𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏
323 subscribers
375 photos
4 videos
27 files
5 links
United States/European History
အမေရိကန်/ဥရောပသမိုင်းများ
Download Telegram
သင့်တို့အားလုံးဟာ ပါတီဝင်အဖြစ်နဲ့ ဘယ်သူကမျှ မမွေးဖွားလာကြပါ။ ဆန့်ကျင်ဘက်အနေနဲ့ ကျွန်တော်တို့အားလုံးဟာ မိသားစုတစ်ခုတည်းရဲ့ အဖွဲ့ဝင်တွေအနေနဲ့‌ကော စည်ပင်သာယာနယ်မြေတစ်ခုတည်းရဲ့ နိုင်ငံသားတွေအနေနဲ့သာ မွေးဖွားလာကြတာ ဖြစ်ပါတယ်။

-JosĂŠ Antonio Primo de Rivera
(စပိန်ဖက်ဆစ်အမျိုးသားရေးဝါဒီ)

#Kyawthet #History #RAIDEN_KT
❤8
တကယ်တော့လေး ကျွန်မ‌တို့ လူသား‌တွေမှာ မှော်ပညာဆိုတာရှိတယ်။ ဒါကိုဘယ်သူက ငြင်းနိုင်မှာလဲ...ချစ်ဖူးသူတိုင်း ဟာ မှော်ပညာနဲ့ ထိတွေ့ဖူးကြတာချည်းပါပဲ။

-Nora Roberts
#History #RAIDEN_KT #Kyawthet
❤6
သမိုင်းဆိုတာ အောင်နိုင်သူတွေသာ ရေးထိုးခွင့်ရတဲ့စာမျက်နှာသစ်တစ်ခုပါပဲ။ လူတွေဟာ သမိုင်းစာအုပ်တွေ၊ သင်ခန်းစာတွေထဲမှာ မကြားဖူးဘူးဆိုတိုင်း လက်တွေ့သမိုင်းဖြစ်ရပ်မှန်တစ်ရပ်ကို သတိထားမိမယ့်မထင်ပါဘူး။ လက်ရှိပြဿနာကအနာဂတ်ရဲ့သမိုင်းဖြစ်သွားတတ်တာကြောင့် တချို့လူတွေကမိမိတို့အတွက်ရုပ်ဆိုးအကျဉ်တန်တဲ့ သမိုင်းတွေကိုဖျောက်ခဲ့ကြသည်မှာလည်း များခဲ့လှ၏။ သို့သော်သူတို့ဟာဘယ်လိုဘဲ ဖျောက်ဖျက်နိုင်ကြပါစေ သမိုင်းဆိုတာနောက်ဆုံးပြန်လည်ဖော်ထုတ်ခံရမည်မလွဲပါ။ ဒီလိုအဖျောက်ဖျက်ခံရတဲ့သမိုင်းတွေထဲမှာ အံ့ဩစရာကောင်းအောင် ကမ္ဘာပေါ်ကဒီမိုကရေစီနိုင်ငံကြီးတစ်ခုဖြစ်တဲ့အမေရိကန်ရဲ့ သမိုင်းပါပဲ။ ဒီသမိုင်းတစ်ခုဟာလည်း ယနေ့ထိဖျောက်ဖျက်ခံရထားရသလို အမေရိကန်အစိုးရကိုယ်တိုင်းကဖုံးဖိထားမယ်ဆိုလျှင် မယုံနိုင်လောက်ပေ။ အဲဒီသမိုင်းဟာ၁၉၂၁ခုနှစ် ဖြစ်ပေါ်ခဲ့တဲ့ တူလ်ဆာလူမျိုးရေးအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပါပဲ။
❤5
𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏
သမိုင်းဆိုတာ အောင်နိုင်သူတွေသာ ရေးထိုးခွင့်ရတဲ့စာမျက်နှာသစ်တစ်ခုပါပဲ။ လူတွေဟာ သမိုင်းစာအုပ်တွေ၊ သင်ခန်းစာတွေထဲမှာ မကြားဖူးဘူးဆိုတိုင်း လက်တွေ့သမိုင်းဖြစ်ရပ်မှန်တစ်ရပ်ကို သတိထားမိမယ့်မထင်ပါဘူး။ လက်ရှိပြဿနာကအနာဂတ်ရဲ့သမိုင်းဖြစ်သွားတတ်တာကြောင့် တချို့လူတွေကမ…
ဒီသမိုင်းရဲ့ဖြစ်ရပ်အစဟာ ၁၉၂၁ခုနှစ် အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ် တူလ်ဆာမြို့က Greenwoodဆိုတဲ့ ရပ်ကွက်လေးတစ်ခုကနေအစပြုခဲ့ပါတယ်။ ဒီရပ်ကွက်လေးမှာ လူမည်းတွေအများဆုံးနေတာကြောင့် တချို့က "Black Wall Street"လို့တောင်တင်းစားခေါ်ကြပါတယ်။ အဲဒီရပ်ကွက်နေ လူမည်းတွေဟာ စည်းလုံးကြပြီး မိမိတို့ဘဝအတွက် စီးပွားရေးတွေ၊ ကျန်းမာရေးတွေ၊ ပညာရေးတွေကအစ အချင်းချင်း ကူညိတာကြောင့် ရပ်ကွက်တစ်ခုလုံးဟာ တူလ်ဆာမြို့မှာ အချမ်းသာဆုံး ရပ်ကွက်လေးဖြစ်လာခဲ့တယ်။ နောက်ပြီး Greenwoodရပ်ကွက်နေ လူမည်းတွေဟာ ဘယ်လောက်ထိစည်းလုံးကြသလဲဆိုရရင် သူတို့ကဟာ ငွေကြေးအရ သုံးစွဲသည့် ၁ဒေါ်လာတောင်မှ ရပ်ကွက်ထဲမှာဘဲ လှည့်ပတ်သုံးနေရင်း ပြင်ပတခြားသူတွေဆီမရောက်ဘဲ အချင်းချင်းကြားမှာ လည်ပတ်နေနိုင်လောက်အောင် စီးပွားရေးက အရမ်းအားကောင်းနေခဲ့တယ်။ ဒါပေမယ့် သူတို့တွေရဲ့ ဒီအောင်မြင်မှုတွေက တခြားလူဖြူတွေရဲ့အမြင်ကို မနာလိုမှုတွေအဖြစ် ဖိတ်ခေါ်နေသလိုဖြစ်လာခဲ့တယ်။ Greenwoodရပ်ကွက်နေလူမည်းတွေအတွက် စိတ်မကောင်းစရာတစ်ခုကတော့ ၁၉၂၁ဆိုတဲ့ ကာလဟာ အမေရိကန်မှာ လူမျိုးရေးခွဲခြားမှုတွေက အထွတ်အထိပ်ကာလရောက်နေတာကြောင့် သူတို့အတွက် လုံခြုံရေးအာမခံဆိုတာ လုံးဝမရှိခဲ့ပါ။ တူလ်ဆာမြို့ကလူဖြူတွေဟာ ဒီလူမည်းတွေက ဘာလို့ငါတို့ထက်ချမ်းသာနေရတာလဲ? အောင်မြင်နေရတာလဲ? စတဲ့မနာလိုမှုတွေနဲ့ လူမည်းတွေပေါ်အငြိုးထားကာ အချိန်မရွေးပြဿနာဖြစ်ဖို့ စောင့်ကြည့်နေခဲ့ကြတယ်။

