The La Pyae
28.9K subscribers
1.75K photos
444 videos
5 files
920 links
Get the good Stuff related to

Tech 🤖
Mindset 🧠
And all the other things I love 💛

To follow up me on other social media
Please visit https://thelapyae.com
Download Telegram
Instagram တို့ facebook တို့
Tiktok တို့ထက်

Bank Account , Pay တွေနဲ့
စာရင်းစာအုပ်ကို
အချိန်ပေးပြီးပိုကြည့်ဖြစ်နေပြိဆို

ဒီလူက serious mode နဲ့
အလုပ်လုပ်နေပြီလို့ပြောလို့ရတယ် 😁

@thelapyae
❤77🔥8🫡8🥰3
အဆောင်အယောင်တွေဟာ
အယောင်အဆောင်တွေအတွက်တော့

မရှိမဖြစ်လိုအပ်ချက်ပါပဲ

ဒါမှမရှိရင် သူတို့ကို အဖတ်လဲမလုပ်
နေရလဲမရ အထင်ကြီးလဲမခံရနိုင်တော့ဘူးကိုး

@thelapyae
❤83💯18👍13🥰2
ယရလဝ

ယာယီပဲပျော်ရမယ့်အရာတွေ
လူတွေပေါ်မှာ အရမ်းကြီး အချိန်ကုန်မခံနဲ့

ရတာနဲ့ ရှိတာနဲ့ စလုပ်လိုက်တာက
အကုန်အဆင်ပြေမှလုပ်မယ်
ဆိုတာထက်ရှေ့ရောက်စေတယ်

လူတိုင်းမှာ ဖြစ်နိုင်ခြေဆိုတာရှိတယ်
ဖြစ်အောင်လုပ်တာမလုပ်တာက
အဲ့လူနဲ့ပဲဆိုင်တယ်

ဝါသနာကိုဝင်ငွေရအောင်လုပ်ရင်လုပ်
မဟုတ်ရင် ဝင်ငွေရတာကို ဝါသနာပါအောင်လုပ်

@thelapyae
❤138👍32💯22🔥9
ပျင်းတဲ့သူက skill တတ်ဖို့မလွယ်ဘူး
Skill မရှိရင် ဝင်ငွေရှိဖို့မလွယ်ဘူး

ဝင်ငွေမရှိရင် မိတ်ဆွေကောင်းရှိဖို့မလွယ်ဘူး
မိတ်ဆွေကောင်းမရှိရင် ချမ်းသာဖို့မလွယ်ဘူး

ချမ်းသာမှုမရှိ ကုသိုလ်ကောင်းမှုပြုဖို့မလွယ်ဘူး
ကုသိုလ်ကောင်းမှုပြုလုပ်တာမရှိရင်

နိဗာန်ရောက်ဖို့ မလွယ်ဘူး
ဒါကြောင့်အပျင်းမကြီးဖို့ အရေးကြီးတယ်

( လောကနီတိ )

@thelapyae
❤228💯24🔥4🥰4
ကျနော်တို့ လူတွေက အတုမြင်အတတ်သင်တဲ့ အမျိုးဆိုတော့
ကျနော်တို့ နေ့စဉ်နဲ့အမျှ ကြားနေမြင်နေရတာတွေကနေ
သိ၍ဖြစ်စေ မသိ၍ဖြစ်စေ မှတ်သားသင်ယူနေတတ်ကြတယ်
ကျနော်တို့ consume လုပ်လိုက်တဲ့ Content တွေက ကျနော်တို့ရဲ့
ခေါင်းထဲမှာနေရာတစ်ခုခု ယူနေမယ်ဆိုရင်
ကျနော်တို့ ဘာတွေကို Consume လုပ်သလဲဆိုတာ သတိထားဖို့လိုတယ်
အမှိုက်တွေထည့်ရင် အမှိုက်တွေပဲ ပြန်ထုတ်လို့ရတာမို့
ကိုယ် ကြည့်ရှု့ပြီး consume လုပ်နေတဲ့ Content တွေကို quality ရှိတဲ့
အရာများ များများပေါ်အောင် New Feed ကို manage လုပ်ပါ
မလိုအပ်တဲ့ သီတင်းတွေ
အတင်းတွေ
ပွဲတွေ အစား
ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ခေါ်ဆောင်သွားနိုင်မယ့်
Content များ မြင်ရအောင် Account သန့်ရှင်းရေးပုံမှန်လုပ်ပါ
@thelapyae
❤105💯12🔥4
ကိုယ့်ကိုယ်ကို တကယ်ချစ်ရင်
ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါ

အစားသောက်အနေအထိုင် ဆင်ချင်ပါ
လေ့ကျင့်ခန်းလုပ်ပါ

အိပ်ရေးဝဝအိပ်ပါ

ကျန်တာတွေက ကျန်းမာရင်
အကုန်လုပ်လို့ရတယ်

မကျန်းမာရင် ချမ်းသာနေရင်တောင်
ကောင်းကောင်းဇိမ်မခံရဘူးမိတ်ဆွေ

@thelapyae
❤175💯26❤‍🔥22🥰10
လူတွေက ကိုယ်သာတဲ့အရာတွေနဲ့
တခြားသူတွေကိုပြိုင်လေ့ရှိတယ်

ယောကျ်ားလေးသီးသန့်ကျောင်းမှာ
တက်ခဲ့တဲ့ ကျနော့်အတွက်တော့
ဒါနေ့စဉ် မြင်တွေ့ကြားနေရတဲ့ အရာတွေပါပဲ

အားသန်တဲ့ ကောင်က
သတ္တိရှိရင် မင်းနဲ့ငါနဲ့ အားပြိုင်မလားမေးတယ်

အသားဖြူတဲ့ ကောင်က
သတ္တိရှိရင် မင်းနဲ့ ငါနဲ့ အသားပြိုင်ဖြူမလားမေးတယ်

စာတော်တဲ့ ကောင်က
သတ္တိရှိရင် မင်းနဲ့ငါ အဆင့်ပြိုင်မလားမေးတယ်

ချမ်းသာတဲ့အိမ်ကောင်က
သတ္တိရှိရင် မုန့်ဖိုးပြိုင်များမလားမေးတယ်

အပြင်လောကရောက်လာတော့လဲ
ထိုနည်းတူပါပဲ လူတွေက သူတို့သိတာတွေနဲ့
လိုက်လိုက်ဖြဲတယ်

မင်းစီးတာဘာကားလဲ
မင်းသုံးတာဘာဖုန်းလဲ
မင်းရတာဝင်ငွေဘယ်လောက်လဲ
မင်းမှာပညာအရည်အချင်းဘယ်လောက်ရှိလဲ
မင်းစော်ဘယ်လောက်ကြည်လဲ
မင်းဘယ်လောက်သုံးနိုင်လဲ
မင်းမှာ follower ဘယ်လောက်များလဲ

စသည်ဖြင့်လူတိုင်းကကိုယ်နိုင်မှာသေချာတဲ့
နေရာတွေမှာ ဆိုရင်ဖြဲ ကြတာကြီးပါပဲ

ကိုယ့်မှာရော သတ္တိရှိလားလို့
ဖြဲနိုင်လောက်တဲ့ အရာဘယ်နှခုရှိလဲလို့
လေ့ကျင့်ခန်းလုပ်တဲ့အနေနဲ့ မေးကြည့်ကြည့်

မရှိသေးရင်တည်ဆောက်ယူ
ရှိပြီးရင်လူတွေကိုအားတိုင်းမဖြဲဖို့ထိန်း🫰🏻

Life is tough. But be kind 🫶🏻

@thelapyae
❤121💯20🔥8👍6
Fitness Data နဲ့ပတ်သက်တဲ့
App တွေ ဒီရက်ပိုင်း
အများကြီးစမ်းကြည့်ဖြစ်တယ်

အခုတော့ iOS မှာ
Bevel နဲ့ Helix ကို နှိုင်းယှဉ်ကြည့်နေတယ်

နှစ်ခုလုံးက Apple Health ထဲက
Data တွေကိုပဲ ယူသုံးကြတာ

HRV, Resting Heart Rate, Sleep,
Workout Data စတာတွေ အတူတူပဲ

ဒါပေမယ့် App တစ်ခုချင်းစီရဲ့
တွက်ချက်ပုံမတူတော့

Recovery Score တွေ၊
Readiness Score တွေက မတူကြဘူး


( read more in comments)

@thelapyae
❤36👍3🔥2
မြန်မြန်ခရီးရောက်ချင်ရင်
တချို့ သယ်ထားတဲ့ အရာတွေကို
ထားခဲ့မှခရီးရောက်တယ်

အဲ့လိုပဲ ဖြစ်ချင်တာတွေများရင်
လုပ်ရမှာတွေကများရင်
မြန်မြန် result မထွက်တာမို့
တချို့ဖြစ်ချင်တာတွေကို
ခဏ ထားခဲ့မှရတယ်

