစ်ရေးကံကြမ္မာဟာjames အပေါ်မူတည်လာပြီး တစ်နေ့မှာjames အတွက် သမိုင်းမှာ ထင်ကျန်ရစ်စေမယ့် တာဝန်ကြီးတစ်ခုနဲ့ကြုံခဲ့ရတယ်။ အဲဒါကSiege of Yorktownပါပဲ ဒီတိုက်ပွဲမှာjamesက ဗြိတိသျှစစ်တပ်ရဲ့ အခြေစိုက်ထားတဲ့Yorktownကဗြိတိသျှတပ်စခန်းရဲ့ စစ်အင်အားနဲ့ သူတို့ရဲ့ဗျူဟာတွေကို အသေးစိတ်ထောက်လှမ်းပြီး အမေရိကန်ဗိုလ်ချုပ်ကြီး ဂျော့ဝါရှန်တန် ဆီကို အရောက်ပို့ပေးခဲ့တာပါဘဲ။ jamesရဲ့ သတင်းကြောင့်ပဲ အမေရိကန်တွေက ဗြိတိသျှတပ်တစ်ခုလုံးကို လုံးဝပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့ပြီး Yorktownတစ်မြို့လုံးကို သိမ်းပိုက်နိုင်ခဲ့တယ်။ ဒါကြောင့် အမေရိကန် လွတ်လပ်ရေးရသွားတဲ့ အခန်းကဏ္ဌထဲမှာလည်း ကျွန်တော်တို့ရဲ့ဇာတ်ကောင်ကြီး ဒီလူမည်းစပိုင်ကြီးက တစ်ထောက်တစ်နေရာကပါဝင်တယ်ဆိုရင် လုံးဝငြင်းလို့မရပါဘူး။

အမေရိကန်တော်လှန်းရေးစစ်ပွဲကြီးပြီးဆုံးသည့် အခါမှာတော့ အမေရိကန်တွေအားလုံးလွတ်လပ်ရေးရသွားခဲ့ပေမယ့် jamesတစ်ယောက်အတွက်တော့ ကျွန်တစ်ဦးက ကျွန်တစ်ဦးပါဘဲသူ လုံးဝမလွတ်မြောက်သေးပေ။ ဒါကို သူရဲ့ ဆရာဖြစ်တဲ့ ဗိုလ်ချုပ်ကြီးLafayetteက မခံမရပ်နိုင်ဖြစ်တဲ့အတွက် ပြည်နယ်အစိုးရဆီကို ဒီလူမည်းဟာ ငါတို့နိုင်ငံကို ကယ်တင်ခဲ့သူ‌တွေရဲ့အခန်းကဏ္ဌတစ်ခုမှာ ပါဝင်နေခဲ့တာဆိုတဲ့ ထောက်ခံစာကြောင့်သာ jamesဟာကျွန်ဘဝမှ ထာဝရလွတ်မြောက်သွားခဲ့ရပေသည်။ ဒါကြောင့် jamesကသူကိုကူညီပေးခဲ့တဲ့ ဗိုလ်ချုပ်Lafayetteကို ကျေးဇူးဆပ်တဲ့အနေဖြင့် သူရဲ့အမည်အနောက်မှာ Lafayetteဆိုပြီဖြည့်စွက်ကာ အပြည့်အစုံJames Armistead Lafayetteလို့ ယနေ့သမိုင်းမှာ ထင်ူရှားလာခဲ့ပါတယ်။ အနှစ်ချုပ်အနေနဲ့ ဒီဖြစ်ရပ်အားလုံးကိုခြုံပြီးသုံးသပ်ရလျှင် ကျွန်တော်တို့ကြားဖူးတဲ့ heroတွေထက် လက်တွေကမ္ဘာက heroတွေကအရမ်ူကွဲပြားပြီး လူသမိုင်းအဆက်ဆက် အခက်အခဲကြုံလာတိုင်း ကယ်တင်မယ့် လူတွေပေါ်လာတတ်ပြီး ယနေ့လို့ နည်းပညာလက်နက်ဆန်းသစ်မှု၊ ကိရိယာတန်ဆာဆန်းတွေနဲ့ နည်ပညာတွေမရှိကြခင်ကထဲက လူတွေဟာ ဉာဏ်ပညာတစ်ခုထဲကိုအမှီပြု၍ နိုင်ငံတစ်ခုလုံးရဲ့ ကံကြမ္မာကို ပြောင်းလဲခဲ့တယ်ဆိုတာကိုJames Armistead Lafayetteကသက်သေပြခဲ့ပါကြောင်းနိဂုံးချုပ်လိုက်သည်။