ဒီလိုနဲ့ တင်းမားနေတဲ့ကြားက ၁၉၂၁ခုနှစ် မေလ၃၁ရက်နေ့မှာ လူဖြူမိန်းကလေးတစ်ဦးနဲ့ လူမည်းလူငယ်တစ်ဦးတို့ ဖြစ်တဲ့ပြဿာနာသေးသေးလေးကို အကြောင်းပြကာ လူဖြူတွေဟာအကြမ်းဖက်သည့် လုပ်ရပ်တွေဘက်သို့ရောက်သွားပါတော့တယ်။ လူဖြူကြီးစိုးရေးသမားတွေဟာ မေလ၃၁ရက်ည‌ဘက်မှာ လက်နက်ကိုယ်စီကိုင်ဆောင်ပြီး Greenwoodရပ်ကွက်တစ်ခုလုံးကို မွှေနှောက်ကာ လူမည်းအိမ်ခြေ၁,၂၀၀ကျော်ကို မီးရှိုးဖျက်ဆီးပစ်လိုက်ကြတယ်။ ပိုဆိုးတာက လူမည်းတွေကိုမြေပြင်ကနေ အကြမါးဖက်ခဲ့ရုံတင်မကဘဲ လေယာဉ်တွေနဲ့ ဗုံးတွေကျဲချပြီး အစုလိုက်အပြုံလိုက် အကြမ်းဖက်လိုက်ကြတယ်။ အဲဒီညမှာ အသက်ရှင်ဖို့ ကြိုးစားနေရင်း လူဖြူတွေလက်ချက်ဖြင့် သေဆုံးခဲ့ရသည့် လူမည်းဦးရေဟာ ၃၀၀နီးပါးရှိလာတယ်။ လူမည်းတွေဟာ မိမိရဲ့အသက်ကိုလုပြီး ထွက်ပြေးရတာကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားရကာ ထောင်ပေါင်းများစွာသော လူမည်းဒုက္ခသည်တွေအဖြစ် ဆောင်းရာသီမှာအေးခဲသည့်ဒဏ်များနှင့် နေစရာမရှိလောက်အောင် သူတို့ဟာလုံးဝဘဝပျက်သွားခဲ့ကြတယ်။

ဒီလောက်ရက်စက်တဲ့ အစုလိုက်အပြုံလိုက်ယုတ်မာတဲ့ ပြဿနာကြီးဟာ မကြာခင်မှာဘဲ အမေရိကန်သမ္မတအိမ်တော်သို့ ရောက်သွားခဲ့တယ်။ အမေရိကန်အစိုးရဟာ ဒီပြဿနာကိုကိုင်တွယ်ဖို့နေနေသာသာ လုံးဝနှုတ်ဆိတ်နေခဲ့တယ်။ အစိုးရပိုင် သတင်းစာတွေမှာလည် ဒီသတင်းကိုမပျံနှံစေဖို့ ဖုံးကွယ်ခဲ့ကြတယ်။ အဆိုးဆုံးက အမေရိကန်ကျောင်းသုံးသမိုင်းစာအုပ်တွေမှာ ဒီအကြောင်းကို မျိုးဆက်သစ်တွေနဲ့ ကမ္ဘာကြီးကမသိစေဖို့ အစအနတောင်မပါစေရန် စနစ်တကျဖျက်ဆီးပစ်လိုက်ကြတယ်။ အစိုးရနဲ့ တာဝန်ရှိသူတွေက တူလ်ဆာမြို့ရဲ့ အ့ဒီနေရာကို ခေတ်သစ်မျိုးဆက်တွေသတိမထားမိစေဖို့ မြေလှန်ပြီး ဘယ်သူမှ ဒီနေရာမှာ ဘာမျှမဖြစ်ခဲ့သလို အဆောက်အအုံအသစ်တွေနဲ့ အစားထိုးဖုံးကွယ်လိုက်ကြတယ်။ ဒါပေမယ့် သမိုင်းရဲ့အမှန်တရားဆိုတာ ဘယ်သူဘယ်ဝါကမှဖုံးကွယ်လို့မရနိုင်ပါ။ ဒီပြဿနာအကြောင်းကို ၂၀၀၀ပြည့်နှစ်မှာ အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ရေးနှင့် လူအခွင့်အရေးတက်ကြွသူများက ပြန်လည်ဖော်ထုတ်နိုင်ခဲ့ပါတယ်။

