The Voice Of Spring | နွေဦးအသံ |
✔
28.3K subscribers
34.5K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️‌ရေစကြိုမှာ ပြည်သူတဦးပစ်သတ်ခဲ့ပြီး ငွေတောင်းကြမ်းတဲ့ စစ်တပ်ဂိတ် ခေါင်းဆောင်ကို PDF ရှင်းလင်း

၁ နိုဝင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ ရေစကြိုမြို့နယ်မှာ ပြည်သူတဦးကို အသေပစ်သတ်ခဲ့တဲ့အပြင် ငွေအဆမတန်တောင်းတဲ့ အကြမ်းဖက်စစ်တပ်ဂိတ်မှ ခေါင်းဆောင် ရဲတပ်ကြပ် သိန်းနိုင်ဦးကို Southern YSO PDF က အောက်တိုဘာ ၂၆ ရက်မှာ ပစ်ခတ်ရှင်းလင်းခဲ့ပြီး သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ပြည်သူတွေဆီမှ တလ သိန်း ၁၀၀၀ ခန့် မတရားပိုက်ဆံတောင်းနေတဲ့ ကျောက်လှေခါး စစ်ဆေးရေးဂိတ်ခေါင်းဆောင် ရဲတပ်ကြပ် သိန်းနိုင်ဦးကို ပခုက္ကူမြို့မှ Crown ကားနဲ့ ပြန်လာစဥ် ပခုက္ကူ-ရေစကြိုလမ်းမှာ ကြားဖြတ်ပစ်ခတ်ခဲ့တယ်လို့ Southern YSO PDF က နိုဝင်ဘာ ၁ ရက်မှာ အသိပေးထားတာပါ။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရဲတပ်ကြပ် သိန်းနိုင်ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ MA3 တလက်၊ 9mm ပစ္စတို တလက်၊ Crown ကားတစီး၊ ကျည်ဘောက် ၃ ခုနဲ့ ကျည်တွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဓါတ်ပုံမှတ်တမ်းတွေနဲ့တကွ ဖော်ပြထားပါတယ်။

ကျောက်လှေခါးဂိတ်မှာ ရဲတပ်ကြပ် သိန်းနိုင်ဦး တာဝန်ယူတဲ့ကာလအတွင်း ထင်းခုတ်လာတဲ့ ပြည်သူ တဦး အသေပစ်သတ်ခံခဲ့ရတဲ့အပြင် ပတ်ဝန်းကျင်ကျေးရွာတွေကိုလည်း လက်နက်ကြီးနဲ့ အမြဲပစ်ခတ်နေတာကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရသလို နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူတွေကို မူးယစ်သောက်စားပြီး ယုတ်မာစွာဆက်ဆံတဲ့အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အခုလိုအရေးယူဆောင်ရွက်ခြင်းဖြစ်ကြောင်း မကွေးဖတ်ဒရယ်ယူနစ် စစ်ကြောင်း (၃) - Southern YSO PDF က အသိပေးထားတာ တွေ့ရပါတယ်။

Photo | Southern YSO PDF

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤25👏9👍6🔥1🤬1
◼️‌‌ဂျပန်မှာ မြန်မာနိုင်ငံသားတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်/ကျဉ်းအားလုံးလွတ်မြောက်ရေး ဆန္ဒပြ

၂ နိုဝင်ဘာ ||| နွေဦးအသံ |||

ဂျပန်နိုင်ငံ၊ ဖူကူအိုကာမြို့ Kyushu-Fukuoka မှာ မြန်မာနိုင်ငံသားတွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး နိုဝင်ဘာ ၁ ရက်မှာ "Free Her" လှုပ်ရှားမှု ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စစ်တပ်ရဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးအတွက် "Free Her" လှုပ်ရှားမှုကို ညနေ ၄ နာရီမှ ၆ နာရီအထိ ကြွေးကြော်ဆန္ဒပြခဲ့ကြောင်း Federal Myanmar - Japan က ဖော်ပြထားတာပါ။

ဒါ့အပြင် ဂျပန်အစိုးရအနေနဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် သမ္မတအတု မင်းအောင်လှိုင်နဲ့ စစ်အစိုးရကို မြန်မာနိုင်ငံရဲ့ အစိုးရအဖြစ် အသိအမှတ်မပြုရေးအတွက်လည်း ဂျပန်ပြည်သူတွေမှတဆင့် ဂျပန်အစိုးရ အာဏာပိုင် အဖွဲ့အစည်းတွေထံ တောင်းဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါ "Free Her" လှုပ်ရှားမှုမှတဆင့် မှေးမိန်နေတဲ့ မြန်မာ့အရေးအတွက် ဂျပန်လူမျိုးတွေထံမှ အကြံပြုချက်တွေကို လာမယ့်နှစ်မှာ အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့လည်း Federal Myanmar - Japan အဖွဲ့က အသိပေးထားတာ တွေ့ရပါတယ်။

Photo | Federal Myanmar - Japan

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤33🥰5👍3