The Voice Of Spring | နွေဦးအသံ |
✔
27.9K subscribers
34.7K photos
1.5K videos
1 file
6.26K links
Investigative, Innovative, Independent Digital Media
Download Telegram
◼️‌‌မန္တလေး၊ တံတားဦးလေတပ်ရှိ တိုက်လေယာဉ်တွေကို ဟန်ဂါအတွင်းထိ PDF ဒရုန်းနဲ့တိုက်ခိုက်ဖျက်ဆီး

၁၀ စက်တင်ဘာ ||| နွေဦးအသံ |||

မန္တလေး၊ တံတားဦးမြို့နယ်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ လေတပ်စခန်းမှ တိုက်လေယာဉ်တွေကို တော်လှန်ရေးရဲဘော်တွေက စက်တင်ဘာ ၁၀ ရက်၊ နေ့လယ်ပိုင်းမှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ရာ တိုက်လေယာဉ်များ ပျက်စီးပြီး စစ်အုပ်စုသေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ တံတားဦးလေတပ်ရှိ တိုက်လေယာဉ်တွေကို PDF ရဲဘော်တွေက FPV အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် လေယာဉ်များပျက်စီးခဲ့ကြောင်း စစ်‌ရေးသတင်းရင်းမြစ်တွေက အတည်ပြုထားသလို စစ်အုပ်စုဘက်ကလည်း ထုတ်ပြန်ထားပါတယ်။

တံတားဦးလေတပ်စခန်းရှိ လေယာဉ်များထားရှိရာ ဂိုထောင်/အဆောက်အအုံ (Hangar) အတွင်းမှာ ရပ်နားထားတဲ့ တိုက်လေယာဉ်တွေကို FPV အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ပစ်မှတ်ကို ထိမှန်ပေါက်ကွဲခဲ့တာကိုလည်း ပျံ့နှံ့လာတဲ့ ရုပ်သံမှတ်တမ်းမှာ တွေ့မြင်ရပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်မှ တိုက်လေယာဉ်များ ပျက်စီးမှုနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးထိခိုက်မှုတွေကို သီးခြားအတည်မပြုနိုင်သေးသလို ဘယ်အဖွဲ့က တိုက်ခိုက်ခဲ့တယ်ဆိုတာကိုလည်း သက်ဆိုင်ရာတော်လှန်ရေးတပ်က တစုံတရာထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

တဖက်မှာတော့ အကြမ်းဖက်စစ်တပ်က လုပ်ထုံးလုပ်နည်းအတိုင်း အဆိုပါဖြစ်စဉ်ကို FPV Suicide Drone ၆ စင်းနဲ့ တိုက်ခိုက်ခံရပြီး လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ကာကွယ်နိုင်ခဲ့တယ်လို့ သတင်းဦးအောင် ဖြန့်ဝေထားပါသေးတယ်။

အခုလို တိုက်ခိုက်ခံရတာကြောင့် စစ်အုပ်စုရဲ့ လေတပ်စခန်းအနီးရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းလိုင်းတွေလည်း ယာယီပိတ်ထားလိုက်ရတယ်လို့ သတင်းရရှိပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤41👏10👍2🔥1
‌‌ဒရုန်းတွေကို ဟန့်တားနိုင်ပြီး လူ၊ ယာဉ် ထိခိုက်မှု မရှိဟု စစ်တပ် ထုတ်ပြန်ချက် ယုတ္တိ ကင်းမဲ့
၁၁ စက်တင်ဘာ ||| နွေဦးအသံ |||
မန္တလေး၊ တံတားဦးမြို့နယ် လေတပ်စခန်းမှ တိုက်လေယာဉ်တစီးကို အတိအကျ ပစ်မှတ်ထိမှန်တဲ့ ရုပ်သံ ပျံ့နှံ့နေပေမဲ့ ဒရုန်းတွေကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ဟန့်တားနိုင်ခဲ့ပြီး လူ၊ ယာဉ်နဲ့ ပြေးလမ်းထိခိုက်မှု မရှိဘူးလို့ အကြမ်းဖက်စစ်တပ်ရဲ့ စက်တင်ဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
"FPV Suicide Drone များဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းရန်ကာကွယ်ရေးစနစ်များဖြင့် ဟန့်တားနိုင်ခဲ့သည်။ ထိုသို့ ပစ်ချတိုက်ခိုက်မှုကြောင့် ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်အချို့ ခေတ္တရပ်ဆိုင်းခဲ့ရပြီး ဖြစ်စဉ်တွင် လူ၊ ယာဉ်နှင့် လေယာဉ်ပြေးလမ်းများ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရှိရသည်" လို့ ဆိုပါတယ်။
ဘာသာရေးအဆောက်အဦး၊ စာသင်ကျောင်း၊ ဆေးရုံ တို့အပြင် လူနေအိမ်၊ အရပ်သားတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုကို တိုးမြှင့်ပြုလုပ်လျက်ရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်လေယာဉ်တွေကို တော်လှန်ရေးရဲဘော်တွေက စက်တင်ဘာ ၁၀ ရက်၊ နေ့လယ်ပိုင်းမှာ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ကြတာပါ။
တိုက်လေယာဉ်တစီးကို အတိအကျ ပစ်မှတ်ထိမှန်ပေါက်ကွဲတဲ့ ရုပ်သံဗွီဒီယိုတခု ပျံ့နှံ့နေတာကြောင့် အကြမ်းဖက် စစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်က ပြည်သူတွေအကြား ယုတ္တိကင်းမဲ့ပြီး လူမှုကွန်ယက်တွေမှာ ဟာသတခုအဖြစ် တုံ့ပြန်ရေးသားနေကြတာ တွေ့ရပါတယ်။
ရုပ်သံ | တံတားဦးလေဆိပ် တိုက်ခိုက်မှု
©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup
ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍29❤5💯3👏1
◼️KNDF ပထမအကြိမ်ညီလာခံကျင်းပပြီး စစ်ရေး နိုင်ငံရေး ဦးတည်ချက်၊ ရှေလုပ်ငန်းစဉ်များချမှတ်