နိဂုံးချုပ်သုံးသပ်ချက်အရ ကျွန်တော်တို့လူသားတွေရဲ့ သမိုင်းဟာ လူမျိုးရေးခွဲခြားမှု၊ မနာလိုမှုနဲ့ အာဏာရဲ့မာန်မာနတွေနဲ့ပြည်နှက်နေပြီး ယင်းလူသားအချင်းချင်းတို့ဟာ ပဠိပက္ခသံသရာထဲ၌ အင်အားကြီးသူကဗဟိုပြု၍ အားနည်းသော တစ်ဖက်သားအပေါ် ယဉ်ကျေးမှုများ၊ အသက်အိုးအိမ်နှင့် သူတို့ရဲ့ ချွေးနှဲစာတွေကိုပါဘယ်လောက်အထိ ရစရာမရှိအောင် ဖျက်ဆီးပစ်နိုင်တယ်ဆိုတာကို ဒီသမိုင်းက သက်သေပြနေပါတယ်။ သမိုင်းဆိုတာ အနိုင်ရသူတွေရဲ့ အကြောင်းထိုင်ဖတ် ရေးထိုးထားတဲ့ စာရွက်သက်သက်ချည်းဘဲမဟုတ်ပဲ အတိတ်ကဖြစ်ပျက်ခဲ့တဲ့ အမှန်တရားတွေ၊ အမှောင်ဖုံးခံခဲ့ရတဲ့ လူတွေရဲ့ ဘဝကို ဖော်ထုတ်ဖို့ လေ့လာရတဲ့နယ်ပယ်တစ်ခုဖြစ်ကြောင်းဆွေးနွေးသုံးသပ်အပ်၏။

-RAIDEN KT
Historian
#Kyawthet #History #RAIDEN_KT
❤5
မို့......ဝါး...ဟား... Raidenကိုမေ့နေကြဖိလာဂျာ🫩
❤6🗿1
❤3
𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏
Photo
သမိုင်းမှာအဖိုးမဖြတ်နိုင်တဲ့ စာပေလက်ရာကောင်းတွေဆိုတာ ကျွန်တော်တို့အတွက်မျက်စိပသာဒဖြစ်စေရုံသက်သက်တော့မဟုတ်ပါ။ ဒါကလူသားတွေရဲ့ တည်ရှိမှု၊ အသိတရားနဲ့ လွတ်လပ်မှုတွေကို နက်နက်ရှိုင်းရှိုင်း မေးခွန်းထုတ်ပေးတဲ့ ဒဿနိကဗေဒဆိုင်ရာ သဘောတရားတွေရဲ့ ပုံရိပ်တစ်ခုလိုပါပဲ။ အဲဒီလို လက်ရာမြောက်လှတဲ့ စာပေတွေနဲ့ပတ်သက်ရင် ၁၃ရာစုအကုန်၁၄ရာစုအစောပိုင်းကာလမှာ အိတလီမြေပေါ်ကပေါက်ဖွားလာတဲ့ကမ္ဘာကျော် ကဗျာဆရာကြီးDante Alighieriရဲ့ စာပေဒဿနဟာဆိုရင်လည်း လုံးဝအထင်ကြီးစရားပါပဲ။ သူနဲ့ပတ်သက်ပြီး ကျွန်တော်Poetry Foundationမှာသူရဲ့အတ္တုပတ္တိ ကိုလေ့လာကြည့်တဲ့အခါ သူကသာမန်ကဗျာဆရာတစ်ဦးထက်ပိုတာသတိထားမိတယ်။ ဒါပေမယ့် သူကကဗျာဆရာနဲ့ ဒဿနိကဗေဒပညာရှင်အဖြစ်လည်း အားလုံးကသိကြမယ်ထင်ပါတယ်။ Dante Alighieriရဲ့ဘဝမှာ စာပေအယူအဆပေါင်းများစွာရှိပြီးအ့ဒီထဲကမှ အထင်ရှားဆုံးအယူအဆတစ်ခုကိုပြောရလျှင် သူဟာလူသားတွေအားလုံးရဲ့ ကံကြမ္မာနဲ့ အဆုံးအဖြတ်တိုင်းဟာ သူတို့အတွက်တန်ပြန်စေတဲ့ပြင်ပအာဏာတွေရယ် မိမိတို့ရဲ့တည်ရှိနေမှုဟာ ကံတရားသက်သက်ပေါ််မှာ မူမတည်နေကြောင်း ထိုတည်ရှိနေမှုဟာ လူသားတစ်ဦးချင်းစီး၏ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် မိမိတို့၏အချုပ်အချာကို မိမိတစ်ဦးထဲသာစိုးမိုးနိုင်သော ဆုံးဖြတ်ချက်ဖြင့် လူသားတို့၏ ကိုယ်ကျင့်တရားဆိုင်ရာ ရွေးချယ်မှုတွေပေါ်မှာအပြည့်အဝတည်ရှိနေကြောင်းကို သူကမိန့်ဆိုထားခဲ့ပါတယ်။

Dante Alighieriရဲ့ ရေးသာချက်တွေထဲမှာမှ ကမ္ဘာကျော်ပြီး ဥရောပရဲ့စာပေ‌ကဗျာလောကထဲကမှ အမြင့်မြတ်ဆုံးလို့သတ်မှတ်ထားတဲ့ Divine Comedyကဗျာလကာ်ကြီးထဲမှာဆိုရင်သူက ငရဲ၊ သန့်ရှင်းစင်ကြယ်ရာဌာနနဲ့ ကောင်းကင်ဘုံလို့ခေါ်တဲ့ ခရီးစဉ်၃ရပ်ကို သူကဖန်တီးပြသထားတယ်။ ဒီခရီးစဥ်၃ခုရပ်ထဲမှာ လူသားတွေဟာ မိမိရဲ့ ကိုယ်ကျင့်တရားနဲ့ အသိတရားကို အခြေခံချချအသုံးချပြီး ကိုယ်ရဲ့အနာဂတ်အတွက် ကိုယ်ဖောက်ထုတ်မယ့် လမ်းကြောင်းဟူသမျှကို မိမိကိုယ်တိုင်ဖန်တီးနိုင်စွမ်းရှိရမည်ဖြစ်ကြောင်း သူကအလေးအနက်တိုက်တွန်းပြသထားခဲ့တယ်။ ဆိုတော့ လူတစ်ယောက်က မိမိကိုယ်တိုင်မသိနားမလည်မှုတွေ၊ မိမိရဲ့မာန်မာနတွေ၊ အတ္တတွေနဲ့ အမှားထဲမှာ နစ်မွန်းနေမယ်ဆိုရင် သူကငရဲကျနေသလိုပါဘဲ။ ဒီအတွက် ကိုယ့်ရဲ့အပြစ်တွေကို ကိုကိုယ့်တိုင်သိမြင်တတ်ရမယ်...ထိုသိမြင်မှုကနောင်တတရားတွေနဲ့ ကိုယ့်ရဲ့ဝိညာဉ်ကို သန့်စင်လိုက်မယ်ဆိုရင် သူကတိုးတက်မြင့်မားရာ လမ်းကြောင်းမှန်ကို မလွဲရောက်နိုင်ပါလိမ့်မယ်။ ဒါကြောင့် Dante Alighieriရဲ့ အတွေးအခေါ်တွေဟာ လူသားတွေရဲ့ စိတ်ဓါတ်ပိုင်ဆိုင်ရာ လွတ်လပ်မှု၊ တာဝန်ယူလိုစိတ်နဲ့ ကံကိုမိမိရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကသာ လမ်းဖောက်နိုင်ကြောင်း ထုတ်ဖော်ပြပေးတဲ့ ဉာဏ်အလင်းရဲ့Classic era အထွတ်အထိပ်အယူအဆတစ်ခုပါပဲ။