-RAIDEN KT
Historian
#RAIDEN_KT #History #Kyawthet
❤6
ငါတို့မှာ အင်ပါယာတစ်ခု တည်ဆောက်လိုတဲ့ ဆန္ဒရှိတယ်။ ငါတို့ဟာ စပိန်နိုင်ငံအတွက် ဥရောပမှာ ထိပ်တန်းနေရာတစ်ခုကို တောင်းဆိုတယ်...ဤတောင်းဆိုမှုနှင့်အတူ ရှေ့ယခင်များစပိန်ကတ်သလစ်အင်ပါယာမူဝါဒကို မလွဲမသွေး ငါတို့ဟာ အကောင်းထည် ဖော်ရမည်။

ဖာလန်ဟဲစပန်ညိုလာပါတီ၏27 Pointsမှ၃ချက်မြောက်ကောက်နုတ်ချက်

စပိန်အင်ပါယာနယ်ချဲ့ရေးမူဝါဒနှင့် စပိန်အမျိုးသားဖက်ဆစ်၏မူဝါဒကြေငြာစာတမ်းကိုးကားချက်


-RAIDEN KT
Historian
#RAIDEN_KT #History #Kyawthet
❤4
New Project 34 [B7C996C].png
1.7 MB
"ရိုးသားသော အေ့ဘ်"အကြောင်း I will be back to present.
❤4
𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏
New Project 34 [B7C996C].png
"ရိုးသားသော အေ့ဘ်"

အများသိတဲ့ရိုးသားသူ အေ့ဘ် ကလေးလေးတစ်ဦး၊
သူက အရမ်းဆင်းရဲတယ်၊
အများက လယ်သမားနဲ့ နပန်းသမားလို့ခေါ်ကြတယ်၊
တခါတံရံ လှေထိုးသားလုပ်တယ်၊
သူမှာ ချစ်ရသူတွေကိုဆုံးရှုံးခဲ့ရဖူးတယ်၊
သူမှာ ကျောင်းဆိုတဲ့ပညာရေးကိုတစ်နှစ်တောင်အပြည့်မတတ်ရတဲ့မူလတန်းကလေးဘဝ၊
သူကအားမလျှော့သူ ရှေ့နေပေါင်းချုပ်နဲ့ ကျမ်းစာတွေကို အလွတ်မှတ်နိုင်တယ်၊
သူကသမိုင်းမှာ ကျွန်တွေရဲ့သံကြိုးတွေကို သူဖြတ်တောက်တယ်၊
သမိုင်းကို သူက အသစ်ရေးတယ်၊
ထိုသူဟာ လင်းကွန်းဆိုတဲ့ နာမတစ်ခုနဲ့ကျော်ကြားတယ်၊
ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ထုဆစ်သူတို့အတွက် ရိုးသားသူ အေ့ဘ်လေးက
ထာဝရ နေမင်းတစ်စင်း ဖြစ်ပါလိမ့်မယ်။