မဟုတ်ရင် ဘယ်တစ်ခုမှ
ကောင်းကောင်း result မထွက်ဘူးမိတ်ဆွေ

@thelapyae
❤117🔥16💯15🥰1
ကျနော်တို့မှာ ကိုယ်မသိပေမယ့်
Installed လုပ်ခံထားရတဲ့ program တွေရှိတယ်

ပတ်ဝန်းကျင် ၊ မိဘ နဲ့ ဆရာတွေက
သင်ကြားပေးရင်ရလာတဲ့ program တွေရှိတယ်

အားကျမှုတွေ ၊ အတုယူတာတွေ ၊
သင်ယူမှုတွေကရလာတဲ့ program တွေရှိတယ်

အလုပ်ဖြစ်တဲ့ program တွေကိုသုံးပြီး
အသုံးမဝင်တာတွေကိုရှင်းလိုက်ဖို့လိုတယ်

ကိုယ် run နေတဲ့ဖုန်းက iphone ဖြစ်နေပြီး
Exe file install ချင်လို့မရသလို

ကိုယ့်ရဲ့identity နဲ့ မကိုက်တာတွေကို
ဘဝမှာ အရမ်းဖြစ်ချင်နေလို့မထူးဘူး

ကိုယ့်မိဘ ဘိုးဘွားတွေအကြောင်း
ပြန်လေ့လာကြည့်ကြည့်ပါ

ထင်ထားတာထက်ပိုပြီး ကိုယ်က
မိဘ ဘိုးဘွားတွေရဲ့ အကြိုက်၊ အကျင့်နဲ့ ၊
စိတ်ဓာတ်တွေဆိုတာ ကိုယ့်မှာ
program ရေးထားပြီးသားဖြစ်နေတာတွေ့ရမယ်

Find your roots, you will know
what kind of fruit you will get

@thelapyae
❤73💯8🔥4🥰3
ရက်၊ လ၊ နှစ်တွေနဲ့ တွက်လို့ရတဲ့ အသက်အရွယ်ရှိသလို

Wearable Fitness Tracker တွေနဲ့ Health Data တွေကနေ ခန့်မှန်းတွက်ချက်တဲ့ Biological Age ဆိုတာလည်းရှိတယ်

စိတ်ရင့်ကျက်မှု၊ စိတ်အသက်ဆိုတာလည်း ရှိတယ်

မွေးတဲ့အချိန်ကနေ တွက်တဲ့အသက်ကတော့ အလွယ်တွက်လို့ရတယ်

ကျန်တဲ့ ၂ ခုကတော့ ထင်သလောက် မရိုးရှင်းဘူး

လူက အသက် ၃၀ ဆိုပေမယ့် Biological Age က ၄၅ လည်း ဖြစ်နေနိုင်တယ်

စိတ်အသက်ကတော့ ၁၈ နှစ်ပဲ ရှိနေသေးတာမျိုးလည်း ဖြစ်နိုင်တယ်

Biological Age က ကိုယ့်ခန္ဓာကိုယ်ရဲ့ ကျန်းမာရေး၊ လုပ်ဆောင်နိုင်စွမ်းနဲ့ အိုမင်းလာပုံတွေကို အခြေခံပြီး ခန့်မှန်းတာ

စိတ်အသက်ကတော့ ကိုယ်ဘယ်လောက်ရင့်ကျက်လာလဲ၊ စိတ်ခံစားချက်တွေကို ဘယ်လိုကိုင်တွယ်လဲ၊ ပြဿနာတွေကို ဘယ်လိုဖြေရှင်းလဲဆိုတာတွေနဲ့ ပိုသက်ဆိုင်တယ်

ဒါပေမယ့် ဒီနှစ်ခုလုံးက မွေးနေ့လို တိတိကျကျတွက်လို့ရတဲ့ အသက်တွေတော့ မဟုတ်ဘူး

Fitness App တွေပြတဲ့ Biological Age တွေကလည်း သူတို့ရဲ့ Algorithm အလိုက် ခန့်မှန်းထားတာဖြစ်လို့ တစ်ခုနဲ့တစ်ခု မတူနိုင်ဘူး

ကျနော်စိတ်ဝင်စားတာက ဒီအသက် ၃ မျိုးကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာပဲ

မွေးတဲ့နေ့ကနေတွက်တဲ့အသက်ကိုတော့ ရပ်ထားလို့မရဘူး

ဒါပေမယ့် Exercise ပုံမှန်လုပ်တာ၊ အိပ်ရေးဝအောင်အိပ်တာ၊ အစားအသောက်ဂရုစိုက်တာတွေနဲ့ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးနဲ့ လုပ်ဆောင်နိုင်စွမ်းကို ထိန်းသိမ်းလို့ရတယ်

