The Voice Of Spring | နွေဦးအသံ |
✔
28.3K subscribers
34.5K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️စစ်ရှောင်နဲ့ ကျေးလက်နေပြည်သူကို ဖားဆောင်း PDF နဲ့ CDM ဝန်ထမ်းတွေက ကျန်းမာရေးစောင့်ရှောက်ပေးနေ

၃ နိုဝင်ဘာ ||| နွေဦးအသံ |||

ရှမ်းတောင်/ကရင်နီဒေသရှိ ကျေးရွာတွေနဲ့ စစ်ရှောင် ပြည်သူတွေကို ဖားဆောင်း PDF နဲ့ CDM ကျန်းမာရေးဝန်ထမ်းတွေက နိုဝင်ဘာ ၂ ရက်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ သွားရောက် လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒေသတွင်း ကျေးရွာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေမှ ပြည်သူတွေထံသို့ အရောက်သွားပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ကိုင်ဆောင်ရွက်ပေးခဲ့ကြောင်း ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (ဖားဆောင်း PDF) က ထုတ်ပြန်ထားတာပါ။

အဲဒီလို ဆောင်ရွက်ရာမှာ ကိုယ်ဝန်ဆောင် ကျန်းမာရေး စောင့်ရှောက်မှု၊ မိခင်နဲ့ ကလေး ကျန်းမာရေး၊ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အခြားလိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင် ပြည်သူတွေ တိုးပွားလာတာနဲ့အမျှ အချိန်နဲ့တပြေးညီ ကျန်းမာရေး စောင့်ရှောက်ပေးနိုင်ဖို့ ဆေးဝါးတွေ ပြန်လည်ဖြည့်ဆည်းရေး၊ ကြိုတင်ကာကွယ်ရေးနဲ့ ကျန်းမာရေးအသိပညာပေးတာတွေကို အဆက်မပြတ်လုပ်ဆောင်ပေးဖို့ လိုအပ်လျက်ရှိတယ်လို့လည်း အသိပေးထားပါတယ်။

အဲဒီလို ကျန်းမာရေးစောင့်ရှောက်မှုတွေအပြင် ဆက်လက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေမှာ ပြည်သူလူထုပါဝင်မှုဟာ အရေးကြီးတာကြောင့် လူထုဝန်ဆောင်မှု လုပ်ငန်းတွေကိုကူညီထောက်ပံ့ပြီး ပါဝင်အားဖြည့်ပေးကြဖို့အတွက် ဖားဆောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်က တိုက်တွန်းနှိုးဆော်ထားတာ တွေ့ရပါတယ်။

Photo | ဖားဆောင်း PDF

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤27👍7🥰6
◼️‌သရက်ချောင်းမှာ စစ်မှုထမ်းတပ်သား(ပစ) တဦး လက်နက်ခဲယမ်းတွေနဲ့အတူ KNLA ထံအလင်းဝင်

၄ နိုဝင်ဘာ ||| နွေဦးအသံ |||

တနင်္သာရီဒေသ၊ သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ထံသို့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် စစ်မှုထမ်း(ပစ)တဦးက လက်နက်ခဲယမ်းတွေနဲ့အတူ နိုဝင်ဘာ ၂ ရက်မှာ အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ရဲ့ အတင်းအဓမ္မဖမ်းဆီး စစ်သားစုဆောင်းခြင်းခံခဲ့ရတဲ့ စစ်မှုထမ်းတပ်သားသစ် (ပစ) တဦးက MA-1 ၁ လက်၊ ကျည်ဘောက် ၆ ခု၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ကျည်တွေနဲ့အတူ KNLA တပ်မဟာ ၄ ၊ တပ်ရင်း ၁၂ ၊ တပ်ခွဲ ၁ ထံသို့ အလင်းဝင်ရောက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားတာပါ။

အဓမ္မစစ်မှုထမ်းစေခိုင်းခံရတဲ့ အကြမ်းဖက်စစ်တပ်တွင်းမှ တပ်သားတွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်တွေထံသို့ ရတဲ့နည်းနဲ့ လက်နက်ချအလင်းဝင်ပူးပေါင်းကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က တိုက်တွန်းထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👏24❤5👍4
◼️‌အရာတော်မြို့နယ် ‌ကျေးလက်နေ ဒေသခံပြည်သူများ စိုက်ပျိုးရေရရှိရေး ပကဖနဲ့ တာဝန်ရှိသူများဆောင်ရွက်ပေး