-RAIDEN KT
Historian
#History #RAIDEN_KT #Kyawthet
❤4
ကျွန်တော်တို့မှာ မွေးရာပါ အခွင့်အရေးဆိုတာမရှိဘူး၊ ကျွန်တော်တို့အတွက်ထိုက်တန်တဲ့ အရည်အချင်းနဲ့ ပေးဆပ်မှုဆိုတာဘဲရှိတယ်။ ဒါကြောင့်ကျွန်တော်တို့အတွက် မွေးရာပါအခွင့်အရေးဆိုတာက ကြိုးစားအားထုတ်မှုကို ပြောတာဖြစ်တယ်။ လူတိုင်းအတွက် တန်းတူညီမျှမှုဆိုတာက အိပ်ယာထဲမှာမြင်မက်နေတဲ့ စိတ်ကူးယဉ်တစ်ခုထက်မပိုဘူး။ ကျွန်တော်တို့ရဲ့လစ်ဘရယ်စနစ်က အရည်အချင်းရှိသူတွေကို ထိပ်ဆုံးအထိမြှင့်တင်ပေးတယ် ပျင်းတဲ့လူတွေကိုတော့ စည်းကမ်းအောက်မှာ ထိန်းထားတယ်။ ဒါကြောင့် လူတိုင်းအတွက်တန်းတူညီမျှမှုဆိုတာက အငြင်းပွားဖွယ်တစ်ခုဘဲ ကျွန်တော်တို့ကိုငပျင်းတွေနဲ့ တန်းတူညီမျှမှုဆိုတဲ့စကားနဲ့ရောလို့မရဘူး။

-RAIDEN KT
Historian
#RAIDEN_KT #Kyawthet #History
❤6
ကျွန်တော်တို့ဟာ ပြည်သူ့‌တွေကို ကာကွယ်‌ပေးနေတဲ့လူတစ်ဦးမဟုတ်ပေ။ ထိုသို့သော မောက်မာသည့်ဂုဏ်ပုဒ်မျိုးကိုလည်း ကျွန်တော်ဟာ တစ်ခါမျှ တောင်းဆိုခဲ့ခြင်းမရှိပါ။ ကျွန်တော်ဟာ ပြည်သူထဲမှ ပြည်သူတစ်ယောက်သာ ဖြစ်တယ်လို့ပြောရင်ပိုမှန်ပါလိမ့်မယ်။ ထိုမျှသာ ဖြစ်ခဲ့ဖူးပြီး ထိုမျှသာ ဖြစ်လို၏။ ထိုထက်ပိုသော အရာတစ်ခုခု ဖြစ်သည်ဟု ကြုံးဝါးနေသူမည်သူ့ကိုမဆို ကျွန်ုပ်ရွံရှာ၏။

-Maximilien Robespierre
ပြင်သစ်တော်လှန်ရေး ခေါင်းဆောင်

#RAIDEN_KT #Kyawthet #History
❤6
Vlad the Impaler၏တိုင်းပြည်အတွင်း သူခိုးဂျပိုးနှင့် အကျင့်ပျက်ခြစားသူများကို သုတ်သင်ချိန်၌ ပြောခဲ့သောစကား

ငါ....ဒီလိုလုပ်ရတာက အကြောင်းရင်း (၂)ချက်ကြောင့်ပဲ။ ပထမတစ်ခုက ဒီလူတွေက တခြားသူတွေအပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေတော့ဖို့နဲ့ ဒုတိယတစ်ခုကတော့ ငါ့ရဲ့ အုပ်ချုပ်မှုအောက်မှာ ဘယ်သူကမှ ဆင်းရဲမွဲတေတာ သူတောင်းစားဖြစ်နေတာမျိုးကို မရှိစေဘဲ အားလုံးကို ညီတူညီမျှ ချမ်းသာကြွယ်ဝစေချင်လို့ပဲ။