-RAIDEN KT
Historian

#kyawthet #RAIDEN_KT #History
❤7
Ross Perotဆိုတာဘယ်လိုလူစားမျိုးလဲ?????

အပိုင်း၁#
❤4
𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏
Ross Perotဆိုတာဘယ်လိုလူစားမျိုးလဲ????? အပိုင်း၁#
၁၉၉၂ခုနှစ်နဲ့ ၁၉၉၆ခုနှစ်ရဲ့ နှစ်ကာလတွေမှာအမေရိကန်ရဲ့ နိုင်ငံရေးလောကမှာလွှမ်းမိုးစိုးမိုးနေတဲ့ ပါတီကြီးတွေဖြစ်တဲ့ ဒီမိုကရက်တစ်နဲ့ ရီပါဘလိကန်ပါတီကြီးနှစ်ခုပါ လုံးဝတုန်လှုပ်ခဲ့တဲ့ လူတစ်ဦးရှိခဲ့တယ်။ သူက သမ္မတနေရာအတွက် ဘယ်ပါတီထဲမှာမှ ဝင်အရွေးမခံဘဲ တစ်သီးပုဂ္ဂလ အနေနဲ့ ပြိုင်ခဲ့ပြီး သမိုင်းမှာ လူထုထောက်ခံမှုအရှိဆုံး နိုင်ငံရေးသမားအဖြစ် ပါတီကြီးတွေရဲ့စံနှုန်းကို ကျော်တက်ခဲ့သူ.....သူကRoss Perotဆိုတဲ့ တက္ကဆက်သား စီူပွားရေးသမားတစ်ဦးပါပဲ။

Ross Perotဆိုတဲ့သူကနိုင်ငံရေးနယ်ပယ်တစ်ခုထဲအတွက် သူကိုထောက်ခံသူတွေကိုမစည်းရုံးခဲ့ဘဲ စီးပွားရေးဗျူဟာနဲ့ လက်တွေ့ကျကျ ဒီမိုကရက်တစ်နဲ့ ရီပါဘလိကန်ပါတီကြီးနှစ်ခုထဲက ဝါရင့်နိုင်ငံရေးသမားတွေကို ပြတ်ပြတ်သာသာယှဉ်ပြိုင်ပြနိုင်ခဲ့တာပါပဲ။ သူဟာ၁၉၉၂ခုနှစ်သမ္မတရွေးကောက်ပွဲနဲ့ ၁၉၉၆ခုနှစ်ရဲ့ သမ္မတရွေးကောက်ပွဲမှာ နှစ်ကြိမ်းဆက်တိုက်ရှုံးနိမ့်ခဲ့ပေမယ့် သူရဲ့ စီးပွားရေးမဟာဗျူဟာတွေကတော့ ဘယ်တော့မှမကျရှုံးခဲ့ပါဘူး။ လူတွေဟာ ပါတီကြီးတွေရဲ့ မျှော်လင့်မရနိုင်တဲ့ ကတိကဝတ်တွေကို ယုံကြည့်ကာ သူကိုမျက်ကွယ်ပြုပေးမယ့် နိုင်ငံရေးအသိုင်းဝိုင်းထဲက ဒီမိုကရက်တစ်နဲ့ ရီပါဘလိကန် ပါတီကြီတွေအတွက်တော့ Ross Perotက လွယ်ကူတဲ့ပြိုင်ဘက်မဟုတ်ဘဲ သူရဲ့ နိုင်ငံရေးနဲ့စီးပွားရေးဗျူဟာတွေက ထိုပါတီတွေအတွက် အမြဲတမ်းခုံလှုပ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အမရိကန်နိုင်ငံရေးလောကမှာ Ross Perotဆိုရင် အခုထိမသိတဲ့သူမရှိလောက်အောင် ကျော်ကြားတုံပါပဲ။

-RAIDEN KT
#RAIDEN_KT #kyawthet #History
❤4
ကျွန်တော်တို့ လူသားတွေရဲ့ အတွေးအခေါ်က‌နေ ယိုစိမ့်လာတဲ့စနစ်တစ်ခုမှာ အမှန်တရားဆိုတာ ပထမဦးဆုံး အကျင့်သီလဖြစ်သကဲ့သို့ပင်၊ လူမှုရေးဆိုင်ရာအဖွဲ့အစည်းများတွင်လည်း တရားမျှတမှုဆိုတာဟာ ပထမဦးဆုံး ကျင့်ဝတ်သီလဖြစ်ရပါမယ်။

"A Theory of Justice"၏စာအုပ်မှ

-John Rawls
ကျင့်ဝတ်ဒဿနပညာရှင်
❤5🥰1
နယ်သာလန်ကို မအောင်နိုင်ရင် ငါ့ကို ဆူကာနိုလို့မခေါ်ပါနဲ့။

-Sukarno
အင်ဒိုနီးရှား လွတ်လပ်ရေးဖခင်

#History #kyawthet #RAIDEN_KT
❤8
ကျွန်စနစ်ဆိုတဲ့ ဒီရာဇဝတ်ကြီးဟာ ဤကမ္ဘာ၌ ဆိုးစွမ်းမဲညစ်နေတဲ့ ဤမြေပြန့်ကြီးရဲ့ ပြစ်မှုတွေကို ငါတို့ရဲ့သွေးနဲ့မှ မဆေးကြောရင် ဘာနဲ့မှ ဆေးကြောလို့ ရတော့မှာ မဟုတ်ဘူးဆိုတာ ငါအခုပိုပြီး ရေရေရာရာ သဘောပေါက်လိုက်ပြီ။

