The Voice Of Spring | နွေဦးအသံ |
✔
28.2K subscribers
34.6K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️ခင်ဦးမြို့ ဆေးရုံမှာတပ်စွဲထားတဲ့ စစ်တပ်မှ တပ်ကြပ် တဦး လက်နက်ခဲယမ်းတွေနဲ့အတူ မြို့နယ် ပကဖ ထံအလင်းဝင်
၁၂ နိုဝင်ဘာ | နွေဦးအသံ |
စစ်ကိုင်းဒေသ၊ ခင်ဦးမြို့ပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ တပ်ကြပ် ၁ ဦးက သူ ကိုင်ဆောင်တဲ့ လက်နက်၊ ခဲယမ်းတွေနဲ့အတူ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံသို့ နိုဝင်ဘာ ၁၂ ရက်မှာ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ခင်ဦးမြို့ပေါ်ရှိ မြို့နယ်ပြည်သူ့ဆေးရုံမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်ရဲ့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃) လက်အောက်ခံ ရွှေဘိုအခြေစိုက် အမှတ် ၁၁ ခြေမြန်တပ်ရင်း (ခမရ-၁၁) မှ တပ်ကြပ် တဦး ဘက်ပြောင်း အလင်းဝင်ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ တပ်ကြပ်ဟာ သူကိုင်ဆောင်တဲ့ MA-1 တလက်နဲ့အတူ ကျည်၊ ကျည်အိမ်တွေပါ ယူဆောင်လာခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့ (ပကဖ) က ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။
အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကြပ်ကို မြို့နယ် ပကဖ တာဝန်ခံ၊ ဒုတာဝန်ခံ၊ ပြည်သူ့ရေးရာနဲ့ စစ်ရေး တာဝန်ခံတို့က ကြိုဆို လက်ခံခဲ့ပြီး လိုအပ်တဲ့ နောက်ဆက်တွဲကိစ္စရပ်တွေကိုလည်း စီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့ ခင်ဦးမြို့နယ် (ပကဖ)က အသိပေးထားတာ တွေ့ရပါတယ်။
Photo | ခင်ဦး ပကဖ
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍31❤2🥰1
◼️စစ်ကိုင်းမှာ ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုကာကွယ်နိုင်ရေး အများပြည်သူသုံးဗုံးခိုကျင်း ပကဖ ဦးဆောင်တည်ဆောက်ပေး
၁၂ နိုဝင်ဘာ | နွေဦးအသံ |
စစ်ကိုင်းခရိုင်အတွင်းရှိ ပြည်သူတွေကို အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်မှ ကာကွယ်နိုင်ဖို့ ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဦးဆောင်ပြီး ဗုံးခိုကျင်းတွေတည်ဆောက်ရာမှာ မြေပြင်ကွင်းဆင်းကူညီပေးလျက်ရှိတယ်လို့ နိုဝင်ဘာ ၁၂ ရက်၊ ပကဖ အသံရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အများပြည်သူအသုံးပြုဖို့ ဗုံးခိုကျင်းကို တော်လှန်ပြည်သူစေတနာရှင်တွေရဲ့ လှူဒါန်းငွေတွေနဲ့ တည်ဆောက်လျက်ရှိရာမှာ စနစ်တကျရှိစေဖို့နဲ့ ဘေးကင်းစေဖို့အတွက် စစ်ကိုင်းခရိုင် ပကဖ နဲ့ နယ်မြေခံ ပကဖ တာဝန်ရှိသူတွေက မြေပြင်ကွင်းဆင်းပြီး ကူညီပေးခဲ့ကြတယ်လို့ ဖော်ပြထားတာပါ။
စစ်အုပ်စုဟာ နိုင်ငံတော်အာဏာကို မတရားလုယူပြီးနောက်ပိုင်း ကလေးသူငယ်နဲ့ ကိုယ်ဝန်ဆောင်သည်ပါမချန် ပြည်သူလူထုကို ရန်သူလို သဘောထားပြီး လေကြောင်းမှ ရက်စက်စွာတိုက်ခိုက်နေတာကြောင့် အခုလို ဗုံးခိုကျင်းတွေ တည်ဆောက်ပေးနေရတာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဒါကြောင့် ဒေသခံပြည်သူတွေ ဘေးကင်းစေဖို့အတွက် အများပြည်သူသုံး ဗုံးခိုကျင်းတွေအပြင် ကိုယ့်ရဲ့နေအိမ်တွေမှာလည်း မိသားစုအသုံးပြုနိုင်တဲ့ ဗုံးခိုကျင်းတွေလည်း တည်ဆောက်ကြဖို့ စစ်ကိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဦးဆောင် နှိုးဆော်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။
Photo | ပကဖ အသံ
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤25👍5🥰2👏1
◼️ကျိုက်မရောမြို့နယ်ရှိ စစ်တပ်စခန်း ၃ ခုကို ရာမညမွန်တပ်တော် တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်

၁၃ နိုဝင်ဘာ ||| နွေဦးအသံ |||

မွန်ပြည်နယ်၊ ကျိုက်မ‌ရောမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်စခန်း ၃ ခုကို ရာမညမွန်တပ်တော် RMA က နိုဝင်ဘာ ၁၂ ရက်၊ မနက် ၅ နာရီခန့်မှာ တပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်း သေဆုံးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

