The Voice Of Spring | နွေဦးအသံ |
✔
28.2K subscribers
34.6K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️‌‌ကန့်ဘလူမှာ ပြည်သူလူထုသွားလာရေးအဆင်ပြေစေဖို့ မြို့နယ် ပကဖ ဦးဆောင်ပြီး ကျောက်လမ်းခင်း

၁၇ အောက်တိုဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ကန့်ဘလူခရိုင်အတွင်း ပြည်သူလူထု သွားလာရေး အဆင်ပြေချောမွေ့စေဖို့အတွက် ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ဦးဆောင်ပြီး အောက်တိုဘာ ၁၆ ရက်မှာ ကျောက်ခင်းလမ်း ခင်းကျင်းမှုလုပ်ငန်းတွေဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

ခရိုင်အတွင်းရှိ တိုက်နယ်တခုမှာ အများပြည်သူသွားလာရေး အဆင်ပြေချောမွေ့စေဖို့ ကန့်ဘလူမြို့နယ် ပကဖ က ဦးဆောင်ပြီး တိုက်နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ ရဲဘော်တွေနဲ့အတူ ကျောက်လမ်းခင်းတဲ့လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြကြောင်း ပကဖ အသံက ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ ဖော်ပြထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ ရဲဘော်တွေဟာ လုပ်ငန်းတာဝန် ၄ ရပ်ထဲမှ တိုက်ခိုက်ရေးတာဝန်အပြင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတာဝန်တွေကိုလည်း ထမ်းဆောင်လျက်ရှိတယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။

Photo | ပကဖ အသံ

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤25👍7🥰5
◼️‌‌ဆောမြို့နယ်ရှိ လမ်းပိုင်းအချို့မှာ ယာဉ်ကြီး/ယာဉ်ငယ်များ သွားလာခြင်းမပြုရန် PDF ကန့်သတ်

၁၇ အောက်တိုဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ ဆောမြို့နယ်ရှိ လမ်းပိုင်းအချို့ကို ပြည်သူတွေ သွားလာခြင်းမပြုကြဖို့ ကန့်သတ်တားမြစ်လိုက်တယ်လို့ PDF ဂန့်ဂေါခရိုင် အမှတ် ၆ တပ်ရင်းက အောက်တိုဘာ ၁၇ ရက်မှာ အသိပေးထားတဲ့ ထုတ်ပြန်ချက်အရ သိ‌ရပါတယ်။

ပုပ္ပကိုင်း - လယ်ဖြူ - ဝက္ကု ကားလမ်းပိုင်းကို အောက်တိုဘာ ၁၇ ရက်မှစပြီး မော်တော်ဆိုင်ကယ်တွေ မပါဝင်ဘဲ ယာဉ်ကြီး၊ ယာဉ်ငယ်တွေ သွားလာခြင်းမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ ဂန့်ဂေါခရိုင် တပ်ရင်း ၆ - Laung She PDF က အသိပေးကြေညာထားတာပါ။

ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံစေရေးအတွက် ထုတ်ပြန်ချက်ကို အလေးထားလိုက်နာကြဖို့ မေတ္တာရပ်ခံထားပြီး မလိုက်နာပါက ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေအတွက် တာဝန်ယူနိုင်မှာ မဟုတ်ကြောင်းကိုလည်း ဂန့်ဂေါခရိုင် တပ်ရင်း ၆ က အသိပေးထားတာ တွေ့ရပါတယ်။

Photo | ဂန့်ဂေါခရိုင် တပ်ရင်း ၆ မှ ရဲဘော်များ (ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍34❤6🥰4
◼️မတ္တရာမြို့နယ် ကျေးရွာတွေကို စစ်တပ် လေကြောင်းမှအကြောင်းမဲ့ဗုံးကြဲ၊ ဒေသခံပြည်သူ ၇ ဦးသေဆုံးထိခိုက်

၁၈ အောက်တိုဘာ ||| နွေဦးအသံ |||

မန္တလေးဒေသ၊ မတ္တရာမြို့နယ်ရှိ ကျေးရွာတွေကို အကြမ်းဖက်စစ်ကောင်စီ လေတပ်က အောက်တိုဘာ ၁၆ ရက်၊ ညနေပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သက်ကြီးရွယ်အိုတွေ အပါအဝင် ဒေသခံပြည်သူ ၇ ဦး သေဆုံးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

မတ္တရာမြို့ အနောက်တောင်ခြမ်းရှိ မိုးကြိုးရွာ၊ ရေလည်ကျွန်းရွာနဲ့ အိုင့်ဒိုင်ရွာတွေကို ညနေ ၄ နာရီ ၁၅ မိနစ်မှာ တံတားဦး လေတပ်မှတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့ ဗုံးကြဲ တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အောက်တိုဘာ ၁၇ ရက်မှာ ထုတ်ပြန်ထားတာပါ။

တိုက်ခိုက်မှုကြောင့် မိုးကြိုးရွာမှ အသက်ကြီး အမျိုးသမီး ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တဲ့အပြင် အိုင့်ဒိုင်ရွာမှ အသက် ၄၀ ခန့် နဲ့ အသက် ၆၀ ဝန်းကျင် အမျိုးသမီး ၂ ဦးလည်း သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားတာ၊ တိုက်ပွဲဖြစ်ပွါးတာ မရှိဘဲ အကြောင်းမဲ့ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬31❤4😢3👍1
◼️စလင်းမှာ ကျောင်းသား/သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ပကဖ အသိပညာပေး

၁၈ အောက်တိုဘာ ||| နွေဦးအသံ |||

မကွေး​ဒေသ၊ စလင်းမြို့နယ်၊ တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း ယာဉ်အန္တရာယ် ထိခိုက်မှုတွေ ရှိလာတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး မြို့နယ် (ပကဖ) က အသိပညာပေးဆိုင်းဘုတ်တွေ စိုက်ထူပေးခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း ကျောင်းသွားလာရာလမ်းမှာ ယာဉ်မတော်တဆမှုတွေကြောင့် ထိခိုက်မှုတွေရှိလာတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေ ထိခိုက်မှုမရှိစေဘဲ သွားလာရေး အဆင်ပြေစေဖို့ ရည်ရွယ်ပြီး အသိပညာပေးဆိုင်းဘုတ်တွေ စိုက်ထူပေးခဲ့တယ်လို့ စလင်း ပကဖ က အောက်တိုဘာ ၁၈ ရက်မှာ ထုတ်ပြန်ထားတာပါ။

ယာဉ်မောင်းတဲ့ ပြည်သူတွေအနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ဦးစားပေး မောင်းနှင်ကြဖို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက ဆိုင်းဘုတ်တွေလိုက်လံစိုက်ထူပြီး အသိပေးထားပါတယ်။

NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ အနေနဲ့ ပြည်သူ့ကာကွယ်ရေးတာဝန်တွေအပြင် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း အခါအားလျော်စွာ လုပ်ဆောင်လျက်ရှိတယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🥰23❤8👍7👏1🤬1