The Voice Of Spring | နွေဦးအသံ |
✔
28.3K subscribers
34.5K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️‌ကြို့ပင်ကောက်မှာ ပေါ်တာဆွဲဖို့လာတဲ့ စစ်အုပ်စုယာဉ်တန်းကို PDF တိုက်ခိုက်၊ စကစ ၄ ဦးသေဆုံး

၃၁ အောက်တိုဘာ ||| နွေဦးအသံ |||

ပဲခူးဒေသ၊ ကြို့ပင်ကောက်မြို့နယ်မှာ ပေါ်တာဆွဲဖို့လာတဲ့ အကြမ်းဖက်စစ်တပ် ယာဉ်တန်းကို PDF ရဲဘော်တွေက အောက်တိုဘာ ၂၉ ရက်၊ ညနေ ၅ နာရီခန့်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကြို့ပင်ကောက်မြို့နယ်အရှေ့ဘက် ဆင်ပိုက်-ကြခတ္တန်းကြီးကျေးရွာဘက်သို့ ပေါ်တာဆွဲဖို့ စစ်အုပ်စု အင်အား ၆ဝ ခန့်၊ ယာဉ် ၃ စီးနဲ့ လာတာကို ကြိုတင်သတင်းရတဲ့အတွက် PDF ရဲဘော်တွေက စောင့်ဆိုင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ၄ ဦးသေဆုံးတဲ့အပြင် ၂ ဦးအပြင်းအထန်ဒဏ်ရာရခဲ့ပြီး အလောင်းတွေကိုလည်း အရသယ်ဆောင်သွားကြတယ်လို့ BTZM ကြို့ပင်ကောက် PDF က အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်ထားတာပါ။

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂)၊ သာယာဝတီခရိုင် အမှတ် ၃၈ဝ၂ တပ်ရင်း၊ တပ်ခွဲ ၅ BTZM က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Photo | BTZM ရဲဘော်များ (ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍29👏6❤2🥰1
◼️ပခုက္ကူမှာ ပြည်သူ့အသံအစစ်အမှန် ကမ္ဘာသိနိုင်ဖို့ ဦးကျော်မိုးထွန်း ဆက်လက်နေရာရရှိရေး ဆန္ဒပြ

၃၁ အောက်တိုဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ ပခုက္ကူမြို့နယ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိရေး ဒေသခံပြည်သူတွေက အောက်တိုဘာ ၃၁ ရက်မှာ ဆန္ဒထုတ်ဖော် လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက်နေရာရရှိရေး လူထုလှုပ်ရှားမှုနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူထုလှုပ်ရှားမှုကို ဒေသခံပြည်သူလူထုနဲ့ ပူးပေါင်းပြုလုပ်ခဲ့ကြောင်း ပခုက္ကူ လူထုတိုက်ပွဲကော်မတီက ဖော်ပြထားတာပါ။

မြန်မာပြည်သူလူထုရဲ့ အသံအစစ်အမှန်ကို ကမ္ဘာကသိနိုင်ဖို့ သံအမတ်ကြီး ဆက်လက်နေရာရရှိရေး အရေးကြီးတာကြောင့် "ပုဝါမကူရေမရူ သွေးမအေးတဲ့ပခုက္ကူ” ဆိုတဲ့အတိုင်း ဦးကျော်မိုးထွန်းနဲ့အတူ ရပ်တည်လှုပ်ရှားပေးကြဖို့ တိုက်တွန်းနှိုး‌ဆော်တဲ့အနေနဲ့ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။

Photo | Pakokku People's Revolution Committee

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤27🥰3👍1
◼️လွိုင်ကော် စစ်ဘေးရှောင် စာသင်ကျောင်းကို စကစလေတပ် ဗုံးကြဲ၊ ကလေးငယ် ၃ ဦးသေဆုံး

၃၁ အောက်တိုဘာ ||| နွေဦးအသံ |||

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်မှာ စစ်ဘေးရှောင်စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၃၁ ရက်၊ နေ့လယ်ပိုင်းမှာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ကျောင်းသူ ၂ ဦးနဲ့ ကျောင်းသား ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဝမ်ငေါ့ စစ်ဘေးရှောင် စာသင်ကျောင်းကို ကလေးငယ်တွေ အာဟာရတိုက်ကျွေးချိန်မှာ စစ်ကောင်စီလေတပ်က Y-12 ၊ Jet Fighter တွေနဲ့ အကြိမ်များစွာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ တာဝန်ရှိသူတွေက အသိပေးထားတာပါ။

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပဉ္စမတန်းနဲ့ သတ္တမတန်း ကျောင်းသူ ၂ ဦး၊ တတိယတန်း ‌ကျောင်းသား ၁ ဦးတို့ သေဆုံးခဲ့တဲ့အပြင် အပြင်းအထန်ဒဏ်ရာရသူတွေ အပါအဝင် ကလေးငယ် ၅ ဦးဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
🤬25😢12👍1🔥1