◼️PDF အမှတ် ၉၇၁၁ တပ်ရင်းကို NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက လက်နက်တပ်ဆင်ပေး
🔹တပ်တည်ဆောက်ရေးနဲ့ ကျစ်လစ်ခိုင်မာရေး မွမ်းမံနေပြီး စစ်တပ်ကို ပိုမိုထိရောက်စွာ ချေမှုန်းနိုင်ဖို့ အစဉ်ကြိုးပမ်းနေဟုဆို
၂၃ အောက်တိုဘာ ||| နွေဦးအသံ |||
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ စစ်ရုံးချုပ် ကွပ်ကဲမှုအောက်ရှိ အမှတ် ၉၇၁၁ တပ်ဖွဲ့ရဲ့ လက်နက်တပ်ဆင်ပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၃ ရက်၊ NUG အစိုးရ၊ ထိန်းချုပ်နယ်မြေတနေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အခမ်းအနားမှာ PDF အလံတော်ကို အလေးပြုတာ၊ နွေဦးတော်လှန်ရေးအတွင်း ကျဆုံး သူရဲကောင်းတွေကို ဂုဏ်ပြု ဦးညွှတ်တာ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ တာဝန်ရှိသူတွေက အမှာစကား ပြောကြားတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီနောက် PDF အမှတ် ၉၇၁၁ တပ်ဖွဲ့ ရဲဘော်တွေရဲ့ ကိုယ်ပိုင်နံပါတ်တွေကို အတည်ပြု ထုတ်ပြန်ဖတ်ကြားပြီး ရဲဘော်တွေကို တာဝန်ရှိသူတွေက လက်နက် တပ်ဆင်ပေးအပ်ခဲ့တယ်လို့ PDF စစ်ရုံးချုပ်က မှတ်တမ်းဓာတ်ပုံအချို့နဲ့တကွ ဖော်ပြထားတာပါ။
ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ တပ်တည်ဆောက်ရေးနဲ့ တပ်ကျစ်လစ် ခိုင်မာရေး အလေးထားဆောင်ရွက်နေသလို အမိမြေနဲ့ ပြည်သူကို ဂုတ်သွေးစုပ် ဖိနှိပ်နေတဲ့ စစ်အုပ်စုကို ပိုမိုထိရောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်ရေး အမြဲမပြတ် ကြိုးပမ်းလျက်ရှိတယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်စနစ် ချေမှုန်းရေးအတွက် စစ်မျက်နှာအသီးသီးမှာ အရှိန်အဟုန်မြှင့် တိုက်ပွဲဝင်လျက်ရှိတာကြောင့် ပြည်သူတွေအနေနဲ့ တပ်ဖွဲ့ဝင်တွေကို တတ်စွမ်းသမျှ ဝိုင်းဝန်း ကူညီပေးကြဖို့ကိုလည်း PDF စစ်ရုံးချုပ်က မေတ္တာရပ်ခံထားတာ တွေ့ရပါတယ်။
Photo | PDF
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

❤30👍15🥰3
◼️စစ်ကိုင်းမှာ အရှင်မိတဲ့ သံချပ်ကာတပ် ဒုတပ်မမှူး ဗိုလ်မှူးကြီးထံမှ ပစ္စတိုတလက်နဲ့ ပစ္စည်းအချို့သိမ်းဆည်းရရှိ
၂၄ အောက်တိုဘာ ||| နွေဦးအသံ |||
စစ်ကိုင်းမှာ အရှင်ဖမ်းမိခဲ့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ သံချပ်ကာတပ်မ ဒုတပ်မမှူး ဗိုလ်မှူးကြီး ဇော်မျိုးတင့်ထံမှ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က သေနတ် ၁ လက်နဲ့ အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ရဲ့ အောက်တိုဘာ ၂၄ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။
အရှင်ဖမ်းမိခဲ့တဲ့ စစ်တပ် ဗိုလ်မှူးကြီး ဇော်မျိုးတင့်ထံမှ MA-5 MKll 9mm pistol သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ လက်ကိုင်ဖုန်း ၁ လုံး၊ ATM card တခု၊ လိုင်စင်နဲ့ အရာရှိစိစစ်ရေးကဒ်တွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းအချို့နဲ့အတူ ဖော်ပြထားပါတယ်။
အဆိုပါ ဗိုလ်မှူးကြီး ဇော်မျိုးတင့်ဟာ စစ်ကိုင်း၊ အုန်းတောရွာ အခြေစိုက် အမှတ် ၇၂ သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး / ဒုတပ်မမှူး ရာထူးအဆင့်ရှိသူ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။
လက်အောက်ခံတပ် အမှတ် ၆၀၀၅ တင့်ကားတပ်ရင်းမှ တပ်ရင်းမှူးနဲ့ နောက်လိုက်တွေရဲ့ ဂိတ်ဖွင့်ဆက်ကြေးကောက်ပြီး အကျင့်ပျက်ချစားမှုတွေကို သွားရောက်စစ်ဆေးခဲ့ပြီးနောက် စစ်ကိုင်း တပ်မ ၃၃ သို့ သွားရောက်စဉ် တပ်တွင်းသတင်းပေးမှုအရ ကံတလူတိုးဂိတ်အနီး အောက်တိုဘာ ၁၈ ရက်မှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် သူ့ကို သက်ဆိုင်ရာသို့ လွှဲပြောင်းဖို့ဆောင်ရွက်နေသလို ပတ်ဝန်းကျင်ကျေးရွာအချို့ကို စစ်တပ်က စစ်ကြောင်းထိုး၊ လေကြောင်းတိုက်ခိုက်ခဲ့ချိန်မှာ လက်နက်လုယုထွက်ပြေးဖို့ ကြိုးစားခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့က အသိပေးထားတာ တွေ့ရပါတယ်။

❤29👍18👏4🥰1