-Vlad the Impaler

#RAIDEN_KT #Kyawthet #History
❤4
အမေရိကန်ပြည်‌ထောင်စုအတွက်ကောင်းမွန်သော သာဓကတစ်ခုကိုပြောရမည်ဆိုလျှင် ကျွန်ုပ်တို့၏လွတ်လပ်ရေးကြေညာစာတမ်းပါ လူပြောသူပြောများလှသည့် လူသားအားလုံးသည် တန်းတူရည်တူ ဖန်ဆင်းခံထားရသည် ဟူသော စာသားအပေါ် လူတိုင်းအတွက် သိသိသာသာအဓိပ္ပာယ်ဖွင့်ဆိုထားသည့် လူကြိုက်များသောစကားလုံးလှလှတစ်ခုမျှသာဖြစ်သည်။
ထိုစာသားကို စတင်ရေးသားခဲ့စဉ်က ၎င်းတွင် ကန့်သတ်ချက်ရှိသော နိုင်ငံရေးဆိုင်ရာ အဓိပ္ပာယ်သက်ရောက်မှုသာ ရှိခဲ့သည်။ ဒီနိုင်ငံ၌တော်လှန်ပုန်ကန်ခဲ့ကြသည့် ကိုလိုနီအခြေချနေထိုင်သူများ၏ စိတ်ထဲ၌ ရှိခဲ့သည့်စိတ်ရင်းအမှန်တကယ်မှာ ၎င်းတို့သည်လည်း ပင်လယ်တစ်ဖက်ကမ်းရှိ သွေးရင်းသားရင်း အင်္ဂလိပ်လူမျိုးများနည်းတူ အဆင့်အတန်းရှိသော အင်္ဂလိပ်လူမျိုးများဖြစ်သည်ဟု အခိုင်အမာဆိုလိုခြင်းမျှသာ ဖြစ်သည်။
၎င်းသည် အခြေခံအားဖြင့် ပါတီစွဲ အုပ်စုစွဲဆိုင်ရာစစ်ပွဲကြေငြာစာတမ်းတွင် ထိရောက်သော နှုတ်တိုက်ပြောဆိုမှုတစ်ခုဖြစ်သည်။ ဥပမာအားဖြင့် နီဂရိုးများနှင့် အင်ဒီယန်းလူမျိုးများအပေါ် အထက်ပါ လူသားအားလုံးသည် တန်းတူရည်တူ ဖန်ဆင်းခံထားရသည် ဟူသော ကြေငြာချက်ကို ကျင့်သုံးရန် အတွေးသည် ၎င်းတို့၏ ခေါင်းထဲသို့ ဘယ်သောအခါမှ ဝင်ရောက်လာခြင်း မရှိပေ။

-Lothrop Stoddard

#RAIDEN_KT #Kyawthet
❤5
❤3
𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏
Photo
If I had to point out a group that lacks substance, I would say that's the Eurasian Youth Union. They would be nothing more than a group of young people dressed in uniform and holding flags.They have one thing in common: leadership. Their leadership is nothing more than a picture on the wall. What is true leadership? It is proven by action.They'll protest in the streets, then destroy everything and leave. This is really bad for the environment.True leadership is about being in sync with the masses. The fact that they want to be separate from the masses in their statement is proof that their purpose is not social work but seeking social status. The essence of our liberalism is to create a world where everyone can participate equally. Every voice, every class But the Eurasian Youth Union is using the label of opposition to poison young people.According to the liberal view, a policy must always be subject to change and criticism.But the European youth team is always protecting egoism.They don't accept criticism, they just keep praising themselves and are stuck in a room where they only hear the same voices.In that, true liberal ideas are lost and only Narcissism excessive self-love remains hahaha........Don't get trapped in a trap of a past, break free.

-RAIDEN KT
Historian

#RAIDEN_KT #History #Kyawthet
❤4
𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏
If I had to point out a group that lacks substance, I would say that's the Eurasian Youth Union. They would be nothing more than a group of young people dressed in uniform and holding flags.They have one thing in common: leadership. Their leadership is nothing…
အနှစ်သာရမရှိတဲ့ အဖွဲ့အစည်းတစ်ခုကိုပြောပါဆိုရင်ကျွန်တော်က‌တော့Eurasian Youth Unionကိုပဲ ထောက်ပြရပါလိမ့်မယ်။ သူတို့မှာက တူညီတဲ့ ယူနီဖောင်းတွေကိုဝတ်ပြီး အလံတွေကိုကိုင်ထားတဲ့ လူငယ်အုပ်စုတစ်ခုထက်ကိုမပိုဘူးလို့ပြောရပါလိမ့်မယ်။ သူတို့အားလုံးမှာတူညီတဲ့အချက်တစ်ခုရှိတယ်....အဲဒါကတော့ ခေါင်းဆောင်မှုပဲ။ ဒါပေမဲ့ သူတို့ရဲ့ခေါင်းဆောင်မှုဆိုတာကြီးကနံရံပေါ်က ချိတ်ထားတဲ့ ဓာတ်ပုံတစ်ခုလောက်တောင် အဓိပ္ပာယ်မရှိဘူး။