၁၁ စက်တင်ဘာ | နွေဦးအသံ |

ကရင်နီပြည်နယ်တနေရာမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပထမအကြိမ် ညီလာခံကို ၂ ရက်ကြာကျင်းပခဲ့ပြီး စစ်ရေး၊ နိုင်ငံရေးနဲ့ လုပ်ငန်းစဉ်တွေ ပြန်လည်သုံးသပ်ဆွေးနွေးခဲ့တဲ့အပြင် ရှေ့လုပ်ငန်းစဉ်တွေနဲ့ ဦးတည်ချက်တွေ ချမှတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပထမအကြိမ် ညီလာခံကို ပြီးခဲ့တဲ့ ဩဂုတ် ၂၈၊ ၂၉ ရက်တွေမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ယခင်ကာလ လုပ်ငန်းစဥ်တွေနဲ့ စစ်ရေး၊ နိုင်ငံရေး ရပ်တည်ချက်တွေကို ပြန်လည်သုံးသပ်ခဲ့ကြတယ်လို့ KNDF ဗဟိုက စက်တင်ဘာ ၁၀ ရက်၊ ညပိုင်းမှာ ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် အနာဂတ် တပ်တည်ဆောက်ရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်တွေနဲ့ စစ်ရေး၊ နိုင်ငံရေး ဦးတည်ချက်တွေကို ဆုံးဖြတ်ချမှတ်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က အသိပေးထားပါတယ်။

ညီလာခံသို့ KNDF ရဲ့ ဗဟိုကော်မတီဝင်တွေ၊ စစ်ဒေသမှူး၊ ဌာနမှူး၊ တပ်ရင်းမှူး၊ ရုံးဦးစီးမှူးတွေနဲ့ တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ အမျိုးသား ၉၁ ဦး၊ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၁၀၅ ဦး တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

Video | KNDF

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
❤36🥰4👍2
◼️နေပြည်တော် အထူးဆောက်လုပ်ရေးတပ်မှ ဒုဗိုလ်မှူးကြီး ပြည်ထဲရေးဝန်ကြီး PSO ကားနဲ့အတိုက်ခံရပြီးသေဆုံး

၁၁ စက်တင်ဘာ ||| နွေဦးအသံ |||

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အထူးဆောက်လုပ်ရေးတပ်မှ ကွမ်းယာထွက်ဝယ်တဲ့ ဒုဗိုလ်မှူးကြီး ဆိုင်ကယ်ကို ပြည်ထဲရေးဝန်ကြီး PSO ဗိုလ်ကြီးရဲ့ ကားက စက်တင်ဘာ ၈ ရက်၊ ညပိုင်းမှာ ဝင်တိုက်မိပြီး ဒုဗိုလ်မှူးကြီး သေဆုံးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်ထံမှ သိရပါတယ်။

ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်၊ ရန်ကုန်–မန္တလေး ကားလမ်းဟောင်း‌ပေါ်မှာ ဒုဗိုလ်မှူးကြီး အောင်ဟိန်းထွန်းနဲ့ ဒုအရာခံဗိုလ် ပြည်ငြိမ်းတို့ ဆိုင်ကယ်နဲ့ ကွမ်းယာထွက်ဝယ်စဉ် စစ်အုပ်စု ပြည်ထဲရေးဝန်ကြီး PSO ဗိုလ်ကြီး ဝင်းနိုင်ထွန်း မောင်းနှင်လာတဲ့ကားက အနောက်မှ ဝင်တိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"ဟုတ်တယ်၊ သေတဲ့ အောင်ဟိန်းထွန်းက စက်အခေါ် ကျော်ဟိန်းတဲ့ ပြည်ငြိမ်းက သူ့တပည့် သူတို့ ဆရာတပည့်နှစ်ယောက် ကွမ်းစားချင်လို့ ထွက်ဝယ်ရင်းနဲ့ ကားနဲ့ တိုက်ခံလိုက်ရတာ၊ သူက GE 3 ကို ဒုတပ်မှူးနဲ့ တပ်ပြောင်းမိန့်ကျထားတာ" လို့ ဆောက်လုပ်ရေးတပ်တွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက The Voice Of Spring ကို ပြောပါတယ်။

ယာဉ်တိုက်မှုကြောင့် အမှတ် ၁ အထူးဆောက်လုပ်ရေးတပ်ရင်း - ထဆရ ၁ မှ အမှတ် ၃ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ် - ဆအတ ၃ (အင်းတကော်)သို့ ဒုတပ်မှူးအဖြစ် တပ်ပြောင်းမိန့်ကျထားသူ ဒုဗိုလ်မှူးကြီး အောင်ဟိန်းထွန်း ဦးခေါင်း ထိခိုက်ဒဏ်ရာနဲ့ ဆေးရုံအရောက်မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဆိုင်ကယ်အတူစီးလာတဲ့ ဒုဗိုလ်မှူးကြီး အောင်ဟိန်းထွန်းရဲ့ တပည့်ဖြစ်သူ အဆိုပါ ထဆရ ၁ မှ ဒုအရာခံဗိုလ် ပြည်ငြိမ်း လည်း ခြေထောက်ကျိုးသွားတာကြောင့် ဆေးရုံတင်ထားရတယ်လို့ သူက ဆက်ပြောပါတယ်။

ယာဉ်တိုက်မှုကျူးလွန်သူ ဗိုလ်ကြီး ဝင်းနိုင်ထွန်းကို စစ်တပ်က ညတွင်းချင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သလို ဖြစ်စဉ်အပြီး လူမှုကူညီရေးအဖွဲ့တွေ ရောက်ရှိချိန်မှာလည်း သတင်းကို ပြင်ပနဲ့ လူမှုကွန်ရက်တွေမှာ မတင်ကြဖို့ စစ်တပ်ဘက်က လိုက်လံတားမြစ် ဖိအားပေးခဲ့သေးတယ်လို့ သတင်းရရှိပါတယ်။

Photo | စစ်တပ် ဒုဗိုလ်မှူးကြီးတဦးရဲ့ အသုဘမြင်ကွင်း၊ ဆောက်လုပ်ရေးတပ်မှ ဒုဗိုလ်မှူးကြီးတဦး(ပုံဟောင်းများ)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👏37❤5
◼️တံတားဦးလေတပ်မှာ တိုက်လေယာဉ်တွေအပြင် စစ်အုပ်စုကို ဒရုန်းနဲ့တပြိုင်တည်းတိုက်ခိုက်၊ အတုံးအရုံးသေဆုံးနိုင်

၁၁ စက်တင်ဘာ ||| နွေဦးအသံ |||

မန္တလေး၊ တံတားဦးလေတပ်ရှိ တိုက်လေယာဉ်တွေ တိုက်ခိုက်မှုနဲ့ တပြိုင်တည်း ဟန်ဂါ(Hangar)အရှေ့ရှိ အကြမ်းဖက်စစ်အုပ်စုကိုပါ PDF ရဲဘော်တွေက အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးထိခိုက်မှုများနိုင်တယ်လို့ သိရပါတယ်။

တံတားဦးလေတပ်ရှိ လေယာဉ်များထားရှိရာ ဂိုထောင်/အဆောက်အအုံ ဟန်ဂါ(Hangar) အတွင်း ရပ်နားထားတဲ့ တိုက်လေယာဉ်တွေကို စက်တင်ဘာ ၁၀ ရက်၊ နေ့လယ်ပိုင်းမှာ FPV အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပစ်မှတ်ကိုထိမှန်ပေါက်ကွဲပြီး လေယာဉ်များထိခိုက်ပျက်စီးခဲ့ပါတယ်။

