◼️ရခိုင်နဲ့ ပလက်ဝမှာ စစ်တပ် ၄ ရက်ဆက်လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်သည်နဲ့ ကလေးအပါ ပြည်သူ ၁၄ ဦးသေဆုံး
၁၈ နိုဝင်ဘာ ||| နွေဦးအသံ |||
ရခိုင်ပြည်နယ်၊ သံတွဲ၊ ကျောက်တော်၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်းမြို့နယ်တွေနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ အရပ်သားပြည်သူ နေထိုင်ရာနေရာတွေကို အကြမ်းဖက် စစ်တပ်က နိုဝင်ဘာ ၁၄ ရက်မှ ၁၇ ရက်အထိ ၄ ရက်ဆက်တိုက် လက်နက်ကြီး၊ ဒရုန်း၊ ဂျက်တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်၊ ကိုယ်ဝန်သည် အပါအဝင် ၁၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သံတွဲမြို့၊ အမှတ် ၁ ရပ်ကွက်၊ အရင် GTI ကျောင်းနဲ့ အနီးဝန်းကျင်ကို နိုဝင်ဘာ ၁၇ ရက်၊ မနက် ၁၁ နာရီခွဲခန့်မှာ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် GTI ကျောင်းဆောင်တွေနဲ့ လူနေအိမ်အချို့လည်း ပျက်စီးခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က နိုဝင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ထားတာပါ။
ကျောက်တော်မြို့ရှိ အရင် စိုက်ပျိုးရေးသိပ္ပံကျောင်းနဲ့ အနီးဝန်းကျင်ကိုလည်း နိုဝင်ဘာ ၁၆ ရက်၊ ည ၁၁ နာရီခွဲခန့်မှာ ဂျက်တိုက်လေယာဉ် ၃ စီးနဲ့ တပြိုင်နက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး စိုက်သိပ္ပံကျောင်းဆောင်အချို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာ ပတ်ဝန်းကျင်ကို နိုဝင်ဘာ ၁၆ ရက်၊ မနက် ၁ နာရီခန့်မှာ ဂျက်တိုက်လေယာဉ် ၅ စီးနဲ့ Y-12 လေယာဉ် ၁ စီး အသုံးပြုပြီး တနာရီခန့်ကြာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ တောင်ငူစုရပ်ကွက်ကိုလည်း နိုဝင်ဘာ ၁၄ ရက်မှာ စစ်တပ်ရဲ့ စစ်သင်္ဘောတွေပေါ်မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် နိုဝင်ဘာ ၁၅ ရက်၊ ညနေ ၃ နာရီခန့်မှာ ဒရုန်းတွေနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်အချို့ မီးလောင်ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် ပလက်ဝမြို့နယ်၊ သူဌေးကုန်းကျေးရွာ အနီးတဝိုက်ကို နိုဝင်ဘာ ၁၄ ရက်မှာ ဂျက်တိုက်လေယာဉ် ၄ စီးနဲ့ Y-12 လေယာဉ် ၁ စီးတို့နဲ့ ည ၈ နာရီခန့်မှ ၉ နာရီ ၁၅ မိနစ်အထိ ပေါင် ၅၀၀၊ ပေါင် ၃၀၀၊ ပေါင် ၂၀၀ ဗုံးတွေအပြင် Rocket နဲ့ Drop Bomb တွေ အပါအဝင် ဗုံးအလုံးရေ ၅၀ နီးပါးကို တနာရီကျော်ကြာ မရပ်မနား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် ၃ နှစ်အရွယ် ကလေးငယ်တဦးနဲ့ ကိုယ်ဝန် ၅ လရှိ စစ်ဘေးရှောင်အမျိုးသမီးတဦးအပါအဝင် ပြည်သူ ၁၂ ဦး သေဆုံးခဲ့ရပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် လူနေအိမ်အများအပြားလည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုလို စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်သားပြည်သူ နေထိုင်ရာနေရာတွေကို စစ်အုပ်စုက လက်နက်ကြီး၊ ဒရုန်း၊ ဂျက်တိုက်လေယာဉ်တွေနဲ့ အကြမ်းဖက်တိုက်ခိုက်ပြီး နေ့စဉ်ရက်ဆက် စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်လျက်ရှိတယ်လို့ အာရက္ခတပ်တော် (AA) က အသိပေးထားတာ တွေ့ရပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

🤬38❤4😢2
◼️စစ်အုပ်စုဒုဝန်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန် လိုက်ပါတဲ့ယာဉ်တန်းကို အတွဲလိုက်မိုင်းနဲ့ PDF Zoland ဖောက်ခွဲတိုက်ခိုက်
၁၈ နိုဝင်ဘာ ||| နွေဦးအသံ |||
ချင်းပြည်နယ်၊ ဖလမ်း-တီးတိန်လမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ခန့် ဒုဝန်ကြီး ဗိုလ်ချုပ် ကျော်ကျော်ဟန် လိုက်ပါလာတဲ့ စစ်အုပ်စုယာဥ်တန်းကို PDF Zoland က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်အုပ်စု သေဆုံးထိခိုက်မှုများနိုင်တယ်လို့ အဆိုပါတပ်ဖွဲ့ရဲ့ ထုတ်ပြန်အသိပေးချက်အရ သိရပါတယ်။
စစ်အုပ်စု နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ် ကျော်ကျော်ဟန် အပါအဝင် ၂၅ ဦးခန့် လိုက်ပါလာတဲ့ အိမ်စီးကား ၇ စီး၊ Skat ၁ စီး ယာဥ်တန်းကို ဖလမ်း - တီးတိန် လမ်းပိုင်းမှာ အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း PDF Zoland က ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြထားတာပါ။
ယာဉ်တန်းကို အတွဲလိုက်မိုင်းတွေနဲ့ ထိရောက်စွာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကို ရုပ်သံမှတ်တမ်းမှာတွေ့ရသလို တိုက်ခိုက်မှုအတွင်း စစ်အုပ်စု သေဆုံးထိခိုက်မှုများနိုင်ပြီး အသေးစိတ်အခြေအနေကို အတည်ပြုနိုင်ဖို့တော့ စုံစမ်းဆဲဖြစ်တယ်လို့ PDF Zoland က အသိပေးထားတာ တွေ့ရပါတယ်။
Video | PDF Zoland