တကယ့်ခေါင်းဆောင်မှုဆိုတာဘာလဲ????။ အဲဒါကလုပ်ရပ်တွေနဲ့ သက်သေပြရတာပါပဲ။ သူတို့က လမ်းမတွေပေါ်ထွက်ပြီးဆန္ဒပြမယ်...ပြီးရင် တွေ့သမျှအရာအားလုံးတွေကိုလိုက်ဖျက်ဆီးပစ်မယ် ပြီးရင်ထွက်သွားကြလိမ့်မယ်...ဒါဟာ ပတ်ဝန်းကျင်အတွက် တကယ့်ကို ဆိုးရွားတဲ့ကိစ္စပဲ။ တကယ်ခေါင်းဆောင်မှုဆိုတာ လူတိုင်းနဲ့ ထပ်တူကျဖို့ လိုပါတယ်။ သူတို့ရဲ့ ကြေညာချက်မှာကထဲက လူတိုင်းနဲ့ ခွဲထွက်ချင်‌နေတဲ့အချက်က သူတို့ရဲ့ ရည်ရွယ်ချက်ဟာ လူမှုရေးလုပ်ငန်းတွေလုပ်ဖို့မဟုတ်ဘဲ လူမှုရေးရာထူးတွေကို လိုချင်နေတာဆိုတဲ့ သက်သေပြမှုတစ်ခုဘဲဖြစ်တယ်။

ကျွန်တော်တို့ရဲ့ လစ်ဘရယ်ဝါဒရဲ့ အနှစ်သာရကတော့ လူတိုင်းအတွက် တန်းတူညီမျှပါဝင်နိုင်တဲ့ ကမ္ဘာကြီးတစ်ခုကိုတည်ဆောက်ဖို့ပဲ ဒါကအသံတိုင်း၊ လူတန်းစားတိုင်းအတွက်ပေါ့။ ဒါပေမဲ့ Eurasian Youth Unionအဖွဲ့ကတော့ အတိုက်အခံဆိုတဲ့ တံဆိပ်ကို အသုံးပြုပြီး လူငယ်တွေကို အဆိပ်ခတ်နေတုံပဲ။ လစ်ဘရယ်အမြင်အရဆိုရင် ဝါဒတစ်ခုကအမြဲတမ်းပြောင်းလဲနိုင်တယ် နောက်ပြီးဝေဖန်မှုလည်းခံနိုင်ရပါ့မယ်။ ဒါပေမဲ့Eurasian Youth Unionကတော့ သူတို့အတ္တကိုဘဲ အမြဲကာကွယ်နေတယ်။ သူတို့က ဝေဖန်မှုတွေကိုလက်မခံဘူး ကိုယ့်ကိုယ်ကိုယ်ပဲ အမြဲချီးကျူးနေတယ် ဆိုတော့ဒါကကိုယ့်အသံကိုပဲပြန်ကြားနေရတဲ့ အခန်းကျဉ်းတစ်ခုထဲမှာပိတ်မိနေတဲ့ သဘောလို့ ယူဆနိုင်တယ်။ အဲလိုနက်အခန်းတစ်ခုထဲမှာပိတ်မိတော့ လစ်ဘရယ်အယူအဆတွေကလုံးဝပျောက်ကွယ်သွားပြီး Narcissismခေါ်တဲ့ကိုယ့်ကိုကိုယ် ဘဲ အရူးအမူးချစ်တဲ့စိတ်ပဲ ကျန်ရစ်နေခဲ့တယ်.....ရှေးရိုးစွဲဆိုတဲ့ ထောင်ချောက်ထဲမှာ ပိတ်မိမနေပါနဲ့ လွတ်မြောက်လိုက်ပါ။

