◼️ရခိုင်မှာ စစ်တပ်က တရက်တည်း ၄ မြို့နယ် ဗုံးကြဲ၊ မွေးကင်းစနဲ့ ကလေးငယ်များအပါ ၁၂ ဦးသေဆုံး
၂ နိုဝင်ဘာ ||| နွေဦးအသံ |||
ရခိုင်ပြည်နယ်၊ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူနဲ့ ပေါက်တောမြို့နယ်တွေကို အကြမ်းဖက်စစ်တပ်က နိုဝင်ဘာ ၁ ရက်တည်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် မွေးကင်းစကလေးငယ်တဦး အပါအဝင် အရပ်သားပြည်သူ ၁၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ရွာကို ညနေ ၅ နာရီခန့်မှာ ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၆ ဦး စုစုပေါင်း၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အဦးတွေ ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ကျောက်တော်မြို့နယ်၊ ဝါးတောင်-ပန်းဖဲချောင်းတံတားကိုလည်း ညနေ ၅ နာရီ ၂၅ မိနစ်မှာ ဂျက်တိုက်လေယာဉ်တစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လမ်းသွားလမ်းလာပြည်သူ ၇ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်အချို့၊ သွားလာနေတဲ့ ယာဉ်တွေ အပါအဝင် တံတားပါ ပျက်စီးခဲ့ရတယ်လို့ အသိပေးထားပါတယ်။
အလားတူ မြောက်ဦးမြို့နယ်၊ ထမ္မရာဇ်ရပ်ကွက် ငွေတောင်ပေါက်အနီးရှိ ယာယီဆေးပေးခန်းနဲ့ သားဖွားဆောင်ကို ညနေ ၅ နာရီ ၂၇ မိနစ်မှာ ဂျက်တိုက်လေယာဥ် ၂ စီးနဲ့ Cluster ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် မွေးကင်းစ ကလေးငယ်တဦး အပါအဝင် အရပ်သားပြည်သူ ၅ ဦး သေဆုံးပြီး ဆေးဝန်ထမ်းအချို့အပါအဝင် ၉ ဦး ဒဏ်ရာရခဲ့သလို ဆေးခန်းအဆောင်တွေနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပေါက်တောမြို့ပေါ်နဲ့ ရွာချောင်းကြီးကျေးရွာကိုလည်း Y-12 လေယာဥ်တစီးနဲ့ မနက် ၃ နာရီ ၅၈ မိနစ်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင်နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အရပ်သားပြည်သူကို ပစ်မှတ်ထားပြီး အကြမ်းဖက်စစ်တပ်က လမ်း၊ တံတား၊ ဆေးရုံ၊ ဆေးခန်းနဲ့ လူနေရပ်ကွက်တွေကို ကမ္ဘာ့နိုင်ငံတွေက တားမြစ်ထားတဲ့ Cluster ဗုံးတွေကိုပါအသုံးပြုတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိတယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
Photo | AA
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။

🤬30😢2❤1
◼️အင်းတော်စစ်မြေပြင်မှ သင်္ဂြိုဟ်သူမဲ့ စစ်အုပ်စုအလောင်းကောင်များ ဝက်စာဖြစ်နေဟုဆို
၂ နိုဝင်ဘာ ||| နွေဦးအသံ |||
စစ်ကိုင်းဒေသ၊ အင်းတော်မြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်တပ်က သေဆုံးထိခိုက်မှုများစွာနဲ့ အထိနာခဲ့တဲ့အပြင် စစ်အုပ်စုအလောင်းတွေဟာလည်း သင်္ဂြိုဟ်မယ့်သူမရှိဘဲ ပုပ်ပွပြီး ဝက်စာဖြစ်နေတယ်လို့ ဒေသသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
စစ်ကိုင်းနဲ့ ကချင်အစပ်ရှိ ကောလင်း၊ ထီးချိုင့်နဲ့ အင်းတော်မြို့နယ်တွေမှာ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းမှစပြီး စစ်တပ်က အင်အားရာနဲ့ချီ စစ်ကြောင်းထိုးခဲ့သော်လည်း တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်တပ်ဘက်မှာ အရာရှိအပါအဝင် ရာဂဏန်းခန့် သေဆုံးပြီး အထိနာခဲ့တာပါ။
အဲဒီလို သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကို စစ်အုပ်စုဘက်က သယ်ဆောင်ခြင်းမရှိသလို သင်္ဂြုဟ်ပေးခြင်းတွေလည်း မရှိတာကြောင့် အလောင်းတွေမှာ ပုပ်ပွနေပြီး အိမ်မွေးတိရိစ္ဆာန်တွေကပါ စားသောက်နေတာကို ဒေသအခြေစိုက် Indaw Revolution (IR)က ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖော်ပြထားတာပါ။
ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်မှာလည်း စစ်တပ်ရဲ့ တပ်မ ၃၃ စစ်ကြောင်းမှ အင်းတော်မြို့နယ် တိုက်ပွဲတွေအတွင်း သေဆုံးခဲ့တဲ့ စစ်အုပ်စု အလောင်းတွေနဲ့ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းများကို ကောလင်းခရိုင် အမှတ် ၄ တပ်ရင်းက ထုတ်ပြခဲ့ပါသေးတယ်။
လက်ရှိမှာ အထိနာသွားခဲ့တဲ့ စစ်တပ်က ဝန်းသိုမြို့နယ်ဘက်ထိုးနေတဲ့ စစ်ကြောင်းကို ပြန်လည်စစ်ကူခေါ်ပြီး အင်အား ၂၀၀ ဝန်ကျင်နဲ့ ဆက်လက်စစ်ကြောင်းထိုးလျက်ရှိရာ ကောလင်း၊ ထီးချိုင့်၊ အင်းတော် သုံးမြို့နယ်ဆုံတဲ့နယ်မြေအထိ ရောက်ရှိလာတယ်လို့ သတင်းရရှိပါတယ်။
Photo | ကောလင်းခရိုင် အမှတ် ၄ တပ်ရင်း၊ Indaw Revolution (IR)

👏21👍11❤5💯3