-ဂျွန်ဘရောင်း
ကျွန်စနစ်၏ဖျက်သိမ်းရေးဝါဒီ

#kyawthet #history #RAIDEN_KT
❤4
ပျင်းရိနေတဲ့အချိန်မှာ ကိုယ်ဘဝတိုးတက်ရာတွေကို ဆက်လက်လေ့လာသင်ယူပါ၊ မင်းဘဝအတွက်ရလဒ်ကောင်းတွေကို မမြင်နိုင်သေးတဲ့အချိန်အထိ ဆက်ပြီးကြိုးစားပါ။

-Jim Rohn-

#RAIDEN_KT #History #KyawThet
❤7
𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏
ပျင်းရိနေတဲ့အချိန်မှာ ကိုယ်ဘဝတိုးတက်ရာတွေကို ဆက်လက်လေ့လာသင်ယူပါ၊ မင်းဘဝအတွက်ရလဒ်ကောင်းတွေကို မမြင်နိုင်သေးတဲ့အချိန်အထိ ဆက်ပြီးကြိုးစားပါ။ -Jim Rohn- #RAIDEN_KT #History #KyawThet
ပျင်းရိနေတဲ့အချိန်မှာ ကိုယ်ဘဝတိုးတက်ရာတွေကို ဆက်လက်လေ့လာသင်ယူပါ၊ မင်းဘဝအတွက်ရလဒ်ကောင်းတွေကို မမြင်နိုင်သေးတဲ့အချိန်အထိ ဆက်ပြီးကြိုးစားပါ။

-Jim Rohn-


ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်တွေထဲမှာ သာမန်လူတွေက သူတို့ဘဝကို တိုးတက်ဖို့အတွက်ဆိုရင် သူတို့ရဲ့စိတ်အားထက်သန်တဲ့ခံစားချက်တွေရှိလာတဲ့အချိန်ခဏတာ‌လောက်ဘဲ အလုပ်ကို ကြိုး"စား"လုပ်ကြတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ထူးချွန်ပြီးပါရမီရှိတဲ့ လူတွေကသာ အလုပ်တစ်ခုကို သူတို့ရဲ့စိတ်အားထက်သန်မှု‌တွေပျောက်‌ဆုံးသွားတဲ့အချိန်ထိ ဆက်ပြီး ကြိုးစားလှုပ်ရှားရုန်းကန်ကြတယ်။ ကျွန်တော်တို့ဟာ မိမိရဲ့တစ်‌နေ့တာအချိန်‌တွေကို အကျိုးမရှိဘဲပျင်းရိနေပြီ မနက်ဖြန်မှာလည်းဒီအတိုင်းဘဲဆက်သွား‌နေမယ်ဆိုရင် ကျွန်တော်တို့မှာ ကိုယ်ဘဝအတွက်မက်ထားတဲ့ အိပ်မက်တွေကို တိုးတက်ဖို့ထက် နေ့ရက်တိုင်းမှာ ပျင်းရိမှုတွေကဘဲအခိုးယူခံဖို့ လမ်းဖွင့်ပေးနေတာသေချာသလောက်ဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် လူတွေရဲ့ဘဝမှာ အလုပ်တစ်ခုကိုကြိုးစားနေတဲ့အခါ မိမိအတွက်ကောင်းမွန်တဲ့ရလဒ်ကောင်းတွေကို ခဏတာစိတ်အားသန်း‌နေလို့ရတာ မဟုတ်ဘဲ အလုပ်တစ်ခုကိုဘဲ တသမတ်တည်းစိတ်နှစ်ပြီး စည်းကမ်းရှိတဲ့ ရေရှည်ကြိုးစားအားထုတ်မှုတွေကနေသာ ထွက်ပေါ်လာလေ့ရှိပါတယ်။ သို့‌သော် ကျွန်တော်တို့ ဘယ်လောက်ဘဲကြိုးစားကြိုးစား ကိုယ့်ရဲ့ရုန်းကန်မှုတွေကအရာမထင်တဲ့အခါ ငါတို့လုပ်ရပ်‌တွေကမြင်သာတဲ့ပြောင်းလဲမှုမရှိဘူးလို့ စိတ်ဓါတ်မကျလိုက်ပါနဲ့။ ဧကန်မုချ ကျွန်တော်တို့ ကြိုးစားအားထုတ်လိုက်တာတွေက ဘယ်တော့မှအချည်းနှီးဖြစ်နေလိမ့်မယ်လို့ မဆိုလိုပါဘူး။ဘာလိုဆို သစ်ပင်တစ်ခုမှာပင်စည်က မကြီးထွားခင် သူရဲ့အမြစ်တွေက အရင်ကြီးထွားတတ်လို့ပါပဲ။

မင်းအနေနဲ့ မင်းရုန်းကန်နေရတာတွေကို အရမ်းကိုမှ နှေးကွေးတယ်လို့ ခံစားရရင်တောင် ဆက်ပြီးသင်ယူနေပါ။ ဘာလို့လဲဆိုတော့ မင်းစုဆောင်းထားတဲ့ အသိပညာတိုင်းဟာ မင်းရဲ့အနာဂတ်ကို တည်ဆောက်ပေးနေလို့ပါပဲ။ ကမ္ဘာကြီးက မင်းရဲ့ရုန်းကန်မှုကို မမြင်သေးလို့ဆိုပြီးလည်း လုံးဝလက်မလျှော့လိုက်ပါနဲ့ ဘာလို့လဲဆိုတော့ ဒီလုပ်ငန်းစဉ်က တသမတ်တည်းလုပ်ဆောင်သူတွေကို ဘယ်တော့မှ သစ္စာမဖောက်လို့ပါ။ မင်းအတွက် မင်းလုပ်လိုက်တဲ့အလုပ်တွေကအချည်နှီးဖြစ်ခဲ့တောင် လုံးဝနောင်တမရဘဲ ရှေ့ဆက်သွားဖို့ကိုသာ ရွေးချယ်ပါ။ ဒီလိုကြိုးစားမှုသေးသေးလေးတွေက နေ့စဉ်နဲ့အမျှ မင်းကိုခြေလှမ်းသေးသေးလေးတွေအဖြစ်ထင်ကျန်နေပေမယ့် မင်းခေါင်းထဲမှာပဲ ဒါတွေကရပ်တန့်နေတဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်တွေကို စုဆောင်နိုင်တဲ့ ဒေတာတွေဖြစ်နေလို့ပါပဲ။