-RAIDEN KT
Historian
#RAIDEN_KT #Kyawthet #History
❤5
New Project 67 [73C8B9D].png
1.1 MB
preparing for a new presentation....🙂‍↔️
❤4
𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏
New Project 67 [73C8B9D].png
လူပြောများပြီး လူတွေရဲဲ့အမြင်မှာ တကယ်တမ်းအထင်မှားတတ်တဲ့ Vlad the Impalerရဲ့အကြောင်းကိုပြောရရင် သူကို ဒရက်ကူလာဆိုတဲ့ နာမည်နဲ့ အတူ သွေးဆာတတ်တဲ့ အုပ်စိုးရှင်လို့ အများက မှတ်ယူထားကြပါလိမ့်မယ်။ ဒါပေမယ့် တကယ့်သမိုင်းအထောက်အထားနဲ့ဆိုရင် ကျွန်တော်တို့ခဗျာတို့ထင်ထားတာနဲ့ လုံးဝတခြားစီဖြစ်နေပါတယ်။ ဘာလိုဆိုရင်သမိုင်းမှတ်တမ်းတွေထဲမှာ Vlad the Impalerက စိတ်ကူးယဉ်ဆန်ဆန် ဒရက်ကူလာတစ်ကောင်မဟုတ်ဘဲ သူက ၁၅ရာစုကWallachiaနိုင်ငံကို အုပ်ချုပ်တဲ့ မင်းသားတစ်ပါးဖြစ်နေတာကြောင့်ပါ။ လူတွေကသူကိုဒရက်ကူလာလို့ဘာကြောင့်ယူဆသလဲဆိုရင် သူခေတ်သူအခါက နိုင်ငံအုပ်ချုပ်တဲ့နေရာမှာသူက ရန်သူတွေအပေါ်အရမ်းရက်စက်ပြီး အာဏာရှင်ဆန်သွားတာကြောင့် ဒရက်ကူလာဆိုတဲ့အမည်နဲ့ သရော်ထားခြင်းသာဖြစ်ပါတယ်။ ဒါပေမယ့်လူအများစုက သူကို အရမ်းရက်စက်တဲ့ လူသတ်သမားလို့ဘဲမြင်ရပေမယ့် တကယ်တမ်းမှာ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုရဲ့ သမိုင်းနဲ့ကြည့်ရင် ၁၅ရာစုဆိုတဲ့ကာလမှာ အင်ပါယာကြီးတွေက နိုင်ငံငယ်တွေကိုမတရားနယ်ချဲ့သိမ်းသွင်းပြီး အင်အားကြီးသူသာအနိုင်ကျင့်တဲ့ ကာလဖြစ်နေတာကြောင့် မိမိရဲ့Wallachiaနိုင်ငံငယ်လေးကို မတရားကျူးကျော်ဖို့ကြိုးစားနေတဲ့ အော်တိုမန်အင်ပါယာကို ခုခံဖို့အတွက် ရန်သူတွေအပေါ် ရက်စက်တဲ့လုပ်ရက်တွေကို လက်နက်တစ်ခုလို့ အသုံးချပြီးသူနိုင်ငံကိုကာကွယ်ခဲ့တာဖြစ်တယ်။ လူတွေသူကို ရက်စက်တဲ့အာဏာရှင်ဘဲပြောပြော သွေးဆာတဲ့ ဒရက်ကူလာဘဲပြောပြော သူနိုင်ငံသားတွေအတွက်ကတော့ သူဟာ မိမိနိုင်ငံကိုကျူးကျော်လာသမျှရန်သူတွေကို ရွပ်ရွပ်ချွံချွံ ခုခံကာကွယ်ပေးတဲ့ သူရဲကောင်းတစ်ဦးပါပဲ။

