The Voice Of Spring | နွေဦးအသံ |
✔
28K subscribers
34.7K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️မိုးမိတ်-တွင်းငယ်ကြား စစ်တပ်ကင်းစခန်း ၃ ခု KIA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းယူ၊ စကစ ၅ ဦးသေဆုံး ၂၀ ခန့်ထိခိုက်

၂၃ နိုဝင်ဘာ ||| နွေဦးအသံ |||

ရှမ်းမြောက်၊ မိုးမိတ်မြို့နဲ့ မန္တလေး၊ တွင်းငယ်ကြားရှိ အကြမ်းဖက်စစ်တပ် ကင်းစခန်း ၃ ခုကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၉ ရက်၊ မနက်ပိုင်းမှစပြီး ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၅ ဦးထက်မနည်း သေဆုံးခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ကင်းချောင်း၊ ပေကုန်းနဲ့ သစ်စိမ်းကုန်း ကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်တပ်ကင်းစခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA သတင်းနဲ့ ပြန်ကြားရေး LAIZA TV က နိုဝင်ဘာ ၂၂ ရက်မှာ ကြေညာထားတာပါ။

အဲဒီစစ်ဆင်ရေးမှာ KIA တပ်မဟာ ၁၁၊ တပ်မဟာ ၄၊ ABSDF နဲ့ KPDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ပြီး ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

လက်ရှိအချိန်မှာ မိုးမိတ်နဲ့ မြစ်ဆုံကြားရှိ ၅ မိုင်နဲ့ ၆ မိုင် ပတ်ဝန်းကျင် KIA ပူးပေါင်းတပ်တွေ ရှိရာဘက်သို့ စစ်ကောင်စီ စစ်ကြောင်းတွေက ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နေ့စဉ်နီးပါး တိုက်ပွဲတွေ ပြင်းထန်လျက်ရှိတယ်လို့ သတင်းရရှိပါတယ်။

Photo | လူမှုကွန်ယက် (Screenshot)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤22👍8❤‍🔥1🥰1