◼️မုံရွာမြို့နယ်တွင်း အဓိကလမ်းပိုင်းတွေမှာ ယာဉ်များမှန်ချမောင်းနှင်ပေးကြဖို့ ပကဖ တောင်းဆို
၂၁ နိုဝင်ဘာ ||| နွေဦးအသံ |||
စစ်ကိုင်းဒေသ၊ မုံရွာမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စု အဓိကအသုံးပြုတဲ့ လမ်းပိုင်းတွေမှာ ယာဉ်တွေကို မှန်ချမောင်းနှင်ကြဖို့ ပြည်သူလူထုကို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က နိုဝင်ဘာ ၂၁ ရက်မှာ အသိပေးတောင်းဆိုလိုက်ပါတယ်။
လက်ရှိမှာ စစ်အုပ်စုက တော်လှန်ရေးနယ်မြေတွေထဲသို့ နည်းလမ်းမျိုးစုံနဲ့ ဝင်ရောက်နိုင်ဖို့ ကြိုးစားလျက်ရှိတာကြောင့် ပြည်သူတွေအနေနဲ့ မြို့နယ်အတွင်းရှိ အဓိကလမ်းပိုင်းတွေမှာ ယာဉ်တွေမှန်ချမောင်းနှင်ပေးပြီး ပူးပေါင်းပါဝင်ပေးကြဖို့ အထူးလိုအပ်ကြောင်း မုံရွာမြို့နယ် (ပကဖ)က တောင်းဆိုထားတာပါ။
စစ်အုပ်စုယာဉ်တန်းတွေ အဓိကအသုံးပြုနေတဲ့ မုံရွာ-မန္တလေးလမ်း၊ မုံရွာ-သာစည်လမ်း၊ မုံရွာ-ကျောက္ကာလမ်း၊ မုံရွာ-အမြင့်လမ်းနဲ့ မြေနဲ-မိုးညှင်း-ဗောဓိ လမ်းပိုင်းတွေမှာ သွားလာနေကြတဲ့ ပြည်သူတွေကို ကားမှန်တွေတင်ပြီး မမောင်းကြဖို့ မုံရွာမြို့နယ်(ပကဖ)က မေတ္တာရပ်ခံပန်ကြားထားပါတယ်။
တော်လှန်ရေးစိုးမိုးနယ်မြေတွေထဲ စစ်အုပ်စုစိမ့်ဝင်လာမှုကို တားဆီး ကာကွယ်နိုင်ဖို့အတွက် ကြိုးပမ်းလျက်ရှိတာကြောင့် ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးတိုက်တွန်းထားတာ တွေ့ရပါတယ်။
Photo | လမ်းပိုင်းလုံခြုံရေးစစ်ဆေးနေသည့် PDF တပ်ဖွဲ့ဝင်များ - လူမှုကွန်ယက် (ပုံဟောင်း)
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

👍26❤5🥰5🔥1
◼️ရေးမြို့နယ်မှာ စစ်အုပ်စုယာဉ်ကို မွန်တော်လှန်ရေးတပ် MSRF တိုက်ခိုက်၊ တပ်ရေးဗိုလ်ကြီးအပါ စစ်အုပ်စု ၅ ဦးသေဆုံး
၂၁ နိုဝင်ဘာ| နွေဦးအသံ |
မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စု ယာဉ်ကို မွန်ပြည်တော်လှန်ရေးတပ် MSRF က နိုဝင်ဘာ ၂၀ ရက်၊ နေ့လယ် ၃ နာရီခွဲခန့်မှာ ပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ တပ်ရေးဗိုလ်ကြီး အပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရေးမြို့မှ ခေါဇာမြို့အခြေစိုက် အမှတ် ၃၁ ခြေလျင်တပ်ရင်း - ခလရ ၃၁ သို့လာတဲ့ စစ်အုပ်စုကို ရင်းရယ်ကျေးရွာနဲ့ မဟယ်ကျေးရွာကြားမှာ ပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ တပ်ရေးဗိုလ်ကြီး ဇော်မျိုးအောင် အပါအဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က အသိပေးထုတ်ပြန်ထားတာပါ။
ဒါ့အပြင် အဲဒီတိုက်ခိုက်မှုအတွင်း MA3 (၁) လက်၊ MA ကျည်ဘောက် (၃) ခု၊ MA ကျည် (၁၀၀) တောင့်ဝန်းကျင်၊ MA5 ပစ္စတို (၁) လက်နဲ့ ဖုန်း (၁) လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က ဖော်ပြထားတာ တွေ့ရပါတယ်။
Photo | MSRF
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
၂၁ နိုဝင်ဘာ

👍26👏8❤5🥰1
◼️ရေးမြို့တွင်းတနေရာမှာ စစ်အုပ်စုဖြတ်သန်းသွားလာနေစဉ် ရေးဘီလူးတပ် လက်ပစ်ဗုံးနဲ့ ဝင်ပစ်
၂၁ နိုဝင်ဘာ ||| နွေဦးအသံ |||
မွန်ပြည်နယ်၊ ရေးမြို့၊ မြို့တွင်းတနေရာမှာ အကြမ်းဖက်စစ်အုပ်စုကို ရေးဘီလူးတပ်ရင်းက နိုဝင်ဘာ ၂၀ ရက်၊ နေ့လယ် ၁၂ နာရီခန့်မှာ လက်ပစ်ဗုံးနဲ့ ဝင်ရောက်ပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ အဆိုပါတပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြို့တွင်းတနေရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဖြတ်သန်းသွားလာနေစဉ် လက်ပစ်ဗုံးနဲ့ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးရဲဘော်တွေလည်း အထိအခိုက်မရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ရေးဘီလူးက လူမှုကွန်ယက်မှာ အသိပေးထားတာပါ။
ဒါ့အပြင် ရေးမြို့နယ်အတွင်းမှာ ပြည်သူလူထုအနေနဲ့ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ပွဲလမ်းသဘင်/ ပျော်ပွဲရွှင်ပွဲတွေ မပြုလုပ်ကြဖို့နဲ့ စစ်အုပ်စုပြုလုပ်တဲ့ပွဲတွေ သွားလာတာကို ရှောင်ကျဉ်ကြဖို့ ရေးဘီလူးတပ်ဖွဲ့က အသိပေးထားတာ တွေ့ရပါတယ်။
Photo | ရေးဘီလူးတပ်ဖွဲ့ဝင်များ (ပုံဟောင်း)

❤32👍10🥰3👏1