၄ နိုဝင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ အရာတော်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွာတွေအတွက် စိုက်ပျိုးရေ ရရှိစေဖို့ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ တာဝန်ရှိသူတွေ ပူးပေါင်းပြီး နိုဝင်ဘာ ၁ ရက်မှာ သွားရောက် ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကျေးရွာတွေမှ ဒေသခံပြည်သူတွေအတွက် မူးမြစ်ရေ ရရှိစေဖို့ မြို့နယ် ပြည်သူ့ကာကွယ်ရေး၊ ပြည်သူ့လုံခြုံရေး၊ ပြည်သူ့အုပ်ချုပ်ရေးနဲ့ ဆည်မြောင်းတာဝန်ခံတို့ဟာ ဒီပဲယင်းမြို့နယ်မှ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးခဲ့ကြောင်း ပကဖ အသံက နိုဝင်ဘာ ၃ ရက်မှာ ဖော်ပြထားတာပါ။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေဟာ လုပ်ငန်းတာဝန် ၄ ရပ်ထဲမှ တိုက်ခိုက်ရေး တာဝန်တွေအပြင် လူထုအကျိုးပြုလုပ်ငန်းတွေနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ပအဖ၊ ပလဖ တွေအပြင် သက်ဆိုင်ရာဌာနတွေနဲ့ပါ လက်တွဲဆောင်ရွက်လျက်ရှိတယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤32👍1🥰1👏1
◼️‌ဆိပ်ဖြူမှာ စစ်တပ်ယာဥ်တန်းကို ၃ ရက်ဆက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ အများအပြားသေဆုံးထိခိုက်

၄ နိုဝင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ ဆိပ်ဖြူမြို့နယ် အခြေစိုက် ကပစ ၂၂ မှ ထွက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ယာဥ်တန်းနဲ့ စစ်ကြောင်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ မှ ၂၉ ရက်ထိ ၃ ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ ၂၂ မှ ပေါက်မြို့နယ်ဘက်သို့ ပုသိမ်-မုံရွာ ကားလမ်းအတိုင်း ထွက်ခွာလာတဲ့ စစ်အုပ်စုကို ချောင်းစုံလမ်းခွဲအနီး အောက်တိုဘာ ၂၇ ရက်၊ ညနေပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၃ ဦး ထိခိုဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး အောက်တိုဘာ ၂၈ ရက်မှာလည်း စစ်ယာဥ်တန်းနဲ့ စစ်ကြောင်းကို ပဒေသာမိုင်းနဲ့ ၄ ကြိမ် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကားတစီး ပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တဲ့အပြင် ၇ ဦး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ပုသိမ်-မုံရွာလမ်းနဲ့ ပေါက်-ဆိပ်ဖြူလမ်းဆုံရဲ့ အနောက်ဘက်အရောက် အောက်တိုဘာ ၂၉ ရက်မှာလည်း ပဒေသာမိုင်းနဲ့ ၂ ကြိမ် ဆက်လက်တိုက်ခိုက်ခဲ့ပြီး နင်းမိုင်းထိပြီး ခြေထောက်ပြတ်သွားသူတွေ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သလို ၆ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို ဆိပ်ဖြူတကိုယ်တော်ကျားဇိုး LDF ၊ ပေါက်မြို့နယ် ပကဖ၊ ပေါက်တောင်ပိုင်း YRF ဗိုလ်နားပေါက်အဖွဲ့နဲ့ ပခုက္ကူခရိုင် အမှတ် ၁၂ တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Photo | ဆိပ်ဖြူတကိုယ်တော်ကျားဇိုး LDF

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍29❤6🥰1
◼️‌ရေးမြို့နယ် စစ်ကောင်စီ အမြောက်တပ်မှ တပ်ကြပ်ကြီးကို လက်ပစ်ဗုံးနဲ့အတူ ရေးဘီလူးတပ် အရှင်ဖမ်းဆီး

၄ နိုဝင်ဘာ ||| နွေဦးအသံ |||

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၃၁၆ အမြောက်တပ် (အမတ - ၃၁၆)မှ တပ်ကြပ်ကြီး တဦးကို ရေးဘီလူးတပ်ရင်းက နိုဝင်ဘာ ၄ ရက်၊ ညနေ ၅ နာရီခန့်မှာ အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ရေး-ထားဝယ်လမ်းပိုင်း၊ ကလော့ရွာအခြေစိုက် စစ်ကောင်စီရဲ့ အမြောက်တပ် အမတ ၃၁၆ မှာ တာဝန်ကျနေတဲ့ တပ်ကြပ်ကြီး ကျော်သူဝင်းကို အရှင်ဖမ်းမိခဲ့ကြောင်း ရေးဘီလူးတပ်ရင်းက ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။

အရှင်းဖမ်းမိတဲ့ စစ်ကောင်စီတပ်မှ အသက် ၃၉ နှစ်အရွယ် တပ်ကြပ်ကြီး အဆင့်ရှိသူကို အမြောက်တပ် အမတ ၃၁၆ အနီးမှာပဲ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူနဲ့အတူ လက်ပစ်ဗုံးလည်း ပါရှိကြောင်း ရေးဘီလူးတပ်ရင်းက အသိပေးထားတာ တွေ့ရပါတယ်။

Photo | ရေးဘီလူး (Screenshot)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍33❤3🔥2👏2❤‍🔥1