အဘယ်ကြောင့်ဆိုရလျှင်နောက်ဆုံးတွင် အောင်မြင်မှုဆိုတဲ့စကားလုံးဟာ အမြဲတမ်း စိတ်အားထက်သန်သူ‌တွေနဲ့မသက်ဆိုင်တော့ဘဲ ပျင်းရိသူ‌တွေနဲ့ ရလဒ်ကောင်းတွေက်ုမမြင်နိုင်သေးတဲ့သူ‌တွေအတွက် စိတ်ကူးယဥ်ဆန်ဆန်ဆက်လက်လုပ်ဆောင်နေရမယ်ဆိုတဲ့ တွန့်အားပေးမှုတစ်ခုဖြစ်သွားနိုင်လို့ပါပဲ။ လက်တွေ့အောင်မြင်မှုဆိုတာ ကြိုးစားရုန်းကန်နေသူတွေအတွက် လက်ရှိကာလအပိုင်အခြားကိုဆိုလိုခြင်းဖြစ်လေ၏။ ဘာလိုဆိုရင်မင်းကြိုးစားတဲ့အချိန်တိုင်းက‌ရှုံးသည်ဖြစ်စေ အောင်မြင်သည်ဖြစ်စေ ဒီရလဒ်တွေကမင်းကို ထောက်ပံ့နေတဲ့ ရင့်ကျပ်မှုဖြစ်နေကြောင်းထုတ်ဖော်ရင်းနိဂုံးချုပ်လို၏။

-RAIDEN KT
Historian
#RAIDEN_KT #History #KyawThet
❤6
စက်တင်ဘာလ ၉ရက်၏ အမျိုးသားလစ်ဘရယ်နေ့

မြန်မာအမျိုးသားဒီမိုကရက်တစ်ပါတီကို လွန်ခဲ့သော၂နှစ်က တည်ထောင်ခဲ့ပြီး လူ့လွတ်လပ်မှုကို အခြေခံသည့် တရားမျှတမှုအတွက် ၎င်းကရပ်တည်နေလျက်ရှိ၏။ ၎င်းပါတီ၏ မူဝါဒကြီးများမှာ ကြီးကျယ်ခမ်းနားလှခြင်း မရှိသော်လည်း စစ်မှန်သော ဒီမိုကရေစီသည် ပြည်သူများပိုင်ဆိုင်ခြင်းသာဖြစ်ပြီး မည်သည့်အစိုးရကမျှ ထောက်ပံ့ပေးရန် မလိုကြောင်း ၎င်းတို့၏ တည်ထောင်သူကိုယ်တိုင် အဆိုပြုခဲ့သည်။ ၎င်းတို့သည် ခေတ်မီသော လူငယ်လစ်ဘရယ်များဖြစ်ကြပြီး ဤပါတီမှ လူငယ်များသည် မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာ့လုံဆိုင်ရာလူသားတို့၏လွတ်လပ်ရေးအတွက်ပါ စံနမူနာပြများ ဖြစ်လာမည်ဟူသော သမိုင်းဝင်အမွေအနှစ်ကို ချန်ရစ်ခဲ့ကြပါမည်။