ကော့ဒွန်း-ကော့ပနော့ရှိ စစ်တပ်ဂိတ်စခန်း၊ တုံစိကျေးရွာအနီးရှိ ဘိလပ်မြေစက်ရုံနဲ့ တရနာကျေးရွာတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း (၃) ခုကို တပြိုင်တည်းဝင်‌ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA)က ထုတ်ပြန်ထားတာပါ။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူ ၈ ဦးရှိခဲ့ပြီး တရနာကျေးရွာ စစ်တပ်စခန်းတိုက်ပွဲမှာ စစ်တပ်ဘက်မှာ ထိခိုက်မှုမရှိခဲ့ဘူးလို့ ရာမညမွန်တပ်တော် (RMA)က အသိပေးထားပါတယ်။

အဆိုပါတိုက်ပွဲမှာ ကျိုက်မရောမြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်ရှိ ရာမညမွန်တပ်တော် RMA တပ်တွေက တချိန်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိခဲ့ကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။

Photo | RMA

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👏22👍9❤2🔥1
◼️ဘုတလင်မြို့မှာ ပြည်သူပိုင်မီးကြိုးများ ခိုးယူနေတဲ့ စကစရဲတပ်သားကို PDF အရှင်ဖမ်းဆီး

၁၃ နိုဝင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ဘုတလင်မြို့မှာ ပြည်သူပိုင်လျှပ်စစ်မီးကြိုးတွေ ဖြတ်တောက် ခိုးယူနေတဲ့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက နိုဝင်ဘာ ၆ ရက်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ရာ ရဲတပ်သား တဦး အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ကျေးရွာတွေကို လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနေတဲ့ ကေဘယ်လ်ကြိုးတွေကို ဖြတ်တောက်ခိုးယူရောင်းစားနေတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို MBT ပူးပေါင်းတပ်ဖွဲ့တွေက အရပ်သားအသွင်ယူပြီး ဗန္ဓုလတိုးချဲ့ကွက်သစ်အထိ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း Budalin Mobile Team (BMT) က နိုဝင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ထားတာပါ။

ဝင်ရောက်ဖမ်းဆီးစဉ် ဘုတလင်မြို့ရှိ စစ်တပ်စခန်းမှ နှစ်ပွင့်ဗိုလ် ဗိုလ်စောဆိုသူရဲ့ တပည့်တွေဖြစ်တဲ့ ရဲတပ်သား ဖြိုးမင်းဇော်ကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ရဲတပ်သား သီဟ ဆိုသူမှာ ပြည်သူတဦးရဲ့ ဆိုင်ကယ်ကိုချောဆွဲ ထွက်ပြေးသွားရာ ပြည်သူမထိခိုက်ဖို့အတွက် ပစ်ခတ်ဖမ်းဆီးခြင်းမပြုလုပ်ခဲ့တာကြောင့် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

အဲဒီ စစ်ကောင်စီရဲတပ်သားတွေကို ဖမ်းဆီးရာမှာ Budalin Mobile Team (BMT)၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ရွာဇော်ကြီးတော်လှန်အသံ၊ PDRF ၊ ဘုတလင်မြို့နယ် တိုက်နယ် ၂ ပကဖနဲ့ ရွှေတြိဂံမဟာမိတ်တပ်ရင်းတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး သူတို့ကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ BMT က အသိပေးထားတာ တွေ့ရပါတယ်။

Photo | BMT (၂၀၂၄ ခုနှစ်မှာ ဒီပဲယင်းမြို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်စဉ် - ပုံဟောင်း၊ လျှပ်စစ်မီးကြိုး ခိုးယူတဲ့ စကစရဲတပ်သား)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍11❤2👏2
◼️မင်းတပ်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အို အပါ ဒေသခံ ၂ ဦးသေဆုံး၊ အမျိုးသမီးနဲ့ ကလေးများဒဏ်ရာရ

၁၃ နိုဝင်ဘာ ||| နွေဦးအသံ |||

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းကို အကြမ်းဖက်စစ်ကောင်စီ လေတပ်က နိုဝင်ဘာ ၁၂ ရက်၊ ညပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၆၀ အရွယ် အမျိုးသား တဦး အပါအဝင် ဒေသခံ ၂ ဦး သေဆုံးပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တိုက်နယ် ၁၂ အတွင်းရှိ ကျေးရွာနဲ့ မင်းတပ်-မတူပီ ကားလမ်းပိုင်းကို နေပြည်တော် ဧလာလေဆိပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးနဲ့ ည ၁၁ နာရီခန့်မှာ ၄ ကြိမ်တိုင် ဗုံး ၈ လုံး ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ နိုဝင်ဘာ ၁၃ ရက်မှာ အသိပေးထားကြတာပါ။

အဲဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၆၀ နဲ့ ၃၀ အရွယ် အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး ကလေး ၂ ဦးနဲ့ မိခင် အမျိုးသမီး တဦးတို့ ထိခိုက် ဒဏ်ရာရခဲ့တဲ့အပြင် ဘုန်းကြီးကျောင်း၊ သိမ်ကျောင်း၊ စာသင်ကျောင်းနဲ့ ပြည်သူတွေရဲ့ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ ကန်ပက်လက်မြို့နယ်၊ ကျင်းဒွေးမြို့ တနေရာကိုလည်း တံတားဦးလေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ နိုဝင်ဘာ ၁၃ ရက်၊ မနက်ပိုင်းမှာ ၂ ကြိမ် ဗုံးကြဲချပြီး စက်သေနတ်တွေနဲ့ပါ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။

လက်ရှိမှာ တိုက်ပွဲပြင်းထန်နေတဲ့ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေရှိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ နေရာတွေကို အကြမ်းဖက်စစ်တပ်က ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်လျက်ရှိကြောင်း မြန်မာ့ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးဌာန (MDSI)အဖွဲ့ရဲ့ မှတ်တမ်းတွေမှာလည်း ဖော်ပြထားတာ တွေ့ရပါတယ်။

Photo | Chin World

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬8❤1