👏32❤16
◼️အင်းတော်မှာ စစ်တပ် စစ်ကြောင်းထိုးမီးရှို့၊ လုယက်မှုများကြောင့် ဒုက္ခရောက်နေတဲ့ ကျေးရွာတွေမှာ ပအဖ ကူညီထောက်ပံ့
၁၉ နိုဝင်ဘာ ||| နွေဦးအသံ |||
စစ်ကိုင်းဒေသ၊ အင်းတော်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့ လုယက်မှုကြောင့် ဒုက္ခရောက်နေတဲ့ ကျေးရွာ ၆ ရွာမှ ပြည်သူတွေကို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ဦးဆောင်ပြီး အရေးပေါ်ကူညီထောက်ပံ့မှုတွေလုပ်ဆောင်ခဲ့သလို ရေရှည်အစီအစဉ်တွေလည်း ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
မဲဇာဒေသဘက်သို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန်မှာ လူနေအိမ်တွေ မီးရှို့ဖျက်ဆီးတာ၊ ပြည်သူပိုင် ပစ္စည်းတွေ အတင်းအဓမ္မယူဆောင်သွားတာနဲ့ မဆင်မခြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒုက္ခရောက်နေကြတဲ့ ပိန်းအင်း၊ လယ်ပြင်၊ မအူကုန်း၊ ဂျုံးဂျ၊ အိုက်မ နဲ့ ကျောင်းကုန်း စတဲ့ကျေးရွာတွေမှ ပြည်သူတွေကို အင်းတော် ပအဖ တာဝန်ခံ ဦးညိုရဲ့ ဦးဆောင်မှုနဲ့ ပအဖ အဖွဲ့ဝင်တွေ၊ နယ်မြေခံ တပ်ရင်းတပ်ဖွဲ့တွေ့က သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောကြားခဲ့တယ်လို့ မြို့နယ် ပအဖ က ဓာတ်ပုံမှတ်တမ်းနဲ့တကွ နိုဝင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် လတ်တလော အခက်အခဲတွေအတွက် လိုအပ်လျက်ရှိတဲ့ မိုးကာတွေ ထောက်ပံ့ပေးခဲ့ပြီး ရေရှည်အတွက် အစီအစဉ်တွေကိုလည်း ချမှတ် စီမံခဲ့တယ်လို့ အင်းတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)က အသိပေးထားတာ တွေ့ရပါတယ်။
Photo | အင်းတော် ပအဖ

❤28🥰7👍2
◼️စစ်တပ်ထံမှ ၂ ပတ်အတွင်း စစ်သုံ့ပန်း ၄၆ ဦး တော်လှန်းရေးတပ်များ အရှင်မိ၊ ၇ ဦး အလင်းဝင်
၂၀ နိုဝင်ဘာ| နွေဦးအသံ |
နိုင်ငံတဝှမ်းမှာ အကြမ်းဖက်စစ်တပ်ထံမှ တော်လှန်ရေးအင်အားစုတွေက နိုဝင်ဘာလ ပထမပတ်နဲ့ ဒုတိယပတ်အတွင်း စစ်သုံ့ပန်း ၄၆ ဦး ဖမ်းမိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ နိုဝင်ဘာ ၁၉ ရက် ဖော်ပြချက်အရ သိရပါတယ်။
စစ်သုံ့ပန်းအဖြစ် စစ်ကောင်စီထံမှ ၄၆ ဦး အရှင်ဖမ်းမိခဲ့ရာ ကချင်ပြည်နယ်မှာ စစ်သား ၃၆ ဦးနဲဲ့ ပြည်သူ့စစ် ၃ ဦး၊ စစ်ကိုင်းတိုင်းမှာ စစ်သား ၃ ဦးနဲ့ ရဲ ၁ ဦး၊ ကရင်ပြည်နယ် စစ်သား ၁ ဦး၊ မွန်ပြည်နယ်မှာ စစ်သား ၁ ဦး၊ မကွေးတိုင်းမှာ ပြည်သူ့စစ် ၁ ဦး တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးရှိခဲ့ရာ ကရင်ပြည်နယ်မှာ စစ်သား ၁ ဦး၊ စစ်ကိုင်းတိုင်းမှာ စစ်သား ၁ ဦး၊ မန္တလေးမှာ ရဲ ၂ ဦးနဲ့ ပြည်သူ့စစ် ၁ ဦး၊ ချင်းပြည်နယ်မှာ ရဲ ၁ ဦး၊ ကချင်ပြည်နယ်မှာ ပြည်သူ့စစ် ၁ ဦးတို့ ဖြစ်ကြပြီး စစ်မှုထမ်းတပ်သား(ပစ) ၁ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ထံမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ဒုတိယပတ်အထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း ၄၁၆၃ ဦးထိရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ဖော်ပြထားတာ တွေ့ရပါတယ်။
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
၂၀ နိုဝင်ဘာ

👍28❤4👏4🥰2