#RAIDEN_KT #History #KyawThet
❤4
အမေရိကန်သမိုင်းမှာ John Brownလောက်အငြင်းပွားစရာကောင်းတဲ့သူကို ကျွန်တော်ဘဝမှာလေ့လာဖူးသလောက် အနည်းငယ်ဘဲရှိမယ်လိုထင်တယ်။ ဘာလို့ဆိုရင် အမေရိကန်ပြည်တွင်းစစ်မှာ ကျွန်စနစ်ကိုမကြိုက်တဲ့သူတွေအတွက်တော့သူက သူရဲကောင်းတစ်ဦးအနေနဲ့ ဆုတ်ယုတ်နေတဲ့ ကျွန်ပိုင်ရှင်စနစ်ကျရှုံးဖို့ ချေမှုန်းနေတဲ့အာဇာနည်တစ်ဦးလိုလို လေးစားကြည်ညိုစရာကောင်းတဲ့လူတစ်ဦးဆိုပါတော့။ တစ်ဖက်က သူကိုမုန်းတဲ့လူ‌တွေကလည်း အကြမ်းဖက်သမားဆန်ဆန် သူကိုဖျက်စီးသူ၊ သောင်းကျန်းသူအနေနဲ့ သတ်မှတ်ထားကြတာပေါ့။ ဒါပေမယ့်သူလိုလူမျိုးကို လူတွေကဘယ်လိုဘဲသတ်မှတ်ထားပါစေ သူနဲ့ပတ်သက်ပြီးငြင်းလို့မရတဲ့ အမှန်တရားကတော့ သူကအမေရိကန်ပြည်တွင်းစစ်ရဲ့ ကျွန်စနစ်တိုက်ဖျက်ရေးအရှိန်အဟုန်းတစ်ခုလုံးကို အဓိကနိုးဆွပေးတဲ့ လူတစ်ဦးဆိုတာကိုတော့ လက်ခံထားရပါလိမ့်မယ်။ ဒါကြောင့်John Brownဆိုတဲ့ပုဂ္ဂိုလ်ကြီးက နိုင်ငံရေးသမားတွေလို့ စကားလုံးတွေ၊ မူဝါဒစာတမ်းတွေနဲ့ အမေရိကန်ပြည်သူတွေအပေါ်အပြောချိုချိုနဲ့ ဝမ်မချသလို့ သူရဲ့လုပ်ရပ်တွေနဲ့သက်သေပြသွားခဲ့ပါတယ်။ ဒီတော့John Brownရဲ့ဘဝစတင်လာပုံနဲ့ ပြည်တွင်းစစ်မှာ သူရဲ့အခန်းကဏ္ဌကဘယ်လောက်ထိအရေးပါခဲ့သလဲဆိုတာကိုကျွန်တော်နဲ့အတူ သမိုင်းကိုလေ့လာကြည့်ကြမယ်ဆိုရင်......
❤4
𝙍𝘼𝙄𝘿𝙀𝙉_𝙆𝙏
အမေရိကန်သမိုင်းမှာ John Brownလောက်အငြင်းပွားစရာကောင်းတဲ့သူကို ကျွန်တော်ဘဝမှာလေ့လာဖူးသလောက် အနည်းငယ်ဘဲရှိမယ်လိုထင်တယ်။ ဘာလို့ဆိုရင် အမေရိကန်ပြည်တွင်းစစ်မှာ ကျွန်စနစ်ကိုမကြိုက်တဲ့သူတွေအတွက်တော့သူက သူရဲကောင်းတစ်ဦးအနေနဲ့ ဆုတ်ယုတ်နေတဲ့ ကျွန်ပိုင်ရှင်စနစ်ကျရှုံးဖို့…
၁၈၀၀ခုနှစ် မေလ ၉ရက်နေ့မှာ ကွန်နက်တီကပ်ပြည်နယ် တော်ရင်တန်မြို့လေးမှာ John Brownကို မွေးဖွားခဲ့ပြီး သူမိသားစုဟာခရစ်တော်ကို အရမ်းယုံကြည့်ပြီး ဘာသာရေးအရအရမ်းကိုတင်းကျပ်တဲ့ စည်းကမ်းတွေနဲ့သူဟာကြီးပြင်လာခဲ့ရတယ်။ သူရဲ့ယုံကြည့်ချက်အရ လူမည်းတွေကို ကျေးကျွန်အဖြစ်အခမဲ့စေးခိုင်းနေခြင်းသည် ဘုရားသခင်၏ အလိုတော်ကို ဆန့်ကျင်နေသည့် အကြီးမားဆုံးသော ပြစ်မှုဖြစ်သည်ဟုသူကယုံကြည်လက်ခံထားသူတစ်ဦးပါ။ ဒါပေမယ့် အဲဒီခေတ်ကာလတွေဟာ ကျွန်စနစ်ကိုဖျက်သိမ်းဖို့ဆိုတာက အရမ်းကိုခက်ခဲတဲ့ကာလလည်းဖြစ်ပါတယ်။ ကျွန်စနစ်ကိုဖျက်သိမ်းချင်ကြတဲ့လူတချို့ကတော့ လူတွေကိုဟောပြောပွဲတွေ၊ သတင်းစာတွေကနေတဆင့် အနုနည်းနဲ့ ဖျက်သိမ်းဖို့တောင်းဆိုနေကြပေမယ့် John Brownကတော့ သူတို့လိုစကား‌လုံးတွေနဲ့လေကုန်ခံချင်ခဲ့ပါဘူး။ သူဟာငါတို့ဟောပြောနေရုံနဲ့ ဒီစနစ်ဆိုးကြီးတစ်ခုလုံးကို ဖြိုခွင်နိုင်မယ်ထင်သလား ဒါကြောင့်ငါတို့တက်ညီလက်ညီ လက်နက်စွဲကိုင်ကာမှသာ ဒီစနစ်ဆိုးကြီးအတွင်ူထဲက လွတ်မြောက်နိုင်မယ်လို့ ခနခနပြောကြားခဲ့ပါတယ်။ John Brownရဲ့ပြတ်သာလှတဲ့ဟောပြောချက်တွေနဲ့အတူ 1856ခုနှစ်မှာ ကန်းဆပ်ပြည်နယ်၌ပထမဆုံး ကျွန်စနစ်ထောက်ခံသူများနဲ့ ဆန့်ကျင်သူများအကြား ပဠိပက္ခမီး စတင်တောက်လောင်ပါတော့တယ်။ ထိုအခါJohn Brownဟာ သူ၏ချစ်လှစွာသော သားများနှင့်အတူ လက်နက်စွဲကိုင်ကာ ကျွန်စနစ်ထောက်ခံသူများကို စတင်တော်လှန်းလာပါတော့သည်။

