◼️ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန ဖိတ်ကြားချက်အရ ပါရီငြိမ်းချမ်းရေးဖိုရမ်သို့ NUG အစိုးရဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ဆွေးနွေး
၁၂ နိုဝင်ဘာ| နွေဦးအသံ |
ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ "ပါရီငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆" ကို NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ကြိုးပမ်းနေတာတွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
"ပါရီငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆" (PARIS PEACE FORUM 2026) ကို နိုဝင်ဘာ ၁၀ နဲ့ ၁၁ ရက်မှာ ၂ ရက်တာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က “MYANMAR: THE WAR THE WORLD FORGOT” ခေါင်းစဉ်နဲ့ ဆွေးနွေးဖလှယ်ပွဲမှာ ပါဝင် ဆွေးနွေးခဲ့တယ်လို့ NUG အစိုးရက နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေတွေ၊ တိုင်းရင်းသား မဟာမိတ်တွေနဲ့ ဘုံသဘောတူညီထားတဲ့ ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးပြောကြားခဲ့တယ်လို့ အသိပေးထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်အဖြစ်လည်း တာဝန် ထမ်းဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။
"ပါရီငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆" (PARIS PEACE FORUM 2026) ကို တက်ရောက်ဖို့အတွက် NUG အစိုးရ ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ SCEF ရဲ့ မူဝါဒရေးရာအကြံပေး နော်မေဦးတို့ကို ပြင်သစ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားခဲ့တာဖြစ်တယ်လို့ သတင်းရရှိပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
၁၂ နိုဝင်ဘာ

❤29👍4🥰2❤🔥1🔥1
◼️နောင်ချိုမြို့နယ် တောင်ခမ်းမှာ စစ်တပ်တွင်းမိုင်းကွဲမှုဖြစ်ပွားပြီး စကစ ၂ ဦး သေဆုံးဟုဆို
၁၂ နိုဝင်ဘာ| နွေဦးအသံ |
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းရှိ အကြမ်းဖက်စစ်တပ်အတွင်း နိုဝင်ဘာ ၁၁ ရက်၊ ညနေပိုင်းမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ ဖော်ပြ ချက်အရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ အမြောက်တပ်တွေ စုစည်းနေတဲ့ တောင်ခမ်းဒေသမှာ တပ်တွင်းခြုံရှင်းနေစဉ် ပေါက်တူးနဲ့ ပေါက်မိပြီး မြေမြှုပ်မိုင်းပေါက်ကွဲခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တဲ့အပြင် တဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူအချို့က အသိပေးထားတာပါ။
မိုင်းပေါက်ကွဲမှုကြောင့် မသေဘဲ ဒဏ်ရာရသူကိုတော့ နောင်ချိုဆေးရုံမှာ ကုသနေရသလို အဲဒီဖြစ်စဥ်မပေါက်ကြားစေရေး သတင်းအမှောင်ချဖို့အတွက် စစ်တပ်အရာရှိပိုင်းတွေက စစ်တပ်အတွင်းမှာသာမက ဒေသခံတွေကိုပါ သတိပေးပြောဆို ပိတ်ပင်ထားတယ်လို့ သတင်းရရှိပါတယ်။
Photo | နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (ပုံဟောင်း)

👏18❤14
◼️ခင်ဦးမြို့ ဆေးရုံမှာတပ်စွဲထားတဲ့ စစ်တပ်မှ တပ်ကြပ် တဦး လက်နက်ခဲယမ်းတွေနဲ့အတူ မြို့နယ် ပကဖ ထံအလင်းဝင်
၁၂ နိုဝင်ဘာ| နွေဦးအသံ |
စစ်ကိုင်းဒေသ၊ ခင်ဦးမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တပ်ကြပ် ၁ ဦးက သူ ကိုင်ဆောင်တဲ့ လက်နက်၊ ခဲယမ်းတွေနဲ့အတူ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံသို့ နိုဝင်ဘာ ၁၂ ရက်မှာ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ခင်ဦးမြို့ပေါ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်ရဲ့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃) လက်အောက်ခံ ရွှေဘိုအခြေစိုက် အမှတ် ၁၁ ခြေမြန်တပ်ရင်း (ခမရ-၁၁) မှ တပ်ကြပ် တဦး ဘက်ပြောင်း အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ တပ်ကြပ်ဟာ သူကိုင်ဆောင်တဲ့ MA-1 တလက်နဲ့အတူ ကျည်၊ ကျည်အိမ်တွေပါ ယူဆောင်လာခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ (ပကဖ) က ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။
အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကြပ်ကို မြို့နယ် ပကဖ တာဝန်ခံ၊ ဒုတာဝန်ခံ၊ ပြည်သူ့ရေးရာနဲ့ စစ်ရေး တာဝန်ခံတို့က ကြိုဆို လက်ခံခဲ့ပြီး လိုအပ်တဲ့ နောက်ဆက်တွဲကိစ္စရပ်တွေကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့ ခင်ဦးမြို့နယ် (ပကဖ)က အသိပေးထားတာ တွေ့ရပါတယ်။
Photo | ခင်ဦး ပကဖ