စိတ်ပိုင်းဆိုင်ရာမှာလည်း ကိုယ့်ကိုယ်ကို ပြန်သုံးသပ်တာ၊ အမှားတွေကနေ သင်ယူတာ၊ တာဝန်ယူတတ်လာတာတွေနဲ့ ပိုရင့်ကျက်လာနိုင်တယ်

အသက်ကြီးလာတာက အလိုလိုဖြစ်တယ် ခန္ဓာကိုယ်ကောင်းလာဖို့နဲ့ စိတ်ရင့်ကျက်လာဖို့ကတော့ ကိုယ်တိုင်အချိန်ပေးရတယ်

ကျနော်ကတော့ အသက် ၆၀ ရောက်တဲ့အခါ ခန္ဓာကိုယ်က လှုပ်လှုပ်ရှားရှားရှိနေပြီး စိတ်ကလည်း ရင့်ကျက်တည်ငြိမ်နေတဲ့သူမျိုး ဖြစ်ချင်တယ်

အသက်ဘယ်လောက်ရှည်မလဲဆိုတာတင်မဟုတ်ဘူး

အသက်ရှင်နေတဲ့နှစ်တွေကို ဘယ်လောက်ကောင်းကောင်း ဖြတ်သန်းနိုင်မလဲဆိုတာကလည်း အရေးကြီးတယ်။

— @thelapyae
❤101👍8💯8😇2
This media is not supported in your browser
VIEW IN TELEGRAM
Energy Blocks App ရဲ့ New Feature မှာ Paid Fitness App တွေမှာ တွေ့ရလေ့ရှိတဲ့ Biological Age (Bio Age) တွက်ချက်ပေးတဲ့ Feature လေး ထည့်ပေးထားပါတယ်။

အဓိက Health Data ၃ မျိုးကို အသုံးပြုထားပါတယ်။

VO2 Max – ခန္ဓာကိုယ်က Oxygen ကို ဘယ်လောက်ထိ အသုံးချနိုင်လဲဆိုတာ။ နှလုံးနဲ့ အဆုတ်ရဲ့ Fitness ကို ပြတယ်။

HRV – နှလုံးခုန်သံတစ်ချက်နဲ့တစ်ချက်ကြား အချိန်ကွာခြားမှု။ Stress နဲ့ Recovery အခြေအနေကို နားလည်ဖို့ အသုံးဝင်တယ်။

RHR – အနားယူနေချိန် နှလုံးခုန်နှုန်း။ ယေဘုယျအားဖြင့် Fitness ကောင်းလာရင် လျော့လာတတ်တယ်။

ဒီ Data တွေကို Apple Health ကနေယူပြီး Bio Age ကို ခန့်မှန်းတွက်ချက်ပေးတာဖြစ်လို့ Apple Watch ဝတ်ပြီး Data Record လုပ်ထားသူတွေ အသုံးပြုနိုင်ပါတယ်။

Bio Age က ဆေးပညာအရ အတိအကျတိုင်းတာထားတာမဟုတ်ဘဲ Fitness Estimate တစ်ခုပါ။

App ရဲ့ Insights ထဲမှာ ကြည့်နိုင်ပါတယ်။

Enjoy using it. It’s free!

https://apps.apple.com/us/app/energyblocks/id6773682531

@thelapyae
❤23
This media is not supported in your browser
VIEW IN TELEGRAM
နေ့စဉ် တရားအားထုတ်တာ၊ ကျင့်ကြံမှုတွေကို မှတ်သားထားနိုင်ဖို့ Sadhana Log App လေး လုပ်ထားပါတယ်။

Sadhana ဆိုတာ Daily Spiritual Practice လို့ အဓိပ္ပာယ်ရပါတယ်။

Self-realization၊ Inner Transformation နဲ့ ကိုယ့်စိတ်ကိုယ် ပိုနားလည်ဖို့ အချိန်ပေးနေသူတွေအတွက်ပါ။

ဒီနေ့ ဘယ်လောက်ကြာကြာ တရားထိုင်ခဲ့လဲ၊ ဘာတွေထူးခြားခဲ့လဲ၊ ဘာအတွေးတွေ ပေါ်လာခဲ့လဲဆိုတာ မှတ်သားနိုင်ပါတယ်။

Apple Watch ကနေ Heart Rate ကိုလည်း Track လုပ်ပေးပါတယ်။

တရားထိုင်နေချိန် နှလုံးခုန်နှုန်း ဘယ်လိုပြောင်းလဲလဲ ကြည့်နိုင်ပါတယ်။ ဒါက တရားအားထုတ်မှုအဆင့်ကို တိုင်းတာတာမဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကို နားလည်ဖို့ပါ။