သမိုင်းမှာ John Brown၏ အထင်းကြီးစရာကောင်းလောက်အောင် ပြောင်မြှောက်လှတဲ့ လုပ်ရပ်တစ်ခုကတော့ 1859ခုနှစ်မှာဖြစ်ခဲ့တဲ့ Harpers Ferryလက်နက်တိုက်စီးနင်းမှုဘဲဖြစ်ပါတယ်။ John Brownဦးဆောင်သောကျွန်စနစ်တိုက်ဖျက်ရေးအဖွဲ့ဟာ ဗာဂျီးနီးယားပြည်နယ်ရှိ ဖက်ဒရယ်အစိုးရ၏ လက်နက်တိုက်ကို သိမ်းပိုက်ပြီး ထိုလက်နက်များဖြင့် လူမည်းကျေးကျွန်များကို လက်နက်တပ်ဆင်ပေးကာ အမေရိကန်သမိုင်းမှာ အကြီးမားဆုံးကျေးကျွန်အုံးကြွမှုကြီးကို သူကဖန်တီးလိုက်သည်။ သို့သော် ကျေးကျွန်အများစုဟာ စစ်သားများနည်းတူ လက်နက်များနှင့်မရင်းနှီးတာကြောင့် သူ၏အစီစဉ်မှာ လုံးလုံးလျာလျာပျက်စီးခဲ့ရပြီး အမေရိကန်စစ်တပ်၏ ဝိုင်းဝန်းနှိမ်နင်းမှုကို ကျေးကျွန်အများကအလူးအလဲခံရ၏။ John Brownကိုယ်တိုင်းကလည်း ဖက်ဒရယ်အစိုးရ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့နောက် အမေရိကန်တရားရေးဌာနမှ John Brownကို နိုင်ငံတော်သစ္စာဖျက်မှု၊ လူသတ်မှု၊ ဆူပူအုံးကြွရန်နှို‌ဆော်မှု များဖြင့်စွပ်စွဲကာ ချက်ချင်းကြို့ဆွဲချအပြစ်ဒဏ်ကို အမိန့်ချမှတ်ခဲ့သည်။ ဒါပေမယ့် တရားစိရင်မှုအပြီး John Brownရဲ့နောက်ဆုံးပြောခဲ့သောခုခံချေပချက်သည် အမေရိကန်နိုင်ငံတစ်ခုလုံး၏ ကျွန်စနစ်အမြစ်တွယ်နေမှုအပေါ် လုံးဝလှုပ်ခတ်သွားစေခဲ့သည်။ 1859ခုနှစ် ဒီဇင်ဘာလ2ရက်နေ့၌ သူကိုကြိုးမပေးမီ စက္ကန့်ပိုင်ူအလို၌ သူချန်လှပ်ထားခဲ့သော စာတိုလေးတစ်ခုမှာ သမိုင်း၌ အလွန်ထင်ရှားလှ၏---(ကျွန်စနစ်ဆိုတဲ့ ဒီရာဇဝတ်ကြီးဟာ ဤကမ္ဘာ၌ ဆိုးစွမ်းမဲညစ်နေတဲ့ ဤမြေပြန့်ကြီးရဲ့ ပြစ်မှုတွေကို ငါတို့ရဲ့သွေးနဲ့မှ မဆေးကြောရင် ဘာနဲ့မှ ဆေးကြောလို့ ရတော့မှာ မဟုတ်ဘူးဆိုတာ ငါအခုပိုပြီး ရေရေရာရာ သဘောပေါက်လိုက်ပြီ။)ကျွန်စနသ်ပျက်သုဉ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့John Brownတစ်ယောက် သေဆုံးခဲ့ရသော်လည်း သူစတင်ခဲ့တဲ့ဤတော်လှန်းရေးကြီး အမေရိကန်အစိုးရတစ်ခုလုံးက ဘယ်တော့မျှထိန်းမရတော့ပေ။ ဘာလိုဆိုရင်ကျွန်စနစ်၏ဆိုးကျိုးအရ လူတွေဟာဖိနှိပ်မှုကို ငြိမ်မခံနိုင်တော့ဘဲ အစိုရအဖွဲ့အတွင်း၌ပင် တောင်ပိုင်းနဲ့မြောက်ပိုင်း‌ပြည်နယ်‌တွေဟာ ကျွန်စနစ်အပေါ်ထားတဲ့၎င်းတို့၏အမြင်တွေဟာစတင်ကွဲပြားလာပြီး အမေရိကန်ပြည်တွင်းစစ်ပွဲကြီးဟာစတင်ဖြစ်ပွားလာပါတော့တယ်။ ထိုအခါ မြောက်ပိုင်းစစ်သည်တော်တွေဟာ ကွယ်လွန်သူJohn Brownအားဂုဏ်ပြုသောအားဖြင့် "John Brown's Body"ဟုခေါ်သော စစ်ချီသီချင်းဖြင့် သီဆိုကာ ကျွန်စနစ်အတွက် တရားမျှတမှုရရန် တိုက်ပွဲဝင်ခဲ့ကြပြီး John Brownဟာလည်းကျွန်စနစ်ဖျက်သိမ်းရေးအတွက်အဓိကသင်္ကေတတစ်ခုဖြစ်လာပါတော့တယ်။

နောက်ဆုံးအနေနဲ့နိဂုံးချုပ်ရလျှင် နိုင်ငံရေးသမားတို့သည် အပြောချိုသောစကားလုံးများဖြင့် ပြည်သူတို့ကိုသိမ်းသွင်လှည်ဖျားနိုင်သော်လည်း တစ်ဖက်တွင် အညတရတက်ကြွသူတို့အဖိုက စနစ်ဆိုကိုအပြောထက်လက်‌တွေ့လက်နက်ဆွဲမိတဲ့အခါ ၎င်းကိုအကြမ်းဖက်သမား၊ သောင်းကျန်းသူအဖြစ်သာ ခေါင်းစဉ်တပ်ကြ၏။ သို့သော် အာဇာနည်တစ်ဦးသည် နုတ်မှထွက်‌သောစကားချိုချိုထက်မိမိ၏အသက်ကိုပင်တိုင်းပြည်သို့ပေါင်နှံထားပြီး မည်သည့်တော်လှန်းရေးကိုမဆို အသက်ကိုပေးဆပ်အနစ်နာခံပေ၏။ John Brownသည်ထိုသို့သော အာဇာနည်တစ်ဦးဖြစ်၏ သူသာလက်နက်စွဲကိုင်မပြတ်သာခဲ့လျှင်ပင် အမေရိကန်နိုင်ငံ၏ ကျွန်စနစ်ကျရှုံးရေး အရှိန်ဟာလည် ဒီကနေ့ခေတ်ထိ မြန်မြန်ဆန်ဆန် ရောက်ရှိလာမည်မဟုတ်ပေ။

RAIDEN KT
Historian
#RAIDEN_KT #History #KyawThet #JohnBrown #RAIDEN_KT
❤6
Hamilton, Jefferson, Aaron Burrတို့ဟာအမေရိကန်နိုင်ငံရေးလောကမှာ ပထမဆုံးပြိုင်ဘက်တွေပါ ဒါပေမယ့် Hamiltonဟာသူရဲ့ရန်သူ‌တွေထဲမှာ Jeffersonကို အမုန်းဆုံးနဲ့အလေးစားဆုံးပါ Jeffersonသမ္မတဖြစ်ဖို့ Hamiltonကအဓိကထောက်ခံပေးခဲ့တာဟာအမေရိကန်သမိုင်းမှာကြည်နူးစရားတည်ထောင်သူဖခင်များ၏ အရည်အချင်းအပေါ်လေးစားမှုတစ်ခုပါ။Aaron Burrကိုတော့Hamiltonဘဝမှာဘယ်တော့မှမမေ့တဲ့ရန်သူဖြစ်ခဲ့ပါတယ်။

Jefferson ကငါနဲ့ မူဝါဒအရ အမြဲတမ်းသဘောထားကွဲပေမဲ့ သူကသမိုင်းကို လေးစားတဲ့လူရိုးတစ်ယောက်ပါ။ Aaron Burr ကတော့ ဘာမူဝါဒမှ မရှိဘဲ သူ့ရဲ့ကိုယ်ပိုင်အကျိုးအတွက်ပဲ ကြည့်တဲ့ အန္တရာယ်ရှိတဲ့သူပါ

-Alexander Hamilton

#RAIDEN_KT #KyawThet #History
❤6
ရောင်းထွက်ပါပြီးခဗျာ.....🫡
federalists vs anti federalists???????
❤2