အဲဒီ စစ်ဆင်ရေးအတွင်း တိုက်လေယာဉ်တွေသာမက ဟန်ဂါ(Hangar) အရှေ့ကွင်းထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပါ FPV အသေခံဒရုန်းနဲ့ တပြိုင်တည်းတိုက်ခိုက်ခဲ့တာကြောင့် စစ်အုပ်စု ကစဉ့်ကလျား ထွက်ပြေးကြသလို အတုံးအရုံးသေဆုံးနိုင်တာကိုလည်း ထပ်မံထွက်ပေါ်လာတဲ့ ဗီဒီယိုမှာ တွေ့မြင်ရတာပါ။

စစ်တပ်ဘက်မှာ စစ်သားတွေနဲ့ တိုက်လေယာဉ်တွေ သေဆုံး/ပျက်စီးမှုများပြီး အထိနာခဲ့သော်လည်း စစ်ဆင်ရေးဖော်ဆောင်ခဲ့တဲ့ သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့က တရားဝင်ထုတ်ပြန်တာ မတွေ့ရသေးသလို စစ်အုပ်စုဘက်ကတော့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ဟန့်တားနိုင်ခဲ့ပြီး လူ၊ ယာဉ်နဲ့ ပြေးလမ်းထိခိုက်မှုမရှိခဲ့ဘူးလို့ ဗြောင်လိမ်ဝါဒဖြန့်ထားပါတယ်။

တံတားဦးလေတပ် တိုက်ခိုက်ခံရပြီးနောက် အနီးရှိ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပိတ်လိုက်ပြီး နိုင်ငံတကာခရီးစဉ်အားလုံးကို ယာယီရပ်ဆိုင်းလိုက်တယ်လို့ MAI (Myanmar Airways International)က ထုတ်ပြန်ထားတာ တွေ့ရပါတယ်။

Video | Social media

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👏34❤20👍8🥰1
◼️လောင်းလုံးမှာ စစ်တပ်စစ်ကြောင်းကို ၃ ရက်ဆက်တိုက်ခိုက်ရာ ဒုဗိုလ်မှူးကြီးအပါ စကစအများအပြားသေဆုံးထိခိုက်

၁၁ စက်တင်ဘာ ||| နွေဦးအသံ |||

တနင်္သာရီဒေသ၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက စက်တင်ဘာ ၈၊ ၉၊ ၁၀ ရက်တွေမှာ ၃ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြင်းထိန်ရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို စက်တင်ဘာ ၈ ရက်မှာ ဒရုန်းဗုံးသီး ၉ လုံးနဲ့ ၃ ကြိမ်၊ ဝေဒီရွာသို့ စစ်ကြောင်းဆက်ထိုးလာတာကြောင့် လမ်းပိုင်းတနေရာအရောက် စက်တင်ဘာ ၉ ရက်၊ မနက် ၃ နာရီ ၄၅ မိနစ်ခန့်မှာ ၁၅ မိနစ်ခန့် ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် တရက်တည်းမှာ ဝေဒီရွာသို့ရောက်လာချိန်မှာလည်း စစ်အုပ်စုကို ဒရုန်းဗုံးသီး ၂၇ လုံးနဲ့ ၉ ကြိမ် တိုက်ခိုက်ခဲ့တဲ့အပြင် ဝဗျောရွာသို့ ဆက်လက်ထွက်ခွာလာတဲ့ စက်တင်ဘာ ၁၀ ရက်၊ မနက်ပိုင်းမှာလည်း ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။

၃ ရက်ဆက် တိုက်ခိုက်မှုတွေအတွင်း စစ်တပ်ဘက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးထိခိုက်ခဲ့ပြီး အသေးစိတ်မသိရသေးကြောင်း သေဆုံးခဲ့တဲ့ ဒုဗိုလ်မှူးကြီး ကျော်ဖြိုးအောင်ရဲ့ ရုပ်အလောင်းနဲ့အတူ ထားဝယ်ခရိုင် တပ်ရင်း ၁ ၊ သံမဏိလိပ်ပြာတပ်ခွဲက ထုတ်ပြန်ထားတာပါ။

တိုက်ခိုက်မှုတွေကို ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း၊ သံမဏိလိပ်ပြာတပ်ခွဲ (SBF)၊ အထူးပြောက်ကျားတပ်ဖွဲ့ (SGF)နဲ့ ကျောင်းသားတော်လှန်ရေးတပ် (SRF) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော် ၂ ဦးဒဏ်ရာရခဲ့တယ်လို့ အသိပေးထားတာ တွေ့ရပါတယ်။

Photo | SBF

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍40❤8👏2