ကျင့်ကြံခဲ့တဲ့အချိန်တွေကိုလည်း Apple Health ထဲမှာ Mindfulness Minutes အနေနဲ့ သိမ်းပေးပါတယ်။

ဓမ္မမိတ်ဆွေ သူတော်ကောင်းများ ထိရောက်စွာ ကျင့်ကြံအားထုတ်နိုင်ကြပါစေ။

https://apps.apple.com/us/app/sadhana-log/id6823873474

@thelapyae
❤49🥰3👍2🙏1
သူဌေးမဖြစ်ခင်
သူဌေးလိုနေတာက

တကယ်သူဌေးဖြစ်ဖို့နဲ့
ဝေးသွားစေတယ်

@thelapyae
❤109💯18❤‍🔥13🥰2
ကိုယ်လုပ်တော့ မသိသာပေမယ့်

ကိုယ်ခံရတဲ့ အလှည့်မှ သိသာတာက

ကိုယ်ချင်းစာတရားရဖို့
အခွင့်အရေးတစ်ခုပဲ

ဒါတောင် မပြောင်းလဲရင်
လူဘယ်ဟုတ်တော့မလဲ

@thelapyae
❤119💯23🥰2
အမြဲအဆင်ပြေနေရင်
ဘဝကပျင်းဖို့ကောင်းတယ်

ထလုပ်တိုင်းအောင်မြင်နေကြည့်
အရသာမရှိဘူး

အပူရှိမှ အအေးက အရသာရှိတယ်
အခက်ရှိမှ ကျော်လွန်ရတာအရသာရှိတယ်

အနားမရှိမှ လွမ်းရတာအရသာရှိတယ်

Risk ရှိမှ ဉာဏ်သုံးရတာအရသာရှိတယ်

ဒီတော့ အဆင်မပြေတာကြုံရင်
ရှေ့မှာကောင်းတာတွေလာရင်
ပိုအရသာတွေ့ဖို့လိုသာမှတ်ထားလိုက်တော့

@thelapyae
❤187👍22🫡11🔥8
မချမ်းသာတဲ့အိမ်မှာလူဖြစ်လာရင်
ဘဝကခက်တယ်

မချမ်းသာတဲ့အိမ်မှာလူဖြစ်လာပြီး
ကြိုးစားချင်စိတ်ပါမရှိရင် ဘဝကပိုခက်တယ်

မချမ်းသာတဲ့အိမ်မှာလူဖြစ်လာပြီး
စိတ်ကြီးဝင်နေရင် လွတ်လမ်းပါပျောက်တယ်

@thelapyae
❤177💯33👍26🔥8
သွားတွေရှိတုန်းရယ်ပါ
ဆံပင်တွေရှိတုန်း သပ်သပ်ရပ်ရပ်ဖီးပါ

ဒီနေ့ထက်ပိုပြီး ငယ်မသွားနိုင်တော့တာမို့
ဓါတ်ပုံများများရိုက်ပါ

မျက်စိကောင်းနေတုန်း
သဘာဝအလှတရားတွေကိုခံစားပါ

လမ်းလျှောက်နိုင်တုန်း ခရီးတွေသွားပါ
အကုန်စားနိုင်တုန်း အရသာရှိတာတွေစားပါ

သေရင်အကုန်ထားခဲ့ရမှာတွေကို
ရဖို့အတင်းကြိုးစားနေတာထက်

အပြည့်အဝနေထိုင်သွားနိုင်ဖို့အရေးကြီးတယ်

@thelapyae
❤237💯30🥰8❤‍🔥3
စိတ်ထွက်ပေါက်ကတော့ တော်တော်များများရှာတတ်ကြပါတယ်
ပျော်မယ်လို့ထင်တာတွေလုပ်ရင်းနဲ့ပေါ့
စိတ်ဝင်ပေါက်ကို သိဖို့က ပိုပြီးအရေးကြီးတယ်
ကိုယ့်ရဲ့ စိတ်ကို ဘယ်အရာတွေက
ပျော်စေလဲ
ဝမ်းနည်းစေသလဲ
တည်ငြိမ်စေသလဲ
ညစ်နွမ်းစေသလဲ
စတဲ့ ဝင်ပေါက်တွေကိုသိပြီး ကာကွယ်နိုင်ရင်
တကူးတကထွက်ပေါက် ပြန်ရှာနေဖို့မလိုအပ်တော့ဘူး
@thelapyae
❤161💯19🔥12🥰5