The Voice Of Spring | နွေဦးအသံ |
✔
28.3K subscribers
34.5K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️‌ကန့်ဘလူရှိ ရေဘေးသင့်ပြည်သူတွေကို ယူနစ်အစိုးရက ငွေကြေးထောက်ပံ့ပြီး တံတား ၂ စင်း ဆောက်လုပ်ပေး

၆ နိုဝင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ကန့်ဘလူမြို့နယ်ရှိ ရေဘေးသင့် ပြည်သူတွေကို စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက အရေးပေါ် ငွေကြေးတွေ ထောက်ပံ့ပေးအပ်ခဲ့တဲ့အပြင် ဆက်သွယ် သွားလာရေးအဆင်ပြေစေဖို့ တံတား ၂ စင်းကိုလည်း ဆောက်လုပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ရေဘေးဒဏ်ခံခဲ့ရတဲ့ ကျေးရွာတရွာမှာ တအိမ်ထောင် ၁၄၀၀၀ ကျပ်နှုန်းနဲ့ အိမ်ထောင်စု ၄၂ စုကို အရေးပေါ် ကူညီထောက်ပံ့မှုအဖြစ် ၅၈၈၀၀၀ ကျပ် ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ လူသားချင်းစာနာထောက်ထားမှုနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၆ ရက်မှာ ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် ကျေးရွာချင်းဆက် တံတား ၂ စင်း ဆောက်လုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တာဝန်ရှိသူတွေနဲ့ မြို့နယ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တာဝန်ခံတို့က ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ပြည်သူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့လည်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရက အသိပေးထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍23❤2🥰2👏1
◼️‌စစ်အုပ်စုယာဉ်တန်းကို တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တာကြောင့် လမ်းပိုင်းအချို့ အသုံးမပြုရန် PDF သတိပေး

၆ နိုဝင်ဘာ ||| နွေဦးအသံ |||

စစ်ကိုင်းဒေသ၊ ထီးချိုင့် - ကသာ - မော်လူး လမ်းပိုင်းတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်ယာဉ်တန်းကိုလည်း တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ယာဉ်တန်းနဲ့ ကပ်မလိုက်ဖို့နဲ့ လမ်းပိုင်းအချို့ကို အသုံးမပြုကြဖို့ PDF ကသာခရိုင် အမှတ် ၁ တပ်ရင်းက သတိပေးလိုက်ပါတယ်။

ကသာ-ထီးချိုင့် အမှတ် ၃ ကားလမ်းနဲ့ ကသာ-မော်လူး ကားလမ်းတို့မှာ စစ်အုပ်စုနဲ့ နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပြီး ခရီးသွား ပြည်သူတွေအနေနဲ့ လုံးဝ အသုံးမပြုသင့်တဲ့ အခြေအနေ ဖြစ်နေတယ်လို့ ကသာခရိုင် အမှတ် ၁ တပ်ရင်းက နိုဝင်ဘာ ၅ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါ။

အဆိုပါ လမ်းပိုင်းတွေမှာ စစ်အုပ်စုကို တိုက်ခိုက်ချေမှုန်းသွားမှာ ဖြစ်တာကြောင့် စစ်အုပ်စု ယာဉ်တန်းတွေနဲ့ နီးကပ်စွာ သွားလာတာတွေ မပြုလုပ်ကြဖို့နဲ့ ခရီးသွားပြည်သူတွေ ထိခိုက်မှု မရှိစေရေး ရည်ရွယ်ပြီး အထူးသတိပေးရခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။

သတိပေးချက် ထုတ်ပြန်တဲ့ နေ့မှစပြီး အဆိုပါ လမ်းပိုင်းတွေမှာ ဖြတ်သန်းသွားလာတာ ပြုလုပ်ပါက ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကို လုံးဝ တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ကြောင်းနဲ့ ဖြတ်သန်းသွားလာခွင့်ပြုမှသာ အသုံးပြုကြဖို့ ကသာခရိုင် အမှတ် ၁ တပ်ရင်းက အသိပေးထားတာ တွေ့ရပါတယ်။

Photo | PDF (Screenshot)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍33❤4🥰2👏2