သူနဲ့ပတ်သက်ပြီးအငြင်းပွားစရားအချက်တစ်ခုပြောရရင် သူကမေတ္တာတရားခေါင်ပါးသူလားလို့ဆိုပြန်ရင်လည်း မဟုတ်ရပြန်ပါဘူး။ ဘာကြောင့်အခုလို့ပြောရသလဲဆိုရင် သူရဲ့နံမည်ကျော်Impalement(လှံထိုးစိုက်သတ်ဖြတ်ခြင်းဥပဒေ)ဥပဒေကို သူကပျော်လို့လုပ်တာမဟုတ်ဘဲ သူအုပ်ချုပ်တဲ့အခါကာလမှာ ခိုးဆိုးလုယက်သူတွေ နိုင်ငံသစ္စာဖောက်တွေနဲ့ ကျူးကျော်သူတွေကို သူကကြောက်လန့်သွားအောင် ပြင်းပြင်းထန်ထန် အပြစ်ပေးတဲ့ အနေနဲ့ သူချမှတ်ထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ဒီစနစ်ကြောင့်လည်း သူအုပ်ချုပ်တဲ့ကာလအတွင်းမှာသူရဲ့နိုင်ငံအတွင်းမှာ ပြစ်မှုကျူးလွန်သူတွေနည်းပါးလာပြီး သူနိုင်ငံသားတွေကImpalementစီရင်မှုကို စည်းကမ်းတင်းကျပ်ပြီးအပြစ်စီရင်တဲ့ စနစ်တစ်ခုအဖြစ်မြင်လာကြပါတယ်။ နောက်ဆုံးအနေဖြင့်အနှစ်ချုပ်ရလျှင် Vlad the Impalerကို လူအများစုက ဒရက်ကူလာအဖြစ် မြင်နေရခြင်းရဲ့အဓိကအချက်မှာ သူရဲ့အုပ်ချုပ်မှုကာလအတွင်းနိုင်ငံရေးအရအကြမ်းဖက်တွေ သွေးစွန်းမှုတွေကြောင့်သာ သူကိုလူတွေကစိတ်ကူးယဉ်ဆန်ဆန် ဒရက်ကူလာCharacterအဖြစ်ပုံဖော်ခံထားရခြင်းပင်ဖြစ်ပါတယ်။ သို့သော်တကယ်ဖြစ်ရပ်မှန်အရကြည့်လျှင် သူဟာ နိုင်ငံအတွက်အသက်စွန့်ကာကွယ်ခဲ့သူအဖြစ်သတ်မှတ်လျှင်လုံးဝမှားမယ်မထင်ပါဘူး။ ဒါပေမယ့် သူကသမိုင်းထဲမှာသူလုပ်ခဲ့တဲ့ အမှားအယွင်းတွေကြောင့်ဘဲ သူကိုရက်စက်တဲ့သူအဖြစ် နာမည်ပျက်ပြီးကျန်ရစ်ခဲ့ရတဲ့ သူရဲကောင်းပုဂ္ဂိုလ်တစ်ဦးသာဖြစ်ပါတော့သည်။

-RAIDEN KT
Historian
#RAIDEN_KT #Kyawthet #History #Vlad_the_Impaler
❤4
အကယ်၍ သင်သည်စာရေးဆရာတစ်ဦးထံမှသာ သူ၏စာပေကို ခိုးယူလျှင် ၎င်းသည် စာပေခိုးယူခြင်းဖြစ်သည်။ သို့သော်စာရေးဆရာများစွာထံမှ ခိုးယူလျှင်မူ ၎င်းသည် သုတေသန ဖြစ်သည်။

-wilson mizner
အမေရိကန်စာရေးဆရာ

#History #Kyawthet #RAIDEN_KT
❤6
Hello helloဖတ်ချင်တဲ့စာအုပ်ရှိရင်commentမှာဝင်ပြောပါဖိုင်တင်ပေးမယ်
❤3