👍31❤2🥰1
◼️စစ်ကိုင်းမှာ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုကာကွယ်နိုင်ရေး အများပြည်သူသုံးဗုံးခိုကျင်း ပကဖ ဦးဆောင်တည်ဆောက်ပေး
၁၂ နိုဝင်ဘာ| နွေဦးအသံ |
စစ်ကိုင်းခရိုင်အတွင်းရှိ ပြည်သူတွေကို အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်မှ ကာကွယ်နိုင်ဖို့ ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဦးဆောင်ပြီး ဗုံးခိုကျင်းတွေတည်ဆောက်ရာမှာ မြေပြင်ကွင်းဆင်းကူညီပေးလျက်ရှိတယ်လို့ နိုဝင်ဘာ ၁၂ ရက်၊ ပကဖ အသံရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အများပြည်သူအသုံးပြုဖို့ ဗုံးခိုကျင်းကို တော်လှန်ပြည်သူစေတနာရှင်တွေရဲ့ လှူဒါန်းငွေတွေနဲ့ တည်ဆောက်လျက်ရှိရာမှာ စနစ်တကျရှိစေဖို့နဲ့ ဘေးကင်းစေဖို့အတွက် စစ်ကိုင်းခရိုင် ပကဖ နဲ့ နယ်မြေခံ ပကဖ တာဝန်ရှိသူတွေက မြေပြင်ကွင်းဆင်းပြီး ကူညီပေးခဲ့ကြတယ်လို့ ဖော်ပြထားတာပါ။
စစ်အုပ်စုဟာ နိုင်ငံတော်အာဏာကို မတရားလုယူပြီးနောက်ပိုင်း ကလေးသူငယ်နဲ့ ကိုယ်ဝန်ဆောင်သည်ပါမချန် ပြည်သူလူထုကို ရန်သူလို သဘောထားပြီး လေကြောင်းမှ ရက်စက်စွာတိုက်ခိုက်နေတာကြောင့် အခုလို ဗုံးခိုကျင်းတွေ တည်ဆောက်ပေးနေရတာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဒါကြောင့် ဒေသခံပြည်သူတွေ ဘေးကင်းစေဖို့အတွက် အများပြည်သူသုံး ဗုံးခိုကျင်းတွေအပြင် ကိုယ့်ရဲ့နေအိမ်တွေမှာလည်း မိသားစုအသုံးပြုနိုင်တဲ့ ဗုံးခိုကျင်းတွေလည်း တည်ဆောက်ကြဖို့ စစ်ကိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဦးဆောင် နှိုးဆော်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
Photo | ပကဖ အသံ

❤25👍5🥰2👏1
◼️ကျိုက်မရောမြို့နယ်ရှိ စစ်တပ်စခန်း ၃ ခုကို ရာမညမွန်တပ်တော် တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်
၁၃ နိုဝင်ဘာ ||| နွေဦးအသံ |||
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်စခန်း ၃ ခုကို ရာမညမွန်တပ်တော် RMA က နိုဝင်ဘာ ၁၂ ရက်၊ မနက် ၅ နာရီခန့်မှာ တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်း သေဆုံးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။
ကော့ဒွန်း-ကော့ပနော့ရှိ စစ်တပ်ဂိတ်စခန်း၊ တုံစိကျေးရွာအနီးရှိ ဘိလပ်မြေစက်ရုံနဲ့ တရနာကျေးရွာတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း (၃) ခုကို တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA)က ထုတ်ပြန်ထားတာပါ။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ ၈ ဦးရှိခဲ့ပြီး တရနာကျေးရွာ စစ်တပ်စခန်းတိုက်ပွဲမှာ စစ်တပ်ဘက်မှာ ထိခိုက်မှုမရှိခဲ့ဘူးလို့ ရာမညမွန်တပ်တော် (RMA)က အသိပေးထားပါတယ်။
အဆိုပါတိုက်ပွဲမှာ ကျိုက်မရောမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်ရှိ ရာမညမွန်တပ်တော် RMA တပ်တွေက တချိန်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိခဲ့ကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။
Photo | RMA

👏22